႐ုပ္ဆိုးေလေလ၊သူမ်ားထက္လစာပိုေကာင္းေလ လို႔ စစ္တမ္းေတြေဖာ္ျပ - Amawpyay

႐ုပ္ဆိုးေလေလ၊သူမ်ားထက္လစာပိုေကာင္းေလ လို႔ စစ္တမ္းေတြေဖာ္ျပ

႐ုပ္ဆိုးေလေလ၊သူမ်ားထက္လစာပိုေကာင္းေလ လို႔ စစ္တမ္းေတြေဖာ္ျပ
Knowledge

႐ုပ္ဆိုးေလေလ၊သူမ်ားထက္လစာပိုေကာင္းေလ လို႔ စစ္တမ္းေတြေဖာ္ျပ

အလုပ္တစ္ခုေလွ်ာက္လို႔ သင္က တျခားသူေတြထက္ အရမ္းေတြပိုၿပီး ၾကည့္ေကာင္းေနရင္၊ အရမ္းေတြ စမတ္က်ေနရင္ လစာပိုရမယ္လို႔ ထင္ေနပါသလား။ အဲဒါဆိုရင္ေတာ့ သင့္ရဲ႕အေတြးေတြ မွားေနၿပီလို႔သာ သိလိုက္ပါ။

တကယ့္လက္ေတြ႕မွာေတာ့ လုံးဝကို ဆြဲေဆာင္မႈမရွိတဲ့သူေတြဟာ တျခားသူေတြထက္ ပိုေကာင္းတဲ့လစာမ်ိဳးကို ရၾကတာျဖစ္တယ္လို႔ စစ္တမ္းေတြက ေတြ႕ရွိထားခဲ့တာပါ။

(၂၀၁၈)ခုႏွစ္တုန္းက လုပ္ခဲ့တဲ့ စစ္တမ္းတစ္ခုမွာ အေမရိကန္ႏိုင္ငံက လူငယ္ေပါင္း (၂၀၀၀၀)ေက်ာ္ကို စစ္တမ္းေကာက္ယူခဲ့ၿပီး အရမ္းၾကည့္ေကာင္းၿပီး ႐ုပ္ေခ်ာတဲ့သူေတြအေနနဲ႔ အလုပ္မွာ လစာေကာင္းေကာင္း ရၾကသလား ဆိုတာကို အေျဖရွာ ခဲ့ၾက တာပါ။

ေတြ႕ရွိမႈကေတာ့ အထက္မွာ ေဖာ္ျပခဲ့တဲ့အေၾကာင္းပါပဲ။အရမ္းကို ဆြဲေဆာင္မႈမရွိဘူးလို႔ သတ္မွတ္ခံထားရသူေတြဟာ ေတာ္႐ုံဆြဲေဆာင္မႈမရွိသူေတြ၊ ၾကည့္ေကာင္းသူေတြထက္ပိုၿပီး မ်ားျပားတဲ့လစာကို ရရွိေနတာ ေတြ႕ခဲ့ရ ပါတယ္။

ဒါက ရွင္းျပဖို႔ ခက္ခဲတဲ့ အေၾကာင္းျပခ်က္ လို႔ ေျပာရမွာျဖစ္ေပမယ့္ လုပ္ငန္းရွင္အမ်ားစုရဲ႕ စိတ္ထဲမွာ ၾကည့္ေကာင္းၿပီး အရမ္းေခ်ာေမာေန သူေတြက အလုပ္ကို လက္ေၾကာ တင္းတင္းနဲ႔ လုပ္မွာမဟုတ္ဘူးဆိုတဲ့ ခံစားခ်က္မ်ိဳး ရွိေနၾက တယ္လို႔ စစ္တမ္းက ေဖာ္ျပ ပါတယ္။

႐ုပ္ေခ်ာသူေတြဟာ သူတို ႔ကိုယ္သူတို႔ ေခ်ာေမာေအာင္ ျပင္ဆင္ေနရ တာနဲ႔ တင္ လုပ္ငန္းခြင္ကို အကူအညီေပးႏိုင္မွာ မဟုတ္ဘူးလို ႔ အလုပ္ရွင္ေတြက သုံးသပ္ထားၾက ပါတယ္။

တစ္ဖက္မွာၾကည့္ လိုက္ရင္ေတာ့ အရမ္းကို ႐ုပ္ဆိုးၿပီး ဆြဲေဆာင္မႈ မရွိတဲ့ သူေတြဟာ အလုပ္ကို တျခားသူေတြ ထက္ပိုၿပီး အားသြန္ခြန္စိုက္ လုပ္လိမ့္မယ္လို႔ အလုပ္ရွင္ေတြက ယုံၾကည္ထားၾက ပါတယ္။

ဘာေၾကာင့္လဲ ဆိုေတာ့ သူတို႔က ပိုက္ဆံရွာဖို႔ အတြက္ပဲ အားသန္ သူေတြျဖစ္ၾက ၿပီး ပိုက္ဆံကသာ သူတို႔ရဲ႕ဘဝကို ေျပာင္းလဲေပး ႏိုင္မွာျဖစ္ တယ္လို႔ ခံယူသူေတြ ဆိုၿပီး အလုပ္ရွင္ေတြက သုံးသပ္ထားၾကတာပါ။

ဒါေပမယ့္ (၂၀၁၁)ခုႏွစ္မွာ လုပ္ခဲ့တဲ့ စစ္တမ္းတစ္ခုက် ျပန္ေတာ့လည္း ၾကည့္ေကာင္းတဲ့သူေတြဟာ ပုံဆိုးပန္းဆိုးေတြ ထက္ ပိုၿပီး အလုပ္ရတာ လြယ္တယ္လို႔ ေဖာ္ျပေနျပန္ ပါတယ္။

ဒီေတာ့ ဒီႏွစ္ခုကို ပူးတြဲၿပီး ေကာက္ခ်က္ခ်ႏိုင္တာက ႐ုပ္ေခ်ာသူေတြဟာ အလုပ္ ရႏိုင္တာ လြယ္ေပမယ့္ လခ မေကာင္းၾကပဲ၊ ႐ုပ္ဆိုးသူေတြ အေနနဲ႔ေတာ့ အလုပ္ရွာရတာ ခက္ေကာင္းခက္ႏိုင္ေပမယ့္ သူတို႔ရတဲ့အလုပ္ေတြမွာ တျခားသူေတြထက္ လစာေကာင္းၾက တယ္လို႔ သတ္မွတ္ရ မလိုပါပဲ။

ကဲ…သင့္မွာ အခြင့္အေရးရွိတယ္ ဆိုရင္ေရာ ႐ုပ္ေခ်ာတဲ့သူ လုပ္မလား၊ လစာေကာင္းတဲ့သူ လုပ္မလား။

Credit Shwemom

Unicode

ရုပ်ဆိုးလေလေ၊သူများထက်လစာပိုကောင်းလေ လို့ စစ်တမ်းတွေဖော်ပြ

အလုပ်တစ်ခုလျှောက်လို့ သင်က တခြားသူတွေထက် အရမ်းတွေပိုပြီး ကြည့်ကောင်းနေရင်၊ အရမ်းတွေ စမတ်ကျနေရင် လစာပိုရမယ်လို့ ထင်နေပါသလား။ အဲဒါဆိုရင်တော့ သင့်ရဲ့အတွေးတွေ မှားနေပြီလို့သာ သိလိုက်ပါ။

တကယ့်လက်တွေ့မှာတော့ လုံးဝကို ဆွဲဆောင်မှုမရှိတဲ့သူတွေဟာ တခြားသူတွေထက် ပိုကောင်းတဲ့လစာမျိုးကို ရကြတာဖြစ်တယ်လို့ စစ်တမ်းတွေက တွေ့ရှိထားခဲ့တာပါ။

(၂၀၁၈)ခုနှစ်တုန်းက လုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာ အမေရိကန်နိုင်ငံက လူငယ်ပေါင်း (၂၀၀၀၀)ကျော်ကို စစ်တမ်းကောက်ယူခဲ့ပြီး အရမ်းကြည့်ကောင်းပြီး ရုပ်ချောတဲ့သူတွေအနေနဲ့ အလုပ်မှာ လစာကောင်းကောင်း ရကြသလား ဆိုတာကို အဖြေရှာ ခဲ့ကြ တာပါ။

တွေ့ရှိမှုကတော့ အထက်မှာ ဖော်ပြခဲ့တဲ့အကြောင်းပါပဲ။အရမ်းကို ဆွဲဆောင်မှုမရှိဘူးလို့ သတ်မှတ်ခံထားရသူတွေဟာ တော်ရုံဆွဲဆောင်မှုမရှိသူတွေ၊ ကြည့်ကောင်းသူတွေထက်ပိုပြီး များပြားတဲ့လစာကို ရရှိနေတာ တွေ့ခဲ့ရ ပါတယ်။

ဒါက ရှင်းပြဖို့ ခက်ခဲတဲ့ အကြောင်းပြချက် လို့ ပြောရမှာဖြစ်ပေမယ့် လုပ်ငန်းရှင်အများစုရဲ့ စိတ်ထဲမှာ ကြည့်ကောင်းပြီး အရမ်းချောမောနေ သူတွေက အလုပ်ကို လက်ကြော တင်းတင်းနဲ့ လုပ်မှာမဟုတ်ဘူးဆိုတဲ့ ခံစားချက်မျိုး ရှိနေကြ တယ်လို့ စစ်တမ်းက ဖော်ပြ ပါတယ်။

ရုပ်ချောသူတွေဟာ သူတို့ကိုယ်သူတို့ ချောမောအောင် ပြင်ဆင်နေရ တာနဲ့ တင် လုပ်ငန်းခွင်ကို အကူအညီပေးနိုင်မှာ မဟုတ်ဘူးလို့ အလုပ်ရှင်တွေက သုံးသပ်ထားကြ ပါတယ်။

တစ်ဖက်မှာကြည့် လိုက်ရင်တော့ အရမ်းကို ရုပ်ဆိုးပြီး ဆွဲဆောင်မှု မရှိတဲ့ သူတွေဟာ အလုပ်ကို တခြားသူတွေ ထက်ပိုပြီး အားသွန်ခွန်စိုက် လုပ်လိမ့်မယ်လို့ အလုပ်ရှင်တွေက ယုံကြည်ထားကြ ပါတယ်။

ဘာကြောင့်လဲ ဆိုတော့ သူတို့က ပိုက်ဆံရှာဖို့ အတွက်ပဲ အားသန် သူတွေဖြစ်ကြ ပြီး ပိုက်ဆံကသာ သူတို့ရဲ့ဘဝကို ပြောင်းလဲပေး နိုင်မှာဖြစ် တယ်လို့ ခံယူသူတွေ ဆိုပြီး အလုပ်ရှင်တွေက သုံးသပ်ထားကြတာပါ။

ဒါပေမယ့် (၂၀၁၁)ခုနှစ်မှာ လုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုကျ ပြန်တော့လည်း ကြည့်ကောင်းတဲ့သူတွေဟာ ပုံဆိုးပန်းဆိုးတွေ ထက် ပိုပြီး အလုပ်ရတာ လွယ်တယ်လို့ ဖော်ပြနေပြန် ပါတယ်။

ဒီတော့ ဒီနှစ်ခုကို ပူးတွဲပြီး ကောက်ချက်ချနိုင်တာက ရုပ်ချောသူတွေဟာ အလုပ် ရနိုင်တာ လွယ်ပေမယ့် လခ မကောင်းကြပဲ၊ ရုပ်ဆိုးသူတွေ အနေနဲ့တော့ အလုပ်ရှာရတာ ခက်ကောင်းခက်နိုင်ပေမယ့် သူတို့ရတဲ့အလုပ်တွေမှာ တခြားသူတွေထက် လစာကောင်းကြ တယ်လို့ သတ်မှတ်ရ မလိုပါပဲ။

ကဲ…သင့်မှာ အခွင့်အရေးရှိတယ် ဆိုရင်ရော ရုပ်ချောတဲ့သူ လုပ်မလား၊ လစာကောင်းတဲ့သူ လုပ်မလား။

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …