
အိမ္ေတြမွာ အိမ္ေစာင့္နတ္ တကယ္ ရွိ၊ မရွိဆုိတဲ့ ေမးခြန္းရဲ႕ အေျဖကို ပါခ်ဳပ္ဆရာေတာ္ဘုရားႀကီး ေျဖၾကားပံု
ေဒဝတာနံ ကိုယ္မျမင္ရေပမယ့္ လို႔ ကိုယ့္ရဲ႕ ပတ္ဝန္းက်င္မွာ အိမ္ေစာင့္နတ္တို႔၊ ေတာေစာင့္နတ္တို႔၊ ေတာင္ေစာင့္နတ္တို႔ ဆိုတာ ရွိတယ္။ ေစာင့္ဆိုတဲ့ အဓိပၸါယ္က Duty ခ်ထားလို႔ ေစာင့္တာေတာ့ မဟုတ္ဘူး။ ကိုယ့္အိမ္ကို အမွီျပဳၿပီး ျဖစ္ေနတဲ့ နတ္ကို အိမ္ေစာင့္နတ္လို႔ ေခၚတာေနာ္။
ေအး… အိမ္ကိုေစာင့္ရမယ္လို႔ တာဝန္ေပးထား တာ လို႔ေတာ့ မေအာက္ေမ့ ေလနဲ႔။ ကိုယ္ေစာင့္နတ္ဆိုတာလည္း ကိုယ့္ခႏၶာကိုယ္နဲ႔ ဆက္စပ္ၿပီး ျဖစ္ေပၚေနတဲ့ သတၱဝါ တစ္မ်ိဳးပဲ။ စဥ္းစားၾကည့္ေလ။ ကိုယ့္မွာ အိမ္ေလး ေဆာက္ထားၿပီ ဆိုလို ႔ရွိရင္ အိမ္ေျမႇာင္တို႔ ပိုးဟပ္တို႔ အေကာင္ပေလာင္ ေတြဟာ ေရာက္လာတာပဲေလ။
အဲဒီလိုပဲ ကိုယ္မျမင္ရတဲ့ နတ္ေတြ ဘာေတြ ဆိုတာလည္း ကိုယ့္အိမ္နဲ႔ဆက္စပ္ၿပီး သူတို႔ဘုံဗိမၼာန္ေတြ ျဖစ္ေနတာ။ အဲဒါကိုပဲ အိမ္ေစာင့္နတ္ လို႔ ေခၚတာ။ သစ္ပင္ကို အမႈီျပဳၿပီး ဘုံဗိမၼာန္ေတြ ျဖစ္လာတဲ့အခါ႐ုကၡစိုးလို႔ ေခၚတယ္။
ေျမႀကီးေပၚမွာ ဘုံဗိမၼာန္ေပၚလာရင္ ဘုမၼစိုးလို႔ ေခၚတယ္။ အဲဒါေတြက ကိုယ့္ပတ္ဝန္းက်င္မွာ ရွိေနတတ္တယ္။အဲဒီလိုရွိေနတာကို ” သူလည္း သူ႔ဟာသူေန၊ ကိုယ္လည္း ကိုယ္ဟာကိုယ္ေန “ဆိုတာမ်ိဳး မဟုတ္ဘဲနဲ႔
မိမိကိုယ္တိုင္က အသိအမွတ္ျပဳၿပီးေတာ့ ကုသိုလ္ေကာင္းမႈလုပ္တိုင္း မိမိအနီးပါးမွာ ရွိတဲ့ နတ္ေတြကို ခ်မ္းသာၾကပါေစ၊ ကုသိုလ္ေကာင္းမႈ အမွ်ေဝ ပါတယ္၊ အမွ်ယူၾက ပါလို႔ အမွ်ေဝလို႔ အမွ်ရတဲ့အခါက်ရင္ ဘုန္းတန္ခိုးေတြ တိုးတက္ သြားတယ္။
နတ္ဆိုတာ လုပ္ကိုင္ စားေသာက္ရ တဲ့ အမ်ိဳးအစား မဟုတ္ဘူး။ သာဓုေခၚ လိုက္လို႔ ကုသိုလ္ေကာင္းမႈ တိုးသြားရင္ အစြမ္းတန္ခိုးေတြ တိုးသြား တယ္။ စီးပြားတိုး သြားတယ္လို႔ ေခၚတယ္။ လူေတြက်ေတာ့ အလုပ္အကိုင္လုပ္မွ စီးပြား တိုးတက္ တယ္။
လူေတြက ဥ႒ာနဖလူပဇီဝီ လုပ္ကိုင္စားေသာက္မွ စီးပြားဥစၥာျဖစ္တယ္။ ဒီအတိုင္း ထိုင္ေနလို႔ ဘာမွ ျဖစ္မလာဘူး။ နတ္ေတြ က်ေတာ့ အဲလိုမဟုတ္ဘူး။ ကုသိုလ္ေကာင္းမႈျပဳ လိုက္လို႔ သာဓုေခၚ လိုက္ရရင္ ဘုန္းတန္ခိုး တိုးသြား တယ္။
အရည္အခ်င္းေတြ တက္သြားတယ္။ အဝတ္အစားေတြ ပိုေကာင္း လာတယ္။ ဘုံဗိမၼာန္ေတြ ပိုေကာင္းလာတယ္။ စားစရာ ေသာက္စရာေတြ ပိုျပည့္စုံ လာတယ္။ အရွိန္အဝါေတြ ပိုတက္ လာတယ္။
ကိုယ္ကမျပတ္ ေမတၱာပို႔ေပးတယ္၊ အမွ်ေဝေပး တယ္ဆိုရင္ အဲဒီအမွ်ကို သာဓုေခၚရ တဲ့နတ္ေတြဟာ တန္ခိုးတိုးတက္သြားတယ္။ ကိုယ္မျမင္ရလို႔ မယုံဘူးမေျပာနဲ႔။
ျမတ္စြာဘုရားကိုယ္တိုင္က ဘယ္လိုေျပာထားတုန္းဆိုေတာ့“ယသၼိ ံပေဒေသကေပၸတိ၊ ဝါသံ ပ႑ိတဇာတိေယာ”စဥ္းစားဉာဏ္ရွိတဲ့ပုဂၢိဳလ္ဟာ အရပ္တစ္ခုခုမွာ ေနတယ္ဆိုရင္
ကုသိုလ္ေကာင္းမႈလုပ္ၿပီး အဲဒီကုသိုလ္ေကာင္းမႈရဲ႕ အဖို႔ဘာဂကို ပတ္ဝန္းက်င္မွာရွိတဲ့ နတ္ေတြကို အမွ်ေဝပါတဲ့။ အမွ်ေဝလိုက္လို႔ရွိရင္ နတ္ေတြက ကိုယ့္ကို ေစာင့္ေရွာက္ လိမ့္မယ္။
ကိုယ္က အမွ်အတန္းေပးေဝေတာ့ သူတို႔မွာ ဘုန္းတန္ခိုးေတြ တက္တယ္။ ဘုန္းတန္ခိုးတက္ေတာ့ ကိုယ့္အေပၚမွာ အၾကင္နာတရားေတြ ထားလာတယ္။ နတ္ေတြရဲ႕ အေစာင့္အေရွာက္ရတဲ့ပုဂၢိဳလ္ဟာ အေကာင္းခ်ည္းပဲ ေတြ႕တယ္။
တိုးတက္ဖို႔ အခြင့္အလမ္းေတြ အမ်ားႀကီး ႀကဳံလာတယ္။ ဘာလုပ္လုပ္ အဆင္ေျပလာတယ္။ အႏၲရာယ္ေတြ ကင္းလာတယ္။မိခင္က သားသမီးအေပၚမွာ ေစာင့္ေရွာက္သလို နတ္ေတြက ကိုယ့္အေပၚမွာ အၾကင္နာေတြ ေမတၱာေတြ ပိုၿပီးေတာ့ ကိုယ့္ကိုေစာင့္ေရွာက္လာတယ္။
ဒါေၾကာင့္မို႔ ကိုယ့္ပတ္ဝန္းက်င္မွာရွိတဲ့ ကိုယ္မျမင္ရတဲ့ နတ္ေတြကို ကုသိုလ္ ေကာင္းမႈ လုပ္တိုင္း အမွ်ေဝရမယ္။ ဘုရားဆြမ္းေတာ္တင္၊ ဆီမီး၊ ပန္း၊ လႉဒါန္းၿပီးရင္ ကိုယ့္ပတ္ဝန္းက်င္မွာရွိတဲ့ အိမ္ေစာင့္နတ္တို႔ ဘာတို႔ကို ဖိတ္ေခၚၿပီး အမွ်အတန္း ေပးေဝရမယ္။ ခရက္ဒစ္
ယူနီကုတ္
အိမ်တွေမှာ အိမ်စောင့်နတ် တကယ် ရှိ၊ မရှိဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ပါချုပ်ဆရာတော်ဘုရားကြီး ဖြေကြားပုံ
ဒေဝတာနံ ကိုယ်မမြင်ရပေမယ့် လို့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ အိမ်စောင့်နတ်တို့၊ တောစောင့်နတ်တို့၊ တောင်စောင့်နတ်တို့ ဆိုတာ ရှိတယ်။ စောင့်ဆိုတဲ့ အဓိပ္ပါယ်က Duty ချထားလို့ စောင့်တာတော့ မဟုတ်ဘူး။ ကိုယ့်အိမ်ကို အမှီပြုပြီး ဖြစ်နေတဲ့ နတ်ကို အိမ်စောင့်နတ်လို့ ခေါ်တာနော်။
အေး… အိမ်ကိုစောင့်ရမယ်လို့ တာဝန်ပေးထား တာ လို့တော့ မအောက်မေ့ လေနဲ့။ ကိုယ်စောင့်နတ်ဆိုတာလည်း ကိုယ့်ခန္ဓာကိုယ်နဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်နေတဲ့ သတ္တဝါ တစ်မျိုးပဲ။ စဉ်းစားကြည့်လေ။ ကိုယ့်မှာ အိမ်လေး ဆောက်ထားပြီ ဆိုလို့ရှိရင် အိမ်မြှောင်တို့ ပိုးဟပ်တို့ အကောင်ပလောင် တွေဟာ ရောက်လာတာပဲလေ။
အဲဒီလိုပဲ ကိုယ်မမြင်ရတဲ့ နတ်တွေ ဘာတွေ ဆိုတာလည်း ကိုယ့်အိမ်နဲ့ဆက်စပ်ပြီး သူတို့ဘုံဗိမ္မာန်တွေ ဖြစ်နေတာ။ အဲဒါကိုပဲ အိမ်စောင့်နတ် လို့ ခေါ်တာ။ သစ်ပင်ကို အမှီုပြုပြီး ဘုံဗိမ္မာန်တွေ ဖြစ်လာတဲ့အခါရုက္ခစိုးလို့ ခေါ်တယ်။
မြေကြီးပေါ်မှာ ဘုံဗိမ္မာန်ပေါ်လာရင် ဘုမ္မစိုးလို့ ခေါ်တယ်။ အဲဒါတွေက ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတတ်တယ်။အဲဒီလိုရှိနေတာကို ” သူလည်း သူ့ဟာသူနေ၊ ကိုယ်လည်း ကိုယ်ဟာကိုယ်နေ “ဆိုတာမျိုး မဟုတ်ဘဲနဲ့
မိမိကိုယ်တိုင်က အသိအမှတ်ပြုပြီးတော့ ကုသိုလ်ကောင်းမှုလုပ်တိုင်း မိမိအနီးပါးမှာ ရှိတဲ့ နတ်တွေကို ချမ်းသာကြပါစေ၊ ကုသိုလ်ကောင်းမှု အမျှဝေ ပါတယ်၊ အမျှယူကြ ပါလို့ အမျှဝေလို့ အမျှရတဲ့အခါကျရင် ဘုန်းတန်ခိုးတွေ တိုးတက် သွားတယ်။
နတ်ဆိုတာ လုပ်ကိုင် စားသောက်ရ တဲ့ အမျိုးအစား မဟုတ်ဘူး။ သာဓုခေါ် လိုက်လို့ ကုသိုလ်ကောင်းမှု တိုးသွားရင် အစွမ်းတန်ခိုးတွေ တိုးသွား တယ်။ စီးပွားတိုး သွားတယ်လို့ ခေါ်တယ်။ လူတွေကျတော့ အလုပ်အကိုင်လုပ်မှ စီးပွား တိုးတက် တယ်။
လူတွေက ဥဋ္ဌာနဖလူပဇီဝီ လုပ်ကိုင်စားသောက်မှ စီးပွားဥစ္စာဖြစ်တယ်။ ဒီအတိုင်း ထိုင်နေလို့ ဘာမှ ဖြစ်မလာဘူး။ နတ်တွေ ကျတော့ အဲလိုမဟုတ်ဘူး။ ကုသိုလ်ကောင်းမှုပြု လိုက်လို့ သာဓုခေါ် လိုက်ရရင် ဘုန်းတန်ခိုး တိုးသွား တယ်။
အရည်အချင်းတွေ တက်သွားတယ်။ အဝတ်အစားတွေ ပိုကောင်း လာတယ်။ ဘုံဗိမ္မာန်တွေ ပိုကောင်းလာတယ်။ စားစရာ သောက်စရာတွေ ပိုပြည့်စုံ လာတယ်။ အရှိန်အဝါတွေ ပိုတက် လာတယ်။
ကိုယ်ကမပြတ် မေတ္တာပို့ပေးတယ်၊ အမျှဝေပေး တယ်ဆိုရင် အဲဒီအမျှကို သာဓုခေါ်ရ တဲ့နတ်တွေဟာ တန်ခိုးတိုးတက်သွားတယ်။ ကိုယ်မမြင်ရလို့ မယုံဘူးမပြောနဲ့။
မြတ်စွာဘုရားကိုယ်တိုင်က ဘယ်လိုပြောထားတုန်းဆိုတော့“ယသ္မိ ံပဒေသေကပ္ပေတိ၊ ဝါသံ ပဏ္ဍိတဇာတိယော”စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာ အရပ်တစ်ခုခုမှာ နေတယ်ဆိုရင်
ကုသိုလ်ကောင်းမှုလုပ်ပြီး အဲဒီကုသိုလ်ကောင်းမှုရဲ့ အဖို့ဘာဂကို ပတ်ဝန်းကျင်မှာရှိတဲ့ နတ်တွေကို အမျှဝေပါတဲ့။ အမျှဝေလိုက်လို့ရှိရင် နတ်တွေက ကိုယ့်ကို စောင့်ရှောက် လိမ့်မယ်။
ကိုယ်က အမျှအတန်းပေးဝေတော့ သူတို့မှာ ဘုန်းတန်ခိုးတွေ တက်တယ်။ ဘုန်းတန်ခိုးတက်တော့ ကိုယ့်အပေါ်မှာ အကြင်နာတရားတွေ ထားလာတယ်။ နတ်တွေရဲ့ အစောင့်အရှောက်ရတဲ့ပုဂ္ဂိုလ်ဟာ အကောင်းချည်းပဲ တွေ့တယ်။
တိုးတက်ဖို့ အခွင့်အလမ်းတွေ အများကြီး ကြုံလာတယ်။ ဘာလုပ်လုပ် အဆင်ပြေလာတယ်။ အန္တရာယ်တွေ ကင်းလာတယ်။မိခင်က သားသမီးအပေါ်မှာ စောင့်ရှောက်သလို နတ်တွေက ကိုယ့်အပေါ်မှာ အကြင်နာတွေ မေတ္တာတွေ ပိုပြီးတော့ ကိုယ့်ကိုစောင့်ရှောက်လာတယ်။
ဒါကြောင့်မို့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ်မမြင်ရတဲ့ နတ်တွေကို ကုသိုလ် ကောင်းမှု လုပ်တိုင်း အမျှဝေရမယ်။ ဘုရားဆွမ်းတော်တင်၊ ဆီမီး၊ ပန်း၊ လှူဒါန်းပြီးရင် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အိမ်စောင့်နတ်တို့ ဘာတို့ကို ဖိတ်ခေါ်ပြီး အမျှအတန်း ပေးဝေရမယ်။
No Comments