နံနက္စာ မစားျဖစ္ရင္ ခႏၶာကိုယ္မွာ ဒါေတြျဖစ္လာပါတယ္ - Amawpyay

နံနက္စာ မစားျဖစ္ရင္ ခႏၶာကိုယ္မွာ ဒါေတြျဖစ္လာပါတယ္

နံနက္စာ မစားျဖစ္ရင္ ခႏၶာကိုယ္မွာ ဒါေတြျဖစ္လာပါတယ္
Knowledge

နံနက္စာ မစားျဖစ္ရင္ ခႏၶာကိုယ္မွာ ဒါေတြျဖစ္လာပါတယ္

ဒီေန႔ေခတ္လူ အမ်ားစုဟာ လႈပ္ရွား သြားလာ ရတာေတြ မ်ားတာေၾကာင့္ မနက္စာ စားဖို႔ကို ေမ့ေလ်ာ့ေနၾကျပီး မနက္စာ ရဲ႕ အေရးပါပုံကို သိပ္မသိၾက ပါဘူး။

တကယ္ေတာ့ မနက္စာ စားျခင္းဟာ သင့္ရဲ႕ က်န္းမာေရးကို အမ်ားၾကီး အေထာက္အကူ ျပဳေန ပါတယ္။

မနက္စာ မစားျဖစ္တဲ့ အေၾကာင္းရင္းကို စစ္တမ္းေကာက္တဲ့ အခါ အမ်ားစုက ကယ္လိုရီတက္မွာ စိုးလို႔ မစားတာ ၊ မနက္စာ စားခ်ိန္မရွိလို႔ မစားတာ ၊ ဗိုက္မဆာလို႔ မစားတာလို႔ ဆုိၾက ပါတယ္။ မနက္စာ မစားျဖစ္တဲ့ လူေတြဟာ ပုံမွန္ စားေနက် လူေတြထက္ ႏွလုံးေရာဂါ ျဖစ္ႏုိင္ေျခ (၂၇) ရာခိုင္ႏႈန္းပို ပါတယ္။

မနက္စာ မစားတဲ့အခါ ကိုယ္တြင္း ဇီဝစနစ္ ေျပာင္းလဲျပီး ေသြးတြင္း သၾကားဓာတ္က ျမင့္တက္သြားပါတယ္။ ဒီလို ျမင့္တက္သြားတဲ့ အခါ ကုိယ္အေလးခ်ိန္ ျမင့္တက္လာ သလို ႏွလုံးေရာဂါလည္း ျဖစ္ပြားႏုိင္ပါတယ္။

ဒါ့အျပင္ မနက္စာ မစားတဲ့လူေတြမွာ ဆီးခ်ိဳေရာဂါ ျဖစ္ပြားႏိုင္ေျခ မ်ားတာကိုလည္း ေတြ႕ရပါတယ္။ မနက္စာ မစားတဲ့အခါ ဂလူးကို႔စ္ဓာတ္က ေတာင့္မခံႏုိင္ေတာ့ပဲ ဆိးခ်ိဳေရာဂါနဲ႔ ဆက္စပ္တဲ့ ေရာဂါေတြပါ ျဖစ္ေပၚလာ ပါတယ္။

ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ဖို႔ အစားေလွ်ာ့စားတဲ့ လူေတြမွာ မနက္စာကို မျဖစ္မေန စားေပးဖုိ႔ လုိပါ တယ္။

ဘာေၾကာင့္လဲဆုိေတာ့ မနက္စာ မစားရင္ ဗိုက္ပိုဆာျပီး ေန႔လည္စာ နဲ႔ ညစာကို အလြန္အကြ်ံ စားမိတတ္ပါတယ္။ဒီလို စားမိတဲ့ အခါ ကယ္လိုရီ ပိုတက္ျပီး ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ဖို႔ မျဖစ္ႏုိင္ေတာ့ပါဘူး။ ဒါေၾကာင့္ မနက္စာက diet လုပ္ေနတဲ့ လူေတြအတြက္ အရမ္းကို အေရးပါပါတယ္။

မနက္စာ မစားျခင္းဟာ ဦးေႏွာက္က်န္းမာေရး ကိုပါ သက္ေရာက္မႈ ရွိေန ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ အစာမရွိတဲ့ အခါ ဦးေႏွာက္က္ုိ လိုအပ္တဲ့

အာဟာရေတြ မေပးႏုိင္ေတာ့ပဲ မွတ္ဥာဏ္ အားနည္းကာ အာရုံမစူးစုိက္ ႏုိင္ေတာ့ ပါဘူး။ ဒါေၾကာင့္ လိုအပ္တဲ့ ကာဗုိဟုိက္ဒရိတ္ကို သင့္တင့္ မွ်တစြာ စားေပးဖုိ႔ လိုပါတယ္။

သို႔ေသာ္ မနက္စာ စားတဲ့အခါ သၾကားဓာတ္ မ်ားတဲ့ အစားအစာေတြ ကို မေရြးသင့္ပဲ ေထာပတ္သီး ၊ ၾကက္ဥ နဲ႔ wholegrain ပါတဲ့ အစားအစာေတြကို ေရြးခ်ယ္သင့္ ပါတယ္။ ဖတ္ရႈျပီး အမ်ားသူငွာ က်န္းမာေရး အသိ တိုးပြားေစဖို႕ ေ၀မွ် လိုက္ပါ ၾကပါအံုး။ Ref; R e a d e r’s D i g e s t

Unicode

နံနက်စာ မစားဖြစ်ရင် ခန္ဓာကိုယ်မှာ ဒါတွေဖြစ်လာပါတယ်

ဒီနေ့ခေတ်လူ အများစုဟာ လှုပ်ရှား သွားလာ ရတာတွေ များတာကြောင့် မနက်စာ စားဖို့ကို မေ့လျော့နေကြပြီး မနက်စာ ရဲ့ အရေးပါပုံကို သိပ်မသိကြ ပါဘူး။

တကယ်တော့ မနက်စာ စားခြင်းဟာ သင့်ရဲ့ ကျန်းမာရေးကို အများကြီး အထောက်အကူ ပြုနေ ပါတယ်။

မနက်စာ မစားဖြစ်တဲ့ အကြောင်းရင်းကို စစ်တမ်းကောက်တဲ့ အခါ အများစုက ကယ်လိုရီတက်မှာ စိုးလို့ မစားတာ ၊ မနက်စာ စားချိန်မရှိလို့ မစားတာ ၊ ဗိုက်မဆာလို့ မစားတာလို့ ဆိုကြ ပါတယ်။ မနက်စာ မစားဖြစ်တဲ့ လူတွေဟာ ပုံမှန် စားနေကျ လူတွေထက် နှလုံးရောဂါ ဖြစ်နိုင်ခြေ (၂၇) ရာခိုင်နှုန်းပို ပါတယ်။

မနက်စာ မစားတဲ့အခါ ကိုယ်တွင်း ဇီဝစနစ် ပြောင်းလဲပြီး သွေးတွင်း သကြားဓာတ်က မြင့်တက်သွားပါတယ်။ ဒီလို မြင့်တက်သွားတဲ့ အခါ ကိုယ်အလေးချိန် မြင့်တက်လာ သလို နှလုံးရောဂါလည်း ဖြစ်ပွားနိုင်ပါတယ်။

ဒါ့အပြင် မနက်စာ မစားတဲ့လူတွေမှာ ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေ များတာကိုလည်း တွေ့ရပါတယ်။ မနက်စာ မစားတဲ့အခါ ဂလူးကို့စ်ဓာတ်က တောင့်မခံနိုင်တော့ပဲ ဆိးချိုရောဂါနဲ့ ဆက်စပ်တဲ့ ရောဂါတွေပါ ဖြစ်ပေါ်လာ ပါတယ်။

ကိုယ်အလေးချိန် လျှော့ချဖို့ အစားလျှော့စားတဲ့ လူတွေမှာ မနက်စာကို မဖြစ်မနေ စားပေးဖို့ လိုပါ တယ်။

ဘာကြောင့်လဲဆိုတော့ မနက်စာ မစားရင် ဗိုက်ပိုဆာပြီး နေ့လည်စာ နဲ့ ညစာကို အလွန်အကျွံ စားမိတတ်ပါတယ်။ဒီလို စားမိတဲ့ အခါ ကယ်လိုရီ ပိုတက်ပြီး ကိုယ်အလေးချိန် လျှော့ချဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် မနက်စာက diet လုပ်နေတဲ့ လူတွေအတွက် အရမ်းကို အရေးပါပါတယ်။

မနက်စာ မစားခြင်းဟာ ဦးနှောက်ကျန်းမာရေး ကိုပါ သက်ရောက်မှု ရှိနေ ပါတယ်။ ဘာကြောင့်လဲဆိုတော့ အစာမရှိတဲ့ အခါ ဦးနှောက်ကို လိုအပ်တဲ့

အာဟာရတွေ မပေးနိုင်တော့ပဲ မှတ်ဉာဏ် အားနည်းကာ အာရုံမစူးစိုက် နိုင်တော့ ပါဘူး။ ဒါကြောင့် လိုအပ်တဲ့ ကာဗိုဟိုက်ဒရိတ်ကို သင့်တင့် မျှတစွာ စားပေးဖို့ လိုပါတယ်။

သို့သော် မနက်စာ စားတဲ့အခါ သကြားဓာတ် များတဲ့ အစားအစာတွေ ကို မရွေးသင့်ပဲ ထောပတ်သီး ၊ ကြက်ဥ နဲ့ wholegrain ပါတဲ့ အစားအစာတွေကို ရွေးချယ်သင့် ပါတယ်။ ဖတ်ရှုပြီး အများသူငှာ ကျန်းမာရေး အသိ တိုးပွားစေဖို့ ဝေမျှ လိုက်ပါ ကြပါအုံး။ Ref; R e a d e r’s D i g e s t

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …