ဝက်ခြံနဲ့ အမဲစက်တွေအတွက် အိမ်မှာတင် ဆေးဖော်ပြီး အန္တရာယ် ကင်းကင်းကုလို့ရမယ့် ဆေးနည်း ၅မျိုး
ဒါကြောင့်မို့ ဝက်ခြံတွေကို ငွေကုန်ခံပြီးကုတာ မပျောက်ရင် ပိုတောင် စိတ်ဓာတ်ကျစေတာမို့ ငွေလည်းမကုန် လူလည်း ပင်ပန်းစရာမလိုတဲ့ အိမ်တွင်း ကုထုံးလေးတွေကို မျှဝေပေး ပါရစေ။
Sk Herbal Myanmar
Unicode
ဝက်ခြံ၊အမာရွတ် နှင့် အမဲစက်တွေကို အလွယ်ရှင်းမယ်
ဝက်ခြံံနဲ့ အမဲစက်တွေအတွက် အိမ်မှာတင် ဆေးဖော်ပြီး အန္တရာယ် ကင်းကင်းကုလို့ိရမယ့် ဆေးနည်း ၅မျိုး
ဝက်ခြံနဲ့ အမာရွတ်တွေနဲ့ အသားအရေဟာ လူတစ်ယောက် အဖို့ မိမိကိုယ်ကို ကိုယ် ယုံကြည်မှုကို လျော့နည်းစေသလို စိတ်ဓာတ်လည်း ကျဆင်းစေ ပါတယ်။
ဒါကြောင့်မို့ိ ဝက်ခြံတွေကို ငွေကုန်ခံပြီးကုတာ မပျောက်ရင် ပိုတောင် စိတ်ဓာတ်ကျစေတာမို့ ငွေလည်းမကုန် လူလည်း ပင်ပန်းစရာမလိုတဲ့ အိမ်တွင်း ကုထုံးလေးတွေကို မျှဝေပေး ပါရစေ။
၁။နနွင်း – သိပ်ကို အသုံးဝင်ပြီးရှာ ရလည်း လွယ်တဲ့ အိမ်တွင်းဆေးဝါးလေးပါ။ နနွင်းဟာ ဘက်တီးရီးယားများကို သေစေပြီး၊ ရောင်ရမ်းနာကျင် နီမြန်းခြင်းတွေကိုလည်း လျော့ချပေးပြီး ဝက်ခြံတွေထပ်မပွားလာအောင်လည်းကာကွယ်ပေးပါတယ်။
သံလွင်ဆီ အုန်းဆီ စသည်တို့ဖြင့် လိမ်းပါက ဝမ်းဗိုက် နာကျင် ကိုက်ခဲတာ၊ ဖောရောင်တာ၊ လေထိုးလေအောင့်တာ၊ ဖျားနာတာ၊ ဝမ်းလျော တာအပြင် အသားအရေ ပျက်စီး လျော့ရဲခြင်းတွေအတွက်ပါ ဆေးဖက်ဝင် ပါတယ်။
နနွင်းတက် တစ်တက် ကို ယူ လိုက်ပါ။ ပြီးတော့ ထိုးထွက်နေတဲ့ အတက်ကလေးတွေထဲက ၂ဆစ် ၃ဆစ်လောက်ကိုဖြတ်လိုက်ပါ။ ထို့နောက် ပါးပါးလေးတွေလှီးပြီး ကြိတ်စက်ထဲတွင် ရှောက်ရည် သို့မဟုတ် သံပုရာရည် သို့မဟုတ် လီမွန်ရည်ကိုရောပြီး ကြိတ်လိုက်ပါ။
ထို့နောက် ရလာသည့် အနှစ်ကို မျက်နှာတွင် သုတ်လိမ်းပေးပြီး ၁၅ မိနစ် မှ မိနစ်၂၀ ထိထားပြီး ရေဆေးချလိုက်ပါ။ တစ်ပတ်ကို ၃ကြိမ် ၄ကြိမ်လောက် ပြုလုပ်နိုင်ပြီး ညအိပ်ယာမဝင်ခင် ပြုလုပ်ပေးတာ အကောင်းဆုံးပါ။
ထိုသို့ပြုလုပ်ပေးခြင်းအားဖြင့် ဝက်ခြံတွေပျောက်ကင်းစေပြီး ဝင်းလဲ့ စိုပြည်တဲ့ အသားအရေကို ရရှိစေမှာပါ။
၂။မန်ကျည်းသီး – ရှေးယခင်ကတည်းက မန်ကျည်းသီးကို အသားအရည်ဖြူဝင်းစေဖို့အသုံးပြုလာတာဖြစ်ပြီး မန်ကျည်းသီးတွင် စစ်ထရစ် အက်ဆစ်၊ တက်တရစ် အက်ဆစ် အပြင်
မဲလစ် အက်ဆစ်တို့ပါဝင်တာကြောင့် ချွေးပေါက်ထဲက အညစ်အကြေးတွေကို သုတ်သင်ရှင်းလင်းပေးပြီး ဝက်ခြံ နဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို ပျောက်ကင်းစေပါတယ်။
မန်ကျည်းအနှစ်ကို ရေကျဲဖျော်ပြီး မျက်နှာသစ်ပေးခြင်း မန်ကျည်းအနှစ်ကို ပျစ်နေအောင်ဖျော်ပြီး မအိပ်ခင် မျက်နှာတွင် လိမ်းပေဒခြင်းကို ပြုလုပ်ပေးပါ။ တစ်ပတ်မှာ ၃ကြိမ် သို့ ၄ကြိမ်လောက်ပြုလုပ်ပေးခြင်းအားဖြင့် ဖြူစင်ဝင်းလက်ပြီး ဝက်ခြံကင်းတဲ့ အလှပိုင်ရှင်ဖြစ်သွားပါပြီ။
၃။ကြက်ဥ – ကြက်ဥဟာ အစားအသောက် အနေနဲ့ အာဟာရဖြစ်သလိုပဲ အသားအရေအတွက်လည်း အားဖြည့်ပေးတဲ့ တန်ဖိုးရှိ အရာတစ်ခုပါ။ ကြက်ဥဘေး အကာလေးတွေက ဝက်ခြံနဲ့ ဆားဝက်ခြံတွေကိုဖယ်ရှားပေးပြီး သင့်အသားအရေကို တောက်ပစေ ပါတယ်။
ကြက်ဥထဲမှ အနှစ်နဲ့ အကာကို ခွဲပြီး အကာကို ဆိုဒါမှုန့်နဲ့ ရောပြီး မျက်နှာကို လိမ်းပေးလိုက်ပါ။ ထို့နောက် ၁၅ မိနစ် မိနစ် ၂၀ လောက်နေလျှင်ဆေးချေ ပးပါ။ တစ်ပတ်ကို ၂ကြိမ်အသုံးပြုပေးခြင်းအားဖြင့် ဝက်ခြံတွေကိုသက်သာပျောက်ကင်းစေပါတယ်။
၄။ခရမ်းချဉ်သီး – ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်တဲ့ ခရမ်းချဉ်သီးဟာ Licopersionin ပါဝင်လို့ ဘက်တီးရီးယားတွေကိုလည်း သေစေနိုင်ပြီး နီးမြန်းရောင်ရမ်းခြင်းကိုလည်း လျော့ချပေးပါတယ်။
ပြုလုပ်ပုံကတော့ လွယ်ကူ ပါတယ်။ ခရမ်းချဉ်သီးကို အနှစ်ဖြစ်အောင် ချေပြီး ဒိန်ချဉ် စားပွဲတင်ဇွန်းနဲ့ ၂ ဇွန်းကို ရောလိုက်ပါ။
ထို့နောက် မျက်လုံးနားတစ်ဝိုက်မှလွဲ၍ တစ်မျက်နှာလုံးကို လိမ်းပြီး ၁၅ မိနစ်လောက် နေရင်ရေနှင့်ဆေးချလိုက်ပါ။တစ်ပတ်ကို ၃ကြိမ် အသုံးပြုပေးခြင်းအားဖြင့် ဝက်ခြံများကို ကင်းစေပြီး အသားအရေကို ချောမွတ်တောက်ပစေပါတယ်။
၅။ပျားရည် – ပျားရည်ဟာ ဝက်ခြံကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုကို လျော့ချပေးပြီး ဝက်ခြံထပ်မပွားအောင်လည်း ကာကွယ်ပေး ပါတယ်။ ဒါ့အပြင် ဒဏ်ရာတွေကို ပါ ကုစားပေးတာမို့ ပျားရည်ဟာလည်း သိပ်ကို နာမည်ကြီးတဲ့ ကုသဆေး တစ်မျို းအဖြစ် ရှေးယခင်ကတည်းက ရှိခဲ့တာပါ။
ပျားရည်ကို နှမ်းဆီ သံလွင်ဆီ ဂျုံတို့နဲ့ ရောပြီး မျက်နှာမှာ သုတ်လိမ်းလိုက်ပါ။ ထို့နောက် ၁၅ မိနစ် မိနစ် ၂၀ လောက်ထားပြီး ရေဆေးချလိုက်ပါ။ ဝက်ခြံကင်းပြီး ဝင်းလက် စိုပြည်တဲ့ အသားအရေကို ပိုင်ဆိုင်ရပါလိမ့်မယ်။
No Comments