
လူတိုင္းကအထင္ျကီး ေလးစားရမယ့္ မိ္န္းကေလးေတြမွာ ႐ွိသင့္႐ွိထိုက္တဲ့ အမူအက်င့္ေလးေတြ
လူအမ်ိဳးမ်ိဳး စိတ္အေထြေထြ ဆိိုသလုိပဲ တစ္ေယာက္နဲ ႔တစ္္ေယာက္က အက်င့္စ႐ိုက္၊ အျပဳအမူေတြက မတူညီၾကပါဘူး။ ဒါေပမယ့္ လူတစ္ေယာက္နဲ႔ တစ္ေယာက္ဟာ ေလးစားမႈ႐ွိ ဖို႔ေတာ့ လုိအပ္ပါတယ္။
အထူးသျဖင့္ တစ္ဖက္လူ အေပၚ ေလးစားတတ္တဲဲ့ မိန္းကေလး တစ္ေယာက္ဟာ တကယ့္ကို အျမင္တင့္တယ္ၿပီး လူတိုင္းက အထင္ႀကီး အားက် ရတတ္ ပါတယ္ေနာ္။
မ်က္လံုးေတြကို စိုက္ၾကည့္ၿပီး စကားေျပာပါ
စကားေျပာတဲ့ အခါ တစ္ဖက္လူရဲ႕ မ်က္လံုးေတြကို စိုက္ၾကည့္ၿပီးေျပာ တာက ေလးစားမႈကို ျပသတာ ျဖစ္ပါတယ္။ တစ္ဖက္လူရဲ႕ စကားကုိ အေလးထား နားေထာင္တာကို ေဖာ္ျပၿပီးေတာ့ ဒါက ယဥ္ေက်းမႈ တစ္္ခုလည္း ျဖစ္ပါတယ္။
တကယ္လုိ႔ တစ္ဖက္လူက စကားေျပာေနခ်ိန္ ကိုယ္က တစ္ျခားတစ္ခုခုကို အၾကည့္ေတြလြဲထားမယ္ဆိုရင္ တကယ့္ကို ႐ိုင္းတဲ့ အမူအရာပါ။
ေနာက္ၿပီး အဲဒါက ယံုၾကည္မႈ မ႐ွိျခင္းကို ေဖာ္ျပေနတာပါပဲ။ ဒါေၾကာင့္ စကားဝိုင္းတစ္ခုမွာ ေလးစားမႈကို ျပေသာအားျဖင့္ တစ္ဖက္လူရဲ႕ မ်က္္လံုးေတြကုိ စိုက္ၾကည့္ၿပီး ေျပာတတ္ပါေစ။
အေျပာခ်ိဳသာသူ တစ္ေယာက္ျဖစ္ေအာင္ ဂ႐ုစိုက္ပါ
အေျပာၾကမ္းတဲ့ သူကို ဘယ္သူကမွ သေဘာမက် တတ္ၾက ပါဘူး ။အထူးသျဖင့္ မိန္းကေလးျဖစ္္ေနရင္ ပိုေတာင္ဆိုး ပါေသး တယ္။ ပတ္ဝန္းက်င္မွာလည္း ေတြ႔ရတတ္တဲဲ့ ႐ုပ္ကေလးလွရဲ႕နဲ႔ အေျပာၾကမ္းတဲ့ ေကာင္မေလးေတြဟာ တကယ့္ကို အက်ဥ္းတန္ ႐ုပ္ဆိုးလြန္း ပါတယ္။
ဒါေၾကာင့္ ကိုယ့္ကိုယ္ကို အေျပာခ်ိဳသာသူ တစ္္ေယာက္ျဖစ္ေအာင္ ဂ႐ုစိုက္ပါ။ ကိုယ့္ရဲ႕ စကားတစ္္ခြန္းေၾကာင့္ သူမ်ားစိတ္ အေႏွာင့္အယွက္ မျဖစ္သြားေအာင္ သူမ်ားေတြ မၿငိျငင္သြားေအာင္ သတိထားသင့္ပါတယ္ေနာ္။
ေဖးမစာနာတတ္သူတစ္ေယာက္ ျဖစ္ေအာင္ ႀကိဳးစားပါ
လူေတြရဲ႕ ႏွလံုးသားမွာ သနားၾကင္နာ တဲ့ စိတ္ဆိုတာ ႐ွိတတ္ပါတယ္။ အဲဒီ႔စိတ္ကို ေသခ်ာေလး ေမြးျမဴထားဖုိ႔ေတာ့ လုိအပ္ၿပီး တစ္ခ်ိဳ႕ေတြက ေသခ်ာမထိန္းသိမ္း တတ္တဲ့ အခါ အဲဒီ႔စိတ္ကေလးက ေပ်ာက္ကြယ္ သြားတတ္ ပါတယ္။
တစ္ဖက္သားအေပၚ ၾကင္နာတတ္တဲ့၊ ကိုယ္ခ်င္းစာ တတ္္တဲ့ မိန္းကေလး တစ္ေယာက္ဟာ တကယ့္ကိို ေလးစားစရာ ေကာင္းပါတယ္။ ေဖးမ စာနာ တတ္ၿပီး လူေတြအေပၚ ငဲ႔ညာတတ္တဲ့ မိန္းကေလးတစ္ေယာက္ဟာ တကယ့္ကို အလွစစ္နဲ႔ ျပည့္စံုတဲ့ သူတစ္ေယာက္လည္း ျဖစ္ပါ တယ္ေနာ္။
လူတကာ အထင္ႀကီးေအာင္ထက္ ကိုယ့္ကိုယ္ကို အ႐ိုးသားဆံုးျဖစ္ေအာင္ေနပါ
တစ္ခ်ိဳ႕မိန္းကေလးေတြက အထင္ႀကီးျခင္ းဆိုတာကို မက္ေမာတတ္ ပါတယ္။ တစ္ဖက္လူ အထင္ႀကီးသြားေအာင္ လုပ္မယ္ ဆိုတဲ့ စိတ္ေၾကာင့္ မလုပ္သင့္တာေတြကို လုပ္မိတတ္ ၾကပါ တယ္။ ဒါဟာ ကိုယ့္ကိုယ္ကို လိမ္ညာျခင္း တစ္မ်ိဳးပါပဲ။
တစ္ျခားသူေတြ အထင္ႀကီး တာထက္ ကိုယ့္ကိုယ္ကို ႐ိုးသားစြာ ေနထုိင္တတ္ဖို႔က တကယ္အေရးႀကီးပါတယ္။
သူတစ္ပါး အထင္ႀကီးေအာင္ လုပ္ရင္း ကိုယ့္ကိုယ္ကို ေပ်ာက္ဆံုးမခံပဲ အ႐ိုးသားဆံုး ျဖစ္ေအာင္ ေနထုိင္ပါ။ ႐ိုးသားစြာ ေနထိုင္ျခင္းက ကိုယ့္ကိုယ္ကို ဘာမွလုပ္စရာမလုိပဲ တစ္ျခားလူေတြရဲ႕ အထင္ႀကီးေလးစားျခင္းကို ရ႐ွိမွာပဲ ျဖစ္ပါတယ္။
Credit
Unicode
လူတိုင်းကအထင်ကြီး လေးစားရမယ့် မိန်းကလေးတွေမှာ ရှိသင့်ရှိထိုက်တဲ့ အမူအကျင့်လေးတွေ
လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသလိုပဲ တစ်ယောက်နဲ့တစ်ယောက်က အကျင့်စရိုက်၊ အပြုအမူတွေက မတူညီကြပါဘူး။ ဒါပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက်ဟာ လေးစားမှုရှိ ဖို့တော့ လိုအပ်ပါတယ်။
အထူးသဖြင့် တစ်ဖက်လူ အပေါ် လေးစားတတ်တဲ့ မိန်းကလေး တစ်ယောက်ဟာ တကယ့်ကို အမြင်တင့်တယ်ပြီး လူတိုင်းက အထင်ကြီး အားကျ ရတတ် ပါတယ်နော်။
မျက်လုံးတွေကို စိုက်ကြည့်ပြီး စကားပြောပါ
စကားပြောတဲ့ အခါ တစ်ဖက်လူရဲ့ မျက်လုံးတွေကို စိုက်ကြည့်ပြီးပြော တာက လေးစားမှုကို ပြသတာ ဖြစ်ပါတယ်။ တစ်ဖက်လူရဲ့ စကားကို အလေးထား နားထောင်တာကို ဖော်ပြပြီးတော့ ဒါက ယဉ်ကျေးမှု တစ်ခုလည်း ဖြစ်ပါတယ်။
တကယ်လို့ တစ်ဖက်လူက စကားပြောနေချိန် ကိုယ်က တစ်ခြားတစ်ခုခုကို အကြည့်တွေလွဲထားမယ်ဆိုရင် တကယ့်ကို ရိုင်းတဲ့ အမူအရာပါ။
နောက်ပြီး အဲဒါက ယုံကြည်မှု မရှိခြင်းကို ဖော်ပြနေတာပါပဲ။ ဒါကြောင့် စကားဝိုင်းတစ်ခုမှာ လေးစားမှုကို ပြသောအားဖြင့် တစ်ဖက်လူရဲ့ မျက်လုံးတွေကို စိုက်ကြည့်ပြီး ပြောတတ်ပါစေ။
အပြောချိုသာသူ တစ်ယောက်ဖြစ်အောင် ဂရုစိုက်ပါ
အပြောကြမ်းတဲ့ သူကို ဘယ်သူကမှ သဘောမကျ တတ်ကြ ပါဘူး ။အထူးသဖြင့် မိန်းကလေးဖြစ်နေရင် ပိုတောင်ဆိုး ပါသေး တယ်။ ပတ်ဝန်းကျင်မှာလည်း တွေ့ရတတ်တဲ့ ရုပ်ကလေးလှရဲ့နဲ့ အပြောကြမ်းတဲ့ ကောင်မလေးတွေဟာ တကယ့်ကို အကျဉ်းတန် ရုပ်ဆိုးလွန်း ပါတယ်။
ဒါကြောင့် ကိုယ့်ကိုယ်ကို အပြောချိုသာသူ တစ်ယောက်ဖြစ်အောင် ဂရုစိုက်ပါ။ ကိုယ့်ရဲ့ စကားတစ်ခွန်းကြောင့် သူများစိတ် အနှောင့်အယှက် မဖြစ်သွားအောင် သူများတွေ မငြိငြင်သွားအောင် သတိထားသင့်ပါတယ်နော်။
ဖေးမစာနာတတ်သူတစ်ယောက် ဖြစ်အောင် ကြိုးစားပါ
လူတွေရဲ့ နှလုံးသားမှာ သနားကြင်နာ တဲ့ စိတ်ဆိုတာ ရှိတတ်ပါတယ်။ အဲဒီ့စိတ်ကို သေချာလေး မွေးမြူထားဖို့တော့ လိုအပ်ပြီး တစ်ချို့တွေက သေချာမထိန်းသိမ်း တတ်တဲ့ အခါ အဲဒီ့စိတ်ကလေးက ပျောက်ကွယ် သွားတတ် ပါတယ်။
တစ်ဖက်သားအပေါ် ကြင်နာတတ်တဲ့၊ ကိုယ်ချင်းစာ တတ်တဲ့ မိန်းကလေး တစ်ယောက်ဟာ တကယ့်ကို လေးစားစရာ ကောင်းပါတယ်။ ဖေးမ စာနာ တတ်ပြီး လူတွေအပေါ် ငဲ့ညာတတ်တဲ့ မိန်းကလေးတစ်ယောက်ဟာ တကယ့်ကို အလှစစ်နဲ့ ပြည့်စုံတဲ့ သူတစ်ယောက်လည်း ဖြစ်ပါ တယ်နော်။
လူတကာ အထင်ကြီးအောင်ထက် ကိုယ့်ကိုယ်ကို အရိုးသားဆုံးဖြစ်အောင်နေပါ
တစ်ချို့မိန်းကလေးတွေက အထင်ကြီးခြင် းဆိုတာကို မက်မောတတ် ပါတယ်။ တစ်ဖက်လူ အထင်ကြီးသွားအောင် လုပ်မယ် ဆိုတဲ့ စိတ်ကြောင့် မလုပ်သင့်တာတွေကို လုပ်မိတတ် ကြပါ တယ်။ ဒါဟာ ကိုယ့်ကိုယ်ကို လိမ်ညာခြင်း တစ်မျိုးပါပဲ။
တစ်ခြားသူတွေ အထင်ကြီး တာထက် ကိုယ့်ကိုယ်ကို ရိုးသားစွာ နေထိုင်တတ်ဖို့က တကယ်အရေးကြီးပါတယ်။
သူတစ်ပါး အထင်ကြီးအောင် လုပ်ရင်း ကိုယ့်ကိုယ်ကို ပျောက်ဆုံးမခံပဲ အရိုးသားဆုံး ဖြစ်အောင် နေထိုင်ပါ။ ရိုးသားစွာ နေထိုင်ခြင်းက ကိုယ့်ကိုယ်ကို ဘာမှလုပ်စရာမလိုပဲ တစ်ခြားလူတွေရဲ့ အထင်ကြီးလေးစားခြင်းကို ရရှိမှာပဲ ဖြစ်ပါတယ်။
No Comments