မိန္းမသားမ်ား မ်က္ႏွာျပင္ ႏုပ်ိဳမူွ”’
- By : Lin htet
- Category : အလွအပ ေရးရာ

မိန္းမသားမ်ား မ်က္ႏွာျပင္ ႏုပ်ိဳမူွ”’
မ်က္ႏွာျပင္ အသားအေရ ဟာ မိန္းမသား ေတြ အတြက္ အလြန္ အေရးႀကီးတဲ့ အဓိက အခ်က္လို႔ ဆိုရင္ မမွားပါဘူး ။ မ်က္ႏွာျပင္ အသားအေရကို မထိန္းသိမ္း မိဘူး ဆိုရင္ အ႐ြယ္ မတိုင္ခင္ ရင့္ေရာ္မူွေတြ ျဖစ္တတ္ ပါတယ္ ။
ေနေရာင္ျခည္ေၾကာင့္ အသားအေရကို ထိခိုက္တာရယ္ ပတ္ဝန္းက်င္ အေၾကာင္း အခ်က္ေတြေၾကာင့္ ရလာတဲ့ ဓာတ္တိုးပစၥည္းေတြေၾကာင့္ ထိခိုက္ တာရယ္ ျဖစ္တတ္ ပါတယ္ ။
အခ်ိဳ႕အသက္ႀကီး ေသာ္လည္း အသားအေရ မပ်က္စီးပဲ ေတာက္ပ ႏုပ်ိဳ ေနတာဟာ သဘာဝက ေပးတဲ့အသားအေရ ထိန္းသိမ္းနည္းေတြ ေၾကာင့္ပါ ။
ဒါဆိုရင္ သဘာဝက ဘယ္လိုမ်ိဳးမ်ား အသားအေရ ေတာက္ပမူွကို ေပးသလည္း ဆိုတာကို ေျပာျပခ်င္ပါတယ္ ။
ပ်ားရည္နဲ႔ အသားအေရ ””’
ပ်ားရည္ဟာ သင့္ အသားအရည္ အတြက္ အေကာင္းဆုံးေသာ သဘာဝ ပစၥည္း တစ္မ်ိဳးပါ ၊ ပ်ားရည္မွာ အေရျပားကို ျပန္လည္ ေကာင္းမြန္ေစႏိုင္တဲ့ အင္တီေအာက္ဆီဒင့္ေတြ ပါဝင္ၿပီး ဘက္တီးရီးယားကို ကင္းေစတဲ့ အာနိသင္လည္း ပါဝင္ပါတယ္ ။ ဒါေၾကာင့္ ပ်ားရည္ကို မ်က္ႏွာသန႔္စင္ ေဆးအျဖစ္လည္း အသုံးျပဳ ႏိုင္ပါတယ္ ။
အသုံးျပဳပုံ ကေတာ့
ပ်ားရည္ အနည္းငယ္ ေရေႏြးအနည္းငယ္တို႔ကို ေရာၿပီး သမသြားသည္အထိ ေမႊပါ ၊
ထို႔ေနာက္ မ်က္ႏွာေပၚမွာ သုတ္လိမ္းေပးပါ ။ မ်က္ႏွာျပင္မွာ ရွိေနတဲ့ ေခ်းမ်ားကို သန႔္စင္ဖို႔ ဆိုရင္ေတာ့ သၾကားအညိဳကို ထမင္းစားဇြန္း တစ္ဇြန္းခန႔္ ထည့္ေပးပါ ။ မ်က္ႏွာျပင္ေပၚ သုတ္လိမ္းၿပီး ဆယ္မိနစ္ခန႔္ ထားၿပီးေနာက္ ေရျဖင့္ သန႔္စင္ေပးပါ ။
ထူးျခားေတာက္ပတဲ့ အသားအေရကို သင္ရရွိ ပါလိမ့္မယ္ ။
ေထာပတ္သီးနဲ႔ သဘာဝေဆး ”””
အသားအေရ ႏုးညံ့ ေခ်ာေမြ႕ေနေစရန္ ဘီတာမင္ ဓာတ္ေတြဟာ မရွိမျဖစ္ လိုအပ္ ပါတယ္ ။ေထာပတ္သီးမွာ ဘီတာမင္ ေအ၊ ဘီ ၊ ဒီ နဲ႔ အီးတို႔ မ်ားစြာ ပါဝင္ ပါတယ္ ။ က်န္းမာေရးကို အားျဖၫြမဲ့ အဆီဓာတ္ေတြ ပါဝင္ သလို ပိုတက္ဆီယမ္ ပါဝင္မူွဟာ ငွက္ေပ်ာသီး တစ္လုံးမွာထက္ ပိုပါတယ္ ။
သဘာဝအရ အစိုဓာတ္ကို မ်ားစြာ ထိန္းႏိုင္ပါတယ္ ။ ေထာပတ္သီးမွာ ပါဝင္တဲ့ သဘာဝ အဆီဓာတ္ေတြဟာမ်က္ႏွာျပင္က အညစ္အေၾကးေတြကို ဖယ္ရွားေပးၿပီး ပါးေရတြန႔္ျခင္း အိုမင္းျခင္း လကၡဏာတို႔ကို ေလ်ာ့က် ေစပါတယ္ ။
ႏွင္းခူနာ အနီေရာင္ အစက္အေပ်ာက္နဲ႔ ထိလြယ္ ခိုက္လြယ္တဲ့ အသားအေရအတြက္ ကုသရာမွာအေကာင္းဆုံး သဘာဝ ပစၥည္း ျဖစ္ပါတယ္ ။
အသုံးျပဳပုံကေတာ့
ေထာပတ္သီးအမွည့္ တစ္လုံးကို ေက်ညက္သည္ထိ ႀကိတ္ေခ်ပါ၊ မ်က္ႏွာျပင္ေပၚ ညင္ညင္သာသာလိမ္းပါ၊ ဆယ္မိနစ္ အၾကာမွာ ေအးျမစိုစြတ္တဲ့ အစသန႔္သန႔္နဲ႔ ျပန္သုတ္လိုက္ပါ ၊ အစိုဓာတ္ ပိုမိုရရွိေစလိုပါက ႏြားႏို႔သို႔မဟုတ္ ပ်ားရည္အနည္းငယ္ ထည့္ၿပီး သုတ္လိမ္း ေပးပါ ။
ေထာပတ္သီးဟာ မ်က္ႏွာေပါင္းတင္တဲ့ အခါ မ်က္ႏွာျပင္ အသားအေရကို ေကာင္းက်ိဳးျပည့္ဝစြာ ေပးႏိုင္စြမ္း ပါတယ္ ။
သေဘၤာသီးကလည္း အခရာ ””
သဘာဝအရ သေဘၤာသီးမွာ ဘီတာမင္စီနဲ႔ ကယ္႐ိုတင္း ဓာတ္တို႔ ပါဝင္ပါတယ္ ။ သတၳဳဓာတ္နဲ႔ ပက္ပိန္းအင္ဇိုင္းပါဝင္မူွမ်ား တာမို႔ အစိုဓာတ္ကို ထိန္းသိမ္းႏိုင္ၿပီး အသားအေရ ေခ်ာေမြ႕ေစပါတယ္ ။အစက္အေပ်ာက္မ်ားကီု ေလ်ာ့ပါးေစၿပီး အသားအေရ ေတာက္ပေစပါတယ္။ ေခြၽးေပါက္ပိတ္မူွကို ကာကြယ္ႏိုင္ပါတယ္ ။
အသုံးျပဳရမဲ့နည္းကေတာ့
သေဘၤာသီးမွည့္ရဲ႕အႏွစ္ကို ေၾကညက္ေအာင္ျပဳၿပီး မ်က္ႏွာျပင္ေပၚမွာ စက္ဝိုင္ သ႑ာန္ လွည့္လည္ႏွိပ္နယ္ၿပီးသုတ္ေပးပါ။ လိမ္း႐ုံမက စားသုံးေပးျခင္းကလည္း အက်ိဳးထိေရာက္မူွကို ရရွိပါတယ္။ အမွ်င္ဓာတ္ပိုတက္စီယမ္နဲ ႔ဘီတာမင္ ေအ၊ စီတို႔ပါဝင္ျခင္းေၾကာင့္အသားအေရ ႏုညံ့ေတာက္ပမူွ အက်ိဳးကိုအျပည့္အဝ ရရွိေစမွာ ျဖစ္ပါတယ္ ။
အ႐ြယ္မတိုင္ခင္အိုမင္းရင့္ေရာ္ျခင္းမွကင္းေဝးကာ အသားအေရရဲ႕ေကာင္းျခင္းကို ရရွိမွာမို႔ ဒီေန႔ပဲ သဘာဝအလွျပင္ပစၥည္းမ်ားကိုသံးစြဲကည့္ၾကပါစို႔….
စႏၵီျမင့္မိုရ္#
Unicode
မိန်းမသားများ မျက်နှာပြင် နုပျိုမူှ”’
မျက်နှာပြင် အသားအရေ ဟာ မိန်းမသား တွေ အတွက် အလွန် အရေးကြီးတဲ့ အဓိက အချက်လို့ ဆိုရင် မမှားပါဘူး ။ မျက်နှာပြင် အသားအရေကို မထိန်းသိမ်း မိဘူး ဆိုရင် အရွယ် မတိုင်ခင် ရင့်ရော်မူှတွေ ဖြစ်တတ် ပါတယ် ။
နေရောင်ခြည်ကြောင့် အသားအရေကို ထိခိုက်တာရယ် ပတ်ဝန်းကျင် အကြောင်း အချက်တွေကြောင့် ရလာတဲ့ ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက် တာရယ် ဖြစ်တတ် ပါတယ် ။
အချို့အသက်ကြီး သော်လည်း အသားအရေ မပျက်စီးပဲ တောက်ပ နုပျို နေတာဟာ သဘာဝက ပေးတဲ့အသားအရေ ထိန်းသိမ်းနည်းတွေ ကြောင့်ပါ ။
ဒါဆိုရင် သဘာဝက ဘယ်လိုမျိုးများ အသားအရေ တောက်ပမူှကို ပေးသလည်း ဆိုတာကို ပြောပြချင်ပါတယ် ။
ပျားရည်နဲ့ အသားအရေ ””’
ပျားရည်ဟာ သင့် အသားအရည် အတွက် အကောင်းဆုံးသော သဘာဝ ပစ္စည်း တစ်မျိုးပါ ၊ ပျားရည်မှာ အရေပြားကို ပြန်လည် ကောင်းမွန်စေနိုင်တဲ့ အင်တီအောက်ဆီဒင့်တွေ ပါဝင်ပြီး ဘက်တီးရီးယားကို ကင်းစေတဲ့ အာနိသင်လည်း ပါဝင်ပါတယ် ။ ဒါကြောင့် ပျားရည်ကို မျက်နှာသန့်စင် ဆေးအဖြစ်လည်း အသုံးပြု နိုင်ပါတယ် ။
အသုံးပြုပုံ ကတော့
ပျားရည် အနည်းငယ် ရေနွေးအနည်းငယ်တို့ကို ရောပြီး သမသွားသည်အထိ မွှေပါ ၊
ထို့နောက် မျက်နှာပေါ်မှာ သုတ်လိမ်းပေးပါ ။ မျက်နှာပြင်မှာ ရှိနေတဲ့ ချေးများကို သန့်စင်ဖို့ ဆိုရင်တော့ သကြားအညိုကို ထမင်းစားဇွန်း တစ်ဇွန်းခန့် ထည့်ပေးပါ ။ မျက်နှာပြင်ပေါ် သုတ်လိမ်းပြီး ဆယ်မိနစ်ခန့် ထားပြီးနောက် ရေဖြင့် သန့်စင်ပေးပါ ။
ထူးခြားတောက်ပတဲ့ အသားအရေကို သင်ရရှိ ပါလိမ့်မယ် ။
ထောပတ်သီးနဲ့ သဘာဝဆေး ”””
အသားအရေ နုးညံ့ ချောမွေ့နေစေရန် ဘီတာမင် ဓာတ်တွေဟာ မရှိမဖြစ် လိုအပ် ပါတယ် ။ထောပတ်သီးမှာ ဘီတာမင် အေ၊ ဘီ ၊ ဒီ နဲ့ အီးတို့ များစွာ ပါဝင် ပါတယ် ။ ကျန်းမာရေးကို အားဖြညွမဲ့ အဆီဓာတ်တွေ ပါဝင် သလို ပိုတက်ဆီယမ် ပါဝင်မူှဟာ ငှက်ပျောသီး တစ်လုံးမှာထက် ပိုပါတယ် ။
သဘာဝအရ အစိုဓာတ်ကို များစွာ ထိန်းနိုင်ပါတယ် ။ ထောပတ်သီးမှာ ပါဝင်တဲ့ သဘာဝ အဆီဓာတ်တွေဟာမျက်နှာပြင်က အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ပါးရေတွန့်ခြင်း အိုမင်းခြင်း လက္ခဏာတို့ကို လျော့ကျ စေပါတယ် ။
နှင်းခူနာ အနီရောင် အစက်အပျောက်နဲ့ ထိလွယ် ခိုက်လွယ်တဲ့ အသားအရေအတွက် ကုသရာမှာအကောင်းဆုံး သဘာဝ ပစ္စည်း ဖြစ်ပါတယ် ။
အသုံးပြုပုံကတော့
ထောပတ်သီးအမှည့် တစ်လုံးကို ကျေညက်သည်ထိ ကြိတ်ချေပါ၊ မျက်နှာပြင်ပေါ် ညင်ညင်သာသာလိမ်းပါ၊ ဆယ်မိနစ် အကြာမှာ အေးမြစိုစွတ်တဲ့ အစသန့်သန့်နဲ့ ပြန်သုတ်လိုက်ပါ ၊ အစိုဓာတ် ပိုမိုရရှိစေလိုပါက နွားနို့သို့မဟုတ် ပျားရည်အနည်းငယ် ထည့်ပြီး သုတ်လိမ်း ပေးပါ ။
ထောပတ်သီးဟာ မျက်နှာပေါင်းတင်တဲ့ အခါ မျက်နှာပြင် အသားအရေကို ကောင်းကျိုးပြည့်ဝစွာ ပေးနိုင်စွမ်း ပါတယ် ။
သင်္ဘောသီးကလည်း အခရာ ””
သဘာဝအရ သင်္ဘောသီးမှာ ဘီတာမင်စီနဲ့ ကယ်ရိုတင်း ဓာတ်တို့ ပါဝင်ပါတယ် ။ သတ္ထုဓာတ်နဲ့ ပက်ပိန်းအင်ဇိုင်းပါဝင်မူှများ တာမို့ အစိုဓာတ်ကို ထိန်းသိမ်းနိုင်ပြီး အသားအရေ ချောမွေ့စေပါတယ် ။အစက်အပျောက်များကီု လျော့ပါးစေပြီး အသားအရေ တောက်ပစေပါတယ်။ ချွေးပေါက်ပိတ်မူှကို ကာကွယ်နိုင်ပါတယ် ။
အသုံးပြုရမဲ့နည်းကတော့
သင်္ဘောသီးမှည့်ရဲ့အနှစ်ကို ကြေညက်အောင်ပြုပြီး မျက်နှာပြင်ပေါ်မှာ စက်ဝိုင် သဏ္ဍာန် လှည့်လည်နှိပ်နယ်ပြီးသုတ်ပေးပါ။ လိမ်းရုံမက စားသုံးပေးခြင်းကလည်း အကျိုးထိရောက်မူှကို ရရှိပါတယ်။ အမျှင်ဓာတ်ပိုတက်စီယမ်နဲ့ဘီတာမင် အေ၊ စီတို့ပါဝင်ခြင်းကြောင့်အသားအရေ နုညံ့တောက်ပမူှ အကျိုးကိုအပြည့်အဝ ရရှိစေမှာ ဖြစ်ပါတယ် ။
အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းမှကင်းဝေးကာ အသားအရေရဲ့ကောင်းခြင်းကို ရရှိမှာမို့ ဒီနေ့ပဲ သဘာဝအလှပြင်ပစ္စည်းများကိုသံးစွဲကည့်ကြပါစို့….
စန္ဒီမြင့်မိုရ်#
No Comments