
ယူနီကုတ်
မိန်းမက လင်ယောက်ျားရဲ့ ဘယ်ဘက်မှာအိပ်ရတာဘာကြောင့်လဲ
မိန်းမက လင်ယောက်ျားရဲ့ ညာ ဘက်မှာ အိပ်ရင် ယောက်ျားက ဘုန်းကံနိမ့်ပြီး အိမ်ထောင်ရေးမှာ စီးပွားရေးလာဒ်ပိတ်စေ တယ်ဆိုတာ တကယ်လား???
လင်ရယ် မယားရယ် ဖြစ်လာပြီဆို တစ်အိပ်ယာတည်း အတူအိပ် ကြရ ပါတယ်
မိန်းမသားတွေဟာ လင်ယော က်ျားရဲ့ ဘယ်ဘက် အခြမ်းမှာ သာ အိပ်ခွင့် ရှိပါတယ်
ဒါပေမယ့် ဘာဖြစ်လို့ မိန်းမသားတွေဟာ လင်ယောက်ျားရဲ့ ဘယ်ဘက် အခြမ်းမှာပဲအိပ်ခွင့် ရှိတာလဲ ဘာကြောင့်လဲ?
အမှန်ဆို အိပ်ချင်တဲ့ ဘက်အိပ်မှာပေါ့နော်…တချို့ဆို အိပ်ယာဘေးဘက် နံရံ ထောင့်ဘက် အခြမ်းကို မိန်းမသားတွေ ပိုမိုကြိုက်နှစ် သက်လေ့ ရှိပါတယ်။
ဘေးမှာက နံရံ အတားအဆီး တစ်ခု ဖြစ်သလို ဒီဘက် ဘေးမှကြ အားကိုး အားထားပြု ရတဲ့ လင်ယောက်ျား အဲတော့ မှ သူတို့က မိမိကိုယ်ကို လုံခြုံမှု အပြည့်နဲ့ စိတ်ချလက်ချ အိပ်စက် နိုင်ကြ တာပါ
မိန်းမက ယောက်ျားရဲ့ ညာဘက်မှာ အိပ်လို့ ယောက်ျားတို့ ဘုန်း လက်ရုံးဆိုပြီး ဘုန်းကံနိမ့်တယ် ဆိုတာက စိတ်နဲ့သာ ဆိုင်ပါတယ် ဘုန်းမနိမ့်ဘူး မဟုတ်ပါဘူး
ကိုယ်က ဘုန်းနိမ့်တယ် “ထင်” ရင် နိမ့်ပါတယ် မနိမ့်ဘူး “ထင်” ရင် မနိမ့်ပါဘူး။နည်းနည်းများ ရှုပ်သွားသလား မသိဘူး။ တော်တော်လဲ ရှုပ်သွား မယ် ထင်ပါတယ်
ဟုတ်ပါတယ် အဲဒီ “ထင်” ဆိုတဲ့ ဥပါဒါန်ကြောင့် သာ နိမ့် တာပါ
ဥပါဒါန် ကြောင့် ဘေးဥပါဒ် ရောက်တတ် ပါတယ်။ ကိုယ့်စိတ်က နိမ့်တယ် ထင်ရင် အဲဒီ စိတ်က ထင်လိုက်တာနဲ့ အကောင်းဘက် ကို အတွေး မရှိတော့ ပါဘူး။
မဟုတ်တဲ့ ခံစားချက်တွေနဲ့ စိတ်အလိုမကျ ဖြစ်စေပြီး လူကို ထိခိုက်စေ တာပါ။
အဲ့ဒါဟာ စိတ်ပိုင်းဆိုင်ရာ အရည်အသွေး ကျဆင်းခြင်း စိတ်ပိုင်း ဆိုင်ရာ ဘုန်းနိမ့်ခြင်းပါပဲ
လူကို သတ်လို့မသေတောင် စိတ်ကို သတ်လို့သေ မှတော့ လူလဲ မခံနိုင် ပါဘူး။
မိန်းမသားတွေဟာ ဘာဖြစ်လို့ ဘယ်ဘက်မှာပဲ အိမ်ခွင့်ရလဲ ဆိုတာ အဖြေက အရမ်းကို နူးညံ့ကြင်နာကြည်နူးဖို့ ကောင်းပါ တယ်။
မိန်းမသားတွေ လဲ သိသွားပြီး နောက်ဆို ကိုယ့်လင်ယောက်ျားနဲ့ အိပ်ရင် ဘယ်ဘက်မှာသာ အိပ်ချင်ကြပီး ရင်ခွင်ထဲ တိုးချင်နေ ကြမှာပါ။
တကယ်တော့ ဘယ်ဘက်မှာ အိပ်ရတယ် ဆိုတာ ချစ်ခြင်းတရားကို ကိုယ်စားပြု ပါတယ်။
ရင်ခုန်သံတွေ စတင်ဖြစ်တည်ရာ နှလုံးသားနဲ့ အနီးကပ် ဆုံးနေရာ မှာသာ မိမိချစ်ခင် စုံမက်ရတဲ့ မိန်း မသားကို ထားချင်တဲ့ အတွက် ဘယ်ဘက်မှာ ထား ရင်ခွင်ထဲ ထည့် အိပ်စေခြင်းဖြစ် ပါတယ်။
မိန်းမသားတို့ အနေဖြင့် လည်း ကိုယ်ချစ်ရသူရဲ့ ရင်ခုန်သံ စည်းချက် ကလေးတွေကို နားဆင်ရင်း နွေးထွေးတဲ့ ရင်ခွင်ထဲမှာ အိပ် စက်ရတာဟာ လောက နိဗ္ဗာန်စည်းစိမ်ကို ခံစားနေ ရမှာ အမှန်ပဲ ဖြစ်ပါတယ်။
နတ်ပြည်နိဗ္ဗာန်စည်းစိမ် ဆိုတာဟာလဲ လူ့ဘဝမှာတင် ရရှိနိုင်ပါတယ်ကိုယ်က ယူတတ်ဖို့ပဲ လိုတာပါ ယူတတ်ရင် ရပါတယ်။
ဘဝအမောတွေ ဖြေဖျောက် တမှေးလောက် တော့ ကိုယ်ချစ်ရသူရဲ့ အသည်းတစ်ခြမ်း ကိုယ်စားပြု ရင်ခွင်ထဲ အိပ်စက် နားခိုရင်းနောင် အနာဂတ် လမ်းခရီး အတွက် အား မွေးပြီး နှစ်ဦးသား အိပ်ရေးဝလိုက်ကြရအောင်
လေးစားစွာဖြင့် ခရစ်ဒက်
No Comments