(၁) Glossophobia
(၂ )Genophobia
(၃) Heliophobia
(၄) Decidophobia
(၅) Nomophobia
(၆) Ablutophobia
(၇) Philophobia
(၈) Neophobia
(၉) Ergophobia
(၁၀) Haphephobia
ခရက်ဒစ်
ယူနီကုတ်
လူတွေမှာရှိတဲ့ ဆိုးရွားတဲ့ အကြောက်တရား ၁၀ မျိုး
လူတိုင်းမှာ အကြောက်တရား တစ်မျိုးစီ ရှိကြ ပါတယ် ။ ဆိုးရွားတာနဲ့ မဆိုးတာ အမျိုးအမည် မတူတာပဲ ရှိရင်ရှိမယ် ။
ပုံမှန်အခြေအနေကို သွေဖယ်ပြီး မိမိစိတ်ကို ထိန်းချုပ် ထိန်းကြောင်းနိုင်စွမ်း ရှိဖို့အရေးကြီးပါတယ် ။ အကြောက်တရားအမျိုးမျိုးမှာမှ ဘယ်လိုအမျိုးအစားကို သင်ခံစားနေရသလဲဆိုတာ လေ့လာကြည့်ရအောင် ။
(၁) Glossophobia
Glossophobia ကတော့ လူအများရှေ့မှာ စကားပြောဆိုရမှာ ကြောက်တဲ့ရောဂါဖြစ်ပါတယ် ။ သူတို့ကတော့ လူရှေ့သူရှေ့မှာ စကားပြောဆိုရမှာကို အလွန်ကို ကြောက်ရွံ့ မနှစ်မြို့တဲ့စိတ် ဖြစ်ကြပါတယ် ။
အခြားသူတွေရှေ့မှာ အမှားအယွင်း တစ်စုံတစ်ရာကြောင့် အရှက်ကွဲမှာ ကြောက်လို့ပဲ ဖြစ်ပါတယ် ။ လူမှုဆက်ဆံရေးချို့ယွင်းချက် ရှိသူတွေ အဖြစ် သတ်မှတ်ထားပါတယ် ။ မင်းသားဟယ်ရီ ကိုယ်တိုင် လူရှေ့မှာ မိန့်ခွန်းပြောဆိုတာအတွက် စိတ်လှုပ်ရှား ကြောက်ရွံတယ်လို့ ဖော်ပြထားပါတယ် ။
(၂ )Genophobia
Genophobia ကတော့ လိင်မှုကိစ္စကို ကြောက်ရွံဃြင်း ဖြစ်ပါတယ် ။ သူကတော့ ခိင်ပိုင်ဆိုင်ရာ အကြမ်းဖက်ခံရမှု ၊ မလုံခြုံသော ဘ၀ ရဲ့နောက်ဆက်တွဲ အရိပ်ဆိုးကြီးတွေ ဖြစ်နိုင်ပါတယ်တဲ့ ။
အိမ်ထောင်ရေး အဆင်မပြေမှု တွေ ၊ ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့လိင်ပိုင်းဆိုင်ရာ ပြသနာတွေကြောင့်လည်း ထိခိုက်မှု ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ် ။
(၃) Heliophobia
Heliophobia ဆိုတာ အလင်းရောင်တွေကိုကြောက်တဲ့ ရောဂါပါ ။ နေရောင်ခြည် ၊ မီးအိမ် ၊ တောက်ပတဲ့အလင်းရောင် စတာတွေကိုကြောက်တာ ဖြစ်ပါတယ် ။ သူတို့ အလင်းရောင်ကို ကြောက်တယ်ဆိုတာ အလင်းရောင်ရဲ့နောက်ဆက်တွဲကို ကြောက်နေတာမျိုး ဖြစ်ပါတယ် ။
ဥပမာ နေရောင်ခြည်က ကင်ဆာရောဂာ အရေပြားရောဂါ ဖြစ်စေနိုင်တယ် ဆိုတဲ့လွန်ကဲ ယူဆမှုမျိုးကြောင့် ဖြစ်ပါတယ် ။ ပတ်ဝန်းကျင်နဲ့ ထိတွေ့စေမှု ၊ အလင်းရောင်ကို ထိတွေ့စေတဲ့ကုထုံး ၊ စကားပြောဆိုပေး သင်ကြားပေးတဲ့ကုထုံးတွေက ထိရောက်တယ်လို့ ဆိုပါတယ် ။
(၄) Decidophobia
Decidophobia ကတော့ ဆုံးဖြတ်ချက်ချရမှာ ကို ကြောက်တဲ့အကြောက်တရားပါ ။ ဆိုရရင်တော့ ငယ်စဉ်ကတည်းက သံသယလွန်ကဲတဲ့စိတ်ခံစားမှု ၊ မလုံခြုံမှု ၊ ပတ်ဝန်းကျင်ရဲ့လက်ညှိုးထိုးမှုတွေကို ကြောက်ရွံတဲ့ အကြောက်တရားကနေ စီးမျောလာတဲ့ အဆက်အစပ်ကြီးလို ဖြစ်နေ ပါတယ် ။
ကိုယ် ဒါဆုံးဖြတ်လိုက်လို့ ဘာများမှား သွားနိုင်သလဲ ။ တစ်စုံတစ်ရာ မှားယွင်းသွားမှာလား မကောင်းတဲ့ဘက် ဦးတည်သွားမှာလား ၊ စတဲ့အကြောက်တရားတွေ ဖြစ်လာတာကြောင့် ဆုံးဇြတ်ချက် မချရဲတာ ဖြစ်ပါတယ် ။ ကုသဖို့ ခက်ခဲတဲ့အရာဖြစ်လို့ လူတစ်ယောက်ကို အဆုံးထိ နှစ်ချပစ်လိုက်နိုင်ပါတယ် ။
(၅) Nomophobia
Nomophobia ဆိုတာ မိုဘိုင်းဖုန်းနဲ့ကင်းကွာမှာ ကြောက်တဲ့ စိတ်ဖြစ်ပါတယ် ။ ဖွံဖြိုးပြီး နိုင်ငံတော်တော် များများ မှာ ယနေ့ ကာလမှာတော့ လူတိုင်းနီးပါ မိုဘိုင်းဖုန်းကို သုံးစွဲ ကြိုက်နှစ်သက်လာကြတယ် ဆိုပေမယ့် မခွဲအခွာနိုင် ဖြစ်လာပြီ ဆိုရင်တော့ ဒါဟာ အခြေအနေကောင်း တစ်ခု မဟုတ်ပါဘူး ။
စစ်တမ်းအရ ၆၆ % သော လူတွေဟာ ဒါကို ခံစားနေရပြီ ဖြစ်ပါသတဲ့ ။ အထီးကျန်ဆန်ခြင်းက အဓိက ဖြစ်စေတဲ့အကြောင်းရင်းပါပဲတဲ့ ၊ အပြန်အလှန်အားဖြင့် လည်း ဒါပဲ သုံးစွဲနေရင် လူတွေ နဲ့ကင်းကွာ ပြီး အထီးကျန်လာမှာပဲ ဖြစ်ပါတယ် ။
ဆေးဝားနဲ့ထိန်းချုပ် ကုသတာမျိုးတော့ လုပ်ဆောင်စရာမလိုပေမယ့် ဘယ်လောက်ထိ ဆိုးဝါးနေပြီးလဲဆိုတာ သိကြမှာ ဖြစ်ပါတယ် ။
(၆) Ablutophobia
Ablutophobia ဆိုတာ သန့်ရှင်းရမှာကို ကြောက်တဲ့ရောဂါဖြစ်ပါတယ် ။ ရေချိုးရမှာ ၊ ကိုလက်သန့်စင် ဆေးကြောရမှာ ၊
သန့်သန့်ရှင်းရှင်း နေထိုင်ရမှာကို ကြောက်ရွံတတ်ကြ ပါတယ် ။ တချို့လူငယ်တွေကြားမှာ ဒါဟာ ခေတ်ရေစီးကြောင်းတစ်ခုအနေနဲ့ လုပ်ဆောင်လာကြတဲ့ အတွက် မိဘ ဒါမှ မဟုတ် အုပ်ထိန်းသူများမှ အမှားအမှန် ခွဲခြားနိုင်ဖို့ နဲ့ပြုပြင်ပေးနိုင်ဖို့ အရေးကြီး ပါတယ် ။
(၇) Philophobia
Philophobia ကတော့ ချစ်ရမှာကြောက်တဲ့ကြောက်စိတ် တစ်မျိုး ဖြစ်ပါတယ် ။ ဆက့ဆံရေး အဆင်မပြေတဲ့မိဘကြားမှာ ကြီးပြင်းလာရခြင်း ၊ စွန့်ပစ်ခံရဖူးခြင်း ၊ အချစ်ကြောင့် နာကျင်ခံစားဖူးခြင်း စတာတွေဟာ အချစ်ကို ကြောက်ရွံစေတဲ့စိတ်ကို မွေးဖွား ပေးနေသလိုဖြစ်နေပါတယ် ။
ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံး ထိခိုက်နိုင်တာ ဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ပတ်ဝန်းကျင်ရဲ့အထောက်အပံ့ကို ရယူသင့်ပါတယ် ။ သိမှုဆိုင်ရာ ကျင်ထုံးတွေကို သိတတ်နားလည်သူတွေနဲ့ပြုပြင် သွားမယ်ဆိုရင် အဆင်ပြေသွားနိုင်ပါတယ် လို့ဆိုပါတယ် ။
(၈) Neophobia
Neophobia ဆိုတာ အပြောင်းအလဲ အသစ်ကို ကြောက်ရွံခြင်း ဖြစ်ပါတယ် ။ အသစ်သော အစားအေသာက်တွေ ၊ အသစ်သော လမ်းကြောင်းတွေ ၊ အသစ်သော ဥပဒေတွေ ၊ အသစ်သော
လူ့ကျင့်ဝတ်ဆိုတာတွေ ၊ ဖက်ရှင်တွေ စသဖြင့် အသစ်တစ်ခု အနေနဲ့ရင်ဆိုင်ရမယ့် အရာ မှန်သမျှကို ကြောကါပြီး ရင်မဆိုင်ရဲတဲ့အကြောက် ရောဂါ ဖြစ်ပါတယ် ။
(၉) Ergophobia
Ergophobia ဆိုတာ အလုပ်ကို ကြောက်ရွံဃြင်း ဖြစ်ပါတယ် ။ အလုပ်ကို ကြောက်တယ်ဆိုတာ အလုပ်အကိုင်အသစ် အခွင့်အလမ်း အသစ်တွေကိုကြောက်တာ ၊ အလုပ်မှာ လူကြီးတွေ နဲ့ဆက်ဆံရမှာ ကြောက်တာ ၊
အလုပ်လုပ်ကိုင်ရမှာ ကို အကြောက်ကြီးကြောက်နေတာတွေ ဖြစ်ပါတယ် ။ သူတို့ ဒီလို ကြောက်ရွံနေတတ်တာကြောင့် သူတို့မှာ ငွေရေးကြေးရေး အခက်အခဲတွေ လည်း ဖြစ်လာနိုင်ပါတယ် ။ ပတ်ဝန်းကျင်အမြင်မှာတော့ အလုပ်မလုပ်ချင်သူအဖြစ် ရှုံချခံရနိုင်ပါတယ် ။
(၁၀) Haphephobia
Haphephobia ဆိုတာ ထိခံရမှာ ဒါမှမဟုတ် ထိလိုက်ရမှာ ကြောက်တဲ့ရောဂါပါ ။ လူတွေနဲ့ထိတွေ့ရမှာကု ိစိုးရွံကြောက်လန့်နေတဲ့ ကြောက်စိတ်က အချိန်ပြည့် လွှမ်းမိုးထားခြင်း ခံရသူတွေဖြစ်ပါတယ် ။
ဒီလိုကြောက်ရွံတာဟာ ဟန်ဆောင်နေတာ မဟုတ်ပါဘူး ။ တကယ်ကိုပဲ ထိတွေ့လိုက်မိပြီ ဆိုရင် နာကျင်မှုကို ခံစားရလို့ ဖြစ်ပါတယ် ။
United States က အသက် ၂၃ နျစ်အရွယ် ဒီဇိုင်နာ A.J. ကလည်း ဒီဝေဒနာကို ခံစားရတဲ့ လူတစ်ယောက်ဖြစ်ပြီး တစ်စုံတစ်ဦးက သူ့ကို ထိလိုက်တဲ့ အခါတိုင်း နာကျင်မှုကို ခံစားရပါတယ် လို့ ဆိုပါတယ် ။
ထိခံရိုင်း နာကျင်နေရမယ်ဆိုရင် အလွန်ဆိုးရွားမှာဖြစ်ပါတယ် ။ ဒါကြောင့် ပုံမှန်အနေအထားမဟုတ်တဲ့သူတို့ဟာ လူတွေနဲ့ထိတွေ့ရမှာ ကြောက်လာကြတော့တာပါပဲ ။
No Comments