October 2020 - Page 18 of 18 - Amawpyay
ရေသောက်ခြင်း၏ အကျိုးကျေးဇူးများ
Health

ရေသောက်ခြင်း၏ အကျိုးကျေးဇူးများ

ရေသောက်ခြင်း၏ အကျိုးကျေးဇူးများ ရေသောက်ခြင်းဟာ နေ့စဉ်ကြုံနေကြ ရိုးစင်းတဲ့ အရာဖြစ်တာမို့ သိပ်ပြီး ထူးထူးထွေထွေ သဘောမထားမိကြ ပါဘူး။ တကယ်တော့ ရေသောက်ခြင်းမှာ အကျိုးကျေးဇူး များစွာ ရှိကြောင်း သိပ္ပံနည်းကျ သုတေသနတွေ အရ သိရှိ ရပါတယ်။ လူသားတို့ရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ်ဟာ ၆၀ ရာခိုင်နှုန်းပါဝင်ဖွဲ့စည်းထားပါတယ်။ အခြေခံဆဲလ်များအတွက် မရှိမဖြစ်တဲ့ အရာပဲဖြစ်ပါတယ်။ တနေ့ကို ရေဖန်ခွက် ၈ခွက်ခန့် သောက်သုံးသင့်ကြောင်း ဆိုထားပါတယ်။ ရေဓာတ်ကို ကိုယ်ခန္ဓာကနေ လျော့နည်းမသွားစေဘဲ နည်းမျိုးစုံနဲ့ ဖြည့်တင်း ထားသင့် ပါတယ်။ ယခု ဆက်လက် ဖော်ပြမှာကတော့ ရေများများသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေပဲ ဖြစ်ပါ တယ်။ ၁။ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်မြှင့်တင် …

ဘယ်လောက်ပဲခက်ခဲပါစေ အကောင်းမြင်စိတ် ထားပါ
Knowledge

ဘယ်လောက်ပဲခက်ခဲပါစေ အကောင်းမြင်စိတ် ထားပါ

ဘယ်လောက်ပဲခက်ခဲပါစေ အကောင်းမြင်စိတ် ထားပါ မည်မျှပင် ခက်ခဲပါစေ အကောင်းမြင်ဝါဒ ဆက်စွဲ ကိုင်ထားပါ ၁၃၈၂ ခု မြန်မာနှစ်သစ်ကူး အချိန်ဟာ ပထမနဲ့ ဒုတိယ ကမ္ဘာစစ် အချိန်က သင်္ကြန်ကာလ မျိုးလိုဖြစ်မှာပဲလို့ စိတ်ထဲမှာ မှန်းဆနှိုင်းယှဉ်မိ တယ်။ တချို့ကမ္ဘာ့ဒေသတွေမှာ စစ်၏ အဟုန်က မြင့်မား ရှည်လျားတယ်။ လူသန်းပေါင်းများစွာ သေကြေကြရတယ်။ ထို့ထက်ပို၍ လူသန်းပေါင်းများစွာ ဒဏ်ရာရကြ တယ်။ စိတ်ကူးနဲ့ တောင် မဖော်ပြနိုင်တဲ့ အတိဒုက္ခတွေ ကြုံခဲ့ကြ ရတယ်။ ဂျပန်ချွေးတပ် (ကူလီ) ထဲမှာ သုံးနှစ်ကြာ အာဟာရချို့တဲ့စွာနဲ့ ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရတဲ့ စာရေးသူရဲ့ မယ်တော်ဘက်က အဘိုးဟာ ဒုတိယကမ္ဘာစစ်အပြီး အိမ်ပြန်ရောက်လာကာ …

လက်ချောင်းတွေရဲ့ အနေအထားက ပြောပြနေတဲ့ သင့်ရဲ့ပုဂ္ဂိုလ်ရေး အကြောင်း
Knowledge

လက်ချောင်းတွေရဲ့ အနေအထားက ပြောပြနေတဲ့ သင့်ရဲ့ပုဂ္ဂိုလ်ရေး အကြောင်း

လက်ချောင်းတွေရဲ့ အနေအထားက ပြောပြနေတဲ့ သင့်ရဲ့ပုဂ္ဂိုလ်ရေး အကြောင်း လူတစ်ယောက်ရဲ့ အမူအကျင့်ကို လက်ချောင်းလေးတွေရဲ့ တည်နေပုံကနေ အကဲခတ်လို့ ရပါတယ်။ သင့်လက်ချောင်းပုံစံလေးတွေနဲ့ တိုက်ပြီး စစ်ဆေးကြည့်နော်။ ဒီစစ်ဆေးမှုက ရာခိုင်နှုန်း(၉၀)လောက်ထိ မှန်ကန်တဲ့ သုတေသန စစ်တမ်း တစ်ခုကနေ ဆင်းသက် လာတဲ့ စစ်ဆေးမှုပဲ ဖြစ်ပါတယ် ။ (၁) လက်သူကြွယ်က လက်ညှိုးထက် ပိုရှည်နေရင် တကယ်လို့ သင့်ရဲ့ လက်ချောင်းလေးတွေ အနက် လက်သူကြွယ်က လက်ညှိုးထက် ပိုရှည်နေတယ်ဆိုရင် သင်ဟာ ရုပ်ရည်ချောမောသူ၊ သူငယ်ချင်းတွေ ကြားမှာ ပေါ်ပေါ် ထင်ထင်နဲ့ ချစ်စရာကောင်းတယ်လို့ အပြောခံ ရလေ့ရှိ သူပါ ။ ဒီလိုလက်ချောင်း ပိုင်ရှင်တွေဟာ …

ကိုယ့်ဘဝအတွက် ရွေးချယ်ရမယ့်သူ နှစ်ယောက်ရှိလာခဲ့ရင် ဘယ်သူ့ကို ရွေးချယ်သင့်သလဲ
Knowledge

ကိုယ့်ဘဝအတွက် ရွေးချယ်ရမယ့်သူ နှစ်ယောက်ရှိလာခဲ့ရင် ဘယ်သူ့ကို ရွေးချယ်သင့်သလဲ

ကိုယ့်ဘဝအတွက် ရွေးချယ်ရမယ့်သူ နှစ်ယောက်ရှိလာခဲ့ရင် ဘယ်သူ့ကို ရွေးချယ်သင့်သလဲ မိန်းကလေး ဆိုတာ ကိုယ့်ကိုယ် လာကြိုက်တဲ့ သူတွေကိုပဲ ရွေးချယ် ပိုင်ခွင့် ရှိတယ် ဆိုပေမယ့် အဲဒီ့ထဲက ကိုယ်အတွက် သေချာတဲ့၊ ကိုယ့်အတွက် စစ်မှန်တဲ့ လက်တွဲဖော်ကိုတော့ ရွေးချယ်ပိုင်ခွင့် အပြည့်အဝ ရှိ ပါတယ်။ ကိုယ်မကြိုက်ဘူး ဆိုရင်တော့ ပြတ်ပြတ် သားသား ငြင်းပိုင်ခွင့် လည်း ရှိပါ တယ်နော်။ ဒီတော့ ကိုယ့်ဘဝ အတွက် ရွေးချယ်စရာ နှစ်ယောက်ဖြစ်နေတဲ့ အခါ မှန်ကန်တဲ့ လူကို ရွေးချယ်နိုင်ဖို့ သိထား သင့်တဲ့ အချက်လေးတွေကို ဝေမျှပေး လိုက်ပါ တယ်။ နှစ်ယောက်လုံးရဲ့ စိတ်နေစိတ်ထားကို စဉ်းစားကြည့်ပါ …

အင်္ဂါ တွေရဲ့ အားနည်းချက်၊ တနင်္ဂနွေ တွေရဲ့ ဝဋ်ကြွေး
Astrology

အင်္ဂါ တွေရဲ့ အားနည်းချက်၊ တနင်္ဂနွေ တွေရဲ့ ဝဋ်ကြွေး

အင်္ဂါ တွေရဲ့ အားနည်းချက်၊ တနင်္ဂနွေ တွေရဲ့ ဝဋ်ကြွေး အင်္ဂါနေ့ဖွားတွေရဲ့အဆိုးဆုံး အားနည်းချက် ကတော့ လက်လွန်ခြေလွန် ပေးကမ်းပစ်တတ်တာပါပဲ။ ဘဝမှာ အပေးလွန်ပြီးမှ နောင်တရ ၊ ပြန်လိုချင်မှု ၊ ယူကျုံးမရ တသသ ဖြစ်ရမှု ၊ နှမျောတသ ..ဖြစ်ရမှုစသည်ဖြင့် လက်လွန် ကျွံနစ် ဝေဒနာ ဖြစ်ရတတ် သည့် ကံမျိုးကို ရင်မဆိုင်ရဖူးသော အင်္ဂါနေ့ဖွား ဟူ၍ မရှိနိုင် လို့တောင် ပြောရလောက်သည့် အနေအထား ပါပဲ။ အင်္ဂါနေ့ဖွားတွေဟာ အတိတ်ကို ပြန်လည် ခံစား နိုင်စွမ်း မြင့်မားကြ ပါတယ်။ ဒီအချင်းအရာကပဲ သူတို့ဟာ ဘဝမှာ သူတို့ ဆုံးရှုံး သွားခဲ့ …

“ပျော်ဖို့ဆိုတာ လွယ်ပါတယ်”
Knowledge

“ပျော်ဖို့ဆိုတာ လွယ်ပါတယ်”

“ပျော်ဖို့ဆိုတာ လွယ်ပါတယ်” တစ်ခါက ကုမ္ပဏီတစ်ခုမှာ အလုပ်လာလျှောက်သူတစ်ဦးဟာ ဝရန်တာမှာကျနေ တဲ့ အမှိုက်တစ်စကို ကောက်ပြီး အမှိုက်ပုံးထဲ ထည့်ခဲ့တယ်။ ဒါကို အနားကဖြတ်သွားတဲ့အရာ ရှိက တွေ့သွားပြီး သူ့ကို အလုပ်ခန့်လိုက်တယ်။ တစ်ခြားသူ သတိထားနှစ်သက်ဖို့ရာ လွယ်ပါတယ်။ ကောင်းတဲ့အကျင့်ကို မွေးမြူတတ်ဖို့ပဲ လိုတယ်။ ကလေးတစ်ယောက်က အမေကို “မေမေ ဒီနေ့ အရမ်းလှတာပဲ” လို့ပြောတော့ အမေက “ဘာဖြစ်လို့လဲ” လို့ ပြန်မေးခဲ့တယ်။ “မေမေ ဒီနေ့ စိတ်မတိုလို့” လို့ ကလေးက ပြန်ဖြေခဲ့တယ်။ လှပဖို့ရာ လွယ်ပါတယ်။ စိတ်မတို၊ စိတ်မဆိုး၊ ဒေါသမထွက်ဖို့ပဲ လိုတယ်။ အမြဲတမ်း မီးတွေနဲ့ ထိန်လင်းနေတဲ့ ဆိုင်တစ်ဆိုင်ရဲ့ သူဌေးကို …

ပေါ့ပေါ့ပါးပါး နေတတ်သူတွေဟာ သာမန်လူတွေထက် ဥာဏ်ရည်မြင့်တဲ့သူတွေပါ
Knowledge

ပေါ့ပေါ့ပါးပါး နေတတ်သူတွေဟာ သာမန်လူတွေထက် ဥာဏ်ရည်မြင့်တဲ့သူတွေပါ

ပေါ့ပေါ့ပါးပါး နေတတ်သူတွေဟာ သာမန်လူတွေထက် ဥာဏ်ရည်မြင့်တဲ့သူတွေပါ လောကမှာ စာတော်တာ တစ်မျိုးတည်းနဲ့ ဥာဏ်ရည်ကို တိုင်းတာလို့ မရပါဘူး။ လူတိုင်းမှာ အားနည်းချက် အားသာချက် ကိုယ်စီ ရှိသလို၊ သင်လုံးဝ မထင်ထားတဲ့ သူတွေကလည်း အရမ်းကို ဥာဏ်ရည်ထက်မြက် နေတာမျိုးတွေ ရှိနေတတ်ပါတယ်။ ခုဖော်ပြပေးမယ့် အရာလေးတွေကတော့ ပေါတောတောနေတဲ့ သူတွေဟာ ဥာဏ်ရည် ထက်မြက်တဲ့ သူတွေဖြစ်ကြောင်း သိစေနိုင်တဲ့ အချက်တွေပါ။ ကြည့်လိုက်ရအောင်နော်… (၁) လူတိုင်းနဲ့ တည့်တယ် ပေါတောတောနေတဲ့ သူတွေဟာ လူတိုင်းနဲ့တည့်ပါတယ်။ သူတို့တွေ ပေါတောတောနေတယ် ဆိုတာကလည်း လူအားလုံးနဲ့ အဆင်ပြေအောင်လို့ပါ။ သူတို့ဟာ လူတစ်ယောက်ကို ပျော်အောင် ဘယ်လို လုပ်ပေးရမယ်၊ ရယ်အောင် ဘယ်လို …

အမြဲ မပြင်မဆင်နေတတ်တဲ့ ကောင်မလေးတွေမှာပဲ ရှိတတ်ကြတဲ့ ဆွဲဆောင်မှုများ
Knowledge

အမြဲ မပြင်မဆင်နေတတ်တဲ့ ကောင်မလေးတွေမှာပဲ ရှိတတ်ကြတဲ့ ဆွဲဆောင်မှုများ

အမြဲ မပြင်မဆင်နေတတ်တဲ့ ကောင်မလေးတွေမှာပဲ ရှိတတ်ကြတဲ့ ဆွဲဆောင်မှုများ မိန်းကလေး ဆိုတာကို အလှအပနဲ့ တွဲမြင်တတ် ကြပြီး မိန်းကလေး ဆိုတာ အလှမက်တဲ့ အမျိုးလို့ ပြောတတ် ကြပါ တယ်။ ဒါပေမယ့် တစ်ချို့မိန်းကလေးတွေ ကတော့ အလှပြင် ရတာကို မကြိုက်တတ် ကြပါဘူး သူတို့တွေက မိတ်ကပ်တွေ မကြိုက်ဘူး၊ အရမ်းကြီး ပြင်ဆင် ထားရ တာတွေကို မကြိုက်ဘူး။ ဒီလို မပြင်မဆင်နေ တတ်တဲ့ မိန်းကလေးတွေက ပိုဆွဲဆောင်မှု ရှိတဲ့ သူတွေအဖြစ် သတ်မှတ်ခံရတဲ့ နောက်ကွယ်မှာ ဒီလို အချက်တွေ ရှိလို့နေ ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိတဲ့ ပုံပေါ်တယ် မပြင်မဆင်ပဲ …

Knowledge

ကိုယ်မှန်ပေမဲ့ လျော့သင့်တာတွေ ရှိတယ်

“ကိုယ်မှန်ပေမဲ့ လျော့သင့်တာတွေ ရှိတယ်” ကိုယ်က မှန်တယ်၊ ကိုယ်လုပ်တာ မှန်တယ် …ဆိုတဲ့ အမှန်တရားဆိုင်ရာ. အတ္တမာနဆိုတာ လူတိုင်းမှာ ရှိပါတယ်။ ကိုယ်မှန်တယ်ဆိုရင် အမှန်တရားဘက်က အပြတ်ရပ်တည်မယ်ဆိုတဲ့ စိတ်နဲ့ မာန်တက်လာပြီး ဘယ်သူ့မျက်နှာမှ မကြည့်ဘဲ နေခဲ့တဲ့ အချိန်တွေ ကျမမှာလည်း ရှိခဲ့တယ်၊ မိတ်ဆွေသူငယ်ချင်းနဲ့ပဲ ဖြစ်ဖြစ်မိသားစုတွင်းမှာပဲ ဖြစ်ဖြစ် အမှန်ဘက်နေ ရပ်တည်ဖို့ ဖြစ်လာခဲ့တာ ကြုံခဲရဖူးတယ်။ အဲဒီတုန်းက ကိုယ်မှန်ပြီလို့ လက်ခံတဲ့အခါ မလျော့တော့ဘူး။ ဘယ်သူပြောပြော လက်မခံတော့ဘူး။ ကိုယ့်ဘက်က မှန်တယ်ဆိုတော့ သူ့ဘက်က မှားတာပေါ့လို့ တစ်ထစ်ချ ယူဆလိုက်တော့ စိတ်ထဲ ပိုပြီး မာန်တက်သွားတယ်။တစ်ဘက်က မှားတဲ့သူ၊ အဲဒါကြောင့် သူက တောင်းပန်ရမှာ.. သူ …