
စိတ္ေရာဂါျဖစ္ေနၿပီဆိုတာ ေဖာ္ျပေနတဲ့ လကၡဏာရပ္မ်ား
လူတုိင္းကေတာ့ စိတ္ဖိစီးမႈ၊ စိတ္ညစ္စရာေတြနဲ႔ စိတ္ဓာတ္က် ရတဲ့ အခ်ိန္ေတြကို မၾကာခဏ ဆိုသလို ႀကံဳေတြ႔ရမွာ ပါပဲ။ ဒီလို စိတ္ဖိစီးမႈေတြကို ႀကံ႕ႀကံ႕ခိုင္ႏုိင္ဖို ႔ဆိုတာကလည္း မလြယ္ကူ လွပါဘူး။
တခါတရံမွာ စိတ္ညစ္လြန္းလို႔ ေသေၾကာင္ းႀကံစည္ခ်င္တဲ့ အထိကို အဓိပၸါယ္ မရွိတာေတြ ေလွ်ာက္ေတြး ေနမိတတ္ ပါတယ္။ ဒ့ါေၾကာင့္ စိတ္ဖိစီးမႈ၊ Depression နည္းနည္း ဝင္လာၿပီ ဆိုတာနဲ႔ အတတ္ႏုိင္ဆံုး စိတ္တည္ၿငိမ္ေအာင္ ထားၿပီး ကိုယ္တုိင္ ကုသႏုိင္တဲ့ နည္းလမ္းေတြလည္း အမ်ားႀကီး ရွိပါတယ္။
တရားထုိင္ျခင္း၊ ေယာဂက်င့္ျခင္း၊ အိပ္ေရးဝဝအိပ္စက္ အနားယူျခင္းနဲ႔ သူငယ္ခ်င္း၊ မိသားစုေတြရဲ႕ ေႏြးေထြးမႈ၊ ႏွစ္သိမ့္မႈကို ရယူၿပီးေတာ့လည္း ဒီစိတ္ဖိစီးမႈ ေဝဒနာကို ေလ်ာ့ခ်ႏုိင္ ပါတယ္။
ဒီလို မဟုတ္ဘဲ အခုေဖာ္ျပေပးမယ့္ အေတြးစိတ္ေတြ၊ လကၡဏာရပ္ေတြကို ခံစားေနရၿပီ ဆိုရင္ေတာ့ စိတ္ေရာဂါကုဆရာဝန္နဲ႔ အျမန္ဆံုး ႏွစ္သိမ့္ေဆြးေႏြးမႈ ခံယူသင့္တယ္လို႔ အႀကံျပဳ ခ်င္ပါတယ္။
(၁) ကိုယ့္ရဲ႕ ရုပ္ရည္ပိုင္းဆိုင္ရာကို ယံုၾကည္မႈ မရွိဘဲ မုန္းေနမိရင္
မွန္အၿမဲတမ္းၾကည့္ၿပီး ငါေတာ္ေတာ္ ရုပ္ဆိုးေနၿပီ၊ ဘာလို႔ သူမ်ားေတြလို လွလွပပ မေမြးဖြားလာ ရတာလဲ စသျဖင့္ ကုိယ့္ရဲ႕ ရုပ္ရည္ ပိုင္းဆုိင္ရာနဲ႔ ပတ္သတ္ၿပီး ယံုၾကည္မႈ မရွိေတာ့ဘူး ဆိုရင္ေတာ့ စိတ္ေရာဂါကို ခံစားေနရတဲ့ လကၡဏာရပ္ ပါပဲ။
လူတုိင္းကေတာ့ လွခ်င္တာေတြ ခ်ည္းပါပဲ။ ဒါေပမယ့္ ကိုယ့္ရဲ႕ အသားအေရ၊ ရုပ္ရည္ပိုင္းဆိုင္ရာကို ကိုယ္ကိုယ္တုိင္ Body Shaming လုပ္ေ နမိမယ္၊ မုန္းတီးေန မိတယ္ ဆိုရင္ေတာ့ စိတ္ပိုင္းဆုိင္ရာ ႏွစ္သိမ့္ေဆြးေႏြးမႈကို ခံယူသင့္ ပါၿပီ။
(၂) စိတ္မသိုးမသန္႔နဲ႔ လိပ္ျပာမလံုသလို ခံစားေနရတယ္ဆိုရင္
လူတိုင္းကေတာ့ အမွားနဲ႔ မကင္းၾက ပါဘူး။ ကိုယ္မွားတဲ့ အမွားကို ဝန္ခံတတ္ဖို႔နဲ႔ သင္ခန္းစာ ယူတတ္ဖို႔ပဲ လိုတာပါ။ ကိုယ္မွားတဲ့ အမွားကို သိလ်က္နဲ႔ ဝန္ခံလိုက္ တာက သင့္စိတ္ကို အမွန္တကယ္ ၾကည္လင္ေစမွာပါ။
ဒါေပမယ့္ သင္က အမွားကိုလည္း သိေနတယ္၊ ဒါေပမယ့္ ဝန္မခံခ်င္ေနဘူးဆိုရင္ေတာ့ မိမိကိုယ္ကိုယ္ လိပ္ျပာမလံုတဲ့ ခံစားခ်က္မ်ိဳးကို အၿမဲ ခံစားေနရ ပါလိမ့္ မယ္။
ဒီရဲ႕ ရလဒ္ကေတာ့ အရာရာကို ေၾကာက္ရြံ႕စိုးထိတ္ေနတတ္တဲ့ စိတ္ေရာဂါ ျဖစ္ေနတတ္ ပါတယ္။ ဒါ့ေၾကာင့္ မိမိကုိယ္ကို လိပ္ျပာမလံု သိလုိ၊ စိတ္မသိုးမသန္႔ ့ျဖစ္ေနတယ္ ဆိုရင္လည္း စိတ္ေရာဂါ ဆရာဝန္နဲ႔ ႏွစ္သိမ့္ေဆြးေႏြးမႈကို ျပဳလုပ္ လိုက္ပါ။
(၃) ႀကံဳေတြ႔ရတဲ့အရာတုိင္းက အဆိုးေတြခ်ည္းပဲျဖစ္ေနတယ္လို႔ ေတြးေနမိရင္
ဘဝမွာ ေတြ႔ႀကံဳရတဲ့ ကိစၥရပ္တိုင္း၊ အရာတုိင္းက အဆိုးေတြခ်ည္းပဲ ျဖစ္ေနတယ္လို႔ ေတြးေနမိတယ္ ဆိုရင္ေတာ့ depression ဝင္ေနတဲ့ လကၡဏာရပ္ ပါပဲ။
မနက္အိပ္ရာ ႏုိးတိုင္း အက်ဥ္းအၾကပ္ထဲ ေရာက္ေနသလုိ ခံစားရၿပီး အေတြးေလဟာ နယ္ေတြ ခ်ဲ႕ေနမိတဲ့အထိ ျဖစ္ေနတယ္ ဆိုရင္ေတာ့ စိတ္ပိုင္းဆိုင္ရာႏွစ္သိမ့္ေဆြးေႏြးမႈကို ခံယူသင့္ေန ပါၿပီ။
Depression အရမ္းဝင္သြားၿပီဆုိရင္ အဖ်ားတက္တဲ့အထိကို က်န္းမာေရး ခ်ိဳ႕ယြင္းခ်က္ေတြ ျဖစ္ေပၚႏိုင္တဲ့အတြက္ အျမန္ဆံုး ကုသမႈ ခံယူသင့္ပါတယ္။
(၄) အမွားေတြပဲအထပ္ထပ္လုပ္မိေနၿပီး အသံုးမက်တဲ့သူ တစ္ဦးအျဖစ္ ေတြးေနမိတယ္ဆိုရင္
အဓိပၸါယ္မရွိတဲ့ ဘဝႀကီးထဲမွာ ထပ္ခါတလဲလဲ အမွားေတြပဲ လုပ္မိေနၿပီး အသံုးမက်တဲ့သူတစ္ဦးလို႔ မိမိကုိယ္ကို သတ္မွတ္ဖူးလား။
ဒီလိုအေတြးမ်ိဳးကိုေတာ့ လူမႈဆက္ဆံေရး အဆင္မေျပတဲ့သူေတြ၊ အိမ္တြင္းေရးမိသားစု ရႈပ္ေထြးေနတဲ့သူေတြနဲ႔ အခ်စ္ေရးရႈပ္ေထြးေနတဲ့သူေတြ အမ်ားစု ခံစားရတဲ့ စိတ္ပိုင္းဆိုင္ရာ ထိခိုက္တဲ့ လကၡဏာရပ္လို႔ ဆိုပါတယ္။
ကိုယ္လိုခ်င္တဲ့ အရာ၊ ကိုယ္ေတာင့္တတဲ့ ေႏြးေထြးမႈေတြကို မရရွိတဲ့အခါမွာ ငါ့ဘဝဟာ ဘာမွ မသံုးမဝင္ဘူး၊ ငါဟာအသံုးမက်တဲ့ သူတစ္ဦးပဲ ဆိုတဲ့ မိမိကိုယ္ကိုအားမလိုအားမရ၊ ျပစ္တင္မႈေတြ ျဖစ္လာပါေတာ့တယ္။
ဒီလိုမၾကာခဏ ေတြးေနမိတာက ေရရွည္အတြက္ စိတ္က်န္းမာေရးကို လံုးဝ ထိခိုက္ေစႏုိင္တဲ့ အတြက္ ႏွစ္သိမ့္ ေဆြးေႏြးမႈကို ခံယူသင့္ၿပီလို႔ အႀကံျပဳပါရေစ။
(၅) မၾကာခဏဆိုသလို၊ အေၾကာင္းမဲ့ ေခါင္းမူးေခါင္းကိုက္ေနတယ္ဆိုရင္
ေခါင္းမူးေခါက္ကိုက္တဲ့ ေဝဒနာကေတာ့ အသက္အရြယ္မေရြး ႀကံဳေတြ႔ရတဲ့ က်န္းမာေရး ဆိုင္ရာ ခ်ိဳ႕ယြင္းမႈကို ေဖာ္ျပတဲ့ လကၡဏာရပ္ပါပဲ။
ဒါေပမယ့္ ဖ်ားနာတာမ်ိဳးလည္း မဟုတ္ဘဲ၊ စိတ္ညစ္တဲ့ အခ်ိန္ေတြ၊ စိတ္မၾကည္မလင္ျဖစ္တဲ့ အခ်ိန္ေတြမွာ ေခါင္းကိုက္တဲ့ေဝဒနာကို ခံစားေနတယ္ ဆိုရင္ေတာ့ သင္ဟာ စိတ္ပိုင္းဆို္င္ရာ ထိခိုက္ေနတယ္ဆုိတာကို ေဖာ္ျပေနတာပါ။
ဆရာဝန္နဲ႔ ေဆးစစ္တဲ့အခါမွာလည္း ေခါင္းကိုက္တဲ့ အေၾကာင္းအရင္းကိုလည္း မေတြ႔ရွိဘဲ အေၾကာင္းမဲ့ ေခါင္းကိုက္ေနတယ္ဆိုရင္ေတာ့ စိတ္ပိုင္းဆုိင္ရာ ႏွစ္သိမ့္ေဆြးေႏြးမႈကို ခံယူၾကည့္လိုက္ပါ။
Source: ShweInnlay
Unicode
စိတ်ရောဂါဖြစ်နေပြီဆိုတာ ဖော်ပြနေတဲ့ လက္ခဏာရပ်များ
လူတိုင်းကတော့ စိတ်ဖိစီးမှု၊ စိတ်ညစ်စရာတွေနဲ့ စိတ်ဓာတ်ကျ ရတဲ့ အချိန်တွေကို မကြာခဏ ဆိုသလို ကြုံတွေ့ရမှာ ပါပဲ။ ဒီလို စိတ်ဖိစီးမှုတွေကို ကြံ့ကြံ့ခိုင်နိုင်ဖို့ဆိုတာကလည်း မလွယ်ကူ လှပါဘူး။
တခါတရံမှာ စိတ်ညစ်လွန်းလို့ သေကြောင် းကြံစည်ချင်တဲ့ အထိကို အဓိပ္ပါယ် မရှိတာတွေ လျှောက်တွေး နေမိတတ် ပါတယ်။ ဒ့ါကြောင့် စိတ်ဖိစီးမှု၊ Depression နည်းနည်း ဝင်လာပြီ ဆိုတာနဲ့ အတတ်နိုင်ဆုံး စိတ်တည်ငြိမ်အောင် ထားပြီး ကိုယ်တိုင် ကုသနိုင်တဲ့ နည်းလမ်းတွေလည်း အများကြီး ရှိပါတယ်။
တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ အိပ်ရေးဝဝအိပ်စက် အနားယူခြင်းနဲ့ သူငယ်ချင်း၊ မိသားစုတွေရဲ့ နွေးထွေးမှု၊ နှစ်သိမ့်မှုကို ရယူပြီးတော့လည်း ဒီစိတ်ဖိစီးမှု ဝေဒနာကို လျော့ချနိုင် ပါတယ်။
ဒီလို မဟုတ်ဘဲ အခုဖော်ပြပေးမယ့် အတွေးစိတ်တွေ၊ လက္ခဏာရပ်တွေကို ခံစားနေရပြီ ဆိုရင်တော့ စိတ်ရောဂါကုဆရာဝန်နဲ့ အမြန်ဆုံး နှစ်သိမ့်ဆွေးနွေးမှု ခံယူသင့်တယ်လို့ အကြံပြု ချင်ပါတယ်။
(၁) ကိုယ့်ရဲ့ ရုပ်ရည်ပိုင်းဆိုင်ရာကို ယုံကြည်မှု မရှိဘဲ မုန်းနေမိရင်
မှန်အမြဲတမ်းကြည့်ပြီး ငါတော်တော် ရုပ်ဆိုးနေပြီ၊ ဘာလို့ သူများတွေလို လှလှပပ မမွေးဖွားလာ ရတာလဲ စသဖြင့် ကိုယ့်ရဲ့ ရုပ်ရည် ပိုင်းဆိုင်ရာနဲ့ ပတ်သတ်ပြီး ယုံကြည်မှု မရှိတော့ဘူး ဆိုရင်တော့ စိတ်ရောဂါကို ခံစားနေရတဲ့ လက္ခဏာရပ် ပါပဲ။
လူတိုင်းကတော့ လှချင်တာတွေ ချည်းပါပဲ။ ဒါပေမယ့် ကိုယ့်ရဲ့ အသားအရေ၊ ရုပ်ရည်ပိုင်းဆိုင်ရာကို ကိုယ်ကိုယ်တိုင် Body Shaming လုပ်ေ နမိမယ်၊ မုန်းတီးနေ မိတယ် ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုကို ခံယူသင့် ပါပြီ။
(၂) စိတ်မသိုးမသန့်နဲ့ လိပ်ပြာမလုံသလို ခံစားနေရတယ်ဆိုရင်
လူတိုင်းကတော့ အမှားနဲ့ မကင်းကြ ပါဘူး။ ကိုယ်မှားတဲ့ အမှားကို ဝန်ခံတတ်ဖို့နဲ့ သင်ခန်းစာ ယူတတ်ဖို့ပဲ လိုတာပါ။ ကိုယ်မှားတဲ့ အမှားကို သိလျက်နဲ့ ဝန်ခံလိုက် တာက သင့်စိတ်ကို အမှန်တကယ် ကြည်လင်စေမှာပါ။
ဒါပေမယ့် သင်က အမှားကိုလည်း သိနေတယ်၊ ဒါပေမယ့် ဝန်မခံချင်နေဘူးဆိုရင်တော့ မိမိကိုယ်ကိုယ် လိပ်ပြာမလုံတဲ့ ခံစားချက်မျိုးကို အမြဲ ခံစားနေရ ပါလိမ့် မယ်။
ဒီရဲ့ ရလဒ်ကတော့ အရာရာကို ကြောက်ရွံ့စိုးထိတ်နေတတ်တဲ့ စိတ်ရောဂါ ဖြစ်နေတတ် ပါတယ်။ ဒါ့ကြောင့် မိမိကိုယ်ကို လိပ်ပြာမလုံ သိလို၊ စိတ်မသိုးမသန့့်ဖြစ်နေတယ် ဆိုရင်လည်း စိတ်ရောဂါ ဆရာဝန်နဲ့ နှစ်သိမ့်ဆွေးနွေးမှုကို ပြုလုပ် လိုက်ပါ။
(၃) ကြုံတွေ့ရတဲ့အရာတိုင်းက အဆိုးတွေချည်းပဲဖြစ်နေတယ်လို့ တွေးနေမိရင်
ဘဝမှာ တွေ့ကြုံရတဲ့ ကိစ္စရပ်တိုင်း၊ အရာတိုင်းက အဆိုးတွေချည်းပဲ ဖြစ်နေတယ်လို့ တွေးနေမိတယ် ဆိုရင်တော့ depression ဝင်နေတဲ့ လက္ခဏာရပ် ပါပဲ။
မနက်အိပ်ရာ နိုးတိုင်း အကျဉ်းအကြပ်ထဲ ရောက်နေသလို ခံစားရပြီး အတွေးလေဟာ နယ်တွေ ချဲ့နေမိတဲ့အထိ ဖြစ်နေတယ် ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးမှုကို ခံယူသင့်နေ ပါပြီ။
Depression အရမ်းဝင်သွားပြီဆိုရင် အဖျားတက်တဲ့အထိကို ကျန်းမာရေး ချို့ယွင်းချက်တွေ ဖြစ်ပေါ်နိုင်တဲ့အတွက် အမြန်ဆုံး ကုသမှု ခံယူသင့်ပါတယ်။
(၄) အမှားတွေပဲအထပ်ထပ်လုပ်မိနေပြီး အသုံးမကျတဲ့သူ တစ်ဦးအဖြစ် တွေးနေမိတယ်ဆိုရင်
အဓိပ္ပါယ်မရှိတဲ့ ဘဝကြီးထဲမှာ ထပ်ခါတလဲလဲ အမှားတွေပဲ လုပ်မိနေပြီး အသုံးမကျတဲ့သူတစ်ဦးလို့ မိမိကိုယ်ကို သတ်မှတ်ဖူးလား။
ဒီလိုအတွေးမျိုးကိုတော့ လူမှုဆက်ဆံရေး အဆင်မပြေတဲ့သူတွေ၊ အိမ်တွင်းရေးမိသားစု ရှုပ်ထွေးနေတဲ့သူတွေနဲ့ အချစ်ရေးရှုပ်ထွေးနေတဲ့သူတွေ အများစု ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တဲ့ လက္ခဏာရပ်လို့ ဆိုပါတယ်။
ကိုယ်လိုချင်တဲ့ အရာ၊ ကိုယ်တောင့်တတဲ့ နွေးထွေးမှုတွေကို မရရှိတဲ့အခါမှာ ငါ့ဘဝဟာ ဘာမှ မသုံးမဝင်ဘူး၊ ငါဟာအသုံးမကျတဲ့ သူတစ်ဦးပဲ ဆိုတဲ့ မိမိကိုယ်ကိုအားမလိုအားမရ၊ ပြစ်တင်မှုတွေ ဖြစ်လာပါတော့တယ်။
ဒီလိုမကြာခဏ တွေးနေမိတာက ရေရှည်အတွက် စိတ်ကျန်းမာရေးကို လုံးဝ ထိခိုက်စေနိုင်တဲ့ အတွက် နှစ်သိမ့် ဆွေးနွေးမှုကို ခံယူသင့်ပြီလို့ အကြံပြုပါရစေ။
(၅) မကြာခဏဆိုသလို၊ အကြောင်းမဲ့ ခေါင်းမူးခေါင်းကိုက်နေတယ်ဆိုရင်
ခေါင်းမူးခေါက်ကိုက်တဲ့ ဝေဒနာကတော့ အသက်အရွယ်မရွေး ကြုံတွေ့ရတဲ့ ကျန်းမာရေး ဆိုင်ရာ ချို့ယွင်းမှုကို ဖော်ပြတဲ့ လက္ခဏာရပ်ပါပဲ။
ဒါပေမယ့် ဖျားနာတာမျိုးလည်း မဟုတ်ဘဲ၊ စိတ်ညစ်တဲ့ အချိန်တွေ၊ စိတ်မကြည်မလင်ဖြစ်တဲ့ အချိန်တွေမှာ ခေါင်းကိုက်တဲ့ဝေဒနာကို ခံစားနေတယ် ဆိုရင်တော့ သင်ဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေတယ်ဆိုတာကို ဖော်ပြနေတာပါ။
ဆရာဝန်နဲ့ ဆေးစစ်တဲ့အခါမှာလည်း ခေါင်းကိုက်တဲ့ အကြောင်းအရင်းကိုလည်း မတွေ့ရှိဘဲ အကြောင်းမဲ့ ခေါင်းကိုက်နေတယ်ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုကို ခံယူကြည့်လိုက်ပါ။
Source: ShweInnlay
No Comments