
စိတ္ေကာင္းရွိတဲ့သူေတြမွာသာ ေတြ႕ရတတ္တဲ့ လကၡဏာ (၅)ခု
လူတစ္ေယာက္အသက္ရွင္သန္ ရပ္တည္ဖို႔ရာ ပညာတတ္ဖို႔၊ ေပါင္းသင္း ဆက္ဆံေရး ေကာင္းဖို႔၊ ထက္ျမက္ဖို႔ စတဲ့ အခ်က္ေတြ လိုအပ္တယ္ ဆိုေပမယ့္ တကယ္တမ္း အလိုအပ္ဆုံး အခ်က္ကေတာ့ စိတ္ေကာင္း ရွိဖို ႔ပါေနာ္။
တ္ေကာင္းရွိဖို႔ဆိုတာ လြယ္မေယာင္နဲ႔ခက္၊ တိမ္မေယာင္နဲ႔ နက္ပါ တယ္။ ဘာလို႔လဲဆိုေတာ့ စိတ္ေကာင္းစိတ္တယ္ဆိုတာ ဟန္ေဆာင္လို ႔မရလို႔ပါ။ စိတ္ေကာင္း ရွိသူေတြမွာ ေတြရတဲ့ အခ်က္ ကေလးေတြကို ေဖာ္ျပေပးလိုက္မယ္ေနာ္..
(၁) ႐ိုးသားတယ္
စိတ္ေကာင္းရွိတဲ့သူေတြဟာ သူတို႔နဲ႔ ပတ္သက္တဲ့ သူတိုင္း အေပၚမွာ ႐ိုးသားတယ္။ ကိုယ့္စိတ္ရင္းအတိုင္းဆက္ဆံ တတ္တယ္။ ဟန္မေဆာင္ တတ္ဘူး။ လူတစ္ေယာက္ရဲ႕အေရွ႕မွာပဲျဖစ္ျဖစ္၊ ကြယ္ရာမွာပဲျဖစ္ျဖစ္ ႐ိုးသားစြာ ဆက္ဆံ တတ္တယ္။
(၂) သူမ်ားအတြက္ေတြးေပးတတ္တယ္
စိတ္ေကာင္းရွိတဲ့ သူေတြဟာ ကိုယ့္ကိုယ္ကို အရမ္းဦးစားေပးတဲ့ အတၱသမားေတြ မဟုတ္ပါဘူး။ ကိုယ့္ကိုယ္ကိုႏွိမ့္ခ်ၿပီး သူမ်ားအတြက္ေတြးေပး တတ္တဲ့ သူေတြျဖစ္ ပါတယ္။
(၃) အားနာတတ္တယ္
သူမ်ားက အကူအညီ တစ္ခုေတာင္းလာရင္ ျငင္းလိုက္ ရမွာစိုးၿပီး တတ္ႏိုင္သေလာက္ ကူညီတတ္ ပါတယ္။ ဒီလို ကူညီတတ္တယ္ ဆိုတာ ကလည္း အားနာလို႔ျဖစ္ၿပီး အဲ့လိုအားနာတယ္ ဆိုတာကလည္း အ လို႔မဟုတ္ဘဲ စိတ္ေကာင္းရွိ လို႔ျဖစ္ ပါတယ္။
(၄) ၾကင္နာတတ္တယ္၊ကူညီတတ္တယ္
စိတ္ေကာင္းရွိတဲ့ သူေတြဟာ ၾကင္နာတတ္တဲ့ စိတ္ႏွလုံးသား ရွိၿပီး တစ္ဖက္သားကို ကူညီတတ္ ၾကပါတယ္။ ကိုယ့္ထက္သာတဲ့ သူေတြကိုလည္း မနာလိုတာေတြ မရွိသလို၊ ကိုယ့္ထက္အားနည္းတဲ့သူေတြကိုလည္း ေဖးမတတ္တဲ့ သူေတြျဖစ္ ပါတယ္။
(၅) နားလည္ေပးတတ္တယ္
ကိုယ္ခ်စ္ရတဲ့ သူေတြ အေပၚ နားလည္ေပးတတ္တဲ့ သူေတြ ျဖစ္တယ္။ သူတို႔ေတြ ကိုယ့္အေပၚအမွားလုပ္တာေတြ၊ ကတိမတည္ တာေတြ ရွိရင္ေတာင္ ဒါေတြကို အၿငိဳးအေတး မထားဘဲ နားလည္ခြင့္လႊတ္ေပးတတ္ ပါတယ္။
ဒါကလည္း အ လို႔၊ နားမလည္လို႔ မဟုတ္ဘဲ တစ္ဖက္သား အေပၚ အျပစ္မတင္ခ်င္လို႔၊ စိတ္ေကာင္းရွိလို႔ျဖစ္ပါတယ္။
ခရက္ဒစ္ မူရင္း
Unicode
စိတ်ကောင်းရှိတဲ့သူတွေမှာသာ တွေ့ရတတ်တဲ့ လက္ခဏာ (၅)ခု
လူတစ်ယောက်အသက်ရှင်သန် ရပ်တည်ဖို့ရာ ပညာတတ်ဖို့၊ ပေါင်းသင်း ဆက်ဆံရေး ကောင်းဖို့၊ ထက်မြက်ဖို့ စတဲ့ အချက်တွေ လိုအပ်တယ် ဆိုပေမယ့် တကယ်တမ်း အလိုအပ်ဆုံး အချက်ကတော့ စိတ်ကောင်း ရှိဖို့ပါနော်။
တ်ကောင်းရှိဖို့ဆိုတာ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့ နက်ပါ တယ်။ ဘာလို့လဲဆိုတော့ စိတ်ကောင်းစိတ်တယ်ဆိုတာ ဟန်ဆောင်လို့မရလို့ပါ။ စိတ်ကောင်း ရှိသူတွေမှာ တွေရတဲ့ အချက် ကလေးတွေကို ဖော်ပြပေးလိုက်မယ်နော်..
(၁) ရိုးသားတယ်
စိတ်ကောင်းရှိတဲ့သူတွေဟာ သူတို့နဲ့ ပတ်သက်တဲ့ သူတိုင်း အပေါ်မှာ ရိုးသားတယ်။ ကိုယ့်စိတ်ရင်းအတိုင်းဆက်ဆံ တတ်တယ်။ ဟန်မဆောင် တတ်ဘူး။ လူတစ်ယောက်ရဲ့အရှေ့မှာပဲဖြစ်ဖြစ်၊ ကွယ်ရာမှာပဲဖြစ်ဖြစ် ရိုးသားစွာ ဆက်ဆံ တတ်တယ်။
(၂) သူများအတွက်တွေးပေးတတ်တယ်
စိတ်ကောင်းရှိတဲ့ သူတွေဟာ ကိုယ့်ကိုယ်ကို အရမ်းဦးစားပေးတဲ့ အတ္တသမားတွေ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုနှိမ့်ချပြီး သူများအတွက်တွေးပေး တတ်တဲ့ သူတွေဖြစ် ပါတယ်။
(၃) အားနာတတ်တယ်
သူများက အကူအညီ တစ်ခုတောင်းလာရင် ငြင်းလိုက် ရမှာစိုးပြီး တတ်နိုင်သလောက် ကူညီတတ် ပါတယ်။ ဒီလို ကူညီတတ်တယ် ဆိုတာ ကလည်း အားနာလို့ဖြစ်ပြီး အဲ့လိုအားနာတယ် ဆိုတာကလည်း အ လို့မဟုတ်ဘဲ စိတ်ကောင်းရှိ လို့ဖြစ် ပါတယ်။
(၄) ကြင်နာတတ်တယ်၊ကူညီတတ်တယ်
စိတ်ကောင်းရှိတဲ့ သူတွေဟာ ကြင်နာတတ်တဲ့ စိတ်နှလုံးသား ရှိပြီး တစ်ဖက်သားကို ကူညီတတ် ကြပါတယ်။ ကိုယ့်ထက်သာတဲ့ သူတွေကိုလည်း မနာလိုတာတွေ မရှိသလို၊ ကိုယ့်ထက်အားနည်းတဲ့သူတွေကိုလည်း ဖေးမတတ်တဲ့ သူတွေဖြစ် ပါတယ်။
(၅) နားလည်ပေးတတ်တယ်
ကိုယ်ချစ်ရတဲ့ သူတွေ အပေါ် နားလည်ပေးတတ်တဲ့ သူတွေ ဖြစ်တယ်။ သူတို့တွေ ကိုယ့်အပေါ်အမှားလုပ်တာတွေ၊ ကတိမတည် တာတွေ ရှိရင်တောင် ဒါတွေကို အငြိုးအတေး မထားဘဲ နားလည်ခွင့်လွှတ်ပေးတတ် ပါတယ်။
ဒါကလည်း အ လို့၊ နားမလည်လို့ မဟုတ်ဘဲ တစ်ဖက်သား အပေါ် အပြစ်မတင်ချင်လို့၊ စိတ်ကောင်းရှိလို့ဖြစ်ပါတယ်။
No Comments