written by PP
Unicode
ကိုယ့်ကိုစိတ်ဆင်းရဲစေလို့လမ်းခွဲလိုက်တဲ့ သူကို ခွင့်လွှတ်ပြီး ပြန်တွဲဖို့မစဉ်းစားပါနဲ့…
ကိုယ့်ကို စိတ်ဒုက ္ခအမျိုးမျိုးပေး ခဲ့လို့ ကိုယ်ကိုယ်တိုင် လက်တွဲဖြုတ် ခဲ့တဲ့ သူကို ပြန်လက်ခံဖို့စဉ်းစားမိတဲ့ အခိုက်အတန့်ဆိုတာ လူတော်တော် များများမှာ ရှိနိုင် ပါတယ်။ ကိုယ်တိုင်က သူ့ကြောင့်ဖြစ်တဲ့ စိတ်ဒုက္ခတွေ၊ စိတ်ဆင်းရဲစရာတွေ၊ စိတ်ကျဉ်းကျပ်မှုတွေ ကို မခံစား နိုင်တော့လို့ လမ်းခွဲခဲ့ တာပါ..။
ဒါပေမယ့် တစ်ယောက်တည်း နေရတာ အရမ်းအထီးကျန်လာတဲ့ အချိန်မှာ သူနဲ့ကိုယ်နဲ့အဆင်မပြေတာတွေကို မတွေးမိတော့ဘဲ အတူတူပျော်ခဲ့တဲ့ အချိန်လေးတွေ ကိုပဲ လွမ်းဆွတ် တမ်းတ မိတော့တာပေါ့။ တကယ်တော့…
အထီးကျန်ရုံနဲ့တော့ လမ်းခွဲခဲ့တဲ့ သူကိုပြန်လက်မခံ သင့်ပါဘူး…
ဘယ်သွားသွား၊ ဘာလုပ်လုပ် တစ်ယောက်တည်းမို့ အထီးကျန် လွန်းလို့ဆိုပြီး ကိုယ့်အပေါ် မကောင်းခဲ့တဲ့ လူတစ်ယောက်ကို ပြန်လက်ခံဖို့ လုံးဝ မစဉ်းစား သင့်ပါဘူး။ သူ့ကို ပြန်လက်ခံပြီး တွဲလိုက်တဲ့အခါ အထီးကျန်တာ ထက်ဆိုးတဲ့ စိတ်ဒုက္ခတွေကို လက်ခံလိုက် ရပါ လိမ့်မယ်..။
အတိတ်က အမှတ်တရတွေကို လွမ်းဆွတ်ရုံနဲ့လည်း ပြန်လက် မခံသင့်ပါဘူး…
အတိတ်တုန်းက သူနဲ့ပျော်ရွှင်ခဲ့တဲ့ အချိန်လေးတွေ ကိုတွေးမိပြီး လွမ်းတယ် ဆိုရင် အဲ့ဒီအလွမ်းတွေကို ဒီအတိုင်းလေးပဲ ထားလိုက်ပါ။ အဲ့လို လွမ်းလို့ဆိုပြီး သူ့ကိုပြန် လက်ခံပြီးတွဲ လိုက်ရင် ပျော်စရာထက် စိတ်ညစ်စရာက ပိုများရမယ် ဆိုတာကို ကိုယ်တိုင်လည်း သိတယ် မဟုတ်လား..။
သူလည်းကိုယ့်ကို လွမ်းနေမယ် လို့ထင်ရုံနဲ့ပြန်လက် မခံသ င့်ပါဘူး…
နောက်ထပ် သူနဲ့ပြန်မတွဲသင့်တဲ့ အကြောင်းရင်းက သင်ကသူ့ကို လွမ်းနေသလို သူကလည်း သင့်ကိုလွမ်းနေလိမ့်မ ယ်လို့ ယူဆလို့မရပါဘူး။ သင့်ကို စိတ်ဒုက္ခတွေပေး ခဲ့သူက သင့်ကို တသသနဲ့လွမ်းနေမလားဆိုတာ စဉ်းစားကြည့်ရင် သိနိုင် ပါတယ်..။
သူကိုယ့်အပေါ်ပြန်ကောင်းလာလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ပြန်လက်မခံသင့် ပါဘူး…
အရင်က ကိုယ့်ကို ဒုက္ခပေးခဲ့ပေမယ့် အခုတော့ နောင်တရပြီး ကိုယ့်အပေါ်ကောင်းလောက် မှာပါလို့တွေးပြီး ပြန်လက်ခံဖို့စဉ်းစားနေတယ် ဆိုရင်တော့ အမှားကြီးမှား
ပါလိမ့် မယ်။ စိတ်ဓာတ် မကောင်း၊ အကျင့်မကောင်းတဲ့ လူတစ်ယောက်က သူ့ရဲ့အကျင့်ဗီဇ ကိုသင့်ကြောင့်ပြုပြင် ဖို့ဆိုတာ သိပ်မဖြစ် နိုင်ဘူးလေ..။
written by PP
No Comments