သူတစ္ပါးကို ေျပာင္းလဲဖို႔ထက္ သင့္ရဲ႕ အျမင္ေတြကိုပဲ ေျပာင္းလဲပစ္လိုက္ပါ - Amawpyay

သူတစ္ပါးကို ေျပာင္းလဲဖို႔ထက္ သင့္ရဲ႕ အျမင္ေတြကိုပဲ ေျပာင္းလဲပစ္လိုက္ပါ

Life Style

သူတစ္ပါးကို ေျပာင္းလဲဖို႔ထက္ သင့္ရဲ႕ အျမင္ေတြကိုပဲ ေျပာင္းလဲပစ္လိုက္ပါ

တစ္ခါက ခ်မ္းသာႂကြယ္ဝတဲ့ သူေဌးႀကီး တစ္ေယာက္ဟာ မ်က္စိေရာဂါ တစ္ခုကို အျပင္းအထန္ ခံစားေနရပါတယ္။ သူေဌးႀကီးက

သူခံစားေနရတဲ့ ေရာဂါ ေဝဒနာကို သက္သာ ေပ်ာက္ကင္း ေစဖို႔ သမားေတာ္ တစ္ေယာက္ၿပီး တစ္ေယာက္ ေျပာင္းလဲ ကုသေပမဲ့လည္း

သိသိသာသာ ထူးျခားေကာင္းမြန္ မလာတာေၾကာင့္ စိတ္ညစ္ေနပါတယ္။ ဒီလိုနဲ႔ ေနလာရင္း မ်က္စိေရာဂါကို ကုသရာမွာ

ဂုဏ္သတင္းေက်ာ္ေဇာတဲ့ ဘုန္းႀကီးတစ္ပါးအေၾကာင္းကို ၾကားသိခဲ့တာေၾကာင့္ သူေဌးႀကီးဟာ  သြားေရာက္ျပသခဲ့ပါတယ္။

ဘုန္းေတာ္ႀကီးက သူေဌးႀကီးရဲ႕ မ်က္စိေရာဂါ အေျခအေနကို ေသေသခ်ာခ်ာ ေလ့လာ သုံးသပ္ၿပီးေနာက္ အခုလိုပဲ ေျပာလိုက္ပါတယ္။ ”

အျမန္ဆုံးေပ်ာက္ကင္းသြားမွာပါ။ ဒါေပမဲ့ ေလာေလာဆယ္ေတာ့ အစိမ္းေရာင္ ရွိတဲ့ ပတ္ဝန္းက်င္ အရာဝတၱဳမ်ားနဲ႔သာ ေနထိုင္သင့္ၿပီး

အျခား အေရာင္ေတြကို မၾကည့္မိေအာင္ ေရွာင္ၾကဥ္ရမယ္” လို႔ မွာၾကားခဲ့ပါတယ္။ သူေဌးႀကီးလည္း ဘုန္းေတာ္ႀကီးရဲ႕ၫႊန္ၾကားခ်က္

အတိုင္း သူရဲ႕ပတ္ဝန္းက်င္မွာ ရွိတဲ့ အရာဝတၱဳမွန္သမွ်ကို အစိမ္းေရာင္ ျခယ္သၿပီးေနထိုင္လိုက္ပါတယ္။

ရက္အနည္းငယ္ၾကာၿပီး သူေဌးႀကီးရဲ႕ အိမ္ကို ဘုန္းေတာ္ႀကီး ႂကြလာတဲ့အခါမွာေတာ့ ျမင္ျမင္သမွ်  အရာအားလုံးက အစိမ္းေရာင္

ျခယ္ထားတာကို ေတြ႕လိုက္ရပါတယ္။ သူေဌးႀကီးက “ဘုန္းေတာ္ႀကီးရဲ႕ အႀကံေပးခ်က္အတိုင္း အျခားအေရာင္ေတြကို မၾကည့္ရႈဘဲ

အစိမ္းေရာင္ တစ္မ်ိဳးတည္းကိုသာ  ၾကည့္ရႈသင့္တယ္ ဆိုလို႔ ျမင္ျမင္သမွ် အရာအားလုံးကို အစိမ္းေရာင္ျခယ္သထားပါတယ္။

အဆင္ေျပရဲ႕လား” လို႔ ေမးလိုက္ပါတယ္။ အဲဒီအခါ ဘုန္းေတာ္ႀကီးက အနည္းငယ္ ၿပဳံးလိုက္ၿပီး  ” ေၾသာ္ သူေ႒းႀကီးရယ္ ။

လြယ္တာကို ခက္ေအာင္ လုပ္ေနပါလား။ တကူးတက အပင္ပန္းခံ၊ ေငြကုန္ ေၾကးက်ခံၿပီး ပတ္ဝန္းက်င္မွာ ရွိတဲ့ ျမင္ျမင္သမွ်ကို

အစိမ္းေရာင္လိုက္ၿပီး ျခယ္သေနစရာ မလိုပါဘူး။ သင္ရဲ႕ မ်က္လုံးတစ္စုံကိုသာ အစိမ္းေရာင္ ျမင္ကြင္းေတြ ေပးစြမ္းနိင္မယ့္ အစိမ္းေရာင္

မ်က္မွန္ တစ္လက္ကို ဝယ္ယူၿပီး သင္ရဲ႕ ျမင္ကြင္းေတြကို ေျပာင္းလဲပစ္လို႔ ရတယ္ေလ” လို႔  ေျပာလိုက္ပါတယ္။

ဒီအေၾကာင္းအရာေလးကေတာ့ အနည္းငယ္ ဟာသေလး ေႏွာထားေပမဲ့လည္း ေပးခ်င္တဲ့ အသိေလးတစ္ခုေတာ့ ရွိပါတယ္။

ဘာလဲဆိုေတာ့ ကြၽန္ေတာ္တို႔ဟာ ေန႔စဥ္နဲ႔ အမွ် လူေပါင္းမ်ားစြာနဲ႔ ေျပာဆိုဆက္ဆံတဲ့အခါ ကိုယ့္စိတ္ ကိုယ္သေဘာနဲ႔ ကိုက္ညီတဲ့

သူမ်ား ရွိတတ္သလို မကိုက္ညီတဲ့သူမ်ားကိုလည္း ေတြ႕ရတတ္ပါတယ္။ အေၾကာင္း တစ္စုံတစ္ရာေၾကာင့္ စိတ္သေဘာထားခ်င္း

မတိုက္ဆိုင္ၾကတဲ့အခါ ျပႆနာေတြ တက္ၾကရပါတယ္။ အေကာင္းဆုံး ေျဖရွင္းနည္းကေတာ့ ကိုယ္နဲ႔စိတ္သေဘာထားခ်င္း မတိုက္ဆိုင္

တဲ့ သူေတြကို ေတြ႕ဆုံတဲ့အခါ သူတို႔ကို ေျပာင္းလဲဖို႔ မႀကိဳးစားပါနဲ႔။ သင္ အရမ္း ပင္ပန္းသြားပါလိမ့္မယ္။ သူတို႔နဲ႔ ေပါင္းသင္းဆက္ဆံ

ရမယ့္ ကိုယ့္ရဲ႕စိတ္ကိုသာ   လိုက္ေလ်ာ ညီေထြ ေျပာင္းလဲ ဆက္ဆံျခင္းက အေကာင္းဆုံးပဲ ျဖစ္ပါတယ္ ။ ။

Credit: Paradise (႐ိုးရာေလး)

Unicode

သူတစ်ပါးကို ပြောင်းလဲဖို့ထက် သင့်ရဲ့ အမြင်တွေကိုပဲ ပြောင်းလဲပစ်လိုက်ပါ

တစ်ခါက ချမ်းသာကြွယ်ဝတဲ့ သူဌေးကြီး တစ်ယောက်ဟာ မျက်စိရောဂါ တစ်ခုကို အပြင်းအထန် ခံစားနေရပါတယ်။ သူဌေးကြီးက

သူခံစားနေရတဲ့ ရောဂါ ဝေဒနာကို သက်သာ ပျောက်ကင်း စေဖို့ သမားတော် တစ်ယောက်ပြီး တစ်ယောက် ပြောင်းလဲ ကုသပေမဲ့လည်း

သိသိသာသာ ထူးခြားကောင်းမွန် မလာတာကြောင့် စိတ်ညစ်နေပါတယ်။ ဒီလိုနဲ့ နေလာရင်း မျက်စိရောဂါကို ကုသရာမှာ

ဂုဏ်သတင်းကျော်ဇောတဲ့ ဘုန်းကြီးတစ်ပါးအကြောင်းကို ကြားသိခဲ့တာကြောင့် သူဌေးကြီးဟာ  သွားရောက်ပြသခဲ့ပါတယ်။

ဘုန်းတော်ကြီးက သူဌေးကြီးရဲ့ မျက်စိရောဂါ အခြေအနေကို သေသေချာချာ လေ့လာ သုံးသပ်ပြီးနောက် အခုလိုပဲ ပြောလိုက်ပါတယ်။ ”

အမြန်ဆုံးပျောက်ကင်းသွားမှာပါ။ ဒါပေမဲ့ လောလောဆယ်တော့ အစိမ်းရောင် ရှိတဲ့ ပတ်ဝန်းကျင် အရာဝတ္တုများနဲ့သာ နေထိုင်သင့်ပြီး

အခြား အရောင်တွေကို မကြည့်မိအောင် ရှောင်ကြဉ်ရမယ်” လို့ မှာကြားခဲ့ပါတယ်။ သူဌေးကြီးလည်း ဘုန်းတော်ကြီးရဲ့ညွှန်ကြားချက်

အတိုင်း သူရဲ့ပတ်ဝန်းကျင်မှာ ရှိတဲ့ အရာဝတ္တုမှန်သမျှကို အစိမ်းရောင် ခြယ်သပြီးနေထိုင်လိုက်ပါတယ်။

ရက်အနည်းငယ်ကြာပြီး သူဌေးကြီးရဲ့ အိမ်ကို ဘုန်းတော်ကြီး ကြွလာတဲ့အခါမှာတော့ မြင်မြင်သမျှ  အရာအားလုံးက အစိမ်းရောင်

ခြယ်ထားတာကို တွေ့လိုက်ရပါတယ်။ သူဌေးကြီးက “ဘုန်းတော်ကြီးရဲ့ အကြံပေးချက်အတိုင်း အခြားအရောင်တွေကို မကြည့်ရှုဘဲ

အစိမ်းရောင် တစ်မျိုးတည်းကိုသာ  ကြည့်ရှုသင့်တယ် ဆိုလို့ မြင်မြင်သမျှ အရာအားလုံးကို အစိမ်းရောင်ခြယ်သထားပါတယ်။

အဆင်ပြေရဲ့လား” လို့ မေးလိုက်ပါတယ်။ အဲဒီအခါ ဘုန်းတော်ကြီးက အနည်းငယ် ပြုံးလိုက်ပြီး  ” သြော် သူဋ္ဌေးကြီးရယ် ။

လွယ်တာကို ခက်အောင် လုပ်နေပါလား။ တကူးတက အပင်ပန်းခံ၊ ငွေကုန် ကြေးကျခံပြီး ပတ်ဝန်းကျင်မှာ ရှိတဲ့ မြင်မြင်သမျှကို

အစိမ်းရောင်လိုက်ပြီး ခြယ်သနေစရာ မလိုပါဘူး။ သင်ရဲ့ မျက်လုံးတစ်စုံကိုသာ အစိမ်းရောင် မြင်ကွင်းတွေ ပေးစွမ်းနိင်မယ့် အစိမ်းရောင်

မျက်မှန် တစ်လက်ကို ဝယ်ယူပြီး သင်ရဲ့ မြင်ကွင်းတွေကို ပြောင်းလဲပစ်လို့ ရတယ်လေ” လို့  ပြောလိုက်ပါတယ်။

ဒီအကြောင်းအရာလေးကတော့ အနည်းငယ် ဟာသလေး နှောထားပေမဲ့လည်း ပေးချင်တဲ့ အသိလေးတစ်ခုတော့ ရှိပါတယ်။

ဘာလဲဆိုတော့ ကျွန်တော်တို့ဟာ နေ့စဉ်နဲ့ အမျှ လူပေါင်းများစွာနဲ့ ပြောဆိုဆက်ဆံတဲ့အခါ ကိုယ့်စိတ် ကိုယ်သဘောနဲ့ ကိုက်ညီတဲ့

သူများ ရှိတတ်သလို မကိုက်ညီတဲ့သူများကိုလည်း တွေ့ရတတ်ပါတယ်။ အကြောင်း တစ်စုံတစ်ရာကြောင့် စိတ်သဘောထားချင်း

မတိုက်ဆိုင်ကြတဲ့အခါ ပြဿနာတွေ တက်ကြရပါတယ်။ အကောင်းဆုံး ဖြေရှင်းနည်းကတော့ ကိုယ်နဲ့စိတ်သဘောထားချင်း မတိုက်ဆိုင်

တဲ့ သူတွေကို တွေ့ဆုံတဲ့အခါ သူတို့ကို ပြောင်းလဲဖို့ မကြိုးစားပါနဲ့။ သင် အရမ်း ပင်ပန်းသွားပါလိမ့်မယ်။ သူတို့နဲ့ ပေါင်းသင်းဆက်ဆံ

ရမယ့် ကိုယ့်ရဲ့စိတ်ကိုသာ   လိုက်လျော ညီထွေ ပြောင်းလဲ ဆက်ဆံခြင်းက အကောင်းဆုံးပဲ ဖြစ်ပါတယ် ။ ။

Credit: Paradise (ရိုးရာလေး)

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

စိတ္ဓာတ္ မဆံုးရွံဳးေစနဲ႔
Life Style
အရာရာ ဆံုးရွံဳးခဲ့မယ္ ဆိုရင္ေတာင္ စိတ္ဓာတ္ မဆံုးရွံဳးေစနဲ႔

အရာရာ ဆံုးရွံဳးခဲ့မယ္ ဆိုရင္ေတာင္ စိတ္ဓာတ္ မဆံုးရွံဳးေစနဲ႔ ေလာကၾကီး တစ္ခုလံုးမွာ ကိုယ္ပုိင္ဆိုင္ထားသမွ် အားလံုး ဆံုးရွံုး သြားျပီလား။ ပိုင္ဆိုင္မွဳဆုိရာမွာ ပစၥည္းဥစၥာ မွ မဟုတ္ပါဘူး။ မိဘ ၊ မိတ္ေဆြ၊ အေပါင္းအသင္း၊ ေမ်ွာ္လင့္ခ်က္ ၊ အလုပ္ အရာရာတိုင္း ပါဝင္ေနပါတယ္ ကံၾကမၼာ အလွည့္အေျပာင္းတစ္ခုေအာက္မွာ အရာအားလံုး မ်က္လွည့္ ျပလိုက္သလိုမ်ိဳး ပ်က္စီးဆံုးရွံဳးျပီး ကိုယ္ပိုင္ဆိုင္ထားသမွ် လက္လႊတ္ခံလိုက္ရတဲ့အခ်ိန္မ်ိဳးေတြ ၾကံဳဖူးပါသလား။ ေရွ႕တစ္လွမ္းတိုးဖို႕ေတာင္ အားအင္ေတြ မရွိေတာ့တာမ်ိဳး။ ေလာကၾကီး ထဲကေန ထြက္ေျပးသြားခ်င္တဲ့အခ်ိန္မ်ိဳးေတြ ၾကံဳေနျပီလား။ တစ္ခုခုလုပ္တဲ့အခါ တိုင္ပင္ဖို႔ သူငယ္ခ်င္းေတြ.. ကိုယ္လဲက်တဲ့အခါ ထူေပးဖို႕ မိတ္ေဆြေတြ.. မရွိေတာ့တဲ့အခါ တမ္းတမေနပါနဲ႕။ ကိုယ္ေမြးကတည္းက ကိုယ့္ေဘးနားမွာ …

အသည္းကြဲၿပီးမွ မိန္းကေလးေတြ ပိုလွလာတယ္ဆိုတာ သင္သိပါသလား
Life Style
အသည္းကြဲၿပီးမွ မိန္းကေလးေတြ ပိုလွလာတယ္ဆိုတာ သင္သိပါသလား

အသည္းကြဲၿပီးမွ မိန္းကေလးေတြ ပိုလွလာတယ္ဆိုတာ သင္သိပါသလား အသည္းကြဲ သြားတဲ့ မိန္းကေလး တစ္ေယာက္က ပိုၿပီး လွလာတတ္ တယ္တဲ့ တကယ္ေတာ့ ပိုၿပီးလွ လာတာ မဟုတ္ဘူး အရင္ကတည္း လွၿပီးသားကို အခုမွ ႐ုပ္ထြက္ လာတာပါ သူနဲ႔ လမ္းမခြဲခင္ တုန္းက ဆံပင္အ႐ွည္ေလး ထားပါ ဆိုတဲ့ စကားလုံး လွလွေလးေတြေၾကာင့္ ကိုယ္နဲ႔ လိုက္ဖက္တဲ့ ဆံပင္အတိုေလးေတြနဲ႔ မညႇပ္ျဖစ္ခဲ့ ဘူး ဆံပင္႐ွည္ႀကီးနဲ႔ အသက္ကေလး ငယ္ငယ္နဲ႔ ႐ုပ္ရင့္သြားသလိုလို ျဖစ္ေနတာပါ ။ သူနဲ႔ လမ္းမခြဲခင္ တုန္းက ဟိုလို မဝတ္ပါ နဲ႔လား ဒီလို မဝတ္ပါနဲ႔ ဆိုတဲ့ ကန္႔သတ္ခ်က္ေတြၾကားမွာ ကိုယ္နဲ …

သင့္ရဲ႕ ႐ုပ္ရည္သြင္ျပင္ျဖစ္တည္မႈနဲ႔ပတ္သတ္ၿပီး ကဲ့ရဲ႕ခံခဲ့ရဖူးလား?
Life Style
သင့္ရဲ႕ ႐ုပ္ရည္သြင္ျပင္ျဖစ္တည္မႈနဲ႔ပတ္သတ္ၿပီး ကဲ့ရဲ႕ခံခဲ့ရဖူးလား?

သင့္ရဲ႕ ႐ုပ္ရည္သြင္ျပင္ျဖစ္တည္မႈနဲ႔ပတ္သတ္ၿပီး ကဲ့ရဲ႕ခံခဲ့ရဖူးလား? တစ္နည္းအားျဖင့္ Body Shamingအလုပ္ခံခဲ့ရဖူးလား? ဒါမွမဟုတ္ သင္ကိုယ္တို င္ကေရာ သူမ်ားရဲ႕ျဖစ္တည္မႈကို ေဝဖန္ရႈတ္ခ် တတ္တဲ့ သူမ်ိဳးလား? Body Shaming လုပ္တယ္ ဆိုတာဟာ ပတ္၀န္းက်င္မွာ အၿမဲလိုလို ႀကဳံေတြ႕ေန ရတဲ့ ကိစၥတစ္ခု ပဲျဖစ္ ပါတယ္ ။ တစ္ခ်ိဳ႕ေတြဆို ေဝဖန္ခံ ရတာ မ်ားလြန္း လို႔ ေနသားက် သြားတာမ်ိဳးေတာင္ ရွိတတ္ ပါတယ္။ လူရယ္လို႔ျဖစ္ လာရင္ အားနည္းခ်က္ ကိုယ္စီ ရွိၾက တာ ပါပဲ။ ျပည့္စုံေနတဲ့ လူရယ္ လို႔မရွိပါ ဘူး။ ၀ခ်င္ ၀မယ္၊ ပိန္ခ်င္ ပိန္မယ္၊ ဆံပင္ပါး …