၃။ တရားထိုင်ပါ။
crd
Unicode
အသက် ၂၀ ပြည့်တဲ့ညီမလေးဖတ်ဖို့
၁။ တစ်စုံတစ်ယောက်က ချစ်တယ်လို့ ပြောတဲ့ အခါ ထာဝရ တည်မြဲသွား လိမ့်မယ်လို့ မယူဆ လိုက်ပါနဲ့။
၂။ ရရှိထားတဲ့ ကိုယ်ခန္ဓာ အချိုးအစားကို လက်ခံ တတ်အောင် လေ့ကျင့် ထားပါ။
၃။ တရားထိုင်ပါ။
၄။ သင့် အသက် မငယ်တော့ ဘူးဆိုတာ သိထားပါ။
၅။ အတင်းအဖျင်းတွေကို ရှောင်ကြဉ်ပါ။
၆။ သင့်ဘေးမှာ လက်ရှိရှိနေ တဲ့ သူတွေကို တန်ဖိုး ထားပါ။
၇။ လူတွေအားလုံး မတူညီတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ ကြတယ် ဆိုတာ ကို နားလည်ပါ။
၈။ သင့် မိဘတွေက သင်ကောင်းစား တာကိုပဲ မြင်ချင်နေတဲ့ သူတွေ ဆိုတာကို သိထားပါ။
၉။ ပြဿနာတွေကို ထိပ်တိုက် ရင်ဆိုင်ပါ။
၁ဝ။ လူတိုင်းက သင်မသိသေးတဲ့ တိုက်ပွဲ ကိုယ်စီကို ရင်ဆိုင်နေ ရတာပါ။
၁၁။ အခက်အခဲတွေ ရင်ဆိုင်နေရတာ သင်တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာ သိထားပါ။
၁၂။ ဘဝမှာ တစ်ခါလောက်တော့ မှားခွင့် ရှိပါတယ်။
၁၃။ သင့်ကိုဘာ တိုးတက်မှုမှ မပေးနိုင်တဲ့ အပြင် သင်လည်း မနှစ်သက်တဲ့ အလုပ်ကို စွန့်လွှတ်ပစ်ပါ။
၁၄။ တတ်သင့် တတ်ထိုက်တဲ့ အလုပ်တွေ အားလုံးကို လုပ်တတ်အောင် သင်ယူ ထားပါ။
၁၅။ တစ်နှစ် တစ်ခေါက်လောက် မရောက်ဖူးသေးတဲ့ နေရာတွေဆီကို ရောက်အောင် သွားပါ။
၁၆။ အသည်းကွဲခြင်း ဆိုတာ လူတိုင်း တစ်ကြိမ် တစ်ခါတော့ ကြုံတွေ့ရမယ့် အရာပါ။
၁၇။ အတွင်းစိတ်က ပြောတဲ့ စကားကို ယုံပါ။
၁၈။ ဘယ်အရာမှ သင့်ဆီ အလိုလို ရောက်မလာ နိုင်ပါဘူး။ လိုချင်တာကို ရအောင် ကြိုးစားပါ။
၁၉။ စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးတဲ့ သူတွေနဲ့ အနီးဆုံးမှာနေထိုင် ပါ။
၂ဝ။ တစ်ခါတလေမှာ လမ်းပျောက် သွားတတ်တာ သဘာဝပါ။ လမ်းကိုတွေ့အောင် ရှာတတ်ဖို့သာ အရေးကြီးတာပါ။
၂၁။ စိတ်ပူတတ်တဲ့အကျင့်ကို လျှော့ပါ။
၂၂။ အမှား လုပ်ထားတာရှိရင် ဝန်ခံပါ။ ပြဿနာကို မဖုံးကွယ်ဘဲ ဖြေရှင်းပါ။
၂၃။ တစ်ကိုယ်ကောင်းဆန်တဲ့ သူတွေကို ဘဝထဲက ဖယ်ရှားထားပါ။
၂၄။ ဘဝ အနိမ့်အမြင့်၊ အတက်အကျတွေနဲ့ ကြုံတွေ့ရတဲ့ အခါ သတ္တိရှိရှိ ရင်ဆိုင်လိုက်ပါ။
၂၅။ ကြင်နာတတ်တဲ့ နှလုံးသားကို မွေးမြူပါ။
၂၆။ ကိုယ့်ရဲ့ တန်ဖိုးကို ကိုယ်တိုင်တည်ဆောက်ပါ။
၂ဝ၂ဝ မှာ အ သက် (၂ဝ) ပြည့် မယ့် မောင် လေး ၊ ညီ မ လေး တို့ ရေ ဒီ အ ချက် တွေ ကို လိုက် နာ ပြီး ဘဝ ရည် မှန်း ချက် တွေ ပြည့် ဝ အောင် ကြိုး စား လိုက် ကြ စို့လား။
No Comments