
ကိုယ္တုိင္ single ဘဝကို ေ႐ြးခ်ယ္ခဲ့တဲ့သူေတြသာ နားလည္ႏိုင္္မယ့္ အခ်က္မ်ား
ခုခ်ိန္ထိ ခ်စ္သူ ရည္းစား မထားပဲ တစ္ေယာက္တည္းေနေနတဲ့ သူေတြကို တစ္္ခ်ိဳ႕ေတြက အထီးက်န္ ပ်င္းရိစရာေကာင္း တယ္လုိ႔ ထင္တတ္ၾက တယ္။
တကယ္တမ္း မွာေတာ့ သူတုိ႔ရဲ႕ အထင္နဲ႔ အျမင္ကို လံုးဝကြဲလြဲ သြားေစတဲ့ ဆင္ဂယ္ဘဝရဲ႕ အားသာ ခ်က္ေတြ အမ်ားႀကီး ႐ွိလုိ႔ေန ပါတယ္။
ဆင္ဂယ္ဘဝကို ေ႐ြးခ်ယ္္ထားတဲ့ သူေတြက ဒီလိုအခ်က္ေတြေၾကာင့္ ဆင္ဂယ္ဘဝမွာ ေပ်ာ္ေမြ႔ေနၾကတာပါေနာ္။
ကိုယ့္ရဲ႕ အခ်ိန္္ေတြကို စိတ္ႀကိဳက္တစ္ကိုယ္ေကာင္းဆန္ခြင့္ ႐ွိတယ္
ဘယ္သူ႔အတြက္မွ မဟုတ္တဲ့ ကိုယ့္ရဲ႕အခ်ိန္္ေတြဟာ ကိုယ့္အတြက္သာ ျဖစ္ပါတယ္။ သူတုိ႔ေတြဟာ ဆင္ဂယ္ဘဝမွာ ေနထိုင္ရင္းနဲဲ႔ ဆင္ဂယ္ဘဝရဲ႕ အားသာခ်က္္ေတြကို ႐ွာေတြ႔သြား တတ္ပါ တယ္။
ကိုယ္ရဲ႕ အခ်ိန္ေတြကို ဘယ္သူ႔ကိုမွ ခြဲေဝေပးေန စရာမလုိပဲ ကိုယ္ႀကိဳက္တာ ကိုယ္လုပ္ခြင့္ ႐ွိတဲ့ ဘဝကို ပိိုမက္ေမာလာ တတ္ၾက တာပါပဲ။
ခ်စ္သူ ရည္းစား မ႐ွိလည္း သူတုိ႔ိုကို ခ်စ္ခင္ေပးမယ့္ သူေတြက သူတုိ႔ေဘးမွာ ႐ွိလုိ႔ေန ပါတယ္။ ကိိုယ့္တစ္ေနရာရာ သြားဖို႔ တစ္စံုတစ္ေယာက္ကို ေျပာေနစရာ မလုိသလုိ၊ ကိုယ္ႀကိဳက္တဲ့ ပံုစံအတုိင္း
လြတ္လြတ္္လပ္လပ္ ကိုယ့္ရဲ႕အခ်ိန္ေတြကို တစ္ကိုယ္ေကာင္းဆန္ၿပီး သံုးစြဲခြင့္ အျပည့္ရၾကတဲ့ အတြက္ေၾကာင့္ ျဖစ္ပါတယ္။
Relationship အ႐ႈပ္အေထြးေတြကို မလုိခ်င္ေသးလုိ႔
Relationship တစ္ခု တည္ေဆာက္လုိက္ၿပီဆိုရင္ေတာ့ ဘယ္ေလာက္ပဲ ေကာင္းမြန္တဲ့ ဆက္ဆံေရးပဲ ျဖစ္ျဖစ္ တစ္ေယာက္ရဲ႕ သေဘာထား၊ ဆႏၵေတြကို တစ္ေယာက္က ေလးစားဖို႔၊ ငဲ႔ညွာဖို႔ လုိအပ္လာပါၿပီ။ Relationship တစ္ခုမွာ နားလည္မႈေတြ၊ ျပသနာေတြ၊ စိတ္ညစ္စိတ္႐ႈပ္စရာေတြ အနည္းနဲ႔ အမ်ားေတာ့ ပါလာတတ္တာပါပဲ။
ဒီလုိ ေခါင္း႐ႈပ္စရာ ကိစၥရပ္ေတြကို မလုိခ်င္ေသးပဲ တစ္္ေယာက္တည္း လြတ္လပ္မႈကို ခံစားခ်င္ေသးလို႔ တစ္ေယာက္တည္း ဘဝကိုပဲ ေ႐ြးခ်ယ္ထားတာ ျဖစ္ပါတယ္။
ခ်စ္သူရည္းစားထားတယ္ဆိုတာ လြတ္လပ္မႈရဲ႕ တစ္စိတ္တစ္ပိုင္းကို ဆံုး႐ံႈးသြားတာပဲ ျဖစ္ပါတယ္။
ကိုယ့္အတြက္ သင့္ေတာ္မယ့္လူကို ေသခ်ာေ႐ြးခ်ယ္္ခ်င္လုိ႔
ခ်စ္သူရည္းစားဆုိတာ အေပါသားျဖစ္ၿပီး ခ်စ္သူေကာင္းကေတာ့ ႐ွားပါးလြန္း ပါတယ္။ ကိုယ့္ကိုယ္ သေဘာက် ႏွစ္သက္တဲ့ သူေတြ ဒုနဲ႔ေဒး ႐ွိေနေပမယ့္ ကိုယ့္အတြက္ သင့္ေတာ္တဲ့လူ
ဟုတ္မဟုတ္ ဆုိတာကိုေတာ့ ေသခ်ာေ႐ြးခ်ယ္မွ ျဖစ္မယ္ ဆုိတာကို နားလည္ထား ၾကသူေတြ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ့္အတြက္ အဆင္ေျပမယ့္ သူမ်ိဳးကိုပဲ ေအးေဆး အခ်ိန္္ယူ ေ႐ြးခ်ယ္ခ်င္ၾကလုိ ႔ ျဖစ္ပါ တယ္။
ဘဝရဲ႕ အေတြ႔အႀကံဳသစ္ေတြ အမ်ားႀကီး ေလ့လာခ်င္ေသးလို႔
အေျပာက်ယ္တဲ့ ေလာကႀကီးမွာ ေလ့လာစရာေတြ၊ အသစ္အဆန္းေတြက အမ်ားႀကီး႐ွိလုိ႔ေန ပါတယ္။ ဘဝရဲ႕ အေတြ႔အႀကံဳသစ္ေတြကို ေလ့လာခ်င္ေသးတဲ့ အတြက္ ခ်စ္သူမ လုိအပ္ေသး တာလည္း ျဖစ္ႏုိင္္ပါတယ္။
ကို္ယ္လုိိခ်င္တဲ့ ပန္းတုိင္၊ ကိုယ္ျဖစ္ခ်င္တဲ့ အိပ္မက္ ဒါေတြကို အရင္ဆံုး ဦးစားေပး လုပ္ေဆာင္ခ်င္ေသးၿပီး လူေတြရဲ႕ အေၾကာင္းနဲ႔ ဘဝရဲ႕ သင္ခန္းစာ အေတြ႔အႀကံဳသစ္ေတြကို ေလ့လာခ်င္ေသးလို႔ ဆင္ဂယ္အျဖစ္ကို ေ႐ြးခ်ယ္ ထားျခင္း ျဖစ္ပါတယ္။
Khin
ကိုယ်တိုင် single ဘဝကို ရွေးချယ်ခဲ့တဲ့သူတွေသာ နားလည်နိုင်မယ့် အချက်များ
ခုချိန်ထိ ချစ်သူ ရည်းစား မထားပဲ တစ်ယောက်တည်းနေနေတဲ့ သူတွေကို တစ်ချို့တွေက အထီးကျန် ပျင်းရိစရာကောင်း တယ်လို့ ထင်တတ်ကြ တယ်။ တကယ်တမ်း မှာတော့ သူတို့ရဲ့ အထင်နဲ့ အမြင်ကို လုံးဝကွဲလွဲ သွားစေတဲ့ ဆင်ဂယ်ဘဝရဲ့ အားသာ ချက်တွေ အများကြီး ရှိလို့နေ ပါတယ်။
ဆင်ဂယ်ဘဝကို ရွေးချယ်ထားတဲ့ သူတွေက ဒီလိုအချက်တွေကြောင့် ဆင်ဂယ်ဘဝမှာ ပျော်မွေ့နေကြတာပါနော်။
ကိုယ့်ရဲ့ အချိန်တွေကို စိတ်ကြိုက်တစ်ကိုယ်ကောင်းဆန်ခွင့် ရှိတယ်
ဘယ်သူ့အတွက်မှ မဟုတ်တဲ့ ကိုယ့်ရဲ့အချိန်တွေဟာ ကိုယ့်အတွက်သာ ဖြစ်ပါတယ်။ သူတို့တွေဟာ ဆင်ဂယ်ဘဝမှာ နေထိုင်ရင်းနဲ့ ဆင်ဂယ်ဘဝရဲ့ အားသာချက်တွေကို ရှာတွေ့သွား တတ်ပါ တယ်။ ကိုယ်ရဲ့ အချိန်တွေကို ဘယ်သူ့ကိုမှ ခွဲဝေပေးနေ စရာမလိုပဲ ကိုယ်ကြိုက်တာ ကိုယ်လုပ်ခွင့် ရှိတဲ့ ဘဝကို ပိုမက်မောလာ တတ်ကြ တာပါပဲ။
ချစ်သူ ရည်းစား မရှိလည်း သူတို့ိုကို ချစ်ခင်ပေးမယ့် သူတွေက သူတို့ဘေးမှာ ရှိလို့နေ ပါတယ်။ ကိုယ့်တစ်နေရာရာ သွားဖို့ တစ်စုံတစ်ယောက်ကို ပြောနေစရာ မလိုသလို၊ ကိုယ်ကြိုက်တဲ့ ပုံစံအတိုင်း
လွတ်လွတ်လပ်လပ် ကိုယ့်ရဲ့အချိန်တွေကို တစ်ကိုယ်ကောင်းဆန်ပြီး သုံးစွဲခွင့် အပြည့်ရကြတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။
Relationship အရှုပ်အထွေးတွေကို မလိုချင်သေးလို့
Relationship တစ်ခု တည်ဆောက်လိုက်ပြီဆိုရင်တော့ ဘယ်လောက်ပဲ ကောင်းမွန်တဲ့ ဆက်ဆံရေးပဲ ဖြစ်ဖြစ် တစ်ယောက်ရဲ့ သဘောထား၊ ဆန္ဒတွေကို တစ်ယောက်က လေးစားဖို့၊ ငဲ့ညှာဖို့ လိုအပ်လာပါပြီ။Relationship တစ်ခုမှာ နားလည်မှုတွေ၊ ပြသနာတွေ၊ စိတ်ညစ်စိတ်ရှုပ်စရာတွေ အနည်းနဲ့ အများတော့ ပါလာတတ်တာပါပဲ။
ဒီလို ခေါင်းရှုပ်စရာ ကိစ္စရပ်တွေကို မလိုချင်သေးပဲ တစ်ယောက်တည်း လွတ်လပ်မှုကို ခံစားချင်သေးလို့ တစ်ယောက်တည်း ဘဝကိုပဲ ရွေးချယ်ထားတာ ဖြစ်ပါတယ်။ ချစ်သူရည်းစားထားတယ်ဆိုတာ လွတ်လပ်မှုရဲ့ တစ်စိတ်တစ်ပိုင်းကို ဆုံးရှုံးသွားတာပဲ ဖြစ်ပါတယ်။
ကိုယ့်အတွက် သင့်တော်မယ့်လူကို သေချာရွေးချယ်ချင်လို့
ချစ်သူရည်းစားဆိုတာ အပေါသားဖြစ်ပြီး ချစ်သူကောင်းကတော့ ရှားပါးလွန်း ပါတယ်။ ကိုယ့်ကိုယ် သဘောကျ နှစ်သက်တဲ့ သူတွေ ဒုနဲ့ဒေး ရှိနေပေမယ့် ကိုယ့်အတွက် သင့်တော်တဲ့လူ
ဟုတ်မဟုတ် ဆိုတာကိုတော့ သေချာရွေးချယ်မှ ဖြစ်မယ် ဆိုတာကို နားလည်ထား ကြသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်အတွက် အဆင်ပြေမယ့် သူမျိုးကိုပဲ အေးဆေး အချိန်ယူ ရွေးချယ်ချင်ကြလို့ ဖြစ်ပါ တယ်။
ဘဝရဲ့ အတွေ့အကြုံသစ်တွေ အများကြီး လေ့လာချင်သေးလို့
အပြောကျယ်တဲ့ လောကကြီးမှာ လေ့လာစရာတွေ၊ အသစ်အဆန်းတွေက အများကြီးရှိလို့နေ ပါတယ်။ ဘဝရဲ့ အတွေ့အကြုံသစ်တွေကို လေ့လာချင်သေးတဲ့ အတွက် ချစ်သူမ လိုအပ်သေး တာလည်း ဖြစ်နိုင်ပါတယ်။
ကိုယ်လိုချင်တဲ့ ပန်းတိုင်၊ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက် ဒါတွေကို အရင်ဆုံး ဦးစားပေး လုပ်ဆောင်ချင်သေးပြီး လူတွေရဲ့ အကြောင်းနဲ့ ဘဝရဲ့ သင်ခန်းစာ အတွေ့အကြုံသစ်တွေကို လေ့လာချင်သေးလို့ ဆင်ဂယ်အဖြစ်ကို ရွေးချယ် ထားခြင်း ဖြစ်ပါတယ်။
Khin
No Comments