၁။ စိတ်ရှည်ပါ
၅။ စိတ်ပိုင်းဆိုင်ရာ
၆။ သူရယ်မောအောင်လုပ်ပါ
May Olive
Unicode
Good Boyfriend တစ်ယောက်ဖြစ်ဖို့ မဖြစ်မနေလိုက်နာရမယ့် အချက် (၇) ချက်
ဒီအချိန်ထိ တစ်ကိုယ်တည်း သမားဖြစ်တုန်း ပဲလား။ ရည်းစားတွေ တွဲခဲ့ပေမယ့် အချိန်အကြာကြီး မတွဲဖြစ်ခဲ့ ဘူးလား။
ယောကျာ်းလေး တစ်ယောက်ဖြစ်တဲ့ သင့်အနေနဲ့ လိုအပ်ချက်တွေ ရှိနေနိုင် သလို သင့်ကောင်မလေး ဘက်ကလည်း အမှားတွေ ရှိနေခဲ့လို့ ဖြစ်နိုင် ပါတယ်။ အချစ်ရေးတစ်ခုမှာ နှစ်ဦးနှစ်ဖက်က မျှမျှတတဖြစ်နေမှ လက်တွဲမြဲ မှာပါ။
မိန်းကလေးတွေ အနေနဲ့ ကိုယ့်ကောင်လေးကို Good Boyfriend ဖြစ်စေချင် လို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် ယောကျာ်းလေးတွေ အနေနဲ့ Good Boyfriend ဖြစ်ချင်တဲ့ နည်းလမ်းတွေကို သိချင်တယ် ဆိုရင်တော့ အောက်က နည်းလမ်းတွေ ကို ကြည့်လိုက် ပါနော်-
၁။ စိတ်ရှည်ပါ
အတိတ်က အချစ်ရေးတွေကို ပြန်စဉ်းစား ကြည့်ပါ။ သင့်ဘက်က စိတ်မရှည်ခဲ့ လို့လား။ ရည်းစားထားတယ်ဆိုရင် ကိုယ့်ကောင်မလေး အတွက် စိတ်ရှည်ဖို့တော့ လိုပါ တယ်။
၂။ သင်က သူ့ကို စိတ်ဝင်စားကြောင်းပြပါ
သူဘာတွေ လုပ်နေလဲ။ သူ့အကြောင်းတွေ ကို စုံစမ်းပါ။ သင်သိချင်တဲ့ အကြောင်းကို လည်း သူသဘောပေါက်အောင် ပြပါ။
၃။ သူ့အကြောင်းမှတ်ထားပါ
မိန်းကလေးတွေက သူတို့အကြောင်းကို မှတ်ထားတဲ့ ကောင်လေးတွေကို သဘောကျ တတ်ပါ တယ်။ သင်ချစ်တဲ့ မိန်းကလေးရဲ့ အသေးစိပ် တိုင်းကို မှတ်ထားပ ါ။
၄။ သူ့လိုအပ်ချက်တွေကို ရှေ့တန်းတင်ပါ
သင့်ကောင်မလေးရဲ့ လိုအပ်ချက်တွေ ဆန္ဒတွေကို ရှေ့တန်း တင်ပေးပါ။ မိန်းကလေးတွေကတော့ သူတို့ကို ဦးစားပေး တယ်ဆိုရင် သဘောမကျ ဘဲ မနေ ပါဘူး။
၅။ စိတ်ပိုင်းဆိုင်ရာ
သူစိတ်ညစ်တဲ့ အချိန်တိုင်း သင်ရှိတယ် ဆိုတာကို ပြသပေးပ ါ။ စိတ်ပိုင်း ဆိုင်ရာ အရ သင်က သူ့အတွက် အားထားရာ လူဖြစ် နိုင်ကြောင်း သက်သေပြပေး ပါ။
၆။ သူရယ်မောအောင်လုပ်ပါ
ဟာသတွေပြောပါ။ သင့်ကောင်မလေးက သင်နဲ့ ရှိတဲ့ အချိန်တိုင်း အမြဲပြုံးနေ ပါစေ။ ရယ်နေ ပါစေ။
၇။ ပွင့်ပွင့်လင်းလင်းပြောပါ
သူ့ဆီမှာ ရှိတဲ့ သင်မကြိုက်တဲ့ အချက်တွေကို ပွင့်ပွင့်လင်းလင် းပြောပါ။ သူ့ကို ချစ်တယ် ဆိုရုံနဲ့ သူလုပ်သမျှ အကောင်းချည်းပဲ တွေးထား လို့ မရ ပါဘူး။ ပွင့်ပွင့်လင်းလင်း ရှိပါစေ။
May Olive
No Comments