
စိတ္ေရာ ကိုယ္ပါ အနားယူဖို႔ လိုအပ္ေနေၾကာင္း သင့္ခႏၶာကိုယ္က ျပေနတဲ့ လကၡဏာမ်ား
ခႏၶာကိုယ္ ဆိုတာ စက္ရံုတစ္ရံုနဲ႔ အလားသ႑ာန္ တူပါတယ္။ ဘယ္အရာကိုမွ အလြန္အကၽြံ ခိုင္းေစလို႔ မရပါဘူး။ သင့္ခႏၶာကိုယ္ ကိုလည္း အလုိက္သင့္ သံုးစြဲ တတ္ဖို႔ လိုအပ္ ပါတယ္။ သင့္ခႏၶာကိုယ္ အစိတ္အပိုင္းကို လိုတာထက္ ပိုသံုးတယ္ ဆိုရင္ေတာ့ သင့္က်န္းမာေရးကို ထိခိုက္ လာတတ္ ပါတယ္။
တစ္ခါတစ္ေလ သင္ မသိေပမဲ့ သင့္ခႏၶာကိုယ္က အနားယူဖို႔ လိုအပ္ေနေၾကာင္း ျပေနတဲ့ အေျခအေနေတြ ရွိလို႔ေန ပါတယ္။ ဒီလို အခ်က္ေတြ ခႏၶာကိုယ္မွာ ျပေနရင္ေတာ့ သင္ အနားယူ လိုက္သင့္ ပါတယ္။
(၁) ကိုယ္လက္ ေညာင္းညာတာ
တစ္ခါတစ္ေလမွာ ကိုယ္ေတြ လက္ေတြေညာင္းညာၿပီး ပင္ပန္းေန တာကို ခံစားမိမွာပါ။ ဘာေၾကာင့္ရယ္မွန္းမသိပဲ ပင္ပန္းေနၿပီး ေျခေတြ လက္ေတြက ေညာင္းကိုက္ေန သလိုလို တစ္ခုခုပဲ ျဖစ္ေနေတာ့သလို ပ်င္းရိပ်င္းတြဲ ေညာင္းညာေန တယ္ ဆိုရင္ေတာ့ သင္ပင္ပန္းေနၿပီ ဆိုတာကို သင္ခႏၶာကိုယ္က သတိေပးေနတာပဲ ျဖစ္ပါတယ္။ သင့္ခႏၶာက ပင္ပန္းလြန္းလို႔သာ အခုလို အခ်က္ျပေနတာပါ။
(၂) တစ္ကိုယ္လံုး မသယ္ခ်င္တာ
ဘာမွ အေလးအပင္ေတြလည္း မ တာမ်ိဳး မရွိပါပဲနဲ႔ သင္ ခႏၶာကိုယ္ တစ္ခုလံုး ေညာင္းခ်ိေနသလို ခံစားေနရၿပီး သင့္စိတ္္ကလည္း ကိုယ့္ခႏၶာကိုယ္ မသယ္ခ်င္ေတာ့ပဲ ပစ္လဲ လိုက္ခ်င္တဲ့ စိတ္ေတြ အခ်ိန္္ေတာ္ေတာ္ မ်ားမ်ားမွာ ရွိေနတတ္ ပါတယ္။
ဒီလိုမ်ိဳး ဘာမွ မလုပ္ခ်င္ မကိုင္ခ်င္ ကိုယ့္ကိုယ္ကို လည္း မသယ္ခ်င္ ျဖစ္ေနတယ္ ဆိုရင္ေတာ့ သင္ ေတာ္ေတာ္ ပင္ပန္းေနၿပီ ျဖစ္ၿပီး အနားယူဖို႔ လိုအပ္ေနတာ ျဖစ္ပါတယ္။
(၃) မေတြးႏိုင္ေတာ့ဘူး
ေတြးရမယ့္ အရာေတြ ဆံုးျဖတ္ရမယ့္ အရာေတြ စီစဥ္ရမယ့္ အရာေတြ အတြက္ သင့္ဦးေႏွာက္က မေတြးႏိုင္ေတာ့ဘူး။ ဆံုးျဖတ္ဖို႔ ဆိုရင္ အခ်ိန္ေတြ တံု႔ဆိုင္းေနတယ္။ တစ္ခုခုလုပ္ဖို႔ အရမ္းအားစိုက္ေနရတယ္။ ဦးေႏွာက္က ခဏခဏေမ့ ေနတယ္။
အေၾကာင္း တစ္ခုခု ဆိုရင္ လိုက္မေတြ းႏိုင္ေတာ့့ဘူး။ ဒီလို ဆိုရင္ေတာ့ သင့္စိတ္ေတြ ပင္ပန္းေနတယ္ ေသခ်ာေလး အနားယူမွ ျဖစ္မွာကို ေဖာ္ျပေနတာပါ။ စိတ္္ေရာ ကိုယ္ပါ ဘာမွ မလုပ္္ပဲ ေအးေဆးနားမွသာ သင္ ခႏၶာကိုယ္ေရာ ဦးေႏွာက္ပါ ျပန္လည္ လန္းဆန္းလာမွာ ျဖစ္ပါတယ္။
(၄) ဘာကိုမွ စိတ္မရွည္ေတာ့ဘူး
စိတ္မရွည္တဲ့ အခိုက္အတန္႔ကေတာ့ လူတိုင္းမွာ ရွိတတ္ပါတယ္။ ဒါေပမဲ့ သင္ ျမင္သမွ် ကိုလည္း စိတ္တိုင္းမက် ဘယ္သူ႔ကို မွလည္း စိတ္မရွည္ သလို သင့္ကိုယ္သင္ေတာင္ စိတ္မရွည္ျဖစ္ေနၿပီ ဆိုရင္ေတာ့
သင္ အရမ္း ပင္ပန္းေနလို႔ ဒီလို ျဖစ္ေန တာပါ။ ဒါေၾကာင့္ ဒီလိုမ်ိဳး သိသာလာရင္ တျခားအရာေတြကို ေမ့ၿပီး စိတ္သက္သာဖို႔ အရင္လုပ္သင့္ပါတယ္။
(၅) အရာရာတိုင္းက အသက္မပါသလို ခံစားရတယ္
တစ္ေန႔တစ္ေန႔ စက္ရုပ္လို မနက္ကို ရံုးသြား ညေနဆို အိမ္ျပန္နဲ႔ စက္ရုပ္လို ရုန္္းကန္ေနရတယ္လို႔ ျမင္လာၿပီ။ လူေတြ သြားလာတာကို ၾကည့္ၿပီး တစ္ခုခု လိုေနသလို ခံစားရတာမ်ိဳး၊ အင္တာနက္ သံုးရတာေတာင္ အဓိပၸာယ္ မရွိေတာ့သလိုမ်ိဳး သူငယ္ခ်င္းေတြ လာစကားေျပာရင္ေတာင္
စိတ္မပါေတာ့သလို ဘာလုပ္လုပ္ အသက္လည္းမပါ စိတ္လည္းမပါ ျဖစ္ေနတယ္ဆိုရင္ သင့္စိတ္ ေတာ္ေတာ့ကို ေမာပန္းေနတာ ျဖစ္ပါတယ္။ စိတ္ေရာကိုယ္ေရာ အခ်ိန္ေပးၿပီး အနားယူလိုက္မွသာ ဒီအေျခအေနကေန ျပန္ အဆင္ေျပမွာပါ။
စိတ္္ေရာ ကိုယ္ေရာ လန္းဆန္းေနမွာ က်န္းမာ ေပ်ာ္ရႊင္တဲ့ ေန႔ရက္ေတြကို ရရွိမွာပါေနာ္။
Written by Kham
Unicode
စိတ်ရော ကိုယ်ပါ အနားယူဖို့ လိုအပ်နေကြောင်း သင့်ခန္ဓာကိုယ်က ပြနေတဲ့ လက္ခဏာများ
ခန္ဓာကိုယ် ဆိုတာ စက်ရုံတစ်ရုံနဲ့ အလားသဏ္ဍာန် တူပါတယ်။ ဘယ်အရာကိုမှ အလွန်အကျွံ ခိုင်းစေလို့ မရပါဘူး။ သင့်ခန္ဓာကိုယ် ကိုလည်း အလိုက်သင့် သုံးစွဲ တတ်ဖို့ လိုအပ် ပါတယ်။ သင့်ခန္ဓာကိုယ် အစိတ်အပိုင်းကို လိုတာထက် ပိုသုံးတယ် ဆိုရင်တော့ သင့်ကျန်းမာရေးကို ထိခိုက် လာတတ် ပါတယ်။
တစ်ခါတစ်လေ သင် မသိပေမဲ့ သင့်ခန္ဓာကိုယ်က အနားယူဖို့ လိုအပ်နေကြောင်း ပြနေတဲ့ အခြေအနေတွေ ရှိလို့နေ ပါတယ်။ ဒီလို အချက်တွေ ခန္ဓာကိုယ်မှာ ပြနေရင်တော့ သင် အနားယူ လိုက်သင့် ပါတယ်။
(၁) ကိုယ်လက် ညောင်းညာတာ
တစ်ခါတစ်လေမှာ ကိုယ်တွေ လက်တွေညောင်းညာပြီး ပင်ပန်းနေ တာကို ခံစားမိမှာပါ။ ဘာကြောင့်ရယ်မှန်းမသိပဲ ပင်ပန်းနေပြီး ခြေတွေ လက်တွေက ညောင်းကိုက်နေ သလိုလို တစ်ခုခုပဲ ဖြစ်နေတော့သလို ပျင်းရိပျင်းတွဲ ညောင်းညာနေ တယ် ဆိုရင်တော့ သင်ပင်ပန်းနေပြီ ဆိုတာကို သင်ခန္ဓာကိုယ်က သတိပေးနေတာပဲ ဖြစ်ပါတယ်။ သင့်ခန္ဓာက ပင်ပန်းလွန်းလို့သာ အခုလို အချက်ပြနေတာပါ။
(၂) တစ်ကိုယ်လုံး မသယ်ချင်တာ
ဘာမှ အလေးအပင်တွေလည်း မ တာမျိုး မရှိပါပဲနဲ့ သင် ခန္ဓာကိုယ် တစ်ခုလုံး ညောင်းချိနေသလို ခံစားနေရပြီး သင့်စိတ်ကလည်း ကိုယ့်ခန္ဓာကိုယ် မသယ်ချင်တော့ပဲ ပစ်လဲ လိုက်ချင်တဲ့ စိတ်တွေ အချိန်တော်တော် များများမှာ ရှိနေတတ် ပါတယ်။
ဒီလိုမျိုး ဘာမှ မလုပ်ချင် မကိုင်ချင် ကိုယ့်ကိုယ်ကို လည်း မသယ်ချင် ဖြစ်နေတယ် ဆိုရင်တော့ သင် တော်တော် ပင်ပန်းနေပြီ ဖြစ်ပြီး အနားယူဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
(၃) မတွေးနိုင်တော့ဘူး
တွေးရမယ့် အရာတွေ ဆုံးဖြတ်ရမယ့် အရာတွေ စီစဉ်ရမယ့် အရာတွေ အတွက် သင့်ဦးနှောက်က မတွေးနိုင်တော့ဘူး။ ဆုံးဖြတ်ဖို့ ဆိုရင် အချိန်တွေ တုံ့ဆိုင်းနေတယ်။ တစ်ခုခုလုပ်ဖို့ အရမ်းအားစိုက်နေရတယ်။ ဦးနှောက်က ခဏခဏမေ့ နေတယ်။
အကြောင်း တစ်ခုခု ဆိုရင် လိုက်မတွေ းနိုင်တော့ဘူး။ ဒီလို ဆိုရင်တော့ သင့်စိတ်တွေ ပင်ပန်းနေတယ် သေချာလေး အနားယူမှ ဖြစ်မှာကို ဖော်ပြနေတာပါ။ စိတ်ရော ကိုယ်ပါ ဘာမှ မလုပ်ပဲ အေးဆေးနားမှသာ သင် ခန္ဓာကိုယ်ရော ဦးနှောက်ပါ ပြန်လည် လန်းဆန်းလာမှာ ဖြစ်ပါတယ်။
(၄) ဘာကိုမှ စိတ်မရှည်တော့ဘူး
စိတ်မရှည်တဲ့ အခိုက်အတန့်ကတော့ လူတိုင်းမှာ ရှိတတ်ပါတယ်။ ဒါပေမဲ့ သင် မြင်သမျှ ကိုလည်း စိတ်တိုင်းမကျ ဘယ်သူ့ကို မှလည်း စိတ်မရှည် သလို သင့်ကိုယ်သင်တောင် စိတ်မရှည်ဖြစ်နေပြီ ဆိုရင်တော့
သင် အရမ်း ပင်ပန်းနေလို့ ဒီလို ဖြစ်နေ တာပါ။ ဒါကြောင့် ဒီလိုမျိုး သိသာလာရင် တခြားအရာတွေကို မေ့ပြီး စိတ်သက်သာဖို့ အရင်လုပ်သင့်ပါတယ်။
(၅) အရာရာတိုင်းက အသက်မပါသလို ခံစားရတယ်
တစ်နေ့တစ်နေ့ စက်ရုပ်လို မနက်ကို ရုံးသွား ညနေဆို အိမ်ပြန်နဲ့ စက်ရုပ်လို ရုန်းကန်နေရတယ်လို့ မြင်လာပြီ။ လူတွေ သွားလာတာကို ကြည့်ပြီး တစ်ခုခု လိုနေသလို ခံစားရတာမျိုး၊ အင်တာနက် သုံးရတာတောင် အဓိပ္ပာယ် မရှိတော့သလိုမျိုး သူငယ်ချင်းတွေ လာစကားပြောရင်တောင်
စိတ်မပါတော့သလို ဘာလုပ်လုပ် အသက်လည်းမပါ စိတ်လည်းမပါ ဖြစ်နေတယ်ဆိုရင် သင့်စိတ် တော်တော့ကို မောပန်းနေတာ ဖြစ်ပါတယ်။ စိတ်ရောကိုယ်ရော အချိန်ပေးပြီး အနားယူလိုက်မှသာ ဒီအခြေအနေကနေ ပြန် အဆင်ပြေမှာပါ။
စိတ်ရော ကိုယ်ရော လန်းဆန်းနေမှာ ကျန်းမာ ပျော်ရွှင်တဲ့ နေ့ရက်တွေကို ရရှိမှာပါနော်။
No Comments