
ဘာမွမက်န္ေအာင္္အကုန္လွဴျပီးေနာက္္ အေသာကမင္းႀကီး ဆုေတာင္းခဲ့တဲ့ ေနာက္ဆံုးေတာင္းခဲ႔သည္႔႔ ဆုေတာင္္း
ဘာမွမက်န္ေအာင္္ အကုန္လွဴျပီးေနာက္္ အေသာက မင္းႀကီး ေနာက္ဆံုးေတာင္း ခဲ႔သည္႔႔ ဆုေတာင္္း
အေသာကမင္းႀကီး၏ ေနာက္ဆုံးဆုေတာင္း
အေသာက မင္းႀကီးဟာ အလြန္အားနည္း စြာနဲ႔ ေညာင္ေစာင္းေပၚမွာ လဲေလ်ာင္းေန ပါတယ္။ ယခင္က အေၾကာ ၿပိဳင္းၿပိဳင္း ထၿပီး သန္မာေတာင့္တင္း ကာ ႂကြက္သားေတြ ေဖာင္းဖုေန ခဲ့တဲ့ လက္ေမာင္းကို ခုေတာ့ ကိုယ္တိုင္ အနိုင္နိုင္ မေနရတဲ့ အေနအထား ေရာက္ေနၿပီ။
“အရွင္မင္းႀကီး”
“ေအး… ဘယ္သူမ်ားလဲ”
“အမတ္ႀကီး ရာဓာဂုတၱပါဘုရား”
အမွွန္ေတာ့ အေသာက မျမင္ေတာ့ ဘူး။ အျမင္ေတြ မွုန္ဝါးၿပီး ဘယ္သူ မွန္းေတာင္ မသိ ပါဘူး။
“မင္းႀကီး မင္းႀကီးရဲ့ ဆီးျဖဴသီး တစ္ျခမ္းကိုိ သံဃာေတာ္ေတြက ေစတီ တစ္ဆူတည္ဖို႔ ဆုံးျဖတ္ လိုက္ၾက ပါတယ္ ဘုရား”
“သာဓု… သာဓု… သာဓုု”
အေသာကရဲ့ ေလသံက အရမ္းကို တိုးလြြန္း လွတယ္။
“ရာဓာဂုုတ္တ”
“ခစားလ်က္ ရွိေၾကာင္း ပါဘုရား”
“ငါ့ရဲ့ ေနာက္ဆုံး အခ်ိန္ နီးလာၿပီ”
“ဗုဒၶကိုိ ႏွလုံးသား ထဲမွာ သြင္းထားလိုိက္ ပါဘုရား”
“ငါ့ႏွွလုံးသား ထဲမွာ ဗုဒၶက အျမဲ ရွိတယ္”
“အမတ္ႀကီး”
“ဘုရား”
“ေဟာဒီီီ ဇမၺဴဒိပ္ေျမျပင္ တစ္ဝန္းကို မည္သူပိုင္ သနည္း”….
“အရွင္မင္းႀကီးပိုိင္ ပါတယ္”
“ေကာင္းေပစြ …။ ငါ့ဆီမွာ လွူစရာ ဘာမွ မက်န္ေတာ့ဘူး။ ငါ ဒီေျမကိုိ တကယ္ ပိုင္ေသးလား”
“ပိုိင္ပါေသးတယ္ဘုရား”…
“ဒါဆိုရင္ .. သံဃာေတာ္ေတြရွိရာ ေက်ာင္းေတာ္ဘက္္ ငါ့ကိုိယ္ကို ေစာင္းေပး ပါလား”
အမတ္ႀကီး ရာဓာဂုတၱက မင္းႀကီးကို …. တစ္ဘက္ေစာင္းေပး လိုိက္ခ်ိန္ မွာ မင္းႀကီးက လက္အုပ္ခ်ီလိုက္ၿပီး ..
“တပည့္ေတာ္သည္္ တပည့္ေတာ္ ပိုင္ဆိုိင္သည့္ ဇမၺဴဒိိပ္ေျမျပင္ အားလုံးကို သံဃာေတာ္ အရွင္ျမတ္တို႔အား လွူဒါန္းပါသည္ ဘုရား”
အားလုံးေသာ မင္းမွူးမတ္ အေပါင္းက သာဓုသုံးႀကိိမ္ေခ ၚၾကတယ္။
အေသာကမင္းႀကီးရဲ့ ေနာက္ဆုံး ဆုေတာင္းဟာ အလြန္ၾကည္ညိဳ ဖြယ္ေကာင္းတဲ့ ဆုေတာင္းပါ။
“ဘုရားတပည့္ေတာ္သည္ ဤသို႔ လွူဒါန္းရသည့္ ေကာင္းမွုကံ ေစတနာတို႔ေၾကာင့္ နတ္ျပည္သို႔လည္း မေရာက္လိုပါ ျဗဟၼာ့ျပည္ကိုလည္း မေရာက္ လိုပါ
မင္းစည္းစိမ္ကိုလည္းမခံစား လိုပါ မင္းစည္းစိမ္ ဆိုသည္မွာ .. ေရပြက္ပမာ ခဏတာမၽွဆိုတာ သိပါၿပီဘုရား ..”
“တပည့္ေတာ္သည္ လွူဒါန္းရေသာ ကုသိုလ္ေကာင္းမွု ေစတနာကံေၾကာင့္ အရိယာသံဃာမ်ား တန္ဖိုးထားၾကသည့္ မိမိစိိတ္ကို မိမိိ ထိန္းခ်ဳပ္နိုင္ေသာပုဂၢိဳလ္ ဘဝဆက္တိုင္း ျဖစ္ရပါ လို၏ဘုရား”..
မင္းႀကီးဟာ … ဒီဆုကို ေတာင္းၿပီးေတာ့ ေနာက္ဆုံးထြက္သက္ကို ခ်ကာ ဇီဝိန္ခ်ဳပ္ၿငိမ္းသြားပါေတာ့တယ္။ အေသာကရဲ့ ေနာက္ဆုံးဆုေတာင္းဟာ
“ကိုယ့္စိတ္ကိုကိုယ္ ထိန္းခ်ဳပ္နိုင္တဲ့ဲ ပုဂၢိဳလ္ျဖစ္ပါရေစ” တဲ့ …။
ေလာကမွာ … ဘာအေရးႀကီးသလဲ
သြဇာလား ?
အာဏွာလား ?
စည္းစိမ္လား ?
တန္ခိုးလား ?
ဂုဏ္လား ?
ေငြြလား ?
ရာထူးလား ?
ဗုုဒၶဘာသာဝင္မ်ား စဥ္းစားပါ။
သီတဂူဆရာေတာ္ႀကီး
ခရစ္ဒစ္
Unicode
ဘာမှမကျန်အောင်အကုန်လှူပြီးနောက် အသောကမင်းကြီး ဆုတောင်းခဲ့တဲ့ နောက်ဆုံးတောင်းခဲ့သည့့် ဆုတောင်း
ဘာမှမကျန်အောင် အကုန်လှူပြီးနောက် အသောက မင်းကြီး နောက်ဆုံးတောင်း ခဲ့သည့့် ဆုတောင်း
အသောကမင်းကြီး၏ နောက်ဆုံးဆုတောင်း
အသောက မင်းကြီးဟာ အလွန်အားနည်း စွာနဲ့ ညောင်စောင်းပေါ်မှာ လဲလျောင်းနေ ပါတယ်။ ယခင်က အကြော ပြိုင်းပြိုင်း ထပြီး သန်မာတောင့်တင်း ကာ ကြွက်သားတွေ ဖောင်းဖုနေ ခဲ့တဲ့ လက်မောင်းကို ခုတော့ ကိုယ်တိုင် အနိုင်နိုင် မနေရတဲ့ အနေအထား ရောက်နေပြီ။
“အရှင်မင်းကြီး”
“အေး… ဘယ်သူများလဲ”
“အမတ်ကြီး ရာဓာဂုတ္တပါဘုရား”
အမှန်တော့ အသောက မမြင်တော့ ဘူး။ အမြင်တွေ မှုန်ဝါးပြီး ဘယ်သူ မှန်းတောင် မသိ ပါဘူး။
“မင်းကြီး မင်းကြီးရဲ့ ဆီးဖြူသီး တစ်ခြမ်းကို သံဃာတော်တွေက စေတီ တစ်ဆူတည်ဖို့ ဆုံးဖြတ် လိုက်ကြ ပါတယ် ဘုရား”
“သာဓု… သာဓု… သာဓု”
အသောကရဲ့ လေသံက အရမ်းကို တိုးလွန်း လှတယ်။
“ရာဓာဂုတ်တ”
“ခစားလျက် ရှိကြောင်း ပါဘုရား”
“ငါ့ရဲ့ နောက်ဆုံး အချိန် နီးလာပြီ”
“ဗုဒ္ဓကို နှလုံးသား ထဲမှာ သွင်းထားလိုက် ပါဘုရား”
“ငါ့နှလုံးသား ထဲမှာ ဗုဒ္ဓက အမြဲ ရှိတယ်”
“အမတ်ကြီး”
“ဘုရား”
“ဟောဒီ ဇမ္ဗူဒိပ်မြေပြင် တစ်ဝန်းကို မည်သူပိုင် သနည်း”….
“အရှင်မင်းကြီးပိုင် ပါတယ်”
“ကောင်းပေစွ …။ ငါ့ဆီမှာ လှူစရာ ဘာမှ မကျန်တော့ဘူး။ ငါ ဒီမြေကို တကယ် ပိုင်သေးလား”
“ပိုင်ပါသေးတယ်ဘုရား”…
“ဒါဆိုရင် .. သံဃာတော်တွေရှိရာ ကျောင်းတော်ဘက် ငါ့ကိုယ်ကို စောင်းပေး ပါလား”
အမတ်ကြီး ရာဓာဂုတ္တက မင်းကြီးကို …. တစ်ဘက်စောင်းပေး လိုက်ချိန် မှာ မင်းကြီးက လက်အုပ်ချီလိုက်ပြီး ..
“တပည့်တော်သည် တပည့်တော် ပိုင်ဆိုင်သည့် ဇမ္ဗူဒိပ်မြေပြင် အားလုံးကို သံဃာတော် အရှင်မြတ်တို့အား လှူဒါန်းပါသည် ဘုရား”
အားလုံးသော မင်းမှူးမတ် အပေါင်းက သာဓုသုံးကြိမ်ခေ ါ်ကြတယ်။
အသောကမင်းကြီးရဲ့ နောက်ဆုံး ဆုတောင်းဟာ အလွန်ကြည်ညို ဖွယ်ကောင်းတဲ့ ဆုတောင်းပါ။
“ဘုရားတပည့်တော်သည် ဤသို့ လှူဒါန်းရသည့် ကောင်းမှုကံ စေတနာတို့ကြောင့် နတ်ပြည်သို့လည်း မရောက်လိုပါ ဗြဟ္မာ့ပြည်ကိုလည်း မရောက် လိုပါ
မင်းစည်းစိမ်ကိုလည်းမခံစား လိုပါ မင်းစည်းစိမ် ဆိုသည်မှာ .. ရေပွက်ပမာ ခဏတာမျှဆိုတာ သိပါပြီဘုရား ..”
“တပည့်တော်သည် လှူဒါန်းရသော ကုသိုလ်ကောင်းမှု စေတနာကံကြောင့် အရိယာသံဃာများ တန်ဖိုးထားကြသည့် မိမိစိတ်ကို မိမိ ထိန်းချုပ်နိုင်သောပုဂ္ဂိုလ် ဘဝဆက်တိုင်း ဖြစ်ရပါ လို၏ဘုရား”..
မင်းကြီးဟာ … ဒီဆုကို တောင်းပြီးတော့ နောက်ဆုံးထွက်သက်ကို ချကာ ဇီဝိန်ချုပ်ငြိမ်းသွားပါတော့တယ်။ အသောကရဲ့ နောက်ဆုံးဆုတောင်းဟာ
“ကိုယ့်စိတ်ကိုကိုယ် ထိန်းချုပ်နိုင်တဲ့ဲ ပုဂ္ဂိုလ်ဖြစ်ပါရစေ” တဲ့ …။
လောကမှာ … ဘာအရေးကြီးသလဲ
သွဇာလား ?
အာဏှာလား ?
စည်းစိမ်လား ?
တန်ခိုးလား ?
ဂုဏ်လား ?
ငွေလား ?
ရာထူးလား ?
ဗုဒ္ဓဘာသာဝင်များ စဉ်းစားပါ။
သီတဂူဆရာတော်ကြီး
ခရစ်ဒစ်
No Comments