သင့္ကို ရက္စက္စြာလမ္းခြဲသြားတဲ႔လူကို ဒီလိုနည္းေတြနဲ႔ ေနာင္တရေအာင္လုပ္လိုက္ပါ - Amawpyay

သင့္ကို ရက္စက္စြာလမ္းခြဲသြားတဲ႔လူကို ဒီလိုနည္းေတြနဲ႔ ေနာင္တရေအာင္လုပ္လိုက္ပါ

သင့္ကို ရက္စက္စြာလမ္းခြဲသြားတဲ႔လူကို ဒီလိုနည္းေတြနဲ႔ ေနာင္တရေအာင္လုပ္လိုက္ပါ
အခ်စ္ေရး

သင့္ကို ရက္စက္စြာလမ္းခြဲသြားတဲ႔လူကို ဒီလိုနည္းေတြနဲ႔ ေနာင္တရေအာင္လုပ္လိုက္ပါ

ခ်စ္သူ ရည္းစားထားတယ္ ဆိုတဲ႔ေနရာမွာ တစ္ေယာက္တည္း ခ်စ္ေနရံုနဲ႔ မၿပီးပါဘူး။ တစ္ေယာက္နဲ႔ တစ္ေယာက္ တန္ဖိုးထားမႈ တူညီျပီး အဆင္ေျပမွသာ ေရရွည္ လက္တြဲ ႏုိင္တာ ျဖစ္ပါတယ္။

တစ္ခါတစ္ေလမွာ သင့္ဘက္က တန္ဖိိုးထားေပမယ့္ သူ႔ဘက္ကေတာ့ သင့္အေပၚ တန္ဖိုးမထား ပစ္ခ်သြားသူေတြနဲ႔ ႀကံဳႏိုင္ ပါတယ္။ ဒီိလို ျဖစ္လာတဲ့အခါ အခ်ိန္ အၾကာႀကီး အသည္းကြဲ မေနသင့္ ပါဘူး။ သင္နဲ႔ မထိုက္တန္ လို႔ သူက သင့္အနားက ထြက္သြား ရတာပါ။

ဒါေၾကာင့္ သင္က အမ်ားႀကီး အဖိုးတန္ေၾကာင္းကို ျပသၿပီး သူေနာင္တရ သြားေအာင္ သင့္ကိုယ္သင္ ဂရုစိုက္ၿပီး အခုလိုမ်ိဳး ေနထိုင္သင့္ ပါတယ္။

တည္ၿငိမ္ျပပါ

လမ္းခြဲၿပီးေနာက္ ျပန္ဆက္သြယ္ ျဖစ္ရင္ (သို႔) ျပန္ဆံုျဖစ္ရင္ သင့္အေနနဲ႔ ေပါက္ကြဲေန တာမ်ိဳး၊ ေဒါသထြက္ ဝမ္းနည္းေနမွာ မ်ိဳး ထက္ တည္တည္ၿငိမ္ၿငိမ္ ေနတာက အေကာင္းဆံုး နည္းလမ္း တစ္ခု ျဖစ္ပါတယ္။

သင္က သူထင္သလို သူ႔ကို အရမ္းခ်စ္ေနၿပီး သူထားခဲ့တာ မ်ိဳးကို သူ႔ဘက္က ေတြးထင္ေန ေစမွာမ်ိဳး မျဖစ္ေအာင္ သင္က တည္တည္ၿငိမ္ၿငိမ္နဲ႔ သူ႔ကို ရင္ဆိုင္ၿပီး သူ႔အေတြးေတြကို ေျပာင္းျပန္ လွန္ပစ္ လိုက္ပါ။

ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ယံုၾကည္ခ်က္ အျပည့္နဲ႔ ရွင္သန္ပါ

သူ ထားခဲ့လို႔ သင္ ဝမ္းနည္းေန ခဲ့ရင္ေတာင္ အခ်ိန္္အၾကာႀကီး ဝမ္းမနည္းေန ပါနဲ႔။ ေရရွည္ အတူရွိရင္ ပိုၿပီး အဆင္မေျပ ျဖစ္ႏိုင္တဲ့ သူတစ္ေယာက္ ထြက္သြားတာမို႔ သင့္အတြက္ ပိုလို႔ေတာင္ အဆင္ေျပေနေသး ပါတယ္။

လူေတြ ျမင္လို႔ သင္က ဝမ္းနည္းေနတဲ့ အရိပ္အေယာင္ေတြကို မဖံုးကြယ္ႏုိင္ဘူး မေဖ်ာက္ႏိုင္ဘူးဆိုရင္ သင့္ကို လူေတြက သင္နဲ႔ မတန္တဲ့သူ တစ္ေယာက္ အတြက္ အခ်ိန္ေတြ ျဖဳန္းေနတယ္ ျမင္ႏိုင္ ပါတယ္။

ဒါ့အျပင္ သူ႔ဘက္ ကလည္း သင္က အခုထိ သူ႔အေပၚ ခံစားခ်က္ ရွိေနတယ္ထင္ၿပီး သူ႔ကိုယ္သူ ဘဝင္ျမင့္ေနႏိုင္ ပါတယ္။ ဒါေၾကာင့္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနပါ။

ယံုၾကည္မႈ ရွိတဲ့ သူတစ္ေယာက္ လိုပဲ ျပဳမူပါ။ သူ ထားခဲ့လည္း သင့္အတြက္ သိပ္မထူးျခားသြား ပါဘူး ဆိုတာကို ျပလိုက္ ပါ။

အေရးႀကီးဆံုး တစ္ခုက လမ္းခြဲၿပီး သြားတဲ့ အခါ သင့္ဘက္ ကေန လံုးဝ အဆက္အသြယ္ မျပဳလုပ္ဖို႔ပါပဲ။ အဲ့ဒါက သင့္အတြက္ ပိုမို စိတ္အဆင္ေျပေစ တဲ့ နည္းျဖစ္ေနရံု သာမက သူ႔အေပၚ သင့္ဘက္က အရမ္းတမ္းတမ္းစြဲ ျဖစ္ေနတာ မဟုတ္ဘူး ဆိုတာကို သိေစမယ့္ အခ်က္လည္း ျဖစ္ပါတယ္။

သင္ မရွိလည္း အဆင္ေျပလား ဆိုတာကို သူ႔ဘက္က စိတ္ပူေနေစ တာမ်ိဳးကို ျဖစ္ေပၚေစႏုိင္ ပါတယ္။ သင့္ရဲ႕ အဆင္ေျပေနမႈက သူ ထားခဲ့တာ မွားသြားၿပီလားလို႔ ေတြးေစတဲ့ အထိ ေနာင္တရ သြားေစ ႏိုင္ပါတယ္။

ပံုမွန္အတိုင္းေနပါ

သူနဲ႔ လမ္းခြဲျပတ္္စဲ သြားလို႔ အသဲကြဲၿပီး လူရုပ္သူရုပ္ မေပါက္ေလာက္ ေအာင္ ေနတာမ်ိဳး မလုပ္လိုက္ပါနဲ႔။ သင့္ကိုယ္သင္ ခ်စ္သင့္ ပါတယ္။ သင့္ကိုယ္သင္ ဂရုတစိုက္နဲ႔ ျပင္ျပင္ဆင္ဆင္ ေနသင့္ ပါတယ္။

ဆံပင္ပံုစံ၊ ဖက္ရွင္ စသျဖင့္ကို အရင္ကထက္ ပိုၿပီး လိုက္ဖက္ ေနေအာင္ ေနလိုက္ပါ။ ဒါက ေယာက်ၤားေလးေတြ အတြက္ ငါ ထားခဲ့မိတာ မွားမ်ား မွားသြားေစလား ဆိုၿပီး ေနာင္တရေစ တဲ့ အခ်က္မ်ိဳးလည္း ျဖစ္ေစ ပါတယ္။

ပံုေတြ တင္ပါ

သင္ ဘာေတြလုပ္ေနလဲ ဆိုတာကို သူ သိေစဖို႔ အသံုးခ်ဖို႔ အေကာင္းဆံုးေနရာ တစ္ခုကေတာ့ လူမႈကြန္ယက္စာမ်က္ႏွာပဲ ျဖစ္ပါတယ္။ သင့္ရဲ႕ အရင္ကထက္ ပိုၿပီး လွေန ေပ်ာ္ေနတာကို သူ ျမင္ပါေစ။ သင့္ကို ၾကည့္ၿပီး သူ႔အတြက္ အံ့ၾသေလာက္စရာ အေတြးေတြ ကိုေတာင္ ေတြးမိေစ မွာပါ။

သူငယ္ခ်င္း မိတ္ေဆြေတြနဲ႔ အခ်ိန္ျဖဳန္းပါ

သူ မရွိလည္း သင့္ဘဝႀကီးကို ေပ်ာ္ေပ်ာ္ေနလို႔ ရပါတယ္။ သူရွိမွ သင့္ဘဝက ရွင္သန္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ သူ မရွိလည္း သင္ ေပ်ာ္ရႊင္ေန တယ္။ သူငယ္ခ်င္း မိတ္ေဆြနဲ႔ လည္း အဆင္ေျပေနတယ္ဆိုတာကို သူ ျပန္သိရတဲ့အခါ သူ သင့္ကို ထားခဲ့ မိတာကို ျပန္ေနာင္တရေန ေလာက္ပါတယ္။

ဘာေၾကာင့္ သင္က အဆင္ေျပေနရက္ နဲ႔ ထားခဲ့မိတာ လဲလို႔ သူ႔ကိုယ္သူ ေတြးမိေစတဲ့ အထိ သူ႔ကို ေနာင္တရေလာက္ေအာင္ သင့္ကိုယ္သင္ အမ်ားႀကီး ဂရုစိုက္လိုက္ သင့္ပါ တယ္ေနာ္။

Credit

Unicode

သင့်ကို ရက်စက်စွာလမ်းခွဲသွားတဲ့လူကို ဒီလိုနည်းတွေနဲ့ နောင်တရအောင်လုပ်လိုက်ပါ

ချစ်သူ ရည်းစားထားတယ် ဆိုတဲ့နေရာမှာ တစ်ယောက်တည်း ချစ်နေရုံနဲ့ မပြီးပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထားမှု တူညီပြီး အဆင်ပြေမှသာ ရေရှည် လက်တွဲ နိုင်တာ ဖြစ်ပါတယ်။

တစ်ခါတစ်လေမှာ သင့်ဘက်က တန်ဖိုးထားပေမယ့် သူ့ဘက်ကတော့ သင့်အပေါ် တန်ဖိုးမထား ပစ်ချသွားသူတွေနဲ့ ကြုံနိုင် ပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ အချိန် အကြာကြီး အသည်းကွဲ မနေသင့် ပါဘူး။ သင်နဲ့ မထိုက်တန် လို့ သူက သင့်အနားက ထွက်သွား ရတာပါ။

ဒါကြောင့် သင်က အများကြီး အဖိုးတန်ကြောင်းကို ပြသပြီး သူနောင်တရ သွားအောင် သင့်ကိုယ်သင် ဂရုစိုက်ပြီး အခုလိုမျိုး နေထိုင်သင့် ပါတယ်။

တည်ငြိမ်ပြပါ

လမ်းခွဲပြီးနောက် ပြန်ဆက်သွယ် ဖြစ်ရင် (သို့) ပြန်ဆုံဖြစ်ရင် သင့်အနေနဲ့ ပေါက်ကွဲနေ တာမျိုး၊ ဒေါသထွက် ဝမ်းနည်းနေမှာ မျိုး ထက် တည်တည်ငြိမ်ငြိမ် နေတာက အကောင်းဆုံး နည်းလမ်း တစ်ခု ဖြစ်ပါတယ်။

သင်က သူထင်သလို သူ့ကို အရမ်းချစ်နေပြီး သူထားခဲ့တာ မျိုးကို သူ့ဘက်က တွေးထင်နေ စေမှာမျိုး မဖြစ်အောင် သင်က တည်တည်ငြိမ်ငြိမ်နဲ့ သူ့ကို ရင်ဆိုင်ပြီး သူ့အတွေးတွေကို ပြောင်းပြန် လှန်ပစ် လိုက်ပါ။

ပျော်ပျော်ရွှင်ရွှင်နဲ့ ယုံကြည်ချက် အပြည့်နဲ့ ရှင်သန်ပါ

သူ ထားခဲ့လို့ သင် ဝမ်းနည်းနေ ခဲ့ရင်တောင် အချိန်အကြာကြီး ဝမ်းမနည်းနေ ပါနဲ့။ ရေရှည် အတူရှိရင် ပိုပြီး အဆင်မပြေ ဖြစ်နိုင်တဲ့ သူတစ်ယောက် ထွက်သွားတာမို့ သင့်အတွက် ပိုလို့တောင် အဆင်ပြေနေသေး ပါတယ်။

လူတွေ မြင်လို့ သင်က ဝမ်းနည်းနေတဲ့ အရိပ်အယောင်တွေကို မဖုံးကွယ်နိုင်ဘူး မဖျောက်နိုင်ဘူးဆိုရင် သင့်ကို လူတွေက သင်နဲ့ မတန်တဲ့သူ တစ်ယောက် အတွက် အချိန်တွေ ဖြုန်းနေတယ် မြင်နိုင် ပါတယ်။

ဒါ့အပြင် သူ့ဘက် ကလည်း သင်က အခုထိ သူ့အပေါ် ခံစားချက် ရှိနေတယ်ထင်ပြီး သူ့ကိုယ်သူ ဘဝင်မြင့်နေနိုင် ပါတယ်။ ဒါကြောင့် ပျော်ပျော်ရွှင်ရွှင် နေပါ။ ယုံကြည်မှု ရှိတဲ့ သူတစ်ယောက် လိုပဲ ပြုမူပါ။ သူ ထားခဲ့လည်း သင့်အတွက် သိပ်မထူးခြားသွား ပါဘူး ဆိုတာကို ပြလိုက် ပါ။

အရေးကြီးဆုံး တစ်ခုက လမ်းခွဲပြီး သွားတဲ့ အခါ သင့်ဘက် ကနေ လုံးဝ အဆက်အသွယ် မပြုလုပ်ဖို့ပါပဲ။ အဲ့ဒါက သင့်အတွက် ပိုမို စိတ်အဆင်ပြေစေ တဲ့ နည်းဖြစ်နေရုံ သာမက သူ့အပေါ် သင့်ဘက်က အရမ်းတမ်းတမ်းစွဲ ဖြစ်နေတာ မဟုတ်ဘူး ဆိုတာကို သိစေမယ့် အချက်လည်း ဖြစ်ပါတယ်။

သင် မရှိလည်း အဆင်ပြေလား ဆိုတာကို သူ့ဘက်က စိတ်ပူနေစေ တာမျိုးကို ဖြစ်ပေါ်စေနိုင် ပါတယ်။ သင့်ရဲ့ အဆင်ပြေနေမှုက သူ ထားခဲ့တာ မှားသွားပြီလားလို့ တွေးစေတဲ့ အထိ နောင်တရ သွားစေ နိုင်ပါတယ်။

ပုံမှန်အတိုင်းနေပါ

သူနဲ့ လမ်းခွဲပြတ်စဲ သွားလို့ အသဲကွဲပြီး လူရုပ်သူရုပ် မပေါက်လောက် အောင် နေတာမျိုး မလုပ်လိုက်ပါနဲ့။ သင့်ကိုယ်သင် ချစ်သင့် ပါတယ်။ သင့်ကိုယ်သင် ဂရုတစိုက်နဲ့ ပြင်ပြင်ဆင်ဆင် နေသင့် ပါတယ်။

ဆံပင်ပုံစံ၊ ဖက်ရှင် စသဖြင့်ကို အရင်ကထက် ပိုပြီး လိုက်ဖက် နေအောင် နေလိုက်ပါ။ ဒါက ယောင်္ကျားလေးတွေ အတွက် ငါ ထားခဲ့မိတာ မှားများ မှားသွားစေလား ဆိုပြီး နောင်တရစေ တဲ့ အချက်မျိုးလည်း ဖြစ်စေ ပါတယ်။

ပုံတွေ တင်ပါ

သင် ဘာတွေလုပ်နေလဲ ဆိုတာကို သူ သိစေဖို့ အသုံးချဖို့ အကောင်းဆုံးနေရာ တစ်ခုကတော့ လူမှုကွန်ယက်စာမျက်နှာပဲ ဖြစ်ပါတယ်။ သင့်ရဲ့ အရင်ကထက် ပိုပြီး လှနေ ပျော်နေတာကို သူ မြင်ပါစေ။ သင့်ကို ကြည့်ပြီး သူ့အတွက် အံ့သြလောက်စရာ အတွေးတွေ ကိုတောင် တွေးမိစေ မှာပါ။

သူငယ်ချင်း မိတ်ဆွေတွေနဲ့ အချိန်ဖြုန်းပါ

သူ မရှိလည်း သင့်ဘဝကြီးကို ပျော်ပျော်နေလို့ ရပါတယ်။ သူရှိမှ သင့်ဘဝက ရှင်သန်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သူ မရှိလည်း သင် ပျော်ရွှင်နေ တယ်။ သူငယ်ချင်း မိတ်ဆွေနဲ့ လည်း အဆင်ပြေနေတယ်ဆိုတာကို သူ ပြန်သိရတဲ့အခါ သူ သင့်ကို ထားခဲ့ မိတာကို ပြန်နောင်တရနေ လောက်ပါတယ်။

ဘာကြောင့် သင်က အဆင်ပြေနေရက် နဲ့ ထားခဲ့မိတာ လဲလို့ သူ့ကိုယ်သူ တွေးမိစေတဲ့ အထိ သူ့ကို နောင်တရလောက်အောင် သင့်ကိုယ်သင် အများကြီး ဂရုစိုက်လိုက် သင့်ပါ တယ်နော်။

No Comments

Leave a Reply

Your email address will not be published.

အခ်စ္ေရး
ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ..

ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ.. သင့်ရဲ့ဘဝမှာ လုံးဝ မဆုံနိုင်တော့တဲ့ သူတစ်ယောက်၊ အမြဲ သတိရနေသူ တစ်ယောက် ကတော့ ရှိခဲ့ဖူးမှာပါ။ အခုရှိနေ ရင်လည်း ရှိနေမှာပေါ့။ သူက ကိုယ့်အနားလုံးဝမရှိတော့တာဖြစ်စေ၊ ဒီကမ္ဘာကြီးမှာ မရှိတော့ တာပဲဖြစ်ဖြစ် သူ့ကို သတိရတဲ့ အချိန် ရှိမှာပါပဲ။ အဲ့လိုအချိန်မှာ တမ်းတစိတ်ကြောင့် ရူးရူးမိုက်မိုက် မဖြစ်သွား ပါနဲ့။ သင်ခံစား နိုင်ပါတယ်။ နာကျင်နိုင်ပါတယ်။ သတိရ နိုင်ပါတယ်။ ဒါပေမဲ့ သတိရတဲ့ အချိန်တိုင်း အရင်ကထက် ပိုသက်သာစေ မယ့် နည်းလမ်းတွေကို ဖော်ပြပေးပါရစေ။ ၁။ ဒီလိုခံစားရတာ သင့်အမှား မဟုတ်ပါဘူး အချိန်က အရာရာကို ကုစား သွားမယ်လို့ …

အခ်စ္ေရး
မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ

မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ မိန်းကလေးတွေဟာ မွေးရာပါ မိခင်စိတ် ရှိသူတွေ ဖြစ်ကြ ပါတယ်။ စိတ်နှလုံးနူးညံ့တယ်၊ သနားလွယ်တယ်၊ အနစ်နာခံ တတ်တယ်။ ဒီလို မိန်းကလေးတွေဟာ ချစ်မိပြီ ဆိုရင် သူမတူအောင်ကို ချစ်နိုင်ကြပါတယ် …. ။ ချစ်သူအတွက် ချစ်သူ အဖြစ်သာမက မိခင်တစ်ယောက် နီးပါးကို ဂရုစိုက် နိုင်တဲ့၊ ချစ်နိုင်တဲ့ မိန်းကလေးတွေဆိုတာ ဒီအချက်တွေနဲ့ ကိုက်ညီနေ သူပါ။ ဒါကြောင့် သင့်ချစ်သူသာ ဒီလို မိန်းကလေးဖြစ်နေခဲ့ရင် သင်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူတစ်ယောက် ဖြစ်တယ် ဆိုတာ သိထား လိုက်ပါနော် ။ (1) အချိန်ပြည့်စိတ်ပူပေးတယ် မိခင်တစ်ယောက် နီးပါး …

အခ်စ္ေရး
အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက်

အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက် ချစ်သူချင်း အဆင်မပြေလို့ ကွဲကြ၊ ကွာကြတာဟာ ဓမ္မတာပါပဲ။ ဒါပေမဲ့ လမ်းခွဲပြတ်စဲခဲ့တဲ့ ချစ်သူတွေ အချိန်အတော်ကြာ အဆက်အသွယ်လည်း မလုပ်ကြဘဲ နောက်မှ ပြန်တွဲကြတဲ့အခါ နှစ်ယောက်ကြားက အချစ်ရေးမျာ ကောင်းကျိုးလေးတွေ ရှိလာတတ်ပါတယ်။ အဲဒါလေးတွေကတော့.. (၁) သံယောဇဉ်ပိုတိုးလာတယ် ဒါကတော့ ဒီလို ပြန်တွဲခဲ့ကြတဲ့ ချစ်သူတွေမှာ အဖြစ်အများဆုံးကိစ္စပါပဲ။ ဝေးပြီးတဲ့နောက် တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ စိတ်ခံစားချက်တွေ ပိုသေချာသွားတာကြောင့် သူနဲ့လည်းအတူပြန်ရှိရော သံယောဇဉ်တွေ အရင်ကထက်ပိုတိုးလာတာပါ။ (၂) ပိုရင့်ကျက်လာကြတယ် ပြဿနာဖြစ်တိုင်း အရင်လို ဒေါနဲ့မောနဲ့ ြဖေရှင်းမယ်၊ ဘာမဟုတ်တာလေးနဲ့ ပြတ်မယ်ပြောတယ်ဆိုတဲ့ အကျင့်တွေကြောင့် ဝေးသွားခဲ့ကြတဲ့အတွက် နောက်ပိုင်း ပြဿနာအကြီးကြီးကြုံလာရင်တောင် …