ေခတ္မိဘပီသစြာ သားသမီးေတြကို နားလည္မႈေပးၿပီး ထိန္းေက်ာင္းပံုနည္းလမ္းမ်ား - Amawpyay

ေခတ္မိဘပီသစြာ သားသမီးေတြကို နားလည္မႈေပးၿပီး ထိန္းေက်ာင္းပံုနည္းလမ္းမ်ား

ေခတ္မိဘပီသစြာ သားသမီးေတြကို နားလည္မႈေပးၿပီး ထိန္းေက်ာင္းပံုနည္းလမ္းမ်ား
Knowledge

ေခတ္မိဘပီသစြာ သားသမီးေတြကို နားလည္မႈေပးၿပီး ထိန္းေက်ာင္းပံုနည္းလမ္းမ်ား

သားသမီးတစ္ေယာက္ လိမၼာတယ္၊ ဆိုးသြမ္းတယ္ဆုိတာ အဓိကက မိဖပါပဲ။ မိဖက မွန္ကန္တဲ့ နည္းလမ္းကို အသံုးျပဳၿပီး ဆံုးမတတ္တဲ့ သားသမီးေတြဟာ တစ္ျခား သူေတြထက္ ပိုၿပီး လိမၼာေရးျခား ႐ွိသလုိ ပိုၿပီး ထက္ျမက္တဲ့ သူေတြျဖစ္ၾက ပါတယ္။ မိဖေကာင္းပီသတဲ့ မိဖေတြဟာ သားသမီးေတြကို ဒီလုိအခ်က္ေလးေတြနဲ႔ ထိန္းေက်ာင္းေပးတတ္ၾကပါတယ္။

သားသမီးေတြရဲ႕ ျပႆနာေတြကို ေဝမွ်ေျဖ႐ွင္းေပးတတ္တယ္

မိဖနဲ႔ သားသမီး ဆက္ဆံေရးမွာ တင္းမာေနစရာ ေၾကာက္ေနစရာ မလုိပါဘူး။ မိဖေတြနဲ႔ ပြင့္လင္းတဲ့ ဆက္ဆံေရး ႐ွိတဲ့ သားသမီးေတြဟာ ပိုေတာ္တဲ့သူေတြ ျဖစ္ၾက ပါတယ္ တဲ့ေနာ္။

မိဖေကာင္းဆိုတာ သားသမီးေတြရဲ႕ ျပႆနာတုိင္းကို တုိင္ပင္ႏုိင္ဖုိ႔ ေကာင္းမြန္ ပြင့္လင္းတဲ့ ဆက္ဆံေရးကို ဖြင့္ေပးထားတတ္ၾကသူေတြ ျဖစ္ပါတယ္။

အတင္းအၾကပ္မလုပ္ခုိင္းဘူး

စားေမးပြဲမွာ အမွတ္မေကာင္းလုိ႔ ဆူတာ၊ ကိုယ့္ကေလး စိတ္မဝင္စားတဲ့ တစ္ခုခုကို အတင္းအက်ပ္ သင္ယူခိုင္းတာေတြ မျပဳလုပ္ တတ္ၾက ပါဘူး။

အရာရာမွာ ေတာ္ေနတဲ့ သူဆိုတာ မ႐ွိႏုိင္ဘူး ဆိုတာ နားလည္္ၿပီး ဒီတစ္ေခါက္ စာေမးပြဲမွာ အမွတ္မေကာင္းရင္ေတာ့ ေနာက္တစ္ေခါက္က်ရင္ ေကာင္းေကာင္းလုပ္ႏုိင္မွာပါ ဆိုတဲ့ အားေပးစကားကို ေျပာေပးတတ္သူေတြ ျဖစ္ပါတယ္။

တာဝန္ေတြ အေၾကာင္း သင္ေပးတယ္

ကိုယ့္တာဝန္ကို ကိုယ္ယူတတ္တဲ့ လူတစ္ေယာက္ျဖစ္လာဖို႔ မိဖေတြက သင္ေပးတတ္ ပါတယ္။ ကိုယ္စားထားတဲ့ ပန္းကန္ကို ေဆးတတ္ေအာင္၊ ကိုယ့္အခန္းကို ကိုယ္တုိင္ ႐ွင္းတတ္ေအာင္ သင္ေပးၿပီး ကိုယ့္တာဝန္ ကိုယ္ယူတတ္ဖို႔ သင္ၾကားေပး ပါတယ္။

သားသမီးေတြအတြက္ အခ်ိန္ေပးတတ္တယ္

သားသမီးေတြ အလိုခ်င္ဆံုးက မိဖေမတၱာပါ ဘယ္ေလာက္ပဲ ခ်မ္းသာတဲ့ အိမ္ႀကီးမွာ ေနရပါေစ မိဖေမတၱာမ႐ွိပဲနဲ႔ မျပည့္စံု ႏုိင္ပါဘူး။ ဒါကို ေကာင္းေကာင္းနားလည္တဲ့ မိဖေတြဟာ သားသမီးေတြအတြက္ အခ်ိန္ သီးသန္႔ေပး ဖုိ႔ကို သိတဲ့သူေတြ ျဖစ္ပါတယ္။ ဘယ္ေလာက္ပဲ အလုပ္မ်ားေနပါေစ သားသမီးေတြနဲ႔ သီးသန္႔အခ်ိန္ေလးကို ေပ်ာ္႐ႊင္စြာ ျဖတ္သန္းေလ့႐ွိၾကပါတယ္။

ကေလးေတြရဲ႕ စကားကို ယံုၾကည္ေပးတတ္တယ္

ကိစၥတစ္ခုခု ျပသနာ တစ္ခုုခုျဖစ္ တဲ့အခါ ကိုယ့္ကေလး မလိမ္ညာတတ္ဘူး ဆိုတာ သိၿပီး ကေလးေလးရဲ႕ စကားကို ယံုၾကည္ေပး တတ္တာ ပါပဲ။ ဒီလုိ ယံုၾကည္ေပးလုိက္မႈက သူတို႔ကို ေနာက္လည္္း ဘယ္ေတာ့မွ လိမ္ညာ မေျပာဆို တတ္ေအာင္ အမွန္တရားဘက္က ရပ္တည္ တတ္ေအာင္ သင္ၾကားေပးတာပဲ ျဖစ္ပါတယ္။

ကိုယ္အမွားလုပ္မိရင္လည္း ျပန္ေတာင္းပန္တတ္တယ္

မိဖဆိုတုိင္း အမွန္ေတြခ်ည္း လုပ္တတ္ၾကတာ မဟုတ္ပါဘူး တစ္ခါတစ္ေလ လည္း အမွားဆိုတာ ႐ွိတတ္ပါတယ္။ ဒီလုိ သားသမီးေတြ အေပၚမွာ အမွားလုပ္မိရင္လည္း ျပန္ေတာင္းပန္္ တတ္ပါတယ္။

ငါကမိဖပဲ ေတာင္းပန္စရာ မလုိဘူးလုိ႔ မေတြးပဲ ကိုယ့္အမွားကို ကိုယ္တာဝန္ ယူတတ္ ပါတယ္။ မိဖေတြရဲ႕ အမူအက်င့္ေတြကို ၾကည့္ၿပီး သားသမီးေတြ ကလည္း အဲဒီ႔လုိပဲ ျပဳမူၿပီး ကိုယ့္အမွားကို ကိုယ္တာဝန္ယူစိတ္ ႐ွိတဲ့သူေတြ ျဖစ္လာၾက ပါတယ္။

Khin

Unicode

ခေတ်မိဘပီသစွာ သားသမီးတွေကို နားလည်မှုပေးပြီး ထိန်းကျောင်းပုံနည်းလမ်းများ

သားသမီးတစ်ယောက် လိမ္မာတယ်၊ ဆိုးသွမ်းတယ်ဆိုတာ အဓိကက မိဖပါပဲ။ မိဖက မှန်ကန်တဲ့ နည်းလမ်းကို အသုံးပြုပြီး ဆုံးမတတ်တဲ့ သားသမီးတွေဟာ တစ်ခြား သူတွေထက် ပိုပြီး လိမ္မာရေးခြား ရှိသလို ပိုပြီး ထက်မြက်တဲ့ သူတွေဖြစ်ကြ ပါတယ်။ မိဖကောင်းပီသတဲ့ မိဖတွေဟာ သားသမီးတွေကို ဒီလိုအချက်လေးတွေနဲ့ ထိန်းကျောင်းပေးတတ်ကြပါတယ်။

သားသမီးတွေရဲ့ ပြဿနာတွေကို ဝေမျှဖြေရှင်းပေးတတ်တယ်

မိဖနဲ့ သားသမီး ဆက်ဆံရေးမှာ တင်းမာနေစရာ ကြောက်နေစရာ မလိုပါဘူး။ မိဖတွေနဲ့ ပွင့်လင်းတဲ့ ဆက်ဆံရေး ရှိတဲ့ သားသမီးတွေဟာ ပိုတော်တဲ့သူတွေ ဖြစ်ကြ ပါတယ် တဲ့နော်။

မိဖကောင်းဆိုတာ သားသမီးတွေရဲ့ ပြဿနာတိုင်းကို တိုင်ပင်နိုင်ဖို့ ကောင်းမွန် ပွင့်လင်းတဲ့ ဆက်ဆံရေးကို ဖွင့်ပေးထားတတ်ကြသူတွေ ဖြစ်ပါတယ်။

အတင်းအကြပ်မလုပ်ခိုင်းဘူး

စားမေးပွဲမှာ အမှတ်မကောင်းလို့ ဆူတာ၊ ကိုယ့်ကလေး စိတ်မဝင်စားတဲ့ တစ်ခုခုကို အတင်းအကျပ် သင်ယူခိုင်းတာတွေ မပြုလုပ် တတ်ကြ ပါဘူး။

အရာရာမှာ တော်နေတဲ့ သူဆိုတာ မရှိနိုင်ဘူး ဆိုတာ နားလည်ပြီး ဒီတစ်ခေါက် စာမေးပွဲမှာ အမှတ်မကောင်းရင်တော့ နောက်တစ်ခေါက်ကျရင် ကောင်းကောင်းလုပ်နိုင်မှာပါ ဆိုတဲ့ အားပေးစကားကို ပြောပေးတတ်သူတွေ ဖြစ်ပါတယ်။

တာဝန်တွေ အကြောင်း သင်ပေးတယ်

ကိုယ့်တာဝန်ကို ကိုယ်ယူတတ်တဲ့ လူတစ်ယောက်ဖြစ်လာဖို့ မိဖတွေက သင်ပေးတတ် ပါတယ်။ ကိုယ်စားထားတဲ့ ပန်းကန်ကို ဆေးတတ်အောင်၊ ကိုယ့်အခန်းကို ကိုယ်တိုင် ရှင်းတတ်အောင် သင်ပေးပြီး ကိုယ့်တာဝန် ကိုယ်ယူတတ်ဖို့ သင်ကြားပေး ပါတယ်။

သားသမီးတွေအတွက် အချိန်ပေးတတ်တယ်

သားသမီးတွေ အလိုချင်ဆုံးက မိဖမေတ္တာပါ ဘယ်လောက်ပဲ ချမ်းသာတဲ့ အိမ်ကြီးမှာ နေရပါစေ မိဖမေတ္တာမရှိပဲနဲ့ မပြည့်စုံ နိုင်ပါဘူး။ ဒါကို ကောင်းကောင်းနားလည်တဲ့ မိဖတွေဟာ သားသမီးတွေအတွက် အချိန် သီးသန့်ပေး ဖို့ကို သိတဲ့သူတွေ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ အလုပ်များနေပါစေ သားသမီးတွေနဲ့ သီးသန့်အချိန်လေးကို ပျော်ရွှင်စွာ ဖြတ်သန်းလေ့ရှိကြပါတယ်။

ကလေးတွေရဲ့ စကားကို ယုံကြည်ပေးတတ်တယ်

ကိစ္စတစ်ခုခု ပြသနာ တစ်ခုခုဖြစ် တဲ့အခါ ကိုယ့်ကလေး မလိမ်ညာတတ်ဘူး ဆိုတာ သိပြီး ကလေးလေးရဲ့ စကားကို ယုံကြည်ပေး တတ်တာ ပါပဲ။ ဒီလို ယုံကြည်ပေးလိုက်မှုက သူတို့ကို နောက်လည်း ဘယ်တော့မှ လိမ်ညာ မပြောဆို တတ်အောင် အမှန်တရားဘက်က ရပ်တည် တတ်အောင် သင်ကြားပေးတာပဲ ဖြစ်ပါတယ်။

ကိုယ်အမှားလုပ်မိရင်လည်း ပြန်တောင်းပန်တတ်တယ်

မိဖဆိုတိုင်း အမှန်တွေချည်း လုပ်တတ်ကြတာ မဟုတ်ပါဘူး တစ်ခါတစ်လေ လည်း အမှားဆိုတာ ရှိတတ်ပါတယ်။ ဒီလို သားသမီးတွေ အပေါ်မှာ အမှားလုပ်မိရင်လည်း ပြန်တောင်းပန် တတ်ပါတယ်။

ငါကမိဖပဲ တောင်းပန်စရာ မလိုဘူးလို့ မတွေးပဲ ကိုယ့်အမှားကို ကိုယ်တာဝန် ယူတတ် ပါတယ်။ မိဖတွေရဲ့ အမူအကျင့်တွေကို ကြည့်ပြီး သားသမီးတွေ ကလည်း အဲဒီ့လိုပဲ ပြုမူပြီး ကိုယ့်အမှားကို ကိုယ်တာဝန်ယူစိတ် ရှိတဲ့သူတွေ ဖြစ်လာကြ ပါတယ်။

Khin

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …