
အရင္းႏွီးရဆံုးသူငယ္ခ်င္းက သင့္ရဲ႕ရန္သူျဖစ္ေနတယ္ဆိုတာကို ေဖာ္ျပေနတဲ့အခ်က္ေတြ
လူတုိင္းမွာ အရင္းႏွီးရဆံုး သူငယ္ခ်င္း၊ အရမ္းခ်စ္ရတဲ့ သူငယ္ခ်င္း၊ bff ေတြ ကိုယ္စီရွိၾကပါတယ္။ တခ်ိန္တုန္းကေတာ့ အရမ္းခင္မင္ရတဲ့ သူငယ္ခ်င္း ျဖစ္ခဲ့ေပမယ့္ အခ်ိန္ၾကာၾကာေပါင္းသင္း လာရင္း သူငယ္ခ်င္းမျဖစ္ ထိုက္ေတာ့ တဲ့ သူေတြလည္း ေတြ႔လာ ရပါတယ္။
ဒါကို စစ္မွန္တဲ့ သူငယ္ခ်င္းလို႔ မေခၚ ပါဘူး။ ဒီေတာ့.. ကုိယ့္အနားမွာ ရွိေနတဲ့ အရင္းႏွီးရဆံုးေသာသူငယ္ခ်င္းက စစ္မွန္တဲ့ သူငယ္ခ်င္းေကာင္း ဟုတ္ရဲ႕လားဆိုတာ ကိုေတာ့ သတိျပဳ မိဖို႔ လိုပါတယ္။
ခုေဖာ္ျပေပးမယ့္ အခ်က္ေတြ အတုိင္း သင့္သူငယ္ခ်င္းက ျပဳမူေနတယ္ ဆိုရင္ေတာ့ သင့္အေပၚမနာလိုစိတ္နဲ႔ ေပါင္းသင္းေနတဲ့ သူငယ္ခ်င္းေကာင္း မဟုတ္ဘူး ဆိုတာကို ခ်က္ခ်င္း သိရွိ ႏုိင္ပါတယ္။
(၁) အၿပိဳင္အဆိုင္လုပ္မယ္
သူငယ္ခ်င္းေကာင္း ဆုိတာက အၿပိဳင္အဆိုင္ေတြ မရွိဘဲ တစ္လမ္းထဲ အတူသြားၾက သူေတြပါ။ ဒီလိုမဟုတ္ဘဲ သင္လုပ္သမွ် တုိင္းကို လိုက္လုပ္ေနၿပီး အၿပိဳင္အဆိုင္ လုပ္ေနတယ္ ဆိုရင္ေတာ့ သတိထားပါေတာ့။
ဥပမာ.. သင္ဝယ္သံုးတဲ့ အသံုးအေဆာင္ ပစၥည္းေတြထက္ သာလြန္တဲ့ အရာေတြကို ပိုမိုသံုုးစြဲျပတာမ်ိဳး၊ ကိစၥတစ္ခုခုမွာ အႏုိင္ရဖုိ႔အတြက္ ဆိုရင္လည္း သင့္ကို အတိုက္အခံ လုပ္ဖို႔ ဝန္မေလး ပါဘူး။
(၂) တရားမွ်တမႈ မရွိဘူးလို႔ ေျပာမယ္
သင္က လူခ်စ္လူခင္ေပါတဲ့ သူဆိုရင္ေတာ့ တခါတရံမွာ သင့္ကိုုု မနာလို ျဖစ္ၿပီး တရားမမွ်တဘူးလို႔ ေျပာဆို တတ္ပါ တယ္။ သူငယ္ခ်င္း အုပ္စုထဲမွာ သင့္ကို ပိုၿပီး မ်က္ႏွာသာေပးေန ရင္လည္း တရားမွ်တမႈ မရွိဘူး ဆိုၿပီး ေျပာဆိုေန ပါလိမ့္မယ္။
သင္နဲ႔ အရာရာတုိင္းကို ႏႈိင္းယွဥ္ၿပီး သင့္ဆီမွာ ရွိသမွ် အရာေတြ သူလည္း ပိုင္ဆိုင္လိုစိတ္ ရွိလာတဲ့သေဘာပါပဲ။ ဒါဟာ သူငယ္ခ်င္းေကာင္း တစ္ေယာက္အေနနဲ႔ မရွိသင့္တဲ့ စိတ္ပါပဲ။
(၃) သင့္ကိုေခ်ာက္တြန္းမယ္
သိသိသာသာေတာ့ လုပ္မွာ မဟုတ္ပါဘူး။ လူေရွ႕သူေရွ႕ေရာက္ရင္ သင့္ရဲ႕ အားနည္းခ်က္၊ အရွက္ရဖြယ္ေတြကို ေဖာ္ထုတ္ၿပီး မသိသလို ေျပာဆိုတာမ်ိဳး လုပ္ပါ လိမ့္မယ္။
သူငယ္ခ်င္း အေနနဲ႔ စေနာက္တဲ့ သေဘာမ်ိဳး မဟုတ္ဘဲ တမင္အရွက္ ရဖြယ္ျဖစ္ေအာင္ ေျပာဆိုတယ္ ဆိုရင္ေတာ့ သင့္အတြက္ စစ္မွန္တဲ့ သူငယ္ခ်င္း မဟုတ္တဲ့ အတြက္ ေဝးေဝးေရွာင္သင့္ ပါတယ္။
(၄) သင့္ရဲ႕ ေပ်ာ္ရႊင္မႈ၊ ဝမ္းနည္းမႈေတြကိုဂရုမစိုက္ဘူး
လူတုိင္းမွာ ေပ်ာ္ရႊင္တဲ့ အခ်ိန္၊ ဝမ္းနည္းတဲ့ အခ်ိန္ေတြက တစ္လွည့္စီ ျဖစ္ေပၚေန ပါတယ္။ သူငယ္ခ်င္းေကာင္းဆိုတာက ဝမ္းနည္း၊ ဝမ္းသားျဖစ္တဲ့ အခ်ိန္ေတြ မွာလည္း အတူမွ်ေဝ ခံစားတာ မ်ိဳးပါ။ ဒီလိုမဟုတ္ဘဲ သင့္ရဲ႕ ေအာင္ျမင္မႈ၊ ေပ်ာ္ရႊင္ဖြယ္ ကိစၥရပ္ေတြကို အတူလိုက္ ေပ်ာ္မေပး ႏို္င္တာမ်ိဳး၊
မနာလိုျဖစ္ေနတာ မ်ိဳးဆုိရင္ေတာ့ အမူအရာကို ၾကည့္ရံုနဲ႔တင္ သိႏိုင္ ပါတယ္။ ေနာက္ၿပီး သင့္ရဲ႕ စိတ္ညစ္စရာ၊ ဝမ္းနည္းစရာ ကိစၥရပ္ေတြကိုလည္း နားေထာင္ေပးဖို႔ ၿငီးေငြ႔ေန တတ္ပါတယ္။
(၅) အရာရာတုိင္းကို အဆိုးျမင္မယ္
သင္နဲ႔ပတ္သတ္တဲ့ သူေတြတုိင္းနဲ႔ အရာရာတုိင္းကို အဆိုးျမင္ၿပီး အျပစ္ေတြ တင္ေနတတ္ ပါတယ္။ သင့္အေနနဲ႔ ဘာလုပ္လုပ္ အားေပးေထာက္ပံ့မ ႈေတြမရွိဘဲ အဆိုးေတြပဲ ျပစ္တင္ေျပာ ဆိုေနတယ္ ဆိုရင္ေတာ့ သင့္အတြက္ သူငယ္ခ်င္းေကာင္း မျဖစ္ႏုိင္ ပါဘူး။
သင္ေအာင္ျမင္ သြားမွာကို မလိုလားလို႔ အႀကံဉာဏ္ေပးရင္ေတာင္ ေကာင္းေကာင္းမြန္မြန္ မေျပာဘဲ အဆိုးဘက္ ကခ်ည္း ေျပာဆိုေန ပါ လိမ့္မယ္။ ဒီလို မနာလိုစိတ္ ရွိတဲ့ သူငယ္ခ်င္းက သင့္ဘဝအတြက္ ဆူးေညွာင့္ ခလုတ္ျဖစ္ေစတဲ့ အတြက္ ေဝးေဝးေရွာင္သင့္ ပါတယ္။
Credit (ေရႊအင္းေလး)
Unicode
အရင်းနှီးရဆုံးသူငယ်ချင်းက သင့်ရဲ့ရန်သူဖြစ်နေတယ်ဆိုတာကို ဖော်ပြနေတဲ့အချက်တွေ
လူတိုင်းမှာ အရင်းနှီးရဆုံး သူငယ်ချင်း၊ အရမ်းချစ်ရတဲ့ သူငယ်ချင်း၊ bff တွေ ကိုယ်စီရှိကြပါတယ်။ တချိန်တုန်းကတော့ အရမ်းခင်မင်ရတဲ့ သူငယ်ချင်း ဖြစ်ခဲ့ပေမယ့် အချိန်ကြာကြာပေါင်းသင်း လာရင်း သူငယ်ချင်းမဖြစ် ထိုက်တော့ တဲ့ သူတွေလည်း တွေ့လာ ရပါတယ်။
ဒါကို စစ်မှန်တဲ့ သူငယ်ချင်းလို့ မခေါ် ပါဘူး။ ဒီတော့.. ကိုယ့်အနားမှာ ရှိနေတဲ့ အရင်းနှီးရဆုံးသောသူငယ်ချင်းက စစ်မှန်တဲ့ သူငယ်ချင်းကောင်း ဟုတ်ရဲ့လားဆိုတာ ကိုတော့ သတိပြု မိဖို့ လိုပါတယ်။
ခုဖော်ပြပေးမယ့် အချက်တွေ အတိုင်း သင့်သူငယ်ချင်းက ပြုမူနေတယ် ဆိုရင်တော့ သင့်အပေါ်မနာလိုစိတ်နဲ့ ပေါင်းသင်းနေတဲ့ သူငယ်ချင်းကောင်း မဟုတ်ဘူး ဆိုတာကို ချက်ချင်း သိရှိ နိုင်ပါတယ်။
(၁) အပြိုင်အဆိုင်လုပ်မယ်
သူငယ်ချင်းကောင်း ဆိုတာက အပြိုင်အဆိုင်တွေ မရှိဘဲ တစ်လမ်းထဲ အတူသွားကြ သူတွေပါ။ ဒီလိုမဟုတ်ဘဲ သင်လုပ်သမျှ တိုင်းကို လိုက်လုပ်နေပြီး အပြိုင်အဆိုင် လုပ်နေတယ် ဆိုရင်တော့ သတိထားပါတော့။
ဥပမာ.. သင်ဝယ်သုံးတဲ့ အသုံးအဆောင် ပစ္စည်းတွေထက် သာလွန်တဲ့ အရာတွေကို ပိုမိုသုံးစွဲပြတာမျိုး၊ ကိစ္စတစ်ခုခုမှာ အနိုင်ရဖို့အတွက် ဆိုရင်လည်း သင့်ကို အတိုက်အခံ လုပ်ဖို့ ဝန်မလေး ပါဘူး။
(၂) တရားမျှတမှု မရှိဘူးလို့ ပြောမယ်
သင်က လူချစ်လူခင်ပေါတဲ့ သူဆိုရင်တော့ တခါတရံမှာ သင့်ကို မနာလို ဖြစ်ပြီး တရားမမျှတဘူးလို့ ပြောဆို တတ်ပါ တယ်။ သူငယ်ချင်း အုပ်စုထဲမှာ သင့်ကို ပိုပြီး မျက်နှာသာပေးနေ ရင်လည်း တရားမျှတမှု မရှိဘူး ဆိုပြီး ပြောဆိုနေ ပါလိမ့်မယ်။
သင်နဲ့ အရာရာတိုင်းကို နှိုင်းယှဉ်ပြီး သင့်ဆီမှာ ရှိသမျှ အရာတွေ သူလည်း ပိုင်ဆိုင်လိုစိတ် ရှိလာတဲ့သဘောပါပဲ။ ဒါဟာ သူငယ်ချင်းကောင်း တစ်ယောက်အနေနဲ့ မရှိသင့်တဲ့ စိတ်ပါပဲ။
(၃) သင့်ကိုချောက်တွန်းမယ်
သိသိသာသာတော့ လုပ်မှာ မဟုတ်ပါဘူး။ လူရှေ့သူရှေ့ရောက်ရင် သင့်ရဲ့ အားနည်းချက်၊ အရှက်ရဖွယ်တွေကို ဖော်ထုတ်ပြီး မသိသလို ပြောဆိုတာမျိုး လုပ်ပါ လိမ့်မယ်။
သူငယ်ချင်း အနေနဲ့ စနောက်တဲ့ သဘောမျိုး မဟုတ်ဘဲ တမင်အရှက် ရဖွယ်ဖြစ်အောင် ပြောဆိုတယ် ဆိုရင်တော့ သင့်အတွက် စစ်မှန်တဲ့ သူငယ်ချင်း မဟုတ်တဲ့ အတွက် ဝေးဝေးရှောင်သင့် ပါတယ်။
(၄) သင့်ရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေကိုဂရုမစိုက်ဘူး
လူတိုင်းမှာ ပျော်ရွှင်တဲ့ အချိန်၊ ဝမ်းနည်းတဲ့ အချိန်တွေက တစ်လှည့်စီ ဖြစ်ပေါ်နေ ပါတယ်။ သူငယ်ချင်းကောင်းဆိုတာက ဝမ်းနည်း၊ ဝမ်းသားဖြစ်တဲ့ အချိန်တွေ မှာလည်း အတူမျှဝေ ခံစားတာ မျိုးပါ။ ဒီလိုမဟုတ်ဘဲ သင့်ရဲ့ အောင်မြင်မှု၊ ပျော်ရွှင်ဖွယ် ကိစ္စရပ်တွေကို အတူလိုက် ပျော်မပေး နိုင်တာမျိုး၊
မနာလိုဖြစ်နေတာ မျိုးဆိုရင်တော့ အမူအရာကို ကြည့်ရုံနဲ့တင် သိနိုင် ပါတယ်။ နောက်ပြီး သင့်ရဲ့ စိတ်ညစ်စရာ၊ ဝမ်းနည်းစရာ ကိစ္စရပ်တွေကိုလည်း နားထောင်ပေးဖို့ ငြီးငွေ့နေ တတ်ပါတယ်။
(၅) အရာရာတိုင်းကို အဆိုးမြင်မယ်
သင်နဲ့ပတ်သတ်တဲ့ သူတွေတိုင်းနဲ့ အရာရာတိုင်းကို အဆိုးမြင်ပြီး အပြစ်တွေ တင်နေတတ် ပါတယ်။ သင့်အနေနဲ့ ဘာလုပ်လုပ် အားပေးထောက်ပံ့မ ှုတွေမရှိဘဲ အဆိုးတွေပဲ ပြစ်တင်ပြော ဆိုနေတယ် ဆိုရင်တော့ သင့်အတွက် သူငယ်ချင်းကောင်း မဖြစ်နိုင် ပါဘူး။
သင်အောင်မြင် သွားမှာကို မလိုလားလို့ အကြံဉာဏ်ပေးရင်တောင် ကောင်းကောင်းမွန်မွန် မပြောဘဲ အဆိုးဘက် ကချည်း ပြောဆိုနေ ပါ လိမ့်မယ်။ ဒီလို မနာလိုစိတ် ရှိတဲ့ သူငယ်ချင်းက သင့်ဘဝအတွက် ဆူးညှောင့် ခလုတ်ဖြစ်စေတဲ့ အတွက် ဝေးဝေးရှောင်သင့် ပါတယ်။
Credit (ရွှေအင်းလေး)
No Comments