October 9, 2021 - Amawpyay
ဟာသ

ချီးပုံပြင်

ချီးပုံပြင် ချီးပုံပြင်အကြောင်း ဆိုတော့ နည်းနည်းတော့ ထူးဆန်းနေမယ်။ တခါတုန်းက ဘုရင်တစ်ပါး ရှိတယ်။ အဲဒီ ဘုရင်ကြီးမှာ အရမ်းကိုလှပချောမောတဲ့ သမီးတော်တစ်ပါး ရှိတယ်။ အဲဒီ ဘုရင်ကြီးဟာ ကျန်တဲ့ သားသမီးတွေ ထပ်ပီး မထွန်းကားဘူး။ ဒီတော့ ဘုရင်က အနာဂါတ်ကို ကြိုတွေးပီး စဉ်းစားတယ်။ သမီးလေးကို ယောကျ်ားကောင်းတစ်ယောက် ပေးစားချင်တယ် ။ ဘုရင်ဆိုတာက ပိုက်ဆံ ရှိပြီးသား ။ စည်းစိမ်လည်း ရှိပြီးသား။ အဲ့ဒီတော့ သူက သူ့သမီးနဲ့ ပေးစားမယ့် ယောကျ်ား ၊ သူ့သားမတ်ကို သူဌေး မလိုချင်ဘူး။ ပညာရှိပဲ လိုချင် တယ်။ အဲဒီတော့ ပညာရှိကို ရှာမယ် ဆိုပြီး …

Knowledge

လက်သမားကြီးရဲ့ နောင်တ

လက်သမားကြီးရဲ့ နောင်တ တခါတုန်းက လက်သမားဆရာ တဦးဟာ အသက်အရွယ်ကြီးလို့ အလုပ်က အငြိမ်းစားယူဖို့ ပြင်ပါတယ်။ ဒါကို အလုပ်ရှင် ကန်ထရိုက်က သိတော့ နှစ်ပေါင်းများစွာ လက်တွဲ လုပ်လာကြတဲ့ သူတွေမို့ စိတ်မကောင်း ဖြစ်မိတယ်။ အဲ့ဒါနဲ့ပဲ လက်သမားဆရာကို နောက်ဆုံးအနေနဲ့ အိမ်တလုံးလောက် ထပ်ဆောက်ပေးနိုင်မလားလို့ တောင်းဆိုတယ်။ လက်သမားဆရာကလည်း မငြင်းသာလို့ သဘောတူလိုက်တယ်။ အိမ်ကို ဆောက်သာ ဆောက်နေရပေမယ့် လက်သမားဆရာဟာ အလုပ်မှာ ယခင်လို စိတ်မဝင်စားတော့ ပြီးစလွယ် လက်ရာတွေနဲ့ အညံ့စား ပစ္စည်းတွေကို အသုံးပြုခဲ့တယ်။ လက်သမားဆရာက အိမ်ကို လက်စသတ် ဆောက်လုပ်ပြီးတဲ့အခါ အလုပ်ရှင်ကို အိမ်ကို အပ်ပါတယ်။ အလုပ်ရှင်က ကြည့်ရှုစစ်ဆေးပြီး လက်သမားဆရာရဲ့ …

Entertainment

စာသင်ခန်းတခန်းလုံးက ဝိုင်းဟားတာခံခဲ့ရတဲ့ လူဆိုးလေ

စာသင်ခန်းတခန်းလုံးက ဝိုင်းဟားတာခံခဲ့ရတဲ့ လူဆိုးလေး တခါတုန်းက ကျောင်းဆရာမ တယောက်ဟာ သူ့အတန်းထဲက ခပ်ဆိုးဆိုး ကျောင်းသားလေးတဦးကို ” သားကြီးလာရင် ဘာလုပ်မှာလဲ ” လို့ မေးလိုက်တဲ့ အခါ ကျောင်းသားလေးက မဆိုင်းမတွဘဲ ” ကျနော် ရုပ်ရှင်မင်းသားလုပ်မယ်၊ ပြီးရင် ဗိုက်ဆာနေတဲ့ သူတွေကို မုန့်လိုက်ကျွေးမယ် ” လို့ ဖြေလိုက်တယ်။ အဲဒီလိုလည်း ဖြေရော အတန်းဖော်တွေက ” ဒီကောင် စောက်ပေါ ” ဆိုပြီး သူ့ကို ဝိုင်းဟားကြတယ် ။ ဆရာမကလည်း ” မင်းလုပ်ချင်တာတွေက အရမ်း စိတ်ကူးယဉ် ဆန်လွန်းတယ်၊ တခြားအရာတွေကို ပြောင်းစဉ်းစားတာ ကောင်းလိမ့်မယ်” လို့ပြောခဲ့တယ်။ နောက် …

Knowledge

ဘုရားပေးသော ဒုက္ခ

ဘုရားပေးသော ဒုက္ခ တစ်ခါတုန်းက လူငယ် တယောက်သည် ညအိပ်ခါနီး အချိန်တွင် ဘုရားသခင်ထံ ဆုတောင်းလေသည်။ ” အရှင်ဘုရား တပည့်တော်ကို မတရားမှုများအား တော်လှန်တိုက်ခိုက်ပြီး အောင်နိုင်ခွင့်များ ပေးသနား တော်မူပါဘုရား ” ထိုအချိန်တွင် အခန်းထဲ၌ လင်းခနဲ ဖြစ်သွားသည်။ ” ငါ့သား သင်သည် မတရားမှုများကို အမှန်တကယ် တော်လှန်တိုက်ခိုက် လိုပါသလား ” ” မှန်ပါအရှင် ” ” ငါ့ကို ယုံကြည်သလား ” ” ယုံကြည်ပါတယ် အရှင် ” ” ငါခိုင်းတဲ့အတိုင်း လုပ်မလား ” ” လုပ်ပါ့မယ် အရှင် ” ” …