
မိန္းကေလးတို႔အတြက္ လြယ္ကူတဲ့ ခုခံကာကြယ္နည္းမ်ား
ဒီေန႔လို ေခတ္ၾကီးထဲမွာ မိန္းကေလးေတြ အေနနဲ႔ ကိုယ္ခံ ပညာ တစ္ခုခု တတ္ထားတာ အေကာင္းဆံုးပါေနာ္။ မ်ားေသာ အားျဖင့္ မိန္းကေလးေတြက အားနည္း တယ္လို႔ ယူဆၾကၿပီး ရာဇဝတ္သားေတြက မိန္းကေလးေတြကို အေၾကာင္း မ်ိဳးစံုနဲ႔ ပစ္မွတ္ထားၿပီး ေႏွာင့္ယွက္ တတ္ၾက ပါတယ္။
တကယ္လို႔ ကိုယ္က သင္တန္းေတြ တကူးတက တက္ဖို႔၊ Gymသြားဖို႔ အခ်ိန္မရွိတဲ့ သူတစ္ေယာက္ ဆုိရင္ ဒီနည္းလမ္းေလးေတြကို ေလ့လာ ေလ့က်င့္ၾကည့္ျပီး အေရးၾကံဳတဲ့ အခါ သံုးလို႔ရ ပါတယ္။
နံပါတ္ (၁)
မ်ားေသာအားျဖင့္ အမ်ိဳးသားေတြဟာ ခြန္အားႀကီးမား တဲ့ အတြက္ သင့္ကို အနီးကပ္ျပီး ရန္ျပဳဖို႔ ႀကိဳးစားမွာ ျဖစ္ပါတယ္။ ဒါကို အခြင့္ေကာင္း ယူျပီး သူတုိ႔ရဲ႕ အားနည္းခ်က္ေနရာေတြ ကို တိုက္ခုိက္ ပါ။ မ်က္လံုးေတြကို လက္မႏွစ္ဖက္နဲ႔ ထိုးႏႈိက္လို ႔ရပါတယ္။
ေပါင္ခြၾကားလိုေနရာဟာ တိုက္ခိုက္ဖို႔ လြယ္မယ္ ထင္ရေပမယ့္ ေတာ္ရံု သတိလက္လြတ္ မဝင္တဲ့သူဆိုရင္ ထိနုိင္ဖို႔ မလြယ္ ပါဘူး။ ေျခတံ လက္တံ အရပ္အေမာင္း ကလညး္ ကြာပါ တယ္။ ဒါေၾကာင့္ သင့္ကို လာျပီး ပူးကပ္တဲ့ အခါမွာ မ်က္လံုးကို အဓိက ထားျပီး တိုက္ခုိက္ ပါ။ တိုက္ခိုက္ဖို ႔ကို မေၾကာက္ လိုက္ပါနဲ႔။
နံပါတ္ (၂)
ေနာက္ထပ္ အားနည္းတဲ့ ေနရာက လည္ပင္းျဖစ္ ပါတယ္။ လည္ပင္းကို လက္ဖေနာင့္၊ လက္ဝါးေစာင္းနဲ႔ လက္ညွိုဳး လက္မၾကားေနရာေတြကို အသံုးျပဳျပီး အားကုန္ ေဆာင့္တြန္း ရိုက္ထုတ္လိုက္ျခင္းက ေတာ္ရံုလူေလာက္ကို ဒူးေထာက္က် သြားေစႏိုင္ ပါတယ္။
နံပါတ္ (၃)
ပါးကို လက္ဝါးနဲ႔ရိုက္တာ၊ ကုတ္ဆြဲတာေလာက္ ကေတာ့ တဖက္လူကို ေဒါသထြက္ေအာင္ ဆြေပးတာနဲ႔ အတူတူပါဘဲ။ ဒါေၾကာင့္ အေကာင္းဆံုး ကေတာ့ လက္ဖေနာင့္ကို အသံုးျပဳျပီး ေမးေစ့ကေန ေဆာင့္တြန္းထုတ္ပါ။
နံပါတ္ (၄)
ေနာက္ကေနဖမ္းခ်ဳပ္ ခံရရင္ ေခါင္းနဲ႔ လွန္တိုက္ပါ။ ေနာက္ကေန ဆြဲ မ ခံလိုက္ရရင္ ဒူးေတြကို သင့္ရင္ဘတ္ဆီ ေကြးယူျပီး ေနာက္ကလူကို ဖေနာင့္နဲ႔ အဆက္မျပတ္ ေပါက္လို႔ရ ပါတယ္။
နံပါတ္ (၅)
ရင္ညႊန္႔ အရႈိက္လုိ ေနရာကို တိုက္ခိုက္ဖို႔ ဆိုတာ ကေတာ့ အတန္ငယ္ေတာ့ ခက္ပါတယ္။ ဒါေပမယ့္ တကယ္ထိမိျပီ ဆိုရင္လည္း တစ္ခ်က္တည္းနဲ႔ ေခြက်သြာ းႏိုင္ပါ တယ္။
ေသခ်ာေလ့က်င့္ ထားတဲ့ သူအေနနဲ႔ ဒူးေတြ လက္သီးေတြနဲ႔ တိုက္ခိုက္ ႏိုင္ေပမယ့္ ေလ့က်င့္မႈ မရွိတဲ့ သူအတြက္က မလြယ္ကူ ပါဘူး။ ဒါေၾကာင့္ အနီးကပ္ တိုက္ခုိက္ ခံရျပီ ဆိုတာနဲ႔ အရိႈက္ကို ေခါင္းနဲ႔ ပစ္ေဆာင့္ပါ။
နံပါတ္ (၆)
သင္ေရာ သူေရာ လံုးဝ ထင္မထားတဲ့ တစ္ေနရာကေတာ့ ညွိဳ႕သ က်ည္းေခၚ ေျခသလံုးေရွ႕ဘက္ပါဘဲ။ အဲေနရာကို တစ္ခုခုနဲ႔ ထိခိုက္ မိရင္ ဘယ္လို ခံစားရတယ္ ဆိုတာ ခံစားဖူး သူတိုင္း သိပါတယ္။ ဒါေၾကာင့္ အဲေနရာကို ဖိနပ္ထိပ္ ဦးနဲ႔ ကန္ပါ။
နံပါတ္ (၇)
ခုေခတ္ထဲမွာ ငရုပ္ေကာင္း spray၊ Alarmတို႔လို Gadgetေလးေတြ လြယ္ကူစြ ာဝ ယ္ယူ နိုင္ျပီျဖစ္လို႔ သင့္အေနနဲ႔ လံုျခံဳမႈ မရွိတဲ့ ပတ္ဝန္းက်င္ကို ျဖတ္သန္ းသြားလာ ရတယ္လို႔ ခံစား ရတာနဲ႔ ဝယ္ယူျပီး ေဆာင္ထားသင့္ပါတယ္။
ဘာမွ မလုပ္ တတ္ရင္ေတာင္ ဒီပစၥည္ေလးေတြက ရန္လာျပဳသူကို ထိခိုက္ေစၿပီး သင္ ထြက္ေျပးဖို႔ အခ်ိန္ကို ရေစ ပါတယ္ ။
အထက္ပါနည္းလမ္းေတြဟာ ေသခ်ာ စနစ္ တက်ေလ့က်င့္မယ္ ဆုိရင္ သင့္ကို အခက္အခဲၾကံဳလာတဲ့အခါ အေထာက္အကူ ေကာင္းေကာင္းေပး ႏိုင္္မွာ ပါ။
အေကာင္းဆံုး အၾကံဥာဏ္ေပး ခ်င္တာက ဒီနည္းလမ္းေတြကို သံုးေတာ့မယ္ ဆိုရင္ ဘာမွမ စဥ္းစားဘဲ ထိထိမိမိသာ တိုက္ခိုက္ ပါ။ သင့္ရဲ႕ အသက္နဲ႔အရွက္ကို သင္ကိုယ္တိုင္ကာကြယ္ရမွာျဖစ္ပါတယ္။ ျပီးတာနဲ႔ ထြက္ေျပးျပီး အကူအညီေတာင္းခံပါ။
by Kham
Unicode
မိန်းကလေးတို့အတွက် လွယ်ကူတဲ့ ခုခံကာကွယ်နည်းများ
ဒီနေ့လို ခေတ်ကြီးထဲမှာ မိန်းကလေးတွေ အနေနဲ့ ကိုယ်ခံ ပညာ တစ်ခုခု တတ်ထားတာ အကောင်းဆုံးပါနော်။ များသော အားဖြင့် မိန်းကလေးတွေက အားနည်း တယ်လို့ ယူဆကြပြီး ရာဇဝတ်သားတွေက မိန်းကလေးတွေကို အကြောင်း မျိုးစုံနဲ့ ပစ်မှတ်ထားပြီး နှောင့်ယှက် တတ်ကြ ပါတယ်။
တကယ်လို့ ကိုယ်က သင်တန်းတွေ တကူးတက တက်ဖို့၊ Gymသွားဖို့ အချိန်မရှိတဲ့ သူတစ်ယောက် ဆိုရင် ဒီနည်းလမ်းလေးတွေကို လေ့လာ လေ့ကျင့်ကြည့်ပြီး အရေးကြုံတဲ့ အခါ သုံးလို့ရ ပါတယ်။
နံပါတ် (၁)
များသောအားဖြင့် အမျိုးသားတွေဟာ ခွန်အားကြီးမား တဲ့ အတွက် သင့်ကို အနီးကပ်ပြီး ရန်ပြုဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။ ဒါကို အခွင့်ကောင်း ယူပြီး သူတို့ရဲ့ အားနည်းချက်နေရာတွေ ကို တိုက်ခိုက် ပါ။ မျက်လုံးတွေကို လက်မနှစ်ဖက်နဲ့ ထိုးနှိုက်လို့ရပါတယ်။
ပေါင်ခွကြားလိုနေရာဟာ တိုက်ခိုက်ဖို့ လွယ်မယ် ထင်ရပေမယ့် တော်ရုံ သတိလက်လွတ် မဝင်တဲ့သူဆိုရင် ထိနိုင်ဖို့ မလွယ် ပါဘူး။ ခြေတံ လက်တံ အရပ်အမောင်း ကလည်း ကွာပါ တယ်။ ဒါကြောင့် သင့်ကို လာပြီး ပူးကပ်တဲ့ အခါမှာ မျက်လုံးကို အဓိက ထားပြီး တိုက်ခိုက် ပါ။ တိုက်ခိုက်ဖို့ကို မကြောက် လိုက်ပါနဲ့။
နံပါတ် (၂)
နောက်ထပ် အားနည်းတဲ့ နေရာက လည်ပင်းဖြစ် ပါတယ်။ လည်ပင်းကို လက်ဖနောင့်၊ လက်ဝါးစောင်းနဲ့ လက်ညှိုုး လက်မကြားနေရာတွေကို အသုံးပြုပြီး အားကုန် ဆောင့်တွန်း ရိုက်ထုတ်လိုက်ခြင်းက တော်ရုံလူလောက်ကို ဒူးထောက်ကျ သွားစေနိုင် ပါတယ်။
နံပါတ် (၃)
ပါးကို လက်ဝါးနဲ့ရိုက်တာ၊ ကုတ်ဆွဲတာလောက် ကတော့ တဖက်လူကို ဒေါသထွက်အောင် ဆွပေးတာနဲ့ အတူတူပါဘဲ။ ဒါကြောင့် အကောင်းဆုံး ကတော့ လက်ဖနောင့်ကို အသုံးပြုပြီး မေးစေ့ကနေ ဆောင့်တွန်းထုတ်ပါ။
နံပါတ် (၄)
နောက်ကနေဖမ်းချုပ် ခံရရင် ခေါင်းနဲ့ လှန်တိုက်ပါ။ နောက်ကနေ ဆွဲ မ ခံလိုက်ရရင် ဒူးတွေကို သင့်ရင်ဘတ်ဆီ ကွေးယူပြီး နောက်ကလူကို ဖနောင့်နဲ့ အဆက်မပြတ် ပေါက်လို့ရ ပါတယ်။
နံပါတ် (၅)
ရင်ညွှန့် အရှိုက်လို နေရာကို တိုက်ခိုက်ဖို့ ဆိုတာ ကတော့ အတန်ငယ်တော့ ခက်ပါတယ်။ ဒါပေမယ့် တကယ်ထိမိပြီ ဆိုရင်လည်း တစ်ချက်တည်းနဲ့ ခွေကျသွာ းနိုင်ပါ တယ်။
သေချာလေ့ကျင့် ထားတဲ့ သူအနေနဲ့ ဒူးတွေ လက်သီးတွေနဲ့ တိုက်ခိုက် နိုင်ပေမယ့် လေ့ကျင့်မှု မရှိတဲ့ သူအတွက်က မလွယ်ကူ ပါဘူး။ ဒါကြောင့် အနီးကပ် တိုက်ခိုက် ခံရပြီ ဆိုတာနဲ့ အရှိုက်ကို ခေါင်းနဲ့ ပစ်ဆောင့်ပါ။
နံပါတ် (၆)
သင်ရော သူရော လုံးဝ ထင်မထားတဲ့ တစ်နေရာကတော့ ညှို့သ ကျည်းခေါ် ခြေသလုံးရှေ့ဘက်ပါဘဲ။ အဲနေရာကို တစ်ခုခုနဲ့ ထိခိုက် မိရင် ဘယ်လို ခံစားရတယ် ဆိုတာ ခံစားဖူး သူတိုင်း သိပါတယ်။ ဒါကြောင့် အဲနေရာကို ဖိနပ်ထိပ် ဦးနဲ့ ကန်ပါ။
နံပါတ် (၇)
ခုခေတ်ထဲမှာ ငရုပ်ကောင်း spray၊ Alarmတို့လို Gadgetလေးတွေ လွယ်ကူစွ ာဝ ယ်ယူ နိုင်ပြီဖြစ်လို့ သင့်အနေနဲ့ လုံခြုံမှု မရှိတဲ့ ပတ်ဝန်းကျင်ကို ဖြတ်သန် းသွားလာ ရတယ်လို့ ခံစား ရတာနဲ့ ဝယ်ယူပြီး ဆောင်ထားသင့်ပါတယ်။
ဘာမှ မလုပ် တတ်ရင်တောင် ဒီပစ္စည်လေးတွေက ရန်လာပြုသူကို ထိခိုက်စေပြီး သင် ထွက်ပြေးဖို့ အချိန်ကို ရစေ ပါတယ် ။
အထက်ပါနည်းလမ်းတွေဟာ သေချာ စနစ် တကျလေ့ကျင့်မယ် ဆိုရင် သင့်ကို အခက်အခဲကြုံလာတဲ့အခါ အထောက်အကူ ကောင်းကောင်းပေး နိုင်မှာ ပါ။
အကောင်းဆုံး အကြံဉာဏ်ပေး ချင်တာက ဒီနည်းလမ်းတွေကို သုံးတော့မယ် ဆိုရင် ဘာမှမ စဉ်းစားဘဲ ထိထိမိမိသာ တိုက်ခိုက် ပါ။ သင့်ရဲ့ အသက်နဲ့အရှက်ကို သင်ကိုယ်တိုင်ကာကွယ်ရမှာဖြစ်ပါတယ်။ ပြီးတာနဲ့ ထွက်ပြေးပြီး အကူအညီတောင်းခံပါ။
by Kham
No Comments