ထမင္​း​ေကြၽးနိိုင္​ရံ​ေလာက္​နဲ႔ “မိန္​းမ” တစ္​​ေယာက္​ကို လက္မထပ္ပါနဲ႔ - Amawpyay

ထမင္​း​ေကြၽးနိိုင္​ရံ​ေလာက္​နဲ႔ “မိန္​းမ” တစ္​​ေယာက္​ကို လက္မထပ္ပါနဲ႔

ထမင္​း​ေကြၽးနိိုင္​ရံ​ေလာက္​နဲ႔ “မိန္​းမ” တစ္​​ေယာက္​ကို လက္မထပ္ပါနဲ႔
Knowledge

ထမင္​း​ေကြၽးနိိုင္​ရံ​ေလာက္​နဲ႔ “မိန္​းမ” တစ္​​ေယာက္​ကို လက္မထပ္ပါနဲ႔

မိန္​းမတစ္​​ေယာက္​ကို ထမင္​း​ေကြၽးနိိုင္ ​ရံု​ေလာက္​နဲ႔ မယူနဲ႔ ထမင္​းက​ေတာ့ သူ႔မိဘလဲ ဝ​ေအာင္​​ေကြၽးနိုင္​တယ္​

ျမန္မာ့ အိမ္ေထာင္ေရးနဲ႕ အမ်ိဳးသမီးတို႕ခံစားခ်က္

ခ်မ္းခ်မ္းက သူ႔အိမ္ေထာင္ေရးနဲ႔ ပတ္သတ္ၿပီး ေျပာထားတဲ့ စာေလးတစ္ခု ဖတ္ရတယ္။ သူေျပာသြားတဲ့ထဲမွာ သူ႔ဘက္က ေပးဆပ္ႏိုင္သမွ် ေပးဆပ္ၿပီးၿပီ ဆိုတာ ပါတယ္။ ဘယ္လိုမွ မျဖစ္ႏိုင္ေတာ့ လို႔သာ ကြာရွင္းခဲ့ ရတယ္။

ခုေနာက္ တစ္ေယာက္က သူ႔ကို အရမ္းအေလး ထားတဲ့ ႏိုင္ငံျခားသား၊ သူက အိမ္ေထာင္ကြဲ ခဲ့ဖူးတာ သိေပမယ့္ သူ႔အရာရာကို လက္ခံႏိုင္တဲ့ သူမို႔လို႔ သူလည္း လက္ရွိမွာ တြဲေနတယ္ ဆိုတာေလး။

အဲ့ဒိမွာ ဘာသြားေတြ႕ ရလဲ ဆိုေတာ့ ေယာက္်ား ေနာက္မိန္းမ ယူတာ အျပစ္မတင္ဘဲ မိန္းကေလးတစ္ေယာက္က အိမ္ေထာင္ကဲြၿပီး ေနာက္တစ္ေယာက္ တြဲရင္ အျပစ္တင္ တတ္တဲ့ အလြန္ အင္မတန္မွ ယဥ္ေက်းပါ တယ္ ဆိုတဲ့ ျမန္မာလူမ်ိဳးေတြရဲ႕ အလြန္ စိတ္ပ်က္ဖြယ္ စိတ္ဓါတ္ အခ်ိဳ႕ကို ေတြ႕ရ တယ္။

မိန္းကေလးကို second sex သေဘာ ထားတာ ျမန္မာ၊ အိႏၵိယ၊ တ႐ုတ္ စတဲ့ႏိုင္ငံေတြမွာပဲ။ ဒါေတာင္ ျမန္မာ ႏွင့္ အိႏၵိယက ပိုဆိုးမယ္ထင္တယ္။ ျမန္မာေယာက္်ား အခ်ိဳ႕ဟာ ကိုယ္တိုင္က တာဝန္မယူႏိုင္ဘဲ မိန္းမလိုခ်င္တယ္။

တာဝန္ယူတယ္ ဆိုတာ လက္ထပ္ရံု၊ ေငြေၾကးေထာက္ပံ့ ေပးႏိုင္ရံုကို ေျပာတာ မဟုတ္ဘူးေနာ္။ ဒီမိန္းကေလးတစ္ေယာက္ရဲ႕ စိတ္ခံစားမႈကိုပါ နားလည္ႏိုင္ မႈကို ေျပာ တာပါ။

အဲ့ဒိေတာ့ မိန္းမယူၿပီး ပိုက္ဆံေပးရင္ ရၿပီ ထင္တာမွားတယ္။ မိန္းမတစ္ေယာက္ကို ထမင္းေကြ်းႏိုင္ရံုေလာက္နဲ႔ မယူနဲ႔။ ထမင္းက သူ႔မိဘလည္း သူ႔သမီး မငတ္ေအာင္ ေကြ်းထားႏိုင္တယ္။

ဒါေပမယ့္ မိန္းကေလးရဲ႕ အိပ္မက္ေတြေရာ ကိုယ့္ရဲ႕ အိပ္မက္ေတြကိုပါ အျပန္အလွန္ အေကာင္အထည္ေဖာ္ႏိုင္ေအာင္ ကူညီႏိုင္ၾကမယ္ ဆို ယူပါ ။ ဒါကမွ တာဝန္ယူႏိုင္မႈ အစစ္ပဲ။

အခ်ိဳ႕က ရွိေသး တယ္။ မင္း ငါနဲ႔ယူၿပီးရင္ ဘာအလုပ္မွ မလုပ္နဲ႔။ အိမ္မွာကေလးနဲ႔ ေအးေအးေဆးေဆးေနတဲ့။

အဲ့ဒါ တကယ့္ေထာင္ေခ်ာက္။ မိန္းမတိုင္းက ကေလးေမြးၿပီး ကေလးကို ျပဳစုေစာင့္ေရွာက္ႏိုင္မႈမွာ ေယာက္်ားေတြထက္ သာတာ မွန္ေပမယ့္ တစ္သက္လံုး သူ႔ကို အျပင္ေလာကနဲ႔ မဆက္ဆံ ခိုင္းရင္ သူက ၾကာတဲ့အခါ

အိမ္မွာေနရင္း ေလွာင္ခ်ိဳင့္ထဲက ငွက္လို ျဖစ္ၿပီး အၾကံတုံး ဉာဏ္တံုး ျဖစ္သြားလိမ့္မယ္။ ဘယ္မိန္းမ မဆို ေယာက္်ားရၿပီးသည့္ တိုင္ေအာင္ ကိုယ္စိတ္ဝင္ စားတာ တစ္ခုခုကို စြဲစြဲၿမဲၿမဲ လုပ္ႏိုင္ ခြင့္ေတာ့ ရွိရမယ္ေလ။

ဘာလို႔လည္းဆိုေတာ့ မိန္းမေတြမွာ အိမ္ကေနၿပီး သူဝါသနာ ပါရာ လုပ္ႏိုင္မွသာ သူ႔တန္ဖိုးကို သူမေမ့မွာ။ မဟုတ္ရင္ သူ႔ေယာက္်ားက တစ္ျခား တစ္ေယာက္ကို စိတ္ဝင္စားေန ခဲ့ရင္ သူတို႔မွာ ကိုယ့္တန္ဖိုးေတာင္ ဘာမွန္း မသိေလာက္ေအာင္ စိတ္ဓါတ္က် ရမယ္။

အဲ့ေတာ့ ေယာက်ာ္း တစ္ေယာက္က မိန္းမ တစ္ေယာက္ကို တကယ္ခ်စ္ရင္ အဲ့မိန္းမကို ကိုယ္ကလည္း respect ေပးရမယ္။ သူလုပ္ခ်င္ တာေလးေတြလဲ ေပးလုပ္ရမယ္။

ငါပိုက္ဆံရွာေကြ်းထားတာ မင္းက ငါေျပာတာပဲ နားေထာင္ ဆိုတာကို ဘယ္မိန္းမမွ ခ်စ္တာလို႔ ခံစားရမွာ မဟုတ္ဘူး။ အဲ့ဒါက သခင္ ႏွင့္ ကြ်န္ ဆက္ဆံေရး။

လင္နဲ႔မယား ဆိုတာ အျပန္အလွန္ ေဆြးေႏြးတိုင္ပင္ တစ္ေယာက္ေျပာတာ တစ္ေယာက္ေသခ်ာ နားေထာင္တဲ့ ဆက္ဆံေရးပါ။ ဒါေၾကာင့္ ဘယ္တစ္ေယာက္ကမွ ႏွိမ္သလို အေရးမပါသလို ဆက္ဆံလို႔ မရဘူး။

ေနာက္တစ္ခုက Healthy relationship ဆိုတာ တစ္ေယာက္အေၾကာင္း တစ္ေယာက္နားလည္ၿပီး ေမတၱာေတြ သည္းခံမႈေတြ နဲ႔ ေရွ႕ဆက္ ရတာပါ။ တစ္ေယာက္နဲ႔ တစ္ေယာက္ အေလ်ာ့အတင္းေလးေတြနဲ႔ ဆက္ဆံရတာမ်ိဳးပါ။

အၿမဲတမ္း တင္းလြန္းရင္လည္း ျပတ္တတ္သလို ေလ်ာ့လြန္းရင္လည္း အဆင္မေျပ ပါဘူး။ တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္မႈ ရွိသည့္တိုင္ ျပႆနာ ဆိုတာ အေျခအေန အရပ္ရပ္က ဝင္လာမွာမို႔လို႔ ဘယ္လို အေျခအေနေရာက္ေရာက္ တူတူရင္ဆိုင္မယ္ ဆိုတဲ့ ရဲေဘာ္ရဲဘက္ စိတ္လည္း လိုတယ္။

ေနာက္တစ္ခုက ေဘးစကားေတြပါ။ ေဘးစကား ဆိုတာ မွာလည္း ျမန္မာ မိသားစုေတြမွာ အေတာ္စပ္စုၿပီး စကားရႈပ္တဲ့ လူေတြ ပါဝင္ေနတတ္ ပါတယ္။

ကိုယ့္မိသားစု ကိစၥမဟုတ္ဘဲ ကိုယ္ဘာမွ မသိရဘဲ ဝင္ေယာင္၊ ဝင္ရႈပ္တာနဲ႔ ရန္ျဖစ္ စကားမ်ားရတဲ့ လင္၊မယားေတြ အမ်ားႀကီးပါ။ တကယ္ေတာ့ သူတို႔ဟာ ကူညီသလိုလိုနဲ႔ အဆင္းဘီး တပ္ေနတဲ့ ေဆြမ်ိဳးေတြပါပဲ။

ကြ်န္မေျပာတာ ျမန္မာမိသားစု အေတာ္မ်ားမ်ားရဲ႕ ျဖစ္ေနၾက ျပႆနာေတြ ပါ။ ဒီေတာ့ ေဘးစကားေၾကာင့္ ျပႆနာတက္ မယ္ဆို ကိုယ့္လူကိုယ္ အသိဆံု းပဲ။

အျပင္လူနဲ႔ ကိုယ့္လူဆို ကိုယ့္လူစကားပဲ ယံုရမွာပဲ။

ကိုယ့္လူနဲ႔ ကိုယ္ျပႆနာ တက္ရင္ ႏွစ္ေယာက္လံုး စိတ္ဆင္းရဲရတာ ေဘးလူက ေအးေဆး၊ အေနသာႀကီး။

ဒါေၾကာင့္ လင္မယား ျပႆနာ တက္ရင္ ကိုယ့္အခ်င္းခ်င္းၾကားမွာ ကိုယ့္ဘာသာပဲ ရေအာင္ရွင္းပါ။ တစ္ခ်ိဳ႕ကိစၥေတြက အျပင္လူပါမွ ရွင္းမရ ျဖစ္တတ္ တယ္။

ေနာက္ ေဘးပတ္ဝန္းက်င္ရဲ႕ ေျပာစကားဆိုတာ အင္မတန္မွ အိမ္ေထာင္ေရးကို ႐ိုက္ခတ္ ပါတယ္။ ျမန္မာ့လူေနမႈမွာ သူမ်ား အေၾကာင္းစပ္စု တာဟာ အေလ့တစ္ခုလို ျဖစ္ေနၿပီး သားပါ။

ကြ်န္မရဲ႕ ပုဂၢလအျမင္အရဆိုရင္ေတာ့ စပ္စုတာကို ေတာ္ေတာ္မုန္းတဲ့ထဲ ပါတယ္။ စပ္စုမယ္၊ စကားသယ္မယ္၊ ဒီစကားဟိုပို႔လုပ္မယ္၊

ဘာမွ မဟုတ္တာကို ပံုႀကီးခ်ဲ႕မယ္ ဒါေတြ အားလံုးဟာ မုသာဝါဒထဲမွာ အက်ံဳးဝင္ တယ္။ အတိအက်အေနနဲ႔ဆို သမၹပၸလာပ လို႔ေခၚတဲ့ ေသးႏုပ္ သိမ္ဖ်င္းတဲ့ အတင္းအဖ်င္း စကားထဲမွာ အက်ံဳးဝင္ တယ္။

ဒါကို ဘာလို႔ ဗုဒၶဘာသာ အမည္ခံၿပီး လုပ္ေနၾကလဲ ဆိုရင္ ဘုရားစကားကို နားမလည္လို႔ လို႔ပဲေျပာရမွာပဲ။

ကြ်န္မတို႔ ျမန္မာႏိုင္ငံက မိသားစု ေတာ္ေတာ္မ်ားမ်ား၊ လင္မယားၾကား မိတ္ေဆြေတြၾကား ျပႆနာတက္တာ ခုန သမၹပၸလာပကို ေပ်ာ္ေပ်ာ္ႀကီး က်ဴးလြန္ေနၾက လို႔။

သူမ်ားကို မသိဘဲ ကဲ့ရဲ႕တတ္တာလည္း ဝစီကံက်ဴးလြန္ တာပါပဲ ။ ကိုယ္တိုင္က မသိလို႔ သိတဲ့သူက ေျပာရင္လည္း “ဟုတ္လား ငါမွ မသိတာ… ငါထင္တာက” ဆိုတာနဲ႔ ထင္ေၾကးေပး တတ္ျခင္း ကလည္း မုသာဝါဒ ေျမာက္တယ္။

ဒီမုသာဝါဒ သာ ထိန္းႏိုင္ၾကည့္ crime လည္းေလ်ာ့သြားမယ္။ ျပႆနာေတာ္ေတာ္မ်ားမ်ားလည္း ေလ်ာ့သြားမယ္။ တစ္ခ်ိဳ႕ေတြေျပာတဲ့ white lie ဆိုတာရွိေသးတယ္။ ဗုဒၶအဘိဓမၼာမွာ white lie လည္းမရပါဘူး။

မုသာဝါဒက မုသာဝါဒပဲ။ မုသာဝါဒ မလံုတဲ့သူဟာ ဘာသီလမွ မလံုေတာ့ ပါဘူး။ အဲ့ဒါေၾကာင့္ ဘယ္ဆက္ဆံေရးမဆို ၾကာရွည္ တည္ၿမဲခ်င္ရင္ အဆံုးစြန္ဆံုး ႐ိုးသားဖို႔ လိုတယ္။ ႐ိုးသားတာကို မႀကိဳက္တဲ့သူက မ႐ိုးသားခ်င္ လို႔ပဲ။ ။

Credit

Unicode

ထမင်းကျွေးနိုင်ရံလောက်နဲ့ “မိန်းမ” တစ်ယောက်ကို လက်မထပ်ပါနဲ့

မိန်းမတစ်ယောက်ကို ထမင်းကျွေးနိုင် ရုံလောက်နဲ့ မယူနဲ့ ထမင်းကတော့ သူ့မိဘလဲ ဝအောင်ကျွေးနိုင်တယ်

မြန်မာ့ အိမ်ထောင်ရေးနဲ့ အမျိုးသမီးတို့ခံစားချက်

ချမ်းချမ်းက သူ့အိမ်ထောင်ရေးနဲ့ ပတ်သတ်ပြီး ပြောထားတဲ့ စာလေးတစ်ခု ဖတ်ရတယ်။ သူပြောသွားတဲ့ထဲမှာ သူ့ဘက်က ပေးဆပ်နိုင်သမျှ ပေးဆပ်ပြီးပြီ ဆိုတာ ပါတယ်။ ဘယ်လိုမှ မဖြစ်နိုင်တော့ လို့သာ ကွာရှင်းခဲ့ ရတယ်။

ခုနောက် တစ်ယောက်က သူ့ကို အရမ်းအလေး ထားတဲ့ နိုင်ငံခြားသား၊ သူက အိမ်ထောင်ကွဲ ခဲ့ဖူးတာ သိပေမယ့် သူ့အရာရာကို လက်ခံနိုင်တဲ့ သူမို့လို့ သူလည်း လက်ရှိမှာ တွဲနေတယ် ဆိုတာလေး။

အဲ့ဒိမှာ ဘာသွားတွေ့ ရလဲ ဆိုတော့ ယောက်ျား နောက်မိန်းမ ယူတာ အပြစ်မတင်ဘဲ မိန်းကလေးတစ်ယောက်က အိမ်ထောင်ကွဲပြီး နောက်တစ်ယောက် တွဲရင် အပြစ်တင် တတ်တဲ့ အလွန် အင်မတန်မှ ယဉ်ကျေးပါ တယ် ဆိုတဲ့ မြန်မာလူမျိုးတွေရဲ့ အလွန် စိတ်ပျက်ဖွယ် စိတ်ဓါတ် အချို့ကို တွေ့ရ တယ်။

မိန်းကလေးကို second sex သဘော ထားတာ မြန်မာ၊ အိန္ဒိယ၊ တရုတ် စတဲ့နိုင်ငံတွေမှာပဲ။ ဒါတောင် မြန်မာ နှင့် အိန္ဒိယက ပိုဆိုးမယ်ထင်တယ်။ မြန်မာယောက်ျား အချို့ဟာ ကိုယ်တိုင်က တာဝန်မယူနိုင်ဘဲ မိန်းမလိုချင်တယ်။

တာဝန်ယူတယ် ဆိုတာ လက်ထပ်ရုံ၊ ငွေကြေးထောက်ပံ့ ပေးနိုင်ရုံကို ပြောတာ မဟုတ်ဘူးနော်။ ဒီမိန်းကလေးတစ်ယောက်ရဲ့ စိတ်ခံစားမှုကိုပါ နားလည်နိုင် မှုကို ပြော တာပါ။

အဲ့ဒိတော့ မိန်းမယူပြီး ပိုက်ဆံပေးရင် ရပြီ ထင်တာမှားတယ်။ မိန်းမတစ်ယောက်ကို ထမင်းကျွေးနိုင်ရုံလောက်နဲ့ မယူနဲ့။ ထမင်းက သူ့မိဘလည်း သူ့သမီး မငတ်အောင် ကျွေးထားနိုင်တယ်။

ဒါပေမယ့် မိန်းကလေးရဲ့ အိပ်မက်တွေရော ကိုယ့်ရဲ့ အိပ်မက်တွေကိုပါ အပြန်အလှန် အကောင်အထည်ဖော်နိုင်အောင် ကူညီနိုင်ကြမယ် ဆို ယူပါ ။ ဒါကမှ တာဝန်ယူနိုင်မှု အစစ်ပဲ။

အချို့က ရှိသေး တယ်။ မင်း ငါနဲ့ယူပြီးရင် ဘာအလုပ်မှ မလုပ်နဲ့။ အိမ်မှာကလေးနဲ့ အေးအေးဆေးဆေးနေတဲ့။

အဲ့ဒါ တကယ့်ထောင်ချောက်။ မိန်းမတိုင်းက ကလေးမွေးပြီး ကလေးကို ပြုစုစောင့်ရှောက်နိုင်မှုမှာ ယောက်ျားတွေထက် သာတာ မှန်ပေမယ့် တစ်သက်လုံး သူ့ကို အပြင်လောကနဲ့ မဆက်ဆံ ခိုင်းရင် သူက ကြာတဲ့အခါ

အိမ်မှာနေရင်း လှောင်ချိုင့်ထဲက ငှက်လို ဖြစ်ပြီး အကြံတုံး ဉာဏ်တုံး ဖြစ်သွားလိမ့်မယ်။ ဘယ်မိန်းမ မဆို ယောက်ျားရပြီးသည့် တိုင်အောင် ကိုယ်စိတ်ဝင် စားတာ တစ်ခုခုကို စွဲစွဲမြဲမြဲ လုပ်နိုင် ခွင့်တော့ ရှိရမယ်လေ။

ဘာလို့လည်းဆိုတော့ မိန်းမတွေမှာ အိမ်ကနေပြီး သူဝါသနာ ပါရာ လုပ်နိုင်မှသာ သူ့တန်ဖိုးကို သူမမေ့မှာ။ မဟုတ်ရင် သူ့ယောက်ျားက တစ်ခြား တစ်ယောက်ကို စိတ်ဝင်စားနေ ခဲ့ရင် သူတို့မှာ ကိုယ့်တန်ဖိုးတောင် ဘာမှန်း မသိလောက်အောင် စိတ်ဓါတ်ကျ ရမယ်။

အဲ့တော့ ယောကျာ်း တစ်ယောက်က မိန်းမ တစ်ယောက်ကို တကယ်ချစ်ရင် အဲ့မိန်းမကို ကိုယ်ကလည်း respect ပေးရမယ်။ သူလုပ်ချင် တာလေးတွေလဲ ပေးလုပ်ရမယ်။

ငါပိုက်ဆံရှာကျွေးထားတာ မင်းက ငါပြောတာပဲ နားထောင် ဆိုတာကို ဘယ်မိန်းမမှ ချစ်တာလို့ ခံစားရမှာ မဟုတ်ဘူး။ အဲ့ဒါက သခင် နှင့် ကျွန် ဆက်ဆံရေး။

လင်နဲ့မယား ဆိုတာ အပြန်အလှန် ဆွေးနွေးတိုင်ပင် တစ်ယောက်ပြောတာ တစ်ယောက်သေချာ နားထောင်တဲ့ ဆက်ဆံရေးပါ။ ဒါကြောင့် ဘယ်တစ်ယောက်ကမှ နှိမ်သလို အရေးမပါသလို ဆက်ဆံလို့ မရဘူး။

နောက်တစ်ခုက Healthy relationship ဆိုတာ တစ်ယောက်အကြောင်း တစ်ယောက်နားလည်ပြီး မေတ္တာတွေ သည်းခံမှုတွေ နဲ့ ရှေ့ဆက် ရတာပါ။ တစ်ယောက်နဲ့ တစ်ယောက် အလျော့အတင်းလေးတွေနဲ့ ဆက်ဆံရတာမျိုးပါ။

အမြဲတမ်း တင်းလွန်းရင်လည်း ပြတ်တတ်သလို လျော့လွန်းရင်လည်း အဆင်မပြေ ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ရှိသည့်တိုင် ပြဿနာ ဆိုတာ အခြေအနေ အရပ်ရပ်က ဝင်လာမှာမို့လို့ ဘယ်လို အခြေအနေရောက်ရောက် တူတူရင်ဆိုင်မယ် ဆိုတဲ့ ရဲဘော်ရဲဘက် စိတ်လည်း လိုတယ်။

နောက်တစ်ခုက ဘေးစကားတွေပါ။ ဘေးစကား ဆိုတာ မှာလည်း မြန်မာ မိသားစုတွေမှာ အတော်စပ်စုပြီး စကားရှုပ်တဲ့ လူတွေ ပါဝင်နေတတ် ပါတယ်။

ကိုယ့်မိသားစု ကိစ္စမဟုတ်ဘဲ ကိုယ်ဘာမှ မသိရဘဲ ဝင်ယောင်၊ ဝင်ရှုပ်တာနဲ့ ရန်ဖြစ် စကားများရတဲ့ လင်၊မယားတွေ အများကြီးပါ။ တကယ်တော့ သူတို့ဟာ ကူညီသလိုလိုနဲ့ အဆင်းဘီး တပ်နေတဲ့ ဆွေမျိုးတွေပါပဲ။

ကျွန်မပြောတာ မြန်မာမိသားစု အတော်များများရဲ့ ဖြစ်နေကြ ပြဿနာတွေ ပါ။ ဒီတော့ ဘေးစကားကြောင့် ပြဿနာတက် မယ်ဆို ကိုယ့်လူကိုယ် အသိဆုံ းပဲ။

အပြင်လူနဲ့ ကိုယ့်လူဆို ကိုယ့်လူစကားပဲ ယုံရမှာပဲ။ ကိုယ့်လူနဲ့ ကိုယ်ပြဿနာ တက်ရင် နှစ်ယောက်လုံး စိတ်ဆင်းရဲရတာ ဘေးလူက အေးဆေး၊ အနေသာကြီး။

ဒါကြောင့် လင်မယား ပြဿနာ တက်ရင် ကိုယ့်အချင်းချင်းကြားမှာ ကိုယ့်ဘာသာပဲ ရအောင်ရှင်းပါ။ တစ်ချို့ကိစ္စတွေက အပြင်လူပါမှ ရှင်းမရ ဖြစ်တတ် တယ်။

နောက် ဘေးပတ်ဝန်းကျင်ရဲ့ ပြောစကားဆိုတာ အင်မတန်မှ အိမ်ထောင်ရေးကို ရိုက်ခတ် ပါတယ်။ မြန်မာ့လူနေမှုမှာ သူများ အကြောင်းစပ်စု တာဟာ အလေ့တစ်ခုလို ဖြစ်နေပြီး သားပါ။

ကျွန်မရဲ့ ပုဂ္ဂလအမြင်အရဆိုရင်တော့ စပ်စုတာကို တော်တော်မုန်းတဲ့ထဲ ပါတယ်။

စပ်စုမယ်၊ စကားသယ်မယ်၊ ဒီစကားဟိုပို့လုပ်မယ်၊

ဘာမှ မဟုတ်တာကို ပုံကြီးချဲ့မယ် ဒါတွေ အားလုံးဟာ မုသာဝါဒထဲမှာ အကျုံးဝင် တယ်။ အတိအကျအနေနဲ့ဆို သမ္ဖပ္ပလာပ လို့ခေါ်တဲ့ သေးနုပ် သိမ်ဖျင်းတဲ့ အတင်းအဖျင်း စကားထဲမှာ အကျုံးဝင် တယ်။

ဒါကို ဘာလို့ ဗုဒ္ဓဘာသာ အမည်ခံပြီး လုပ်နေကြလဲ ဆိုရင် ဘုရားစကားကို နားမလည်လို့ လို့ပဲပြောရမှာပဲ။

ကျွန်မတို့ မြန်မာနိုင်ငံက မိသားစု တော်တော်များများ၊ လင်မယားကြား မိတ်ဆွေတွေကြား ပြဿနာတက်တာ ခုန သမ္ဖပ္ပလာပကို ပျော်ပျော်ကြီး ကျူးလွန်နေကြ လို့။

သူများကို မသိဘဲ ကဲ့ရဲ့တတ်တာလည်း ဝစီကံကျူးလွန် တာပါပဲ ။ ကိုယ်တိုင်က မသိလို့ သိတဲ့သူက ပြောရင်လည်း “ဟုတ်လား ငါမှ မသိတာ… ငါထင်တာက” ဆိုတာနဲ့ ထင်ကြေးပေး တတ်ခြင်း ကလည်း မုသာဝါဒ မြောက်တယ်။

ဒီမုသာဝါဒ သာ ထိန်းနိုင်ကြည့် crime လည်းလျော့သွားမယ်။ ပြဿနာတော်တော်များများလည်း လျော့သွားမယ်။ တစ်ချို့တွေပြောတဲ့ white lie ဆိုတာရှိသေးတယ်။ ဗုဒ္ဓအဘိဓမ္မာမှာ white lie လည်းမရပါဘူး။

မုသာဝါဒက မုသာဝါဒပဲ။ မုသာဝါဒ မလုံတဲ့သူဟာ ဘာသီလမှ မလုံတော့ ပါဘူး။ အဲ့ဒါကြောင့် ဘယ်ဆက်ဆံရေးမဆို ကြာရှည် တည်မြဲချင်ရင် အဆုံးစွန်ဆုံး ရိုးသားဖို့ လိုတယ်။ ရိုးသားတာကို မကြိုက်တဲ့သူက မရိုးသားချင် လို့ပဲ။ ။

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …