November 5, 2021 - Amawpyay
Knowledge

အခြေအနေတိုင်းမှာ ကိုယ့်အတွက် တပန်းသာစေမယ့် နည်းလမ်းကောင်းများ

အခြေအနေတိုင်းမှာ ကိုယ့်အတွက် တပန်းသာစေမယ့် နည်းလမ်းကောင်းများ ဂန္တဝင်စာပေစာရေးဆရာများသည် သူတို့၏ဇာတ်ကောင်များ၏ မျက်ခုံးနှင့် မျက်တောင် လှုပ်ရှားမှုများကို အာရုံစိုက်စေချင်သည်မှာ အကြောင်းပြချက်ရှိပါတယ်။ လေ့လာမှုတွေအရ တစ်ယောက်ဆီကနေ အခြားတစ်ယောက်ဆီကို သတင်းအချက်အလက်တွေဝေမျှခြင်း (၉၃) ရာခိုင်နှုန်းဟာ အသံနဲ့မဟုတ်ကြောင်း သက်သေပြခဲ့ပါတယ်။ အသံနဲ့မဟုတ်တဲ့ ဆက်သွယ်မှုမှာ body language သာမက ပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္ထုတွေလည်း အကျုံးဝင်ပါတယ်။ ဒီနေ့ တခြားလူတွေအပေါ် စကားလုံးတွေနဲ့မဟုတ်ဘဲ လွှမ်းမိုးနိုင်တဲ့ နည်းလမ်းလေးတွေပြောပြပေးသွားမှာပါ။ တစုံတယောက်ရဲ့ စိတ်ဝင်စားမှုရဖို့ အတွက် မျက်လုံးချင်းစုံအောင်ကြည့်ပြီး မျက်လုံးအရောင်ကို မြင်အောင်ကြည့်ပါ မိမိနဲ့မသိကျွမ်းသေတဲ့ လူတစ်ယောက်နဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု ကိုတည်ဆောက်ဖို့ အတွက် ဒီအချက်က ကူညီပေးလိမ့်မယ်။ သူတို့နဲ့ မျက်လုံးချင်းဆုံတဲ့အချိန်မှာ မျက်လုံးအရောင်ကို စစ်ဆေးဖို့ အကောင်းဆုံးအချိန်ပါပဲ။ …

Knowledge

တစ်ပွဲစားကြီး မောင်စံမှဲ့နှင့် သင်္ချိုင်းစောင့် မဖဲဝါတို့ ဖြစ်ပေါ်လာပုံ ဇာတ်ကြောင်း

တစ်ပွဲစားကြီး မောင်စံမှဲ့နှင့် သင်္ချိုင်းစောင့် မဖဲဝါတို့ ဖြစ်ပေါ်လာပုံ ဇာတ်ကြောင်း ခေတ်ကာလကား ကုန်းဘောင်မင်းဆက် ၏ ခုနစ်ဆက်မြောက် ဘကြီးတော်မင်း (စစ်ကိုင်းမင်းသား) လက်ထက် တွင်ဖြစ်သည်။ မဖဲဝါ သည်ပြည်မြို့ ဇာတိဖြစ်ပြီးမွေးချင်း မှာမောင်နှမနှစ်ယောက်တည်း သာရှိသည်။အစ်ကိုဖြစ်သူ မောင်ကြံဆစ် သည်ပြည်မြို့စား ထံတွင် စာရေးတော်ကြီး အဖြစ်အမှုတော် ထမ်းလျှက်ရှိပြီး ဘွဲ့အမည်မှာ မင်းရဲဒိဗ္ဗဖြစ်သည်။မိဘနှစ်ပါးလုံး မရှေးမနှောင်း ကွယ်လွန်သွားပြီးနောက် အစ် ကိုဖြစ်သူမောင်ကြံဆစ်နှင့် အတူနေထိုင်လျှက် ရှိပြီး အစ်ကိုဖြစ်သူအား မိဘ သဖွယ်အားကိုးနေထိုင်ရရှာလေသည်။ အစ်ကိုဖြစ်သူမှာနှမအား ချစ်လွန်းသော်လည်းသောက်စား မူးယစ်တတ်ပြီး မကြာခဏ ဆိုသလိုခိုက်ရန်ဖြစ် ပွား တတ်လေ့ ရှိသည်။ မောင်ကြံဆစ် သည်သေ သောက်ခြင်းမှ အစပြုပြီး ခိုးသားဓါးမြများနှင့် လက်ပွန်းတစ်တီးနေထိုင် …

ဟာသ

ညကြီးမှာ နောက်ကလိုက်လာတဲ့လူကြောင့် သရဲဟန်ဆောင်ပြီး သင်းချိုင်းထဲဝင်မိတဲ့ မိန်းကလေးရဲ့အဖြစ်..

ညကြီးမှာ နောက်ကလိုက်လာတဲ့လူကြောင့် သရဲဟန်ဆောင်ပြီး သင်းချိုင်းထဲဝင်မိတဲ့ မိန်းကလေးရဲ့အဖြစ်.. ညဖက် အလုပ်ဆင်းပြန်လာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ နောက်မှာ လူတစ်ယောက် ကပ်ပါလာတယ်။ ဒါကို ကောင်မလေးက သတိထားမိပြီး လန့်နေမိတယ်။ ဖြစ်ချင်တော့ အပြန်လမ်းမှာ သင်္ချိုင်းတစ်ခု ဖြတ်ရတယ်။ ကောင်မလေးက ဖြတ်ထိုးဉာဏ်သုံးပြီး ဂူတစ်ခုရှေ့ရပ်လိုက်တယ်။ အဲ… ဒီနောက် ဂူကိုလက်နဲ့ပုတ်ပြီး “အဖေ.. အဖေ.. သမီးပြန်လာပြီ တံခါးဖွင့်ပေးအုန်း” လို့ ပြောလိုက်တယ်။ နောက်မှာကပ်ပါလာတဲ့ လူကကောင်မလေးစကားကြောင့် ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့တယ်။ ထွက်ပြေးသွားတဲ့လူကို ကြည့်ပြီး ကောင်မလေး ရယ်မိတယ်။ အဲဒီအချိန်မှာ ဂူနောက်ကနေ အသံတစ်သံ ထွက်လာတယ်။ “သမီးကလဲ.. သော့ယူသွားဖို့ မေ့ခဲ့ပြန်ပြီလား!” အသံကြောင့် ကောင်မလေး ဂူရှေ့ကနေ ထွက်ပြေးခဲ့ရတယ်။ …

Fashion & Beauty

ဒီအရာတွေလုပ်မိရင် ချွေးပေါက်တွေ ပိုကျယ်လာနိုင်တယ်

ဒီအရာတွေလုပ်မိရင် ချွေးပေါက်တွေ ပိုကျယ်လာနိုင်တယ် Skin Problem တွေထဲမှာဆိုရင် ချွေးပေါက်ကျယ် တဲ့ပြဿနာကလည်း တော်တော်ဆိုး ပါတယ်။ အဆီတွေပိုပြန်လာပြီး မိတ်ကပ်ကွက်တာ၊ ဝက်ခြံထွက်တာ၊ အဆီဖုထွက် တာမျိုးတွေ အရမ်းဖြစ်စေပါတယ်။ တစ်ခါတစ်လေ ကျရင် ကိုယ်လုပ်လိုက်မိတဲ့ အမှားကြောင့် ချွေးပေါက်တွေ ပိုကျယ်လာ တာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် ကိုယ်တိုင်လည်း လုပ်မိရင် ဆင်ခြင်နိုင်ဖို့ အတွက် ချွေးပေါက်တွေ ပိုကျယ်လာအောင် တော်တော်များများ လုပ်မိနေတဲ့ အမှားတချို့ကို ပြောပြပေး လိုက် ပါတယ်။ အဆီစုပ်စက္ကူ ခဏခဏသုံးခြင်း တော်တော်များများက အဆီပြန်တယ် ဆိုရင် အဆီစုပ် စက္ကူလေးသုံး လိုက်တယ်။ အဆီတွေ ပါသွားတယ် ဆိုပြီး သဘောကျကြ တယ်။ …

Knowledge

အိမ်မှာ ပရုတ်လုံး သုံးရင် ဒါလေးတော့ သိထားပါ

အိမ်မှာ ပရုတ်လုံး သုံးရင် ဒါလေးတော့ သိထားပါ ပရုတ်လုံး အနံ့လေး မွှေးလိုက်တာဆိုပြီး ပရုတ်လုံးအနံ့ ကြိုက်တတ်သူများ သိစေချင်လို့ပါ မပေါ့ဆ သင့်သည့် အဝတ်အ စားတွေကြားထဲ မှ ပရုတ်လုံး ၏အန္တရာယ်။ ပရုတ်လုံး၏အန္တရာယ်များ (ကလေးများအတွက် အလွန်အရေးကြီးပါသည်) ပရုတ်လုံးကို အင်္ဂလိပ်လို Mothballs လို့ခေါ်ကြပါတယ်။ Moth ဆိုတာ အလွယ်ပြောရရင် အဝတ်တွေထဲမှာနေတဲ့ ပိုးကောင်လေးတွေပါ။ သူတို့ရဲ့အစာက အဝတ်မျှင်တွေ၊ သိုးမွှေးတွေဖြစ်လို့ အဝတ်တွေထဲမှာနေပြီး ကိုက်ဖြတ်စားသောက်ကြပါတယ်။ အဲဒီ ပိုးမွှားတွေသေအောင်၊ ပြေးအောင်သုံးကြလို့ Mothballs လို့ခေါ်တာပါ။ ပရုတ်လုံးမှာ အဓိကပါဝင်ပစ္စည်းက Naphthalene မို့လို့ Naphthalene balls လို့လဲခေါ်ပါတယ်။ တစ်ချို့ပရုတ်လုံးမှာတော့ Paradichlorobenzene ပါပါတယ်။ …