
ကိုယ္ခ်စ္တဲ့သူေတြအတြက္ အမွတ္တရျဖစ္ေအာင္ လက္ေဆာင္ေပးနည္းေလးေတြ
ကို္ယ္ခ်စ္ရ ခင္ရသူေတြ မိသားစုဝင္ေတြနဲ႕သူငယ္ခ်င္းေတြ အတြက္ အမွတ္တရ လက္ေဆာင္ေပးခ်င္ေပမယ့္ သူတို႕ကိုေပ်ာ္ရႊင္ေစမယ့္ လက္ေဆာင္၊ တကယ့္ အမွတ္တရ ျဖစ္သြားေစမယ့္ လက္ေဆာင္၊
အသံုးလည္းဝင္ ခ်စ္ဖို႕လည္းေကာင္းတဲ့ လက္ေဆာင္ မ်ိဳးျဖစ္ေအာင္ ဘယ္လို လက္ေဆာင္ မ်ိဳးေပးရမလဲ ဆိုျပီး ေခါင္းစားဖူး ပါသလား။
လက္ေဆာင္ေပး ရာမွာ ကိုယ့္ဘက္က ဘယ္ေလာက္ပဲေငြ အကုန္အက် ခံျပီးျပင္ဆင္ ထားေပမယ့္ လက္ခံရတဲ့ သူက မၾကိုက္ဘူး ဆိုရင္ အလကား ပဲေလ။ ဒီေတာ့ တစ္ေယာက္ေယာက္ကို လက္ေဆာင္ေပးမယ္ ဆိုရင္ ဒီလိုေလး စဉ္းစားျပီးေပး လိုက္ပါ။
(၁) သူ႕အၾကိဳက္ကိုလိုက္ျပီးေပးပါ
လူတိုင္းမွာ မတူညီတဲ့ အၾကိဳက္ေလးေတြ ကိုယ္စီ ရွိၾက ပါတယ္။ သင္လက္ေဆာင္ေပးမယ့္ သူက အစားအေသာက္ ၾကိဳက္တဲ့ သူဆို အစားအေသာက္နဲ႕ ပတ္သက္ တာေလးေတြ ေပးပါ။
ပန္းၾကိဳက္တဲ့သူဆိုရင္ ပန္းစည္း၊ အလွအပၾကိဳက္သူ ဆိုရင္ အလွကုန္ ပစၥည္း၊ skincare ေတြနဲ႕ အဝတ္အစားေတြ၊ ေကာ္ဖီၾကိဳက္တဲ့ သူအတြက္ ေကာ္ဖီခြက္ေလးေတြ စသျဖင့္ သူတို႕အၾကိဳက္ကို လိုက္ျပီးေပးနိုင္ပါတယ္။
(၂) သူူ႕ဝါသနာနဲ႕လိုက္ဖက္တာေလးေတြေပးပါ
အားကစား ဝါသနာပါ သူကို အားကစား ပစၥည္း၊ အနုပညာ ဝါသနာပါ သူကို အနုပညာနဲ႕ပတ္သက္တဲ့အရာေတြေပး နိုင္ပါ တယ္။ အပင္စိုက္ ဝါသနာပါ တဲ့သူကို အပင္ေလးေတြနဲ႕ အပင္စိုက္ရာမွာ သံုးတဲ့ ပစၥည္းေလးေတြ လက္ေဆာင္ေပး လိုက္ပါ။
(၃) အလုပ္အကိုင္နဲ႕လိုက္ဖက္တာေပးပါ
တခ်ို႕က်ေတာ့ အလုပ္နဲ႕ပတ္သက္တာေတြကို လက္ေဆာင္ေပးရင္ မၾကိဳက္ၾကေလာက္ဘူးလို႕ ထင္ၾကပါတယ္။ တကယ္ေတာ့ အဲ့လိုမဟုတ္ပါဘူး။ အလုပ္မွာ အသံုးဝင္တဲ့ အဝတ္အစား၊ အသံုးအေဆာင္နဲ႕ electronic device ေတြအပါအဝင္
အလုပ္သြားတဲ့ အခ ါေဆာင္းသြားဖို႕ ထီးေလး တစ္လက္က အစ လက္ေဆာင္ေပးလုိ႕ေကာင္းပါ တယ္။ ဒီလက္ေဆာင္ေလးေတြက ခ်စ္စရာ လည္းေကာင္း ပါတယ္။
(၄) သူအနားယူတဲ့ပံုစံကိုလိုက္ျပီးေပးပါ
ေအးေအးေဆးေဆးေန ရတာၾကိဳက္တဲ့ သူအတြက္ အိမ္ထဲမွာသံုးလို႕ရတဲ့ ထိုင္ခံု၊စားပြဲေလးေတြ၊ အိပ္ရတာၾကိုက္တဲ့ သူေတြ အတြက္ အိပ္ရာခင္း၊ေခါင္းအံုးအလွေလးေတြ ေပးနိုင္ ပါတယ္။
ရုပ္ရွင္ၾကည့္ရတာ ၾကိုက္တဲ့သူ အတြက္ ရုပ္ရွင္ လက္မွတ္၊ ဇာတ္ကား အေခြေတြ၊ ရိႈးပြဲၾကိုက္သူေတြ အတြက္ ရိႈးပြဲလက္မွတ္ေလးေတြ စသျဖင့္ ေပးနိုင္ ပါတယ္။
RAY
Unicode
ကိုယ်ချစ်တဲ့သူတွေအတွက် အမှတ်တရဖြစ်အောင် လက်ဆောင်ပေးနည်းလေးတွေ
ကိုယ်ချစ်ရ ခင်ရသူတွေ မိသားစုဝင်တွေနဲ့သူငယ်ချင်းတွေ အတွက် အမှတ်တရ လက်ဆောင်ပေးချင်ပေမယ့် သူတို့ကိုပျော်ရွှင်စေမယ့် လက်ဆောင်၊ တကယ့် အမှတ်တရ ဖြစ်သွားစေမယ့် လက်ဆောင်၊
အသုံးလည်းဝင် ချစ်ဖို့လည်းကောင်းတဲ့ လက်ဆောင် မျိုးဖြစ်အောင် ဘယ်လို လက်ဆောင် မျိုးပေးရမလဲ ဆိုပြီး ခေါင်းစားဖူး ပါသလား။
လက်ဆောင်ပေး ရာမှာ ကိုယ့်ဘက်က ဘယ်လောက်ပဲငွေ အကုန်အကျ ခံပြီးပြင်ဆင် ထားပေမယ့် လက်ခံရတဲ့ သူက မကြိုက်ဘူး ဆိုရင် အလကား ပဲလေ။ ဒီတော့ တစ်ယောက်ယောက်ကို လက်ဆောင်ပေးမယ် ဆိုရင် ဒီလိုလေး စဉ်းစားပြီးပေး လိုက်ပါ။
(၁) သူ့အကြိုက်ကိုလိုက်ပြီးပေးပါ
လူတိုင်းမှာ မတူညီတဲ့ အကြိုက်လေးတွေ ကိုယ်စီ ရှိကြ ပါတယ်။ သင်လက်ဆောင်ပေးမယ့် သူက အစားအသောက် ကြိုက်တဲ့ သူဆို အစားအသောက်နဲ့ ပတ်သက် တာလေးတွေ ပေးပါ။
ပန်းကြိုက်တဲ့သူဆိုရင် ပန်းစည်း၊ အလှအပကြိုက်သူ ဆိုရင် အလှကုန် ပစ္စည်း၊ skincare တွေနဲ့ အဝတ်အစားတွေ၊ ကော်ဖီကြိုက်တဲ့ သူအတွက် ကော်ဖီခွက်လေးတွေ စသဖြင့် သူတို့အကြိုက်ကို လိုက်ပြီးပေးနိုင်ပါတယ်။
(၂) သူူ့ဝါသနာနဲ့လိုက်ဖက်တာလေးတွေပေးပါ
အားကစား ဝါသနာပါ သူကို အားကစား ပစ္စည်း၊ အနုပညာ ဝါသနာပါ သူကို အနုပညာနဲ့ပတ်သက်တဲ့အရာတွေပေး နိုင်ပါ တယ်။ အပင်စိုက် ဝါသနာပါ တဲ့သူကို အပင်လေးတွေနဲ့ အပင်စိုက်ရာမှာ သုံးတဲ့ ပစ္စည်းလေးတွေ လက်ဆောင်ပေး လိုက်ပါ။
(၃) အလုပ်အကိုင်နဲ့လိုက်ဖက်တာပေးပါ
တချို့ကျတော့ အလုပ်နဲ့ပတ်သက်တာတွေကို လက်ဆောင်ပေးရင် မကြိုက်ကြလောက်ဘူးလို့ ထင်ကြပါတယ်။ တကယ်တော့ အဲ့လိုမဟုတ်ပါဘူး။ အလုပ်မှာ အသုံးဝင်တဲ့ အဝတ်အစား၊ အသုံးအဆောင်နဲ့ electronic device တွေအပါအဝင်
အလုပ်သွားတဲ့ အခ ါဆောင်းသွားဖို့ ထီးလေး တစ်လက်က အစ လက်ဆောင်ပေးလို့ကောင်းပါ တယ်။ ဒီလက်ဆောင်လေးတွေက ချစ်စရာ လည်းကောင်း ပါတယ်။
(၄) သူအနားယူတဲ့ပုံစံကိုလိုက်ပြီးပေးပါ
အေးအေးဆေးဆေးနေ ရတာကြိုက်တဲ့ သူအတွက် အိမ်ထဲမှာသုံးလို့ရတဲ့ ထိုင်ခုံ၊စားပွဲလေးတွေ၊ အိပ်ရတာကြိုက်တဲ့ သူတွေ အတွက် အိပ်ရာခင်း၊ခေါင်းအုံးအလှလေးတွေ ပေးနိုင် ပါတယ်။
ရုပ်ရှင်ကြည့်ရတာ ကြိုက်တဲ့သူ အတွက် ရုပ်ရှင် လက်မှတ်၊ ဇာတ်ကား အခွေတွေ၊ ရှိုးပွဲကြိုက်သူတွေ အတွက် ရှိုးပွဲလက်မှတ်လေးတွေ စသဖြင့် ပေးနိုင် ပါတယ်။
RAY
No Comments