ယူနီကုတ်
“စောင့်စည်းမှကောင်းမည်” ပါမောက္ခချုပ်ဆရာတော်
လူမှာ …. ငါးပါးသီလ ကတော့ လျှော့လို့ မရတော့ ဘူး။ တချို့က သုရာမေရယလေးတော့ လျှော့ပြီး လေးပါးပဲ တည်ပါ မယ်လေ၊ တချို့က မုသာဝါဒလေးတော့ လျှော့ပါ မယ်လေ စသည်ဖြင့် လျှော့ချင်ကြတယ်။ စဉ်းစားကြည့် ပေါ့။
ပစ္စည်းဥစ္စာပေါပေမဲ့ … အသက်တိုရင် ဘယ်နှယ့်နေမလဲ။ အသက်ရှည် ချင်ရင်… ပါဏာတိပါတလည်း ထိန်းရမယ်။ အသက်တော့ ရှည်ပါရဲ့၊ ဆင်းရဲ လိုက် တာ ဆိုရင်ကော ဖြစ် ချင် ပါ့ မ လား ။
မဆင်းရဲ ချင်ရင် အဒိန္နာဒါနာ လည်း ထိန်း ရ မယ် ။ အသက်လည်း ရှည်၊ ချမ်းလည်း ချမ်းသာပေမဲ့ ရပ်ရွာထဲ မကောင်း သတင်း၊ ကျော်စောရင်လည်း၊ နေလို့ကောင်းပါ့ မ လား ။ သတင်းကောင်း နာမည်ကောင်းချင်ရင် ကာမေသု မိစ္ဆာစာရ ထိန် းရ မယ် ။
အဲ့ဒီသုံးပါးနဲ့ ပြည့်စုံ ပါတယ်။ ဒါပေမဲ့ အစွပ် အစွဲခံ ရတယ် တရား တဘောင် အကျိုးပေး တယ် ဆို ရင်ကော အဆင်ပြေ ပါ့ မ လား ။ အစွပ်အစွဲ ကင်းချင်ရင် မုသာဝါဒ ထိန်းရ မယ် ။
အသက်လည်းရှည်၊ ချမ်းလည်း ချမ်းသာ၊ ကျော်စောပြီး အစွပ်စွဲလည်း မခံရ ဘူ း။ လူ က ရူးကြောင်ကြောင်နဲ့ ကျပ်မပြည့် ရင်ကော ။ ကျပ်မပြည့်သူ မဖြစ်ချင်ရင် သုရာမေရယ ထိန်းရ မယ် ။
ငါးပါးသီလ ကတော့ လျှော့ လို့ မ ရေ တာ့ ဘူး ။
Source -> ပါမောက္ခချုပ်ဆရာတော် ၊ စောင့် စည်း မှ ကောင်း မည် “တ ရား တော်”
No Comments