
လေးစားစွာဖြင့် credit
UNICODE
“သဘောကောင်းပါ၊ ဒါပေမဲ့ကိုယ့်ကိုယ်ကိုလည်းချစ်ပါ”
သဘောကောင်းလွန်းတဲ့ သူတွေဟာ သူတစ်ပါးကို ဦးစားပေးတတ်ပြီး မိမိရဲ့ဆန္ဒတွေကို နောက်ဆုတ်တာများလာတဲ့အခါ မိမိဖြစ်ချင် တာတွေကို မြိုသိပ်တတ်တဲ့ အကျင့်စွဲလာတော့ တယ်သူ
တစ်ပါးအတွက် ပေးဆပ်တတ်ပေမဲ့ မိမိအတွက် မတောင်းဆိုတတ် တာကြောင့် အချိန်ကြာ လာတဲ့ အခါ လူတွေက မိမိရဲ့ဆန္ဒကို ထည့်မတွက်တော့ တာမျိုး ဖြစ်လာ တတ်ပါ တယ်။
ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသား တင်ဆက်ခြင်း ဖြစ်သည် သူတစ်ပါးကို စိတ်ပါလက်ပါ ကူညီတတ်ကြ တာကြောင့် အကူအညီ လိုတဲ့ အခါ မိမိကို ပြေးပြီးသတိရတတ်ကြပါတယ်။ အခြားအချိန်တွေမှာ မိမိကို သတိမရ တတ်တဲ့ အဖြစ်မျိုးတွေ လည်း ရှိတတ် တာကြောင့် ဝမ်းနည်းနေ ရတတ် ပါတယ်။
သူတစ်ပါးကိုကူညီဖို့အတွက် မိမိရဲ့အရေးကြီးတဲ့ကိစ္စတွေကို ဖယ်ထားတတ်တာကြောင့် အလုပ်တွေနှောင့်နှေးတတ်တာ မျိုးတွေဖြစ် တတ်ပါ တယ်။
တစ်ခါတလေမှာ မိမိမကူညီနိုင်တဲ့ ကိစ္စတွေကို ငြင်းဆန်မိတဲ့အခါ မိမိကိုယ်ကို အပြစ်ရှိသလို ခံစားတတ်ကြ ပါတယ်။ တစ်ခါတလေမှာ လူတွေကို စိတ်ချမ်းသာစေချင်တဲ့အဖြစ်နဲ့ မိမိကိုယ်ကို စိတ်ပင်ပန်းခံလိုက်ရတဲ့ အဖြစ်မျိုးတွေလည်း ဖြစ်တတ်ပါတယ်။
စာချစ်သူတို့ရေ သဘောကောင်းတယ် ဆိုတာ လောကကြီး အတွက် ကောင်းမွန်တဲ့ အရာဖြစ်ပေမဲ့ မိမိရဲ့ဆန္ဒတွေကိုနောက်ပြန် ဆုတ်ထားတာ များတဲ့ အခါ အချိန်ကြာ လာရင် မိမိကိုယ်ကို မကျေနပ်တာ စိတ်အလိုမကျ တာတွေဖြစ် လာပြီး မပျော်ရွှင် နိုင်တော့တာေ တွဖြစ် လာ နိုင် ပါ တယ် ။
တန်ဆေးလွန်ဘေး” လို့ ဆိုတဲ့ အတိုင်း မိမိကိုယ်ကို အတွက်လည်း ဂရုစိုက်ရင်း ပတ်ဝန်းကျင်ကို လည်း အကျိုးပြု နိုင်ဖို့ ဂရုစိုက်ပေးဖို့ အရေးကြီး ပါတယ်နော်။
တောင်ဝှေးကောင်းမှ ဖိုးသူတော်ကို ကူနိုင်မှာ မဟုတ်လား သဘောကျနှ စ်ခြိုက် ခဲ့ရင် ဒီ စာစောင်လေးကို SHARE ပေး လိုက်ပါဦး။
No Comments