
ေယာကၡမေလာင္း သင့္ကို ခ်စ္ခင္ၾကည္ျဖဴ လာေစမယ့္ နည္းလမ္းေကာင္းမ်ား
ေယာကၡမေလာင္းက သင့္ကို ခ်စ္ခင္ခ်စ္သူ ႏွစ္ဦး ေပါင္းဖက္ၿပီး သာယာ ခ်မ္းေျမ့တဲ့ မိသားစုျဖစ္လာဖို႔ဆိုရင္ ႏွစ္ဖက္မိဘ အသိုင္းအဝိုင္းရဲ႕ေကာင္းခ်ီးၾသဘာေပးမႈ ရရွိဖို႔လည္း လိုအပ္ ပါေသး တယ္။
မိန္းကေလးေတြ အတြက္ ကိုယ့္ခ်စ္သူရဲ႕မိခင္က ကိုယ့္ကို ၾကည္ျဖဴ လက္ခံေအာင္၊ ခ်စ္ခင္လာေအာင္အသုံးဝင္မယ့္ နည္းလမ္းေလးေတြကို ေဖာ္ျပေပး လိုက္ပါ တယ္။
(၁)အမွတ္တရလက္ေဆာင္ေပးျခင္း
ဘယ္သူမဆို လိုခ်င္လို ႔မဟုတ္ဘဲ ကိုယ့္ကို အေလးထားေပးတဲ့ လက္ေဆာင္ေလးေတြကိုေတာ့သေဘာက်တတ္ ၾကပါ တယ္။ သင့္အေနနဲ႔ သူ႔မိခင္အတြက္ လက္ေဆာင္ ဒါမွမဟုတ္ သူမ စားတတ္တဲ့ အစားအေသာက္မ်ိဳး ျပင္ဆင္ေပးမယ္ ဆိုရင္ သင့္အ တြက္ ရလဒ္ေကာင္းေတြ ရလာ မွာပါ။
အေမမ်ားေန႔၊ သူမရဲ႕ေမြးေန႔၊ ႏွစ္သစ္အခါသမယေတြမွာ အမွတ္တရ လက္ေဆာင္ျပင္ ဆင္ေပးမယ္ဆိုရင္ သူ႔သားအေပၚထားတဲ့ သင့္ရဲ႕ခ်စ္ျခင္း ေမတၱာကို ခန႔္မွန္း ႏိုင္မွာပါ။
(၂)စကားစျမည္ေျပာျခင္းကို ေရွာင္ပါ
သူ႔မိခင္နဲ႔ေတြ ႕တဲ့အခါ ေနေကာင္းလား၊ ေတြ႕ရတာဝမ္းသာ ပါတယ္ စသျဖင့္ အေပၚယံ အာလာပသလႅာပေျပာျခင္းထက္ သူမရဲ႕ လက္တေလာ အေျခအေန တစ္ခုခုကို ဦးတည္ မိတ္ဆက္ တာမ်ိဳးျပဳလုပ္သင့္ပါတယ္။
ဥပမာ သင္တို႔ေတြ႕တဲ့ အခါ သူမဖ်ားေနတာ မ်ိဳးဆိုရင္ သက္သာရဲ႕လား၊ ဘာစားခ်င္လဲ စသျဖင့္၊သူမေဈးဝယ္တာနဲ႔ႀကဳံရင္ ေဈးဝယ္ရတာ အဆင္ေျပရဲ႕ လားစသျဖင့္ ေျပာသင့္ ပါတယ္။
ဒီလိုေျပာဆိုျခင္းအားျဖင့္ သူ႔မိခင္နဲ႔ သင္နဲ႔ၾကားက ဆက္ဆံေရး ကို ပိုၿပီးေႏြးေထြးေစ ပါတယ္။ ရင္းႏွီးမႈပိုရွိေစပါတယ္။
(၃)သူမ သားအေၾကာင္းဘယ္ေလာက္သိေၾကာင္း ျပသပါ
မိခင္ အမ်ားစုက သမီးရဲ႕အနာဂတ္ ထက္သားရဲ႕အနာဂတ္ကို ပိုၿပီး စိုးရိမ္ တတ္ၾကပါတယ္။ သမီးမိန္းကေလးေတြက အသက္အ႐ြယ္ အလိုက္ရင့္က်က္မႈ ရွိၾကေပမယ့္ သားေယာက္်းေလးေတြ ကေတာ့ ေယာက္်ားေလး သဘာဝ အရာရာကို အေလး အနက္ မထားတတ္တဲ့ အတြက္ ပိုၿပီး စိုးရိမ္ၾက ပါတယ္။
သင့္အေနနဲ႔ သူ႔သားရဲ႕အမူအက်င့္၊ သေဘာထားေတြကို ဘယ္ေလာက္ထိ သိထားေၾကာင္း၊နားလည္ေပးႏိုင္ေၾကာင္း သိသာ ထင္ရွားစြာ ျပသသင့္ ပါတယ္။ ဒီအခ်က္က သူမအေနနဲ႔ သားနဲ႔ ပတ္ သက္ၿပီးသင့္အေပၚယုံၾကည္မႈ ရွိေစ ပါတယ္။
(၄)သူ႔ရဲ႕ ကေလးဘဝအေၾကာင္းအေလးထားေမးျမန္းပါ
မိခင္ေတြရဲ႕ မ်က္လုံးထဲမွာ သားသမီးေတြဟာ အၿမဲတမ္း ကေလးတစ္ေယာက္လို ရွိေနတတ္ ပါတယ္။ အထူးသျဖင့္ သားေတြ ကိုပိုၿပီး ကေလးတစ္ေယာက္လို သေဘာထား တတ္ၾက ပါတယ္။
ငယ္ဘဝေတြကိုမေမာမပန္းျပန္ေျပာဖို႔ လည္းဝန္မေလး တတ္ ၾကပါ ဘူး။ သင့္အေနနဲ႔သူ႔မိခင္နဲ႔ ရင္းႏွီးမႈတည္ေဆာက္ဖို႔ ဆိုရင္ေတာ့ ဒီအခ်က္က အသုံးဝင္ ပါလိမ့္ မယ္။
(၅)အႀကံဉာဏ္ေပးပါ
တခါတေလ ဆိုးသြမ္းတဲ့ သားေတြ ကိုေတာင္ မ်က္ႏွာ္ မလႊဲနိုင္ၾကတာ မိခင္ေတြ ပါပဲ။ သင့္အေနနဲ႔ သားရဲ့အနာဂတ္၊ ဘဝ ရပ္တည္ေရးေတြနဲ႔ ပတ္သက္ၿပီး စိုးရိမ္ေနတဲ့ သူမိခင္ကို အႀကံဉာဏ္ေပး တာမ်ိဳးျပဳလုပ္သင့္သလို
သူမရဲ့အလွအပ၊ က်န္းမာေရး၊ လူမွုေပါင္းသင္း ဆက္ဆံေရးအဆင္မေျပမွု ေတြကို အႀကံျပဳကူညီေပးျခင္းျဖင့္ သင္တို႔ႏွစ္ေယာက္ရဲ့ဆက္ ဆံေရး၊သင္နဲ႔ သူ႔မိခင္ရဲ့ဆက္ဆံေရးကို အေကာင္းဆုံးတည္ေဆာက္ နိုင္မွာ ပါ။ ခရက္ဒစ္
ယူနီကုတ္
ယောက္ခမလောင်း သင့်ကို ချစ်ခင်ကြည်ဖြူ လာစေမယ့် နည်းလမ်းကောင်းများ
ယောက္ခမလောင်းက သင့်ကို ချစ်ခင်ချစ်သူ နှစ်ဦး ပေါင်းဖက်ပြီး သာယာ ချမ်းမြေ့တဲ့ မိသားစုဖြစ်လာဖို့ဆိုရင် နှစ်ဖက်မိဘ အသိုင်းအဝိုင်းရဲ့ကောင်းချီးသြဘာပေးမှု ရရှိဖို့လည်း လိုအပ် ပါသေး တယ်။
မိန်းကလေးတွေ အတွက် ကိုယ့်ချစ်သူရဲ့မိခင်က ကိုယ့်ကို ကြည်ဖြူ လက်ခံအောင်၊ ချစ်ခင်လာအောင်အသုံးဝင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေး လိုက်ပါ တယ်။
(၁)အမှတ်တရလက်ဆောင်ပေးခြင်း
ဘယ်သူမဆို လိုချင်လို့မဟုတ်ဘဲ ကိုယ့်ကို အလေးထားပေးတဲ့ လက်ဆောင်လေးတွေကိုတော့သဘောကျတတ် ကြပါ တယ်။ သင့်အနေနဲ့ သူ့မိခင်အတွက် လက်ဆောင် ဒါမှမဟုတ် သူမ စားတတ်တဲ့ အစားအသောက်မျိုး ပြင်ဆင်ပေးမယ် ဆိုရင် သင့်အ တွက် ရလဒ်ကောင်းတွေ ရလာ မှာပါ။
အမေများနေ့၊ သူမရဲ့မွေးနေ့၊ နှစ်သစ်အခါသမယတွေမှာ အမှတ်တရ လက်ဆောင်ပြင် ဆင်ပေးမယ်ဆိုရင် သူ့သားအပေါ်ထားတဲ့ သင့်ရဲ့ချစ်ခြင်း မေတ္တာကို ခန့်မှန်း နိုင်မှာပါ။
(၂)စကားစမြည်ပြောခြင်းကို ရှောင်ပါ
သူ့မိခင်နဲ့တွေ့တဲ့အခါ နေကောင်းလား၊ တွေ့ရတာဝမ်းသာ ပါတယ် စသဖြင့် အပေါ်ယံ အာလာပသလ္လာပပြောခြင်းထက် သူမရဲ့ လက်တလော အခြေအနေ တစ်ခုခုကို ဦးတည် မိတ်ဆက် တာမျိုးပြုလုပ်သင့်ပါတယ်။
ဥပမာ သင်တို့တွေ့တဲ့ အခါ သူမဖျားနေတာ မျိုးဆိုရင် သက်သာရဲ့လား၊ ဘာစားချင်လဲ စသဖြင့်၊သူမဈေးဝယ်တာနဲ့ကြုံရင် ဈေးဝယ်ရတာ အဆင်ပြေရဲ့ လားစသဖြင့် ပြောသင့် ပါတယ်။
ဒီလိုပြောဆိုခြင်းအားဖြင့် သူ့မိခင်နဲ့ သင်နဲ့ကြားက ဆက်ဆံရေး ကို ပိုပြီးနွေးထွေးစေ ပါတယ်။ ရင်းနှီးမှုပိုရှိစေပါတယ်။
(၃)သူမ သားအကြောင်းဘယ်လောက်သိကြောင်း ပြသပါ
မိခင် အများစုက သမီးရဲ့အနာဂတ် ထက်သားရဲ့အနာဂတ်ကို ပိုပြီး စိုးရိမ် တတ်ကြပါတယ်။ သမီးမိန်းကလေးတွေက အသက်အရွယ် အလိုက်ရင့်ကျက်မှု ရှိကြပေမယ့် သားယောက်ျးလေးတွေ ကတော့ ယောက်ျားလေး သဘာဝ အရာရာကို အလေး အနက် မထားတတ်တဲ့ အတွက် ပိုပြီး စိုးရိမ်ကြ ပါတယ်။
သင့်အနေနဲ့ သူ့သားရဲ့အမူအကျင့်၊ သဘောထားတွေကို ဘယ်လောက်ထိ သိထားကြောင်း၊နားလည်ပေးနိုင်ကြောင်း သိသာ ထင်ရှားစွာ ပြသသင့် ပါတယ်။ ဒီအချက်က သူမအနေနဲ့ သားနဲ့ ပတ် သက်ပြီးသင့်အပေါ်ယုံကြည်မှု ရှိစေ ပါတယ်။
(၄)သူ့ရဲ့ ကလေးဘဝအကြောင်းအလေးထားမေးမြန်းပါ
မိခင်တွေရဲ့ မျက်လုံးထဲမှာ သားသမီးတွေဟာ အမြဲတမ်း ကလေးတစ်ယောက်လို ရှိနေတတ် ပါတယ်။ အထူးသဖြင့် သားတွေ ကိုပိုပြီး ကလေးတစ်ယောက်လို သဘောထား တတ်ကြ ပါတယ်။
ငယ်ဘဝတွေကိုမမောမပန်းပြန်ပြောဖို့ လည်းဝန်မလေး တတ် ကြပါ ဘူး။ သင့်အနေနဲ့သူ့မိခင်နဲ့ ရင်းနှီးမှုတည်ဆောက်ဖို့ ဆိုရင်တော့ ဒီအချက်က အသုံးဝင် ပါလိမ့် မယ်။
(၅)အကြံဉာဏ်ပေးပါ
တခါတလေ ဆိုးသွမ်းတဲ့ သားတွေ ကိုတောင် မျက်နှာ် မလွှဲနိုင်ကြတာ မိခင်တွေ ပါပဲ။ သင့်အနေနဲ့ သားရဲ့အနာဂတ်၊ ဘဝ ရပ်တည်ရေးတွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေတဲ့ သူမိခင်ကို အကြံဉာဏ်ပေး တာမျိုးပြုလုပ်သင့်သလို
သူမရဲ့အလှအပ၊ ကျန်းမာရေး၊ လူမှုပေါင်းသင်း ဆက်ဆံရေးအဆင်မပြေမှု တွေကို အကြံပြုကူညီပေးခြင်းဖြင့် သင်တို့နှစ်ယောက်ရဲ့ဆက် ဆံရေး၊သင်နဲ့ သူ့မိခင်ရဲ့ဆက်ဆံရေးကို အကောင်းဆုံးတည်ဆောက် နိုင်မှာ ပါ။
No Comments