
ေလာကၾကီးမွာမင္းဟာ သန္မာေနဖို႔လိုတယ္
တစ္ခါတစ္ေလမွာ မင္းဟာ လဲက်တဲ႔ အခါလည္း ရွိမယ္ ျပင္မရတဲ႔ အမွားေတြလည္း လုပ္မိခ်င္ လုပ္ခဲ႔ လိမ္႔မယ္ မင္းမွာ အားနည္းခ်က္ေတြလည္း အမ်ားၾကီး ရွိခ်င္ရွိေန မွာပဲေလ မင္းမွာ ေတာ္တဲ႔အပိုင္းေတြရွိသလို အတတ ျဖစ္တဲ႔အခါ လည္း ရွိမယ္ အရာရာ တိုင္းမွာေတာ႔ မင္းဟာ မေတာ္ႏိုင္ ဘူးေလ
ဒါေပမယ္႔ မင္းဟာ သန္မာဖို႔လိုတယ္ လဲက်တိုင္း ျပန္ထရမွာပဲ ဝမ္းနည္းေနလို ႔မရဘူး မင္းခ်စ္ ရတဲ႔သူကမင္းကို ထားခ်င္ ထားခဲ႔မွာပဲ
တစ္ခါ တစ္ေလ လည္း အသည္းကြဲခ်င္ ကြဲမွာ ပဲေလမင္းဟာ ခပ္တုံးတုံးတစ္ေယာက္လည္း ျဖစ္ခ်င္ျဖစ္မယ္ မင္းရုပ္က ဆိုးခ်င္ဆိုးေန ပါလိမ္႔မယ္ မင္းဟာ ဆင္းရဲခ်င္ ဆင္းရဲေန လိမ္႔မယ္
ဒါေပမယ္႔ မင္းဟာ သန္မာဖို ႔လိုတယ္ လဲက်တိုင္းျပန္ထ ရမွာပဲ မင္းကိုအထင္ေသး ေလွာင္ေျပာင္ခဲ႔တဲ႔ သူေတြကို အံ႔ၾသသြားေအာင္ လုပ္ျပ လိုက္စမ္းပါ
မင္းမွာ ေျဖရွင္းမရတဲ႔ ဒုကၡေပါင္းစုံလည္း ရွိခ်င္ ရွိေနမယ္ လူေတြက မင္းကို အျပစ္ေတြ ဘယ္ေလာက္ပဲ ေျပာေျပာ လူေတြက မင္းကို ဘယ္ေလာက္ႏွိမ္ႏွိမ္ အခုအခ်ိန္မွာ မင္းဘယ္ေလာက္ နာက်င္ေန ပါေစ မင္းေလွ်ာက္ ရမယ္႔ လမ္းကိုဆက္သြား ရမွာပဲေလ မင္းဟာ သန္မာေနတဲ႔ သူျဖစ္ဖို႔ ဆိုရင္
တစ္ခ်ိဳ႕လူေတြရဲ႕ အျမင္ေတြ၊ ေဝဖန္မႈေတြကို ဂရုမစိုက္နဲ႔ သူတို႔ေတြက မင္းၾကံဳခဲ ႔ရတဲ႔ အခက္အခဲေတြ၊ နာက်င္မႈေတြ၊ မင္းလဲက်ခဲ႔ ရတာေတြကို မသိၾက ဘူးေလ ၹသူတို႔ေတြက မင္းဘဝကို မေျပာင္းလဲ ႏိုင္ဘူး မင္းဘဝကို မင္းကိုယ္တိုင္ ေျပာင္းလဲရမွာ
ဒါ႔ေၾကာင္႔ မင္းဟာ သန္မာေနဖို႔ လိုတယ္ ေငးမႈိင္လြမ္းေဆြးေနလို႔ မရဘူး ဆက္သြားေန ရအုံးမွာေ လာကမွာ မင္းရဲ႕တန္ဖိုးကို မင္းဘာလုပ္ႏိုင္လဲ ဆိုတာကို ၾကည္႔ျပီး ဆုံးျဖတ္ၾကမွာ မင္းရဲ႕ တန္ဖိုးက မင္းဘယ္ေလာက္ လွတယ္၊ မလွဘူး ဆိုတာနဲ႔ မဆုံးျဖတ္ဘူး
မင္းဘယ္ေလာက္ ခ်မ္းသာသာလဲ ဆိုတာနဲ႔ မဆုိင္ဘူး တန္ဖိုးရွိတဲ႔ အရာေတြကို မင္းလုပ္ႏိုင္ရင္ မင္းတန္ဖိုးဟာလည္း ျမွင္႔လာမွာပဲ
မင္းဟာ တန္ဖိုးရွိေၾကာင္း သက္ေသျပ လိုက္စမ္းပါ ဒါ႔ေၾကာင္႔ မင္းဟာ သန္မာေနဖို႔ လိုပါတယ္ မင္းကို မလုပ္ႏိုင္ဘူးလို႔ ထင္ေနတဲ႔သူေတြကို ဆြံ႕အ သြားေအာင္ လုပ္ျပလိုက္စမ္းပါ မင္းဟာ ဘဝမွာ ရွင္သန္ဖို႔ ဆိုရင္ အခက္အခဲေတြ ၾကားမွာ
ရုန္းကန္ေနရအုံးမွာပဲေလ တစ္ခ်ိဳ႕အရာေတြ ကို မင္းဟာ လုပ္ႏိုင္ေပမယ္႔ တစ္ခ်ိဳ႕အရာေတြကိုေတာ႔ မင္းလုပ္ႏိုင္ ခ်င္မွ လုပ္ႏိုင္မွာ မင္းဟာ အရာ အားလုံးကို လုပ္ႏိုင္ဖို႔ မလိုဘူး မင္းလုပ္ႏိုင္တာေတြကိုပဲ လုပ္ရမွာေလ
မင္းဟာ သန္မာတဲ႔သူပါ ဒါေပမယ္႔ မင္းဟာ အျမဲတမ္း မသန္မာႏိုင္ဘူး အရာရာတိုင္းမွာလည္း သန္မာေနစရာမလိုဘူးေလ မင္းမွာ အားေပ်ာ႔တဲ႔ အပိုင္းေတြလည္း ရွိေနမွာပဲ ဒါေတြကို လက္မခံႏိုင္ရင္ေတာ႔ မင္းဟာ သန္မာတဲ႔ အပိုင္းေတြကို ရွာေတြ႔မွာမဟုတ္ဘူး
ဒါ႔ေၾကာင္႔ မင္းဟာ သန္မာေနဖို႔ လိုတယ္
# စာေလးကို သေဘာက်ရင္ မွ်ေဝေပးၾကပါ
ေလးစားစြာျဖင္႔
crd
Unicode
လောကကြီးမှာ မင်းဟာ သန်မာနေဖို့လိုတယ်
တစ်ခါတစ်လေမှာ မင်းဟာ လဲကျတဲ့ အခါလည်း ရှိမယ် ပြင်မရတဲ့ အမှားတွေလည်း လုပ်မိချင် လုပ်ခဲ့ လိမ့်မယ် မင်းမှာ အားနည်းချက်တွေလည်း အများကြီး ရှိချင်ရှိနေ မှာပဲလေ မင်းမှာ တော်တဲ့အပိုင်းတွေရှိသလို အတတ ဖြစ်တဲ့အခါ လည်း ရှိမယ် အရာရာ တိုင်းမှာတော့ မင်းဟာ မတော်နိုင် ဘူးလေ
ဒါပေမယ့် မင်းဟာ သန်မာဖို့ လိုတယ် လဲကျတိုင်း ပြန်ထရမှာပဲ ဝမ်းနည်းနေလို့မရဘူး မင်းချစ် ရတဲ့သူက မင်းကို ထားချင် ထားခဲ့ မှာပဲ
တစ်ခါ တစ်လေ လည်း အသည်းကွဲချင် ကွဲမှာ ပဲလေ မင်းဟာ ခပ်တုံးတုံးတစ်ယောက်လည်း ဖြစ်ချင်ဖြစ်မယ် မင်းရုပ်က ဆိုးချင်ဆိုးနေ ပါလိမ့်မယ် မင်းဟာ ဆင်းရဲချင် ဆင်းရဲနေ လိမ့်မယ်
ဒါပေမယ့် မင်းဟာ သန်မာဖို့လိုတယ် လဲကျ တိုင်းပြန်ထ ရမှာပဲ မင်းကို အထင်သေး လှောင်ပြောင်ခဲ့တဲ့ သူတွေကို အံ့သြသွားအောင် လုပ်ပြ လိုက်စမ်းပါ
မင်းမှာ ဖြေရှင်းမရတဲ့ ဒုက္ခပေါင်းစုံလည်း ရှိချင် ရှိနေမယ် လူတွေက မင်းကို အပြစ်တွေ ဘယ်လောက်ပဲ ပြောပြော လူတွေက မင်းကို ဘယ်လောက်နှိမ်နှိမ် အခုအချိန်မှာ မင်းဘယ်လောက် နာကျင်နေ ပါစေ
မင်းလျှောက် ရမယ့် လမ်းကို ဆက်သွား ရမှာ ပဲလေ မင်းဟာ သန်မာနေတဲ့ သူဖြစ်ဖို့ ဆိုရင်
တစ်ချို့လူတွေရဲ့ အမြင်တွေ၊ ဝေဖန်မှုတွေကို ဂရုမစိုက်နဲ့ သူတို့တွေက မင်းကြုံခဲ့ရတဲ့ အခက်အခဲတွေ၊ နာကျင်မှုတွေ၊ မင်းလဲကျခဲ့ ရတာတွေကို မသိကြ ဘူးလေ ္ဖသူတို့တွေက မင်းဘဝကို မပြောင်းလဲ နိုင်ဘူး မင်းဘဝကို မင်းကိုယ်တိုင် ပြောင်းလဲ ရမှာ
ဒါ့ကြောင့် မင်းဟာ သန်မာနေဖို့လိုတယ် ငေးမှိုင်လွမ်းဆွေးနေလို့ မရဘူး ဆက်သွားနေရအုံးမှာေ လာကမှာ မင်းရဲ့တန်ဖိုးကို မင်းဘာလုပ်နိုင်လဲ ဆိုတာကို ကြည့်ပြီး ဆုံးဖြတ်ကြမှာ မင်းရဲ့ တန်ဖိုးက မင်းဘယ်လောက် လှတယ်၊ မလှဘူး ဆိုတာနဲ့ မဆုံးဖြတ်ဘူး
မင်းဘယ်လောက် ချမ်းသာသာလဲ ဆိုတာနဲ့ မဆိုင်ဘူး တန်ဖိုးရှိတဲ့ အရာတွေကို မင်းလုပ်နိုင်ရင် မင်းတန်ဖိုးဟာလည်း မြှင့်လာမှာပဲ
မင်းဟာ တန်ဖိုးရှိကြောင်း သက်သေပြ လိုက်စမ်းပါ ဒါ့ကြောင့် မင်းဟာ သန်မာနေဖို့ လိုပါတယ် မင်းကို မလုပ်နိုင်ဘူးလို့ ထင်နေတဲ့သူတွေကို ဆွံ့အ သွားအောင် လုပ်ပြလိုက်စမ်းပါ မင်းဟာ ဘဝမှာ ရှင်သန်ဖို့ ဆိုရင် အခက်အခဲတွေ ကြားမှာ
ရုန်းကန်နေရအုံးမှာပဲလေ တစ်ချို့အရာတွေ ကို မင်းဟာ လုပ်နိုင်ပေမယ့် တစ်ချို့အရာတွေကိုတော့ မင်းလုပ်နိုင် ချင်မှ လုပ်နိုင်မှာ မင်းဟာ အရာ အားလုံးကို လုပ်နိုင်ဖို့ မလိုဘူး မင်းလုပ်နိုင်တာတွေကိုပဲ လုပ်ရမှာလေ
မင်းဟာ သန်မာတဲ့သူပါ ဒါပေမယ့် မင်းဟာ အမြဲတမ်း မသန်မာနိုင်ဘူး အရာရာတိုင်းမှာလည်း သန်မာနေစရာမလိုဘူးလေ မင်းမှာ အားပျော့တဲ့ အပိုင်းတွေလည်း ရှိနေမှာပဲ ဒါတွေကို လက်မခံနိုင်ရင်တော့ မင်းဟာ သန်မာတဲ့ အပိုင်းတွေကို ရှာတွေ့မှာမဟုတ်ဘူး
ဒါ့ကြောင့် မင်းဟာ သန်မာနေဖို့ လိုတယ်
# စာလေးကို သဘောကျရင် မျှဝေပေးကြပါ
No Comments