
အိပ္ယာထဲက ထဖို႔ပ်င္းေနတဲ့ လကၡဏာဟာ ဥာဏ္ေကာင္းျခင္းတစ္မ်ဳိး
ျဗိတိန္ေလ့လာ သူေတြက ညဘက္ေနာက္က်မွ အိပ္တဲ့လူေတြက ဥာဏ္ေကာင္း ၾကတယ္လို႔ ဆိုထားပါတယ္။ ဒါေပမယ့္ ခုေနာက္ပိုင္းေခတ္မွာ အိပ္ယာထဲကေန ေတာ္ေတာ္နဲ႔ မထခ်င္ ၾကတာ လူတိုင္း လုိလုိပါပဲ။ ဒါဟာလည္း ဥာဏ္ေကာင္းျခင္း လကၡဏာ တစ္မ်ဳိး ပဲလို႔ ဆိုထား ပါတယ္။
မထခ်င္လုိ႔ ခဏေလးပဲျဖစ္ျဖစ္ အိပ္ယာထဲ ႏွပ္လုိက္ရတဲ့ အတြက္ ကိုယ္တုိင္လည္း စိတ္ေက်နပ္မႈ ႐ွိသလို တစ္ေန႔တာ အတြက္ စိတ္ၾကည္လင္ေနတတ္ တယ္ တဲ့ ။
မနက္ မထႏိုင္တာဟာ ကိုယ္တုိင္ ေနာက္က်မွ အိပ္တဲ့ အတြက္ ဒီလို အက်ဳိးဆက္ျဖစ္လာတာကုိ ဘယ္သူမွ အျပစ္တင္လို႔ မရပါဘူး။ ဒါေၾကာင့္ ကိုယ္ျဖစ္ ကိုယ္ခံသေဘာနဲ႔ ေက်နပ္လုိက္တာပါပဲ။
အိပ္ယာကေန ေနာက္က်မွ ထတဲ့ သူေတြဟာ သူတို႔ကိုယ္တိုင္ စိတ္ထက္သန္ရာကို ႐ွာေဖြတတ္ ၾကျပီး ကိုယ္ပုိင္ ျပႆနာေတြကို ကိုင္တြယ္ႏုိင္ ပါတယ္။ အိပ္ခ်ိန္ မ်ားမ်ား ရျပီး အိပ္ေရးဝေနတဲ့ လူတစ္ေယာက္ဟာ ဘာလုပ္လုပ္ အဆင္ေျပစြာ ကိုင္တြယ္ႏုိင္ သလို ျပႆနာ တုိင္းအတြက္ အေျဖ ဆိုတာကို အျမဲ႐ွာေဖြႏုိင္သူ ျဖစ္ေနလို႔ ပါပဲ။
ျပီးေတာ့ ဒီလို လူမ်ဳိးေတြ ဟာလည္း ပုိျပီးေပ်ာ္ရႊင္ၾက ပါတယ္။ တစ္လစာ ဝင္ေငြကုိလည္ းစိတ္ခ်မ္းသာစြာ ႐ွာႏုိင္ျပီး သက္ေတာင့္ သက္သာနဲ႔ ေပ်ာ္ရႊင္စရာ ဘဝေလး တစ္ခုကို ဖန္တီးႏိုင္ၾက ပါတယ္။
ဒါေပမယ့္ အိပ္စက္ျခင္းကို အရမ္း မမက္လုိက္ ပါနဲ႔။ အိပ္ခ်ိန္ပို သြားတိုင္းလည္း မေကာင္းသလို အိပ္ခ်ိန္နည္းေန ရင္လည္း က်န္းမာေရး ထိခုိက္ႏိုင္ ပါတယ္။ အေရးၾကီးတာက တစ္ေန႔တာမွာ ကိုယ့္အတြက္လံုေလာက္တဲ့ အိပ္စက္ခ်ိန္ ႐ွိေနရင္ အဆင္ေျပ ပါတယ္။
Credit
Unicode
အိပ်ယာထဲက ထဖို့ပျင်းနေတဲ့ လက္ခဏာဟာ ဉာဏ်ကောင်းခြင်းတစ်မျိုး
ဗြိတိန်လေ့လာ သူတွေက ညဘက်နောက်ကျမှ အိပ်တဲ့လူတွေက ဉာဏ်ကောင်း ကြတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်းခေတ်မှာ အိပ်ယာထဲကနေ တော်တော်နဲ့ မထချင် ကြတာ လူတိုင်း လိုလိုပါပဲ။ ဒါဟာလည်း ဉာဏ်ကောင်းခြင်း လက္ခဏာ တစ်မျိုး ပဲလို့ ဆိုထား ပါတယ်။
မထချင်လို့ ခဏလေးပဲဖြစ်ဖြစ် အိပ်ယာထဲ နှပ်လိုက်ရတဲ့ အတွက် ကိုယ်တိုင်လည်း စိတ်ကျေနပ်မှု ရှိသလို တစ်နေ့တာ အတွက် စိတ်ကြည်လင်နေတတ် တယ် တဲ့ ။
မနက် မထနိုင်တာဟာ ကိုယ်တိုင် နောက်ကျမှ အိပ်တဲ့ အတွက် ဒီလို အကျိုးဆက်ဖြစ်လာတာကို ဘယ်သူမှ အပြစ်တင်လို့ မရပါဘူး။ ဒါကြောင့် ကိုယ်ဖြစ် ကိုယ်ခံသဘောနဲ့ ကျေနပ်လိုက်တာပါပဲ။
အိပ်ယာကနေ နောက်ကျမှ ထတဲ့ သူတွေဟာ သူတို့ကိုယ်တိုင် စိတ်ထက်သန်ရာကို ရှာဖွေတတ် ကြပြီး ကိုယ် ပိုင် ပြဿနာတွေကို ကိုင် တွယ် နိုင် ပါ တယ် ။
အိပ်ချိန် များများ ရပြီး အိပ်ရေးဝနေတဲ့ လူတစ်ယောက်ဟာ ဘာလုပ်လုပ် အဆင်ပြေစွာ ကိုင်တွယ်နိုင် သလို ပြဿနာ တိုင်းအတွက် အဖြေ ဆိုတာကို အမြဲရှာဖွေနိုင်သူ ဖြစ်နေလို့ ပါပဲ။
ပြီးတော့ ဒီလို လူမျိုးတွေ ဟာလည်း ပိုပြီးပျော်ရွှင်ကြ ပါတယ်။ တစ်လစာ ဝင်ငွေကိုလည် းစိတ်ချမ်းသာစွာ ရှာနိုင်ပြီး သက်တောင့် သက်သာနဲ့ ပျော်ရွှင်စရာ ဘဝလေး တစ်ခုကို ဖန်တီးနိုင်ကြ ပါတယ်။
ဒါပေမယ့် အိပ်စက်ခြင်းကို အရမ်း မမက်လိုက် ပါနဲ့။ အိပ်ချိန်ပို သွားတိုင်းလည်း မကောင်းသလို အိပ်ချိန်နည်းနေ ရင်လည်း ကျန်းမာရေး ထိခိုက်နိုင် ပါတယ်။ အရေးကြီးတာက တစ်နေ့တာမှာ ကိုယ့် အ တွက် လုံ လောက် တဲ့ အိပ်စက်ချိန် ရှိနေရင် အဆင်ပြေ ပါတယ်။
No Comments