Life Style Archives - Page 7 of 10 - Amawpyay
Life Style

“သူ့ဘက်ကနေ သင့်ကို ဖြတ်ချင်နေပြီဆိုတာကို သွယ်ဝိုက်ပြောနေတဲ့ စကား (၇)မျိုး”

ကိုယ့်ချစ်သူကို အရမ်းချစ်ပေမယ့် စိတ်ကုန်သွားတဲ့နေ့ဆိုတာရောက်လာရင် ကိုယ်ချစ်တဲ့သူဟာ တခြားတစ်ယောက်လို၊ သူစိမ်းတစ်ယောက်လို ဖြစ်သွားတာမျိုးပါ။ တခါတလေ ကိုယ့်ဘေးမှာရှိနေတဲ့သူဟာ အရင်က ကိုယ်အရမ်းချစ်ခဲ့တဲ့သူမှ ဟုတ်ရဲ့လားလို့ တွေးရလောက်အောင် သူကလည်းပြောင်းလဲလာတာမျိုး၊ နွေးထွေးခဲ့သမျှ ဆက်ဆံရေးက အေးစက်လာပြီး ကိုယ့်ကိုရှောင်ဖယ်လာတာမျိုး၊ စိတ်ပျက်စရာ စကားတွေပြောတာမျိုး စတဲ့အချက်တွေဖြစ်လာတတ်ပါတယ်။ တကယ်လို့ သင့်ချစ်သူက သင့်ကို ဒီစကားတွေပြောနေရင် သူသင့်ကို စိတ်ကုန်နေပြီဆိုတာကို သွယ်ဝိုက်ပြောနေတာပါနော်.. (၁) ငါ့ကိုလွတ်လပ်ခွင့်လေးနည်းနည်းပေးပါဦး လူတိုင်းက တစ်ယောက်တည်းနေဖို့ အချိန်တစ်ခုလိုပါတယ်။ ဒါပေမယ့် သင့်ချစ်သူက ဒီစကားကို မကြာခဏပြောနေတယ်၊ သူ့ကို တစ်ခုခုပြောတိုင်း ဒီစကားကိုပဲ ပြောနေတယ်ဆိုရင်တော့ သူက သင်နဲ့စကားမပြောချင်တော့တာ၊ သင့်ကိုရှောင်ဖယ်ချင်နေတယ်ဆိုတာ ထင်ရှားနေပါတယ်။ (၂) အဲ့ဒီအကြောင်းအခုမပြောချင်သေးဘူး ပြဿနာတစ်ခုခုဖြစ်လို့ သူ့ဘက်ကဖြေရှင်းရမှာကိုမဖြေရှင်းလို့ သင့်ဘက်က …

Life Style

“ငါ့တို့ သူငယ်ချင်းတွေ ပြန်တွေ့ ဖြစ်ခဲ့ရင် ဒီလိုလုပ်ရအောင်”

“ငါ့တို့ သူငယ်ချင်းတွေ ပြန်တွေ့ ဖြစ်ခဲ့ရင် ဒီလိုလုပ်ရအောင်” လည်ပင်းက နားကြပ်ကို ခဏဖြုတ်ထားခဲ့၊ ပခုံးပေါ်က အပွင့်တွေ ခဏဖြုတ်ထားခဲ့၊ ခေါင်းပေါ်က အင်ဂျီနီယာ ဦးထုပ်ကို ခဏချွတ်ထား၊ မင်းရဲ့  Certificate တွေ ဘွဲ့ လက်မှတ်တွေ ဂုဏ်ပြု မှတ်တမ်းတွေ အိမ်မှာထားခဲ့ မင်းရဲ့  ရင့်ကျက်မူတွေ လူကြီးလူကောင်းဆန်မူတွေ၊ ခဏလောက် သော့ခတ် သိမ်းထားခဲ့။ ဆယ်​တန်း အောင်​တာ မအောင်​တာတွေ မေ့ထားခဲ့ လက်​လုပ်​လက်​စား ဘဝတွေ ရာထူးဂုဏ်​ရှိန်​ဝါတွေ ခန ဖယ်​ထားခဲ လာပါ သူငယ်ချင်း ။ အဝတ်အစား တွေ သိပ်ကြီး အဖိုးတန်တွေ မဝတ်ခဲ့နဲ့  တော်ရုံ …

“မူလတန်းကျောင်း တကျောင်းလုံးကို တနှစ်အသုံးစရိတ် ၂ သိန်းခွဲနဲ့ ဦးဆောင်နေတဲ့ အာဂ ဆရာမ”
Life Style

“မူလတန်းကျောင်း တကျောင်းလုံးကို တနှစ်အသုံးစရိတ် ၂ သိန်းခွဲနဲ့ ဦးဆောင်နေတဲ့ အာဂ ဆရာမ”

“မူလတန်းကျောင်း တကျောင်းလုံးကို တနှစ်အသုံးစရိတ် ၂ သိန်းခွဲနဲ့ ဦးဆောင်နေတဲ့ အာဂ ဆရာမ” ကရင်ပြည်နယ် ကြာအင်းဆပ်ကြီးမြို့နယ်ထဲက ကိုယ်ထူ ကိုယ်ထ မူလတန်းကျောင်းလေးရဲ့ အကြောင်းကို ဖော်ပြလိုက်ပါ တယ်။ အဲဒီကျောင်းမှာ စာသင်ပေးနေတဲ့ ဆရာမ တယောက်ထဲ ရှိပါတယ်။ ကျောင်းအတွက် အသုံးစရိတ် ဘက်ဂျက်က လည်း တနှစ်လုံးမှ ၂ သိန်းခွဲပဲ ရရှိပါတယ်။ တတ်နိုင်သူများ အနေနဲ့ တခြားပြည့်စုံပြီးသား နေရာမှာ လှူဒါန်းနေမယ့်အစား ဒီလို ကျောင်းမျိုးကို ထောက်ပံ့ လှူဒါန်း သင့်ပါတယ်။ တာဝန်ရှိသူများ အနေနဲ့လည်း လှည့်ကြည့်ပေးကြပါဦးဗျာ။ မူရင်း ပို့စ်ကို ဖော်ပြလိုက်ပါတယ်- “ကျောင်းအုပ်လဲ သူ၊ ဆရာမလဲ သူ၊ တစ်နှစ်လုံး …

အိမ်မှာ ဘုရားတစ်ဆူ ကိုးကွယ်ထားပြီဆိုလျှင် ဒါလေးတွေ ဖြစ်အောင်တော့ လုပ်ပေးပါ”
Life Style

အိမ်မှာ ဘုရားတစ်ဆူ ကိုးကွယ်ထားပြီဆိုလျှင် ဒါလေးတွေ ဖြစ်အောင်တော့ လုပ်ပေးပါ”

အိမ်မှာ ဘုရားတစ်ဆူ ကိုးကွယ်ထားပြီဆိုလျှင် ဒါလေးတွေ ဖြစ်အောင်တော့ လုပ်ပေးပါ” ကိုယ့်အိမ်မှာ ဘုရားတစ်ဆူ ကိုးကွယ်ထားပြီ ဆိုလျှင် ဘုရားရှိခိုးတဲ့ အခါ ဂုဏ်တော် တစ်ခုခုကို အာရုံလေးပြုထားပါ။ ဘုရားကို တစ်ခုခုလှူ ဒါန်းမှုပြုတဲ့ အခါ သက်တော်ထင်ရှားဘုရားရှင်ကဲ့သို့အာရုံယူထားပါ။ ဘုရားကို ကိုးကွယ်မှုပြုတဲ့ အခါ ဘုရားကျောင်းဆောင်အား နေ့စဉ်သန့်ရှင်းမှုပြုလုပ်ပါ။ ဘုရားခန်းသန့်ရှင်းမှုပြုလုပ်တဲ့ အခါ ပန်းရေချမ်းလည်းနေ့စဉ် ရေလဲလည်ပေးပါ။ ပန်းရေချမ်း လဲလည်မှုပြုတဲ့ အခါ ရိုသေသမှု တလေးတစားပြုမူ နေထိုင်ပါ။ ရိုသေသမှုနဲ့ စိတ်ထဲရှင်းနေတဲ့ အခါ ပြုဆဲကုသိုလ်ကို ဝမ်းမြောက်ပြီးနေပါ။ ကြည် နူး မှု နဲ့ ဝမ်း မြောက် နေ ဆဲ အ ချိန် …

ရွှံ့တွေ သဲတွေနဲ့ ဆော့တဲ့ကလေးတွေက ပိုကျန်းမာကြောင်း ပညာရှင်များအတည်ပြု
Life Style

ရွှံ့တွေ သဲတွေနဲ့ ဆော့တဲ့ကလေးတွေက ပိုကျန်းမာကြောင်း ပညာရှင်များအတည်ပြု

ရွှံ့တွေ သဲတွေနဲ့ ဆော့တဲ့ကလေးတွေက ပိုကျန်းမာကြောင်း ပညာရှင်များအတည်ပြု ကျနော်တို့တွေတော်တော်များများကတော့ ကလေးဘဝရဲ့အမှတ်တရတွေကို ခဏတိုင်းပြန်ပြီး စားမြုံပြန်တတ်ကြပါတယ် ။ နှစ်လိုဖွယ်ကောင်းတဲ့ သူတို့ရဲ့ အမှတ်တရတွေ သူတို့ရဲ့မိဘတွေရဲ့ဆုံးမပုံတွေကို ပြန်ပြောကြတာမျိုးတော့ကြားဖူးကြမယ်ထင်ပါတယ် ။ ဒါပေမယ့် သူတို့ငယ်ငယ်က သဲတွေဖုန်တွေနဲ့ ပေပေတေတေ ဆော့ကစားတတ်တဲ့ ဟာမျိုးကိုတော့ ဖုံးကွယ်ထားတတ်ပါတယ် ။ အဲ့ဒီအချက်ဟာ ကျနော်တို့ ငယ်ဘဝရဲ့ ပျော်ရွှင်အစစ်မှန်တစ်ခုဖြစ်တာကြောင့် ဖုံးကွယ်မထားသင့်ပါဘူး ။ အခုကျနော်တို့ မိတ်ဆွေတို့ တင်ဆက်ပေးချင်တဲ့အကြောင်းရာလေးကတော့ ဖုန်တွေသဲတွေ ရွှံ့တွေနဲ့ ကလေးတွေ ဘာကြောင့် ကစားသင့်လည်းဆိုတဲ့ အကြောင်းလေးတွေပဲ ဖြစ်ပါတယ်။ ယနေ့ခေတ် ကြီးမှာကတော့ ကလေးတွေဟာ သဘာဝတရားကြီးနဲ့ ဝေးကွာနေကြပါပြီ ။ ဘာကြောင့်လဲဆိုတော့ အာကသ သိပ္ပံကို ပွင့်ပွင့်လင်းလင်းမြင်နေရတဲ့ …

ဆံသဆိုင်တွင် အောက်ခြေသိမ်း အလုပ်များ လုပ်ရသောကောင်လေးအား ပထမဆုံး ဆံပင်ညှပ်ခိုင်းလိုက်သောအခါ………
Life Style

ဆံသဆိုင်တွင် အောက်ခြေသိမ်း အလုပ်များ လုပ်ရသောကောင်လေးအား ပထမဆုံး ဆံပင်ညှပ်ခိုင်းလိုက်သောအခါ………

ဆံသဆိုင်တွင် အောက်ခြေသိမ်း အလုပ်များ လုပ်ရသောကောင်လေးအား ပထမဆုံး ဆံပင်ညှပ်ခိုင်းလိုက်သောအခါ……… ဆံသဆိုင် တဆိုင်တွင် ဆံပင်ညှပ်သူများနှင့် စည်ကားနေ၏။ ဆံပင်ညှပ်ဆရာတစ်ယောက်မှ လွဲပြီး ကျန်ဆံသဆရာ အားလုံးမှာ ဆံသပေးနေကြလေသည်။ ထို ဆံသဆရာလူငယ်လေးတစ်ဦးသည် စိတ်လှုပ်ရှားခြင်းများစွာဖြင့် ဆံပင်လာညှပ်မည့် ဧည့်သည်ကို မျှော်နေမိ၏ ။ ယနေ့မှစကာ ဆိုင်ပိုင်ရှင်က သူ့ကို ဆံသခွင့် ပေးလိုက်သည်။ သူသည် ထိုဆိုင်တွင် အောက်ခြေ သိမ်းအလုပ်များနှင့် ခေါင်းလျှော်သည့် အလုပ်တွေ၂ နှစ်လုပ်ရင်း ဆံပင်ညှပ်ပညာကို သင်ယူခဲ့ရပြီး ယနေ့သည် သူ၏ပထမဆုံးသော ဧည့်သည်ကို ဆံသပေးရမည့် နေ့ ဖြစ်နေလေသည်။ သူတို့ဝန်ထမ်းအချင်းချင်း ဆံသပေးဖူးသော်လည်း သူ၏ပထမဆုံးသော ဧည့်သည်ကို ဆရာမကူဘဲ ညှပ်ရတော့မည် ဖြစ်သောကြောင့် သူ၏ …

သားလေးကို ဖိနပ်ဝယ်ပေးချင်လို့ အကြွေစေ့လေးတွေ နှစ်အကြာကြီး စုခဲ့တဲ့ ဆင်းရဲသား အဖေ့မေတ္တာ
Life Style

သားလေးကို ဖိနပ်ဝယ်ပေးချင်လို့ အကြွေစေ့လေးတွေ နှစ်အကြာကြီး စုခဲ့တဲ့ ဆင်းရဲသား အဖေ့မေတ္တာ

သားလေးကို ဖိနပ်ဝယ်ပေးချင်လို့ အကြွေစေ့လေးတွေ နှစ်အကြာကြီး စုခဲ့တဲ့ ဆင်းရဲသား အဖေ့မေတ္တာ ဒီခေတ်ကာလကြီး ထဲမှာ ဖိနပ်လေး တစ်ရံ ဝယ်ဖို့ ပိုက်ဆံကို နှစ်ချီ စုရတယ် ဆိုတဲ့ စကားကို ကြားရင် ဘယ်သူမှ ယုံမှာ မဟုတ်ပါဘူး။ ထူးဆန်းတာတွေ ကိုမှ ပရိသတ်ကို တင်ဆက် တတ်တဲ့ ထုံးစံအတိုင်း မိဘမေတ္တာကို ဖော်ကျူးထားတဲ့ ဖိလစ်ပိုင် နိုင်ငံက အဖြစ်အပျက်လေး တစ်ခုကို တင်ဆက်ပေးချင် ပါတယ်။ နာမည်ကြီး တရုတ် သတင်းစာ China Press မှာ ဖော်ပြထားတဲ့ အကြောင်းလေး တစ်ခုပါ။ ဆင်းရဲသားတွေ မပပျောက်သေးတဲ့ ဖိလစ်ပိုင် နိုင်ငံမှာ ဒီအဖြစ်အပျက်က တကယ် …

Life Style

သိပ်ချစ်တတ်တဲ့ ယောင်္ကျားလေးတွေကို မိန်းကလေးတွေ ဘာလို့ထားခဲ့ကြသလဲ

သိပ်ချစ်တတ်တဲ့ ယောင်္ကျားလေးတွေကို မိန်းကလေးတွေ ဘာလို့ထားခဲ့ကြသလဲ လူတစ်ယောက်က ကိုယ့်ကို အရမ်းချစ်တာမျိုး ကြုံဖူးပါသလား ။ ဒါမှမဟုတ် ကိုယ်က သူ့ကို အရမ်းချစ်တာမျိုးကိုရော ခံစားရဖူးပါသလား ။ အမျိုးသမီးတွေဟာ အရမ်းချစ်တဲ့ ယောင်္ကျားလေးတစ်ယောက်ရဲ့ အချစ်ကို ခံနိုင်ရည်မရှိကြပါဘူး ။ ဘာလို့လဲဆိုတော့ ( ၁ ) အမျိုးသမီးတွေဟာ လွတ်လပ်မှုကိုကြိုက်ကြပါတယ် ။ အမျိုးသမီးတွေမှ မဟုတ်ပါဘူး ။ လူတိုင်းပါပဲ ။ သူတို့ကို ချုပ်ချယ်တာမျိုးကို ကြိုက်ကြမယ်မထင်ပါဘူး ။ ဒါပေမယ့် ပြဿနာတစ်ခုက အမျိုးသားတွေဟာ လူတစ်ယောက်ကို ပက်ပက်စက်စက် ချစ်မိသွားရင် အရမ်းချုပ်ချယ် ကြတော့တာပါပဲ ။ ငါလိုင်းပေါ်မရှိရင် ဖုန်းမသုံးရဘူးတို့ ။ သူငယ်ချင်းယောင်္ကျားလေးတွေ …

နိုင်ငံခြားသားတွေကြားမှာ လှသွေးကြွယ်နေတဲ့ မတ်မတ်သင်ဇာရဲ့ ပုံရိပ်လေးများ
Life Style

နိုင်ငံခြားသားတွေကြားမှာ လှသွေးကြွယ်နေတဲ့ မတ်မတ်သင်ဇာရဲ့ ပုံရိပ်လေးများ

နိုင်ငံခြားသားတွေကြားမှာ လှသွေးကြွယ်နေတဲ့ မတ်မတ်သင်ဇာရဲ့ ပုံရိပ်လေးများ မြန်မာနိုင်ငံရဲ့အလှဆုံး ထိပ်တန်းမင်းသမီးတွေထဲက တစ်ဦးဖြစ်တဲ့ မင်းသမီးချောလေး သင်ဇာဝင့် ကျော် က တော့ ရူးခါနေအောင် မိုက် တဲ့ သူမရဲ့ခန္ဓာကိုယ်အချိုးအစားကြောင့်ရော ညှို့အားပြင်းလွန်းတဲ့ အကြည့်စူးစူးတွေကြောင့်ပါ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့် အဝရရှိထားတာပဲ ဖြစ်ပါ တယ်။ လတ်တလောမှာတော့ သင်ဇာလေးက SEAGRAM Scotland whiskey ရဲ့ပွဲလေးမှာ အနက်ရောင် ညှို့အားပြင်းဖက်ရှင်နဲ့ အမိုက်စား တက်ရောက်ခဲ့တာ တွေ့ရပါတယ်။ အဆိုပါပွဲကို တက်ရောက်ခဲ့ကြတဲ့ နိုင်ငံခြားသားတွေ အများကြီးရဲ့ကြားထဲမှာတော့ လေဒီချောချော လေးတစ်ဦးအနေနဲ့ သင်ဇာလေး တစ်ယောက် အရမ်းကို ထင်ရှားပေါ်လွင်နေတာပါနော်။ နိုင်ငံခြားသားတွေကြားထဲမှာတောင် ထင်ရှားနေတဲ့ မြန်မာနိုင်ငံရဲ့မင်းသမီးချောလေး သင်ဇာဝင့် ကျော် ရဲ့ …

သေဆုံးသွားပေမယ့် လူပေါင်း ၇၀ ကျော်ကို ကယ်တင်နိုင်ခဲ့တဲ့ ၁၀ နှစ်သမီးလေး
Life Style

သေဆုံးသွားပေမယ့် လူပေါင်း ၇၀ ကျော်ကို ကယ်တင်နိုင်ခဲ့တဲ့ ၁၀ နှစ်သမီးလေး

သေဆုံးသွားပေမယ့် လူပေါင်း ၇၀ ကျော်ကို ကယ်တင်နိုင်ခဲ့တဲ့ ၁၀ နှစ်သမီးလေး လောကမှာ အမွန်မြတ်သောဆုံးသော လှူဒါန်းမှုဆိုတာ ခန္ဓာပါပဲ။ အသက်ရှင်စဉ်မှာ ခန္ဓာထဲက သွေး စက်တွေကို လှူဒါန်းတာ မွန်မြတ်ပါ တယ်။ ထိုကဲ့သို့ပဲ သေဆုံးသွားခဲ့ရင်တောင်မှ ခန္ဓာအစိတ် အပိုင် အချို့ကို လှူဒါန်းလို့ရပါတယ်။ ကိုယ့်ရဲ့ခန္ဓာအစိတ်အပိုင်းကို လှူဒါန်းတာ ဘယ်လောက်တောင်မှ မွန်မြတ်လေသလဲ။အသက်ရှိစဉ်မှာ အလှူအတန်းတွေ ပြုလုပ်နိုင် သ လို၊ သေဆုံးသွားရင်လည်း လှူနိုင်ပါသေးတယ်။ အခုတင်ဆက်မယ့် သတင်းကတော့ အသက် ၁၀ နှစ်သာရှိသေးတဲ့ မိန်းကလေး တစ် ယောက် အကြောင်းပါပဲ။ ကလေးမလေးဟာ သူမရဲ့ မိခင်နဲ့အတူ ရေခဲမုန့်သွားဝယ်စဉ်မှာ ကားတိုက်ခံရပြီး ဆုံးသွားခဲ့ပါတယ်။ ဒီလိုနဲ့ …