ယူနီကုတ်
အချစ်ဆိုတာ ချစ်မိသွားတဲ့အခါ ကိုယ်ချစ်ရတဲ့ သူကြောင့်ဘဲ စိတ်ခံစားရမယ် ဝမ်းနည်း ရမယ်
အရှုံးပေးပြီ းချစ်နေရခြင်းက အနိုင် ရနေ တာပါ။
လူတစ်ယောက်ကို ရင်ထဲ ကနေ နှစ်နှစ်ကာကာ ချစ်မိသွားတဲ့ အခါ ဆုံးရှုံးရမှာ ကိုလည်း မကြောက် ပါနဲ့၊ ဝေးကွာ ရမှာကိုလည်း မကြောက် ပါနဲ့။
လူတစ်ယောက်ကို ရင်ထဲကနေ နက်နက် ရှိုင်းရှိုင်း ချစ်မိသွား တဲ့အခါ ဥပေက္ခာပြုခံ ရမည် ကိုလည်း မကြောက် ပါနဲ့၊ မျှော်လင့်ချက်တွေ ရိုက်ချိုးခံ ရမှာ ကိုလည်း
မကြောက် ပါနဲ့၊ ဝမ်းနည်းပူဆွေး မှုတွေ ခံစားရမှာ ကို လည်း မကြောက် ပါနဲ့။
လူတစ်ယောက်ကို ရင်ထဲ ကနေ မြတ်မြတ်နိုးနိုး ချစ်မိသွား တဲ့အခါ နာကျင် ရမှာ ကိုလည်း မကြောက်ပါနဲ့၊ အလိမ်ခံ ရမည် ကိုလည်း မကြောက်ပါနဲ့၊ အသဲခွဲခံ ရမည်ကို လည်းမကြောက် ပါနဲ့။
အချစ်ဆိုတာ ချစ်မိသွားတဲ့ အခါ ကိုယ်ချစ်ရတဲ့ သူကြောင့် စိတ်ခံစား ရမယ်။ ဝမ်းနည်းရမယ်။ ငိုကြွေးရမယ် ဆိုတာ သိထားဖို့ လိုတယ်။ ကိုယ်က ချစ်မိ့ရင် ကိုယ်ကရှုံးပြီးလို့ သိ့ထား ပါ ။
ကိုယ်ချစ်တဲ့ သူဆီက ဘာမှမ မျှော်လင့် မိ့စေနဲ့။ ချစ်မိတယ် ဆိုတာနဲ့ မျှော်လင့်ချက်တွေ မထားနဲ့တော့။ နှစ်ခါ ရှုံးတယ်။ အချစ်မှာ အရှုံးအနိုင် မရှိဘူး ဆိုပေမယ့် မျှော့်လင့်ချက်တွေ ထားနေသမျှ နိုင်ချင်လို့ ဆိုတာ သိ့ဖို့ လိုတယ် ။
လူတစ်ယောက်ကို ချစ်တာ နိုင်ချင်လို့မချစ်ပါ နဲ့။ အရှုံးပေးပြီး ချစ်ကြည့် ပါ။ တကယ့် လက်တွေ့မှာ အရှုံးပေးပြီး ချစ်တာက အနိုင်ရနေ တယ်ဆိုတာ သိ့လာကြ လိမ့်မယ်။
မောင်ပြည့်(အတွေးအမြင်)
No Comments