Writer -Min Thu ( XYZ News )
Unicode
သင့်ကို တန်ဖိုးထား၊ မထား ဆိုတာသိနိုင်တဲ့ သင့်လက်တွဲဖော်ရဲ့ အပြုအမူများ
ချစ်တယ်လို့ပြောတာက တစ်ယောက်ယောက်ကို ဂရုစိုက်တယ် ဆိုတာပြောပြဖို့ အလွယ်ဆုံ းနည်းဖြစ်ပေမယ့် အဲဒီ တနည်းပဲ ရှိတာတော့ မဟုတ် ပါဘူး။ ခံစားချက်တွေ ဖော်ပြ တာက တယောက်နဲ့တယောက် မတူပါဘူး။
တချို့က စကားလုံးတွေ သုံးပြီး တချို့က အပြုအမူနဲ့ပြပါတယ်။ သင့်ရဲ့လက်တွဲဖော်က သင့်ကိုလုပ်ပြတဲ့အပြုအမူတွေက ဒေါသထွက် စရာ စိတ်ပျက်စရာတွေ လည်း ဖြစ်နိုင် ပါတယ် ။
၁။ သင်ပြောတာတွေကို ကိုယ်ပိုင်ဒိုင်ယာရီလို နားထောင်တယ်
သင့်ရဲ့လက်တွဲဖော်က သင့်ပြောတဲ့ ပေါ်စရာကော၊ ဝမ်းနည်းစရာကောကို နားထောင်ပြီ းနှစ်သိမ့်ပေးတတ်တယ် ဆိုရင်၊ သူတို့က နားထောင်ပေး ရုံတင် မဟုတ်ဘဲ သင့်တို့ဆက်ဆံရေးရဲ့ ယုံကြည်မှုကို ပါတန်ဖိုးထားနေ တယ်လို့ပြ တာပါ။ သင့်ရဲ့လက်တွဲဖော် ဆက်ဆံရေးကို ပိုခိုင်မာပြီး ရိုးသားမှု ရှိလာအောင် လုပ်နေတာပါ ။
၂။ သင့်ရဲ့အချွဲအနွဲ့တွေကို ကြိုက်တယ်
သင်ချစ်မိသွားတဲ့ အခါမှာ ချွဲနွဲ့ရတာလဲ ဆက်ဆံရေး တခုမှာ ပျော်စရာပါပဲ။ သင့်လက်တွဲဖော်က သင့်ကို ချွဲရတာ ကြိုက်တယ် ဆိုရင် သင်နဲ့ ရှိနေတဲ့ အချိန်ကို ပိုကောင်းစေ ချင်ပြီး တန်ဖိုးထား တယ်ဆိုတဲ့ သဘောပါ။
အဲဒါတင် မက ပါဘူး။ နဖူးကို နမ်းခြင်းနဲ့ အနောက်က သိုင်းဖက်ခြင်းတွေက စကားလုံးတွေမပါပဲ သင်က အရေးကြီးကြောင်းကို ပြနေတာပါ ။
၃။ သင့်ရည်မှန်းချက်တွေ အောင်မြင်အောင် တွန်းအားပေးတယ်
ဆက်ဆံရေး တခုဆိုတာက သင်တို့ အချိန်တွေ ထပ်တူကျတာ မဟုတ်သလို တစ်နေကုန် စာပို့နေလို့လည်း မရပါဘူး။ နေ့တနေ့ကုန်သွားရင် မတူတဲ့ ရည်မှန်းချက်နဲ့ အိမ်မက်တွေ အတွက် ရှင်သန်ကြ တာပါ။
သင့်လက်တွဲဖော်က အိမ်မက်တွေ အောင်မြင်ဖို့ တွန်းအားပေးပြီး သူ့ကို အာရုံ မစိုက်တာကို အထွန့်မတက်ဘူး ဆိုရင်တော့ သူကသင့်ရဲ့ကိုယ်ပိုင် အချိန်ကို တန်ဖိုး
ထားတာ ပါ။ သင့်ရဲ့လက်တွဲဖော် မှာလဲ သူ့ရဲ့ကိုယ်ပိုင် အိမ်မက်ကို အကောင်အထည် ဖော်ဖို့ အခွင့်အရေး ရှိတာကို နားလည်ခြင်းက ရင့်ကျက်မှုနဲ့အချစ်စစ်ပါ ။
၄။ သင့်ကိုအိမ်မှာ ကူညီတယ်
သင့်လက်တွဲဖော်က အဝတ်လျှော် တာန ဲ့တခြားအိမ် အလုပ်တွေကို လုပ်ရတာ မညည်းညူဘူး ဆိုရင် သင့်ကို တူညီတဲ့ တန်ဖိုးရှိ တယ်လို့ သဘောထားပြီး မျှဝေ ခံစား တာပါ။ ဆက်ဆံရေး တစ်ခုမှာ သာတူညီမျှ စိတ်ရှိတဲ့ သူကိုရှာဖို့ အရမ်းခက်တဲ့ အတွက် အဲလို လူကိုတွေ့ရင် လက်မလွှတ် ပါနဲ့ ။
၅။ သူတို့ချစ်ရတဲ့ တစ်ခြားလူတွေကို သင့်အကြောင်းပြောဖို့ ဝန်မလေးဘူး
အရှင်းဆုံး လက္ခဏာကတော့ သင့်လက်တွဲဖော်က မိသားစုနဲ့ပတ်ဝန်းကျင်က လူတွေကို သင့်အကြောင်း မဖုံးထား တာပါပဲ။ သင်တို့ပတ်သတ်မှု အကြောင်း တခြား သူကိုပြောဖို့ ဝန်မလေးဘူး ဆိုရင်တော့ သူတို့က သင်နဲ့ ထားတဲ့ ကတ်တွေကို တန်ဖိုးထားတယ် ဆိုတာနဲ့ အနာဂတ်ကို သင်နဲ့သွားမယ်လို့ဆိုလိုတာပါ ။
၆။ သင်တို့နှစ်ယောက်အပြင်သွားတဲ့ အချိန်တိုင်း လက်ချိတ်ထားတယ်
လူကြားထဲမှာတောင် လက်ချိတ် သွားနေတာ ကလည်း အဆင်ပြေ ပါတယ်။ အဲဒါကို အနီကတ်လို့ သဘောထားရင် ရပါပြီ။ သင်တို့နှစ်ယောက် ပတ်သက်နေ တယ်ဆိုတာ တခြားသူတွေကို ပြနေ တာပါ။ အဲဒါကြောင့် လူကြားထဲ မှာတောင် သင်နဲ့ခပ်ခွာခွာ မနေနိုင် ဖြစ်နေတာပါ ။
No Comments