နေ့နံအလိုက် ကံဇာတာ နိမ့်ပါးမှေးမှိန်တတ်သော အသက်အရွယ်များ မွေးနံအလိုက် အသက်အရွယ်အလိုက် ကံဇာတာနိမ့်ပါးတတ်ချိန်များ (ကလေးသူငယ်များမှာတော့ ကျန်းမာရေး နှင့် ပညာရေး) အားနည်းတတ်ချိန်များကို အလွယ်တကူ ကြည့်ရှုသိရှိနိုင်ပြီး ဆိုင်ရာ ယတြာပိုင်းလေးတွေကိုလည်း ပြုလုပ်နိုင်အောင် တင်ပြပေးလိုက်ပါတယ်။ မြန်မာ့ရိုးရာ သေသဝိဇ္ဇာပညာရပ်အရ သုံးသပ် တင်ပြပေးထားခြင်း ဖြစ်ပါတယ်ခင်ဗျား။ တနင်္ဂနွေနေ့ဖွားများသည် အသက်အားဖြင့် ၆နှစ်၊ ၁၃နှစ်၊ ၂၀နှစ်၊ ၂၇နှစ်၊ ၃၄နှစ်၊ ၄၁နှစ်၊ ၄၈နှစ်၊၅၅နှစ်၊ ၆၂နှစ်၊ ၆၉နှစ်၊ ၇၆နှစ်၊ ၈၃နှစ်၊ ၉၀နှစ် စသော အသက်ပိုင်းများတွင် ကံဇာတာ ညှိးနွမ်းလွယ်တတ်ပါသည်။ ယတြာအားဖြင့် သက်ကြီးရွယ်အိုများကို ဆေးဝါးနှင့် အစာအာဟာရ လှုဒါန်းခြင်း၊ အဝေးရှိ အမျိုးသား အကြီးအကဲ တစ်ဦးကို …
ကြွက်နို့ လွယ်လွယ် သတ်ကြမယ် ( လက်တွေ့ပျောက်ကင်းသော ဆေးနည်းများ ) ကြွက်နို့ပျောက် ဆေးနည်း။ ၁ ဆေးနည်းပေးပို့သူ။ ။ ဦးလှသိန်း ဆေးနည်း။ သဲဆပ်ပြာမန်ကျည်းစေ့ခန့်ကို ကွမ်းစားထုံး မန်ကျည်းစေ့ခန့်နှင့် ဆတူရောစပ်၍ ခပ်စေးစေး အနေအထားဖြစ်ရုံမျှ ရေအနည်းငယ် ထည့်၍ သမအောင်နယ်ပါ။ ရေနွေးဆူဆူတွင် ပြုတ်၍ ပိုးသတ်ထားသော ဓားထက်ထက်တစ်ချောင်းနှင့် ကြွက်နို့ကို လှီးဖြတ်ပါ။ သွေးအနည်းငယ် ထွက်ပါမည်။ အမြစ်များကို လှီးဖြတ်သလို အဖြူစက်လေးများလည်း တွေ့ရပါမည်။ အရက်ပြန်ဆွတ်ထားသည့် ဂွမ်းဖြင့် သွေးများကို သုတ်ပစ်ပါ။ နယ်ထားသောဆေးဖြင့် လုံးဝ ဖုံးအပ်သွားအောင် အုံပေးပါ။အစိုဓာတ်နည်းသွား လျှင် ကွာမကျအောင် ပတ်တီးပါးပါး စည်းပေး ပါ။ ဆေးခြောက်တိုင်း …
Zawgyi ဖြင့်ဖတ်ရန် ဒါကတော့ ဗင်နီဇွဲလားနိုင်ငံမှာ တကယ်ကြုံတွေ့ခဲ့ရတာပါ…။ သိပြီးတဲ့သူတွေ ရှိပေမယ့် အခုထိငြင်းခုံနေရ တုန်းပါပဲ…။ စာဖတ်ပရိသတ်ကြီးကရော ဘယ်လိုထင်ပါသလဲ ဒီဖြစ်ရပ်အကြောင်းကို ဖတ်ကြည့်ပေးပါဦး။ ၁၉၉၂၊ ၉ လပိုင်း၊ ၉ ရက်နေ့မှာ တောင်အမေရိကတိုက် ဗင်နီဇွဲလားနိုင်ငံ လေယာဉ် ထိန်းချုပ်ရေးတာဝါမှာ ထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခု ကြုံတွေ့ခဲ့ရပါတယ်။ ရေဒါမှာ ပေါ်မလာပဲနဲ့ လေယာဉ်တစ်စင်းက ဆိုက်ရောက် လာခဲ့တာပါ။ ထို့နောက် စုံစမ်းမေးမြန်းရာ လေယာဉ်ဟာ ၁၉၅၅၊ ၇ လပိုင်း ၂ ရက်နေ့က နယူးယော့မြို့ကနေ ဖလော်ရီဒါကို ပျံသန်းလာခဲ့ကြောင်းနှင့် မိုင် ၂၀၀၀ ကွာဝေးအောင်ပျံသန်းထားတဲ့ မှတ်တမ်းကို ထုတ်ပြပါတယ်…။ လေဆိပ်ကဝန်ထမ်းတွေအကုန်လုံး အံ့သြမှင်သက်ပြီး မဖြစ်နိုင်ဘူး၊ မင်းတို့ပုံပြင်ထွင်နေတာလားဟု …
အသည်းနင့်နေအောင်ချစ်တတ်တဲ့ မိန်းကလေးတွေရဲ့ လက္ခဏာ (၅) မျိုး မိန်းကလေးတွေရဲ့ စိတ်က ခန့်မှန်းရခက်ပါတယ် ။ အကြောင်းကတော့ စိတ်ထဲရှိတာက တစ်ခြား၊ အပြုအမူက တစ်ခြားဖြစ်နေတတ်လို့ပါ။ နောက်တစ်ခုက မိန်းကလေးတွေဟာ အရမ်းဂရိုစိုက်ခံချင်၊ အရမ်းအချစ်ခံချင်တဲ့သူတွေပါ။ အဲလို ဂရုစိုက်၊ အချစ်ခံရအောင်လည်း နည်းမျိုးစုံနဲ့ကြိးစားတတ်ကြပါတယ်ဗျာ ခုဖော်ပြပေးမှာကတော့ ချစ်သူအပေါ်မှာ ဆိုးပေမယ့် တကယ်တမ်း ရင်ထဲမှာကျတော့ နင့်နေအောင်ချစ်တဲ့ မိန်းကလေးတွေရဲ့ လက္ခဏာ(၅)မျိုး ဖြစ်ပါတယ်။ ဒီလိုမိန်းကလေးမျိုးတွေက ကလေးဆန်တာလေးကလွဲရင် သင့်အတွက် အစစအရာရာ ပြည့်စုံတဲ့သူဖြစ်လို့ လက်လွှတ် မခံသင့်ပါဘူးနော် (၁) ဒေါသကြီးတတ်တယ် ဒီလိုမိန်းကလေးတွေက ဒေါသအရမ်းကြီးပါတယ်။ ဒါပေမယ့် ဒီလိုဒေါသကြီးတာကလည်း သင့်ကိုချစ်လွန်းလို့ပဲဖြစ်ပါတယ်။ သင်နဲ့ပတ်သက်ရင် အသေးအမွှားလေးကအစ အရမ်းဂရိုစိုက်တတ်တဲ့ သူဖြစ်တာကြောင့်၊ ဖုန်းမဆက်တာလေး၊ …
ကိုယ့်ကိုမသိသေးတဲ့ကောင်မလေးကို ဘယ်လိုပုံစံနဲ့ပိုးပန်းမလဲ ကိုယ့်ကို ပုဂ္ဂိုလ်ရေးအရ မသိသေးတဲ့ ကောင်မလေးကို ပိုးပန်းဖို့ အကြံအိုက်နေသလား … ဒီတစ်ခါတော့ မစွံသေးတဲ့ Shwemom ရဲ့ အမျိုးသား ပရိသတ် အတွက် ကိုယ့်ကို မသိသေးတဲ့ ကောင်မလေးကို ဘယ်လိုပုံစံနဲ့ ပိုးပန်းမလဲ ဆိုတာကို ဖော်ပြပေးလိုက် ပါတယ်။ (၁) စိုက်ကြည့်ပါ အမျိုးသမီးတစ်ယောက်ကို အကြာကြီး စိုက်ကြည့်စရာ မလိုပါဘူး။ ဆယ်စက္ကန့်လောက် စိုက်ကြည့်လို့ သူနဲ့ အကြည့်ချင်း ခဏဖြစ်ဖြစ် ဆုံတယ်၊ ကိုယ်က ဒီလိုပဲ သူ့ကို စိုက်ကြည့်လေ့ရှိတယ်ဆိုတာ သူ သတိထားမိရင် … သူ့ရင်ဘက်ထဲက နှလုံးခုန်နှုန်းတိုင်းစက်ကြီး စပြီး အလုပ်လုပ်ပါပြီ။ ဒီလူ ဘာလဲ … …