ဘာမွပင္ပင္ပန္းပန္းမလုပ္ေပးရပဲ ခ်စ္သူကို ၾကည္ႏူးေပ်ာ္ရႊင္ေနေစမယ့္ နည္းလမ္း (၅) မ်ိဳး - Amawpyay

ဘာမွပင္ပင္ပန္းပန္းမလုပ္ေပးရပဲ ခ်စ္သူကို ၾကည္ႏူးေပ်ာ္ရႊင္ေနေစမယ့္ နည္းလမ္း (၅) မ်ိဳး

ဘာမွပင္ပင္ပန္းပန္းမလုပ္ေပးရပဲ ခ်စ္သူကို ၾကည္ႏူးေပ်ာ္ရႊင္ေနေစမယ့္ နည္းလမ္း (၅) မ်ိဳး
အခ်စ္ေရး

ဘာမွပင္ပင္ပန္းပန္းမလုပ္ေပးရပဲ ခ်စ္သူကို ၾကည္ႏူးေပ်ာ္ရႊင္ေနေစမယ့္ နည္းလမ္း (၅) မ်ိဳး

ကုိယ္တကယ္ ခ်စ္ရတဲ့ သူနဲ႔ တစ္သက္လံုးအတူေနႏိုင္ သြားျခင္းေလာက္ ေပ်ာ္စရာေကာင္းတဲ့အရာ ေလာကမွာမရွိေတာ့ ပါဘူး။ ကိုယ္တကယ္ ခ်စ္ရတဲ့ သူကိုေတြ႔ တဲ့အခါ သူ႔ကို ကမၻာေပၚမွာ အေပ်ာ္ရႊင္ဆံုးလူျဖစ္ေအာင္ လုပ္ေပးႏိုင္ဖုိ႔ ၾကိဳးစား သင့္ပါတယ္။

ခ်စ္သူအေၾကာငး္ကို နားလည္ လာေလေလ၊ ဘယ္လို အရာေတြက သူ႔ကိုေပ်ာ္ရႊင္ေစလဲ ဆိုတာ သိလာေလေလ ပဲျဖစ္ ပါတယ္။ ခုေဖာ္ျပေပးမယ့္ အခ်က္ေလးေတြ ကေတာ့ တြဲလာတာ ဘယ္ေလာက္ပဲၾကာေနပါေစ ပင္ပင္ပန္းပန္း မလုပ္ေပးရ ေပမယ့္ ခ်စ္သူကို စိတ္ေပ်ာ္ရႊင္ မႈေလးေတြ ျဖစ္ေစမယ့္ အရာေလးေတြျဖစ္တာေၾကာင့္ ခ်စ္သူတိုင္း သိထားဖို႔ လိုပါ တယ္။

(၁) အခ်ိန္ေပးပါ

ခ်စ္သူႏွစ္ဦးၾကားမွာ အေရးၾကီးဆံုး အရာကေတာ့ ေႏြးေထြးမႈပဲျဖစ္ ပါတယ္။ ဒီလိုေႏြးေထြးမႈကို ခံစားရဖို႔ဆိုတာ ကလည္း တစ္ေယာက္နဲ႔ တစ္ေယာက္ အခ်ိန္ေပးမွ ရတဲ့ အရာ မ်ိဳးပါ။ ဒါေၾကာင့္ ဘယ္ေလာက္ပဲအလုပ္ေတြ မ်ားေန ပါေစ ခ်စ္သူ အတြက္ အခ်ိန္သီးသန္႔ ဖယ္ေပး ထားသင့္ ပါတယ္။

အျမဲတမ္း အခ်ိန္ျပည့္ေတြ႕ေနဖို႔ ေျပာခ်င္တာ မဟုတ္ ပါဘူး။ ဒါေပမယ့္ ပံုမွန္ေလးေတာ့ အခ်ိန္ေပးျပီး ေတြ႕ေပးပါ။

(၂) ထိေတြ႔ပါ

ခ်စ္သူ တစ္ေယာက္နဲ႔ တစ္ေယာက္ၾကားမွာ အထိအေတြ႕ကလည္း အရမး္ကို အေရးၾကီးပါတယ္။ ဒါေၾကာင့္ တစ္ဦးနဲ႔ တစ္ဦးဆံုတဲ့ အခ်ိန္ေလးေတြမွာ လက္တြဲထားတာ၊ ေႏြးေႏြးေထြးေထြးေပြ႕ဖက္ထားတာ၊ ပုခံုးေပၚမွီတာ စသျဖင့္ ၾကည္ႏူးစရာေကာင္းတဲ့ ထိေတြ႕မႈေလးေတြကို ျပဳလုပ္ေပး ရပါမယ္။

(၃) စိ္တ္ခ်င္းဆက္သြယ္တာ

တစ္ေယာက္နဲ႔တစ္ေယာက္ အျမဲတမ္း စိတ္ခ်င္းဆက္သြယ္ေန ရပါမယ္။ ဘယ္လို နည္းနဲ႔ ဆက္သြယ္မလဲဆိုရင္ တစ္ေယာက္ အေၾကာင္း တစ္ေယာက္ ေတြးေနေပးတာ၊ တစ္ေယာက္အခက္အခဲ တစ္ေယာက္ ပြင့္ပြင့္ လင္းလင္း ရင္ဖြင့္တာ၊ တစ္ေယာက္ကုိ တစ္ေယာက္ နားလည္မႈေပးတာ စတဲ့ အရာေလးေတြကေနတစ္ဆင့္ စိတ္ခ်င္း ဆက္သြယ္ေပး ႏိုင္ပါတယ္။

(၄) ထိေရာက္တဲ့ဆက္သြယ္မႈ

တစ္ေယာက္နဲ ႔တစ္ေယာက္ၾကားမွာ ထိေရာက္တဲ့ ဆက္သြယ္မႈေတြ ရွိဖို႕အေရးၾကီး ပါတယ္။ ထိေရာက္တဲ့ ဆက္သြယ္မႈ ဆိုတာ တစ္ေယာက္ အေၾကာငး္ တစ္ေယာက္ ေကာငး္မြန္စြာ သိထားတာကို ဆိုလိုတာပါ။

တစ္ေယာက္နဲ႔ တစ္ေယာက္ စိတ္ကူး အိပ္မက္ေတြ၊ ရည္မွန္းခ်က္ေတြ အေၾကာငး္ တိုင္ပင္တာ၊ တစ္ေယာက္နဲ႔တစ္ေယာက္ အားေပး ကူညီတာ၊ ေဖးမေစာင့္ေရွာက္တာ၊ ခြန္အားတက္ေစမယ့္ စကားေလးေတြေျပာေပးတာမ်ိဳးက အခ်စ္ေရး တစ္ခုကို ခ်ိဳျမိန္ေစ ပါတယ္။

(၅) ဂရုစိုက္မႈေပးပါ

ခ်စ္သူက အသည္းအသန္ ေနမေကာငး္ျဖစ္ေတာ့မွ တစ္ဖဝါးမွ မခြာပဲျပဳစုေပးမယ္ လို႔ မေတြ းပါနဲ႔။ သင့္ခ်စ္သူဟာ အျမဲတမ္း ဂရုစိုက္ေပးဖို႔ ထိုက္တန္တဲ့ သူပါ။

ဒါေၾကာင့္ အေသးအမႊားေလးေတြျဖစ္တဲ့ ေရေႏြးၾကမ္းငဲွ႕ေပးတာ၊ ေရခပ္ေပးတာ၊ ကားတံံခါးဖြင့္ေပးတာ၊ ပစၥည္းေလးေတြသယ္ေပးတာ၊ ထိုင္ခံုေနရာဦးစားေပးတာ စတဲ့ ေသးငယ္တဲ့ အနစ္နာခံမႈ၊ ဂရုစိုက္မႈေလးေတြက အၾကီးအက်ယ္ စကားေျပာသြား မွာပါ။ ဒါေၾကာင့္ ခ်စ္သူကို ခ်စ္ရင္ အျမဲတမ္း ဂရုစိုက္ေပးဖုိ႔ မေမ့ပါနဲ႔။

Em Em

Unicode

ဘာမှပင်ပင်ပန်းပန်းမလုပ်ပေးရပဲ ချစ်သူကို ကြည်နူးပျော်ရွှင်နေစေမယ့် နည်းလမ်း (၅) မျိုး

ကိုယ်တကယ် ချစ်ရတဲ့ သူနဲ့ တစ်သက်လုံးအတူနေနိုင် သွားခြင်းလောက် ပျော်စရာကောင်းတဲ့အရာ လောကမှာမရှိတော့ ပါဘူး။ ကိုယ်တကယ် ချစ်ရတဲ့ သူကိုတွေ့ တဲ့အခါ သူ့ကို ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးလူဖြစ်အောင် လုပ်ပေးနိုင်ဖို့ ကြိုးစား သင့်ပါတယ်။

ချစ်သူအကြောင်းကို နားလည် လာလေလေ၊ ဘယ်လို အရာတွေက သူ့ကိုပျော်ရွှင်စေလဲ ဆိုတာ သိလာလေလေ ပဲဖြစ် ပါတယ်။ ခုဖော်ပြပေးမယ့် အချက်လေးတွေ ကတော့ တွဲလာတာ ဘယ်လောက်ပဲကြာနေပါစေ ပင်ပင်ပန်းပန်း မလုပ်ပေးရ ပေမယ့် ချစ်သူကို စိတ်ပျော်ရွှင် မှုလေးတွေ ဖြစ်စေမယ့် အရာလေးတွေဖြစ်တာကြောင့် ချစ်သူတိုင်း သိထားဖို့ လိုပါ တယ်။

(၁) အချိန်ပေးပါ

ချစ်သူနှစ်ဦးကြားမှာ အရေးကြီးဆုံး အရာကတော့ နွေးထွေးမှုပဲဖြစ် ပါတယ်။ ဒီလိုနွေးထွေးမှုကို ခံစားရဖို့ဆိုတာ ကလည်း တစ်ယောက်နဲ့ တစ်ယောက် အချိန်ပေးမှ ရတဲ့ အရာ မျိုးပါ။ ဒါကြောင့် ဘယ်လောက်ပဲအလုပ်တွေ များနေ ပါစေ ချစ်သူ အတွက် အချိန်သီးသန့် ဖယ်ပေး ထားသင့် ပါတယ်။

အမြဲတမ်း အချိန်ပြည့်တွေ့နေဖို့ ပြောချင်တာ မဟုတ် ပါဘူး။ ဒါပေမယ့် ပုံမှန်လေးတော့ အချိန်ပေးပြီး တွေ့ပေးပါ။

(၂) ထိတွေ့ပါ

ချစ်သူ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ အထိအတွေ့ကလည်း အရမ်းကို အရေးကြီးပါတယ်။ ဒါကြောင့် တစ်ဦးနဲ့ တစ်ဦးဆုံတဲ့ အချိန်လေးတွေမှာ လက်တွဲထားတာ၊ နွေးနွေးထွေးထွေးပွေ့ဖက်ထားတာ၊ ပုခုံးပေါ်မှီတာ စသဖြင့် ကြည်နူးစရာကောင်းတဲ့ ထိတွေ့မှုလေးတွေကို ပြုလုပ်ပေး ရပါမယ်။

(၃) စိတ်ချင်းဆက်သွယ်တာ

တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်း စိတ်ချင်းဆက်သွယ်နေ ရပါမယ်။ ဘယ်လို နည်းနဲ့ ဆက်သွယ်မလဲဆိုရင် တစ်ယောက် အကြောင်း တစ်ယောက် တွေးနေပေးတာ၊ တစ်ယောက်အခက်အခဲ တစ်ယောက် ပွင့်ပွင့် လင်းလင်း ရင်ဖွင့်တာ၊ တစ်ယောက်ကို တစ်ယောက် နားလည်မှုပေးတာ စတဲ့ အရာလေးတွေကနေတစ်ဆင့် စိတ်ချင်း ဆက်သွယ်ပေး နိုင်ပါတယ်။

(၄) ထိရောက်တဲ့ဆက်သွယ်မှု

တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ထိရောက်တဲ့ ဆက်သွယ်မှုတွေ ရှိဖို့အရေးကြီး ပါတယ်။ ထိရောက်တဲ့ ဆက်သွယ်မှု ဆိုတာ တစ်ယောက် အကြောင်း တစ်ယောက် ကောင်းမွန်စွာ သိထားတာကို ဆိုလိုတာပါ။

တစ်ယောက်နဲ့ တစ်ယောက် စိတ်ကူး အိပ်မက်တွေ၊ ရည်မှန်းချက်တွေ အကြောင်း တိုင်ပင်တာ၊ တစ်ယောက်နဲ့တစ်ယောက် အားပေး ကူညီတာ၊ ဖေးမစောင့်ရှောက်တာ၊ ခွန်အားတက်စေမယ့် စကားလေးတွေပြောပေးတာမျိုးက အချစ်ရေး တစ်ခုကို ချိုမြိန်စေ ပါတယ်။

(၅) ဂရုစိုက်မှုပေးပါ

ချစ်သူက အသည်းအသန် နေမကောင်းဖြစ်တော့မှ တစ်ဖဝါးမှ မခွာပဲပြုစုပေးမယ် လို့ မတွေ းပါနဲ့။ သင့်ချစ်သူဟာ အမြဲတမ်း ဂရုစိုက်ပေးဖို့ ထိုက်တန်တဲ့ သူပါ။

ဒါကြောင့် အသေးအမွှားလေးတွေဖြစ်တဲ့ ရေနွေးကြမ်းငဲှ့ပေးတာ၊ ရေခပ်ပေးတာ၊ ကားတံံခါးဖွင့်ပေးတာ၊ ပစ္စည်းလေးတွေသယ်ပေးတာ၊ ထိုင်ခုံနေရာဦးစားပေးတာ စတဲ့ သေးငယ်တဲ့ အနစ်နာခံမှု၊ ဂရုစိုက်မှုလေးတွေက အကြီးအကျယ် စကားပြောသွား မှာပါ။ ဒါကြောင့် ချစ်သူကို ချစ်ရင် အမြဲတမ်း ဂရုစိုက်ပေးဖို့ မမေ့ပါနဲ့။

Em Em

No Comments

Leave a Reply

Your email address will not be published.

အခ်စ္ေရး
ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ..

ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ.. သင့်ရဲ့ဘဝမှာ လုံးဝ မဆုံနိုင်တော့တဲ့ သူတစ်ယောက်၊ အမြဲ သတိရနေသူ တစ်ယောက် ကတော့ ရှိခဲ့ဖူးမှာပါ။ အခုရှိနေ ရင်လည်း ရှိနေမှာပေါ့။ သူက ကိုယ့်အနားလုံးဝမရှိတော့တာဖြစ်စေ၊ ဒီကမ္ဘာကြီးမှာ မရှိတော့ တာပဲဖြစ်ဖြစ် သူ့ကို သတိရတဲ့ အချိန် ရှိမှာပါပဲ။ အဲ့လိုအချိန်မှာ တမ်းတစိတ်ကြောင့် ရူးရူးမိုက်မိုက် မဖြစ်သွား ပါနဲ့။ သင်ခံစား နိုင်ပါတယ်။ နာကျင်နိုင်ပါတယ်။ သတိရ နိုင်ပါတယ်။ ဒါပေမဲ့ သတိရတဲ့ အချိန်တိုင်း အရင်ကထက် ပိုသက်သာစေ မယ့် နည်းလမ်းတွေကို ဖော်ပြပေးပါရစေ။ ၁။ ဒီလိုခံစားရတာ သင့်အမှား မဟုတ်ပါဘူး အချိန်က အရာရာကို ကုစား သွားမယ်လို့ …

အခ်စ္ေရး
မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ

မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ မိန်းကလေးတွေဟာ မွေးရာပါ မိခင်စိတ် ရှိသူတွေ ဖြစ်ကြ ပါတယ်။ စိတ်နှလုံးနူးညံ့တယ်၊ သနားလွယ်တယ်၊ အနစ်နာခံ တတ်တယ်။ ဒီလို မိန်းကလေးတွေဟာ ချစ်မိပြီ ဆိုရင် သူမတူအောင်ကို ချစ်နိုင်ကြပါတယ် …. ။ ချစ်သူအတွက် ချစ်သူ အဖြစ်သာမက မိခင်တစ်ယောက် နီးပါးကို ဂရုစိုက် နိုင်တဲ့၊ ချစ်နိုင်တဲ့ မိန်းကလေးတွေဆိုတာ ဒီအချက်တွေနဲ့ ကိုက်ညီနေ သူပါ။ ဒါကြောင့် သင့်ချစ်သူသာ ဒီလို မိန်းကလေးဖြစ်နေခဲ့ရင် သင်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူတစ်ယောက် ဖြစ်တယ် ဆိုတာ သိထား လိုက်ပါနော် ။ (1) အချိန်ပြည့်စိတ်ပူပေးတယ် မိခင်တစ်ယောက် နီးပါး …

အခ်စ္ေရး
အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက်

အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက် ချစ်သူချင်း အဆင်မပြေလို့ ကွဲကြ၊ ကွာကြတာဟာ ဓမ္မတာပါပဲ။ ဒါပေမဲ့ လမ်းခွဲပြတ်စဲခဲ့တဲ့ ချစ်သူတွေ အချိန်အတော်ကြာ အဆက်အသွယ်လည်း မလုပ်ကြဘဲ နောက်မှ ပြန်တွဲကြတဲ့အခါ နှစ်ယောက်ကြားက အချစ်ရေးမျာ ကောင်းကျိုးလေးတွေ ရှိလာတတ်ပါတယ်။ အဲဒါလေးတွေကတော့.. (၁) သံယောဇဉ်ပိုတိုးလာတယ် ဒါကတော့ ဒီလို ပြန်တွဲခဲ့ကြတဲ့ ချစ်သူတွေမှာ အဖြစ်အများဆုံးကိစ္စပါပဲ။ ဝေးပြီးတဲ့နောက် တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ စိတ်ခံစားချက်တွေ ပိုသေချာသွားတာကြောင့် သူနဲ့လည်းအတူပြန်ရှိရော သံယောဇဉ်တွေ အရင်ကထက်ပိုတိုးလာတာပါ။ (၂) ပိုရင့်ကျက်လာကြတယ် ပြဿနာဖြစ်တိုင်း အရင်လို ဒေါနဲ့မောနဲ့ ြဖေရှင်းမယ်၊ ဘာမဟုတ်တာလေးနဲ့ ပြတ်မယ်ပြောတယ်ဆိုတဲ့ အကျင့်တွေကြောင့် ဝေးသွားခဲ့ကြတဲ့အတွက် နောက်ပိုင်း ပြဿနာအကြီးကြီးကြုံလာရင်တောင် …