
Unicode
မျက်စိမှာ တိမ်တည်တယ်ဆိုတဲ့ ရေတိမ်၊ အတွင်းတိမ်တို့ပတ်သက်တဲ့ ကုသပုံနှင့် ကာကွယ်ပုံများ
ဒီတစ်ခါမှာတော့ စာပေမြို့တော် ကို အသိ တစ်ယောက်က ရေတိမ် နဲ့ အတွင်းတိမ် အကြောင်းလေးတွေကို မေးမြန်းထားလို့ ရှာဖွေပြီးတင်ဆက် လိုက်ရ ပါတယ်။ မျက်စိမှာ တိမ်တည်တယ်ဆိုတဲ့ စကားကို လူတော်တော်များများ ကြားဖူးကြ မှာပါ။
လူတော်တော်များများ အထူးသဖြင့် အသက် ၆၀ ကျော်တဲ့ အဘိုးအဘွားတွေမှာ ပိုပြီးတွေ့ရတတ်ပါတယ်။ ဒါတွေကိုတော့ သင့် မျက်စိ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသလို့ရပါ တယ် ။ ဘာကြောင့် တိမ်ဖြစ်ရတာလဲ – မျက်လုံး မှန်ဘီလူး ထဲမှာ အသားဓာတ်တွေ စုလာနေရာ ကနေ တိမ်လိုမျိုး ဖြစ်လာရတာပါ။
ဒါကြောင့် အလင်းတန်းတွေက ရှင်းရှင်းလင်းလင်းနဲ့ မဖြတ်နိုင်တော့ဘဲ အမြင်အာရုံေ၀ဝါးလာရခြင်း ဖြစ်ပါတယ်။ ဘာကြောင့် တိမ်ဖြစ်လာရလဲဆိုတဲ့ မေးခွန်းအတွက် ရာနှုန်းပြည့် တိကျတဲ့ အဖြေကတော့ မရှိသေးပါဘူး။
ဒါပေမဲ့ မျက်လုံးထဲမှာ တိမ်ဖြစ်ရခြင်းနဲ့ ဆက်စပ်မှုရှိနေတဲ့ အကြောင်းအရာတွေကတော့ –အသက်အရွယ်ကြီးရင့်ခြင်းမိခင်ဝမ်းတွင်း အခြေအနေများ ဥပမာ ပိုးဝင်ခြင်း၊ ထိခိုက်ဒဏ်ရာများ၊ မွေးရာပါတိမ်ဖြစ်ခြင်းဆီးချိုရောဂါနှင့် အခြားသောရောဂါများရဲ့ နောက်ဆက်တွဲ များ မျက်လုံ းထိခိုက် ဒဏ်ရာရခြင်းဆေးလိပ်ငွေ့နှင့် လေထုညစ်ညစ်ခြင်းအရက်သောက်လွန်ခြင်းတွေပဲ ဖြစ်ပါတယ်။
ရောဂါ လက္ခဏာတွေက ဘာတွေ ရှိလဲ ရောဂါလက္ခဏာတွေ အနေနဲ့ – မျက်စိအမြင် ေ၀ဝါးလာခြင်း၊အသက်ကြီးသူတွေမှာ အနီးမှုန်ခြင်း၊အရောင်များကို လွှဲမှားစွာ မမြင်ရခြင်း၊ဖြစ်တဲ့ မျက်စိဘက်မှာ အမြင်နှစ်ထပ်ဖြစ်ခြင်း၊ မျက်မှန် သို့မဟုတ် မျက်ကပ်မှန်များ တပ်ရတာ အဆင်မပြေခြင်းတွေ ဖြစ်တတ်ပါတယ်။
အဆိုပါ လက္ခဏာတွေ ပြနေပြီဆိုရင်တော့ မျက်စိဆရာဝန်နဲ့ ပြသင့်နေပါပြီ။ကုသဖို့အတွက် ဘာတွေ လိုအပ်ပါသလဲ – မျက်စိဆရာဝန်အနေနဲ့ ကနဦး အဆင့်တွေမှာ မျက်မှန်တပ်ခြင်း၊ သောက်ဆေးစားတွေနဲ့ ကုသမှုကို အရင်လုပ်မှာပါ။
ဒါပေမဲ့ ဆေးတွေနဲ့ မသက်သာပါဘူး။ ဒါ့အပြင် အမြင်အာရုံေ၀ဝါးမှုကြောင့် သင့်ရဲ့ လူနေမှုဘဝကိုပါ ထိခိုက်မှုရှိတယ် ဆိုရင်တော့ မျက်စိတိမ်ခွဲစိတ်မှုကို စဉ်းစားမှာ ဖြစ်ပါတယ်။
ကာကွယ်လို့ ရပါသလား – မူရင်းဆောင်းပါ အဆိုအရ မျက်စိတိမ်ဖြစ်ရခြင်း အကြောင်းအရင်းကို အတိအကျ မသိသေးတဲ့အတွက် ကာကွယ်ဖို့ နည်းလမ်းကိုလည်း ရှာမတွေ့သေးပါဘူး။ ဒါပေမဲ့ အသက် ၅၀ မတိုင်ခင် အချိန်ထိ နှစ် နှစ် ကို တစ်ခါ မျက်စိဆရာဝန်နဲ့ တိုင်ပင်ကုသမှု ခံယူသင့်ပါတယ်။
အသက် ၅၀ ကျော်လာရင်တော့ တစ်နှစ်တစ်ခါ ပုံမှန် မျက်စိစမ်းသပ်စစ်ဆေးခြင်း ပြုလုပ်သင့်ပါတယ်။နောက်ထပ်အနေနဲ့ ဆီးချိုရောဂါရှင်တွေအနေနဲ့ ဆီးချိုရဲ့ နောက်ဆက်တွဲရောဂါတွေကို သတိထား စောင့်ကြည်ဖို့ လိုအပ်ပါတယ် ။
ဒါမှသာ မျက်စိတိမ် မဖြစ်အောင် ဖြစ်ရင်လည်း ကုသမှု စောစောစီးစီး ခံယူသင့်ပါတယ်။ရေတိမ်နှင့် အတွင်းတိမ် – မျက်စိတိမ်တွေမှာ လူသိများကြတဲ့ အမျိုးအစား နှစ်ခုကတော့ ရေတိမ် ( Glaucoma ) နဲ့ အတွင်းတိမ် ( Cataracts ) တွေပါ။
အတွင်းတိမ် – အတွင်းတိမ်ကတော့ တဖြည်းဖြည်းနဲ့ ဖြစ်တတ်ကြပြီး များသောအားဖြင့် နာကျင်ခြင်း မရှိတတ်ကြပါဘူး။ မျက်စိမှန်ဘီလူးထဲမှာ ပြောင်းလဲမှုတွေ ဖြစ်တတ်ပြီး မျက်လုံးအမြင်အာရုံ ေ၀ဝါးတာပါ။
များသောအားဖြင့် တိကျတဲ့ကုသမှု ခံယူလိုက်ရင် နဂိုအတိုင်း ပုံမှန်အမြင်အာရုံ ပြန်လည်ရရှိနိုင်ပါတယ်။ရေတိမ် – ရေတိမ်ကတော့ လျှင်လျှင်မြန်မြန်ပဲ ဖြစ်တတ်ကြပြီး နာကျင်မှု ဝေဒနာကို ခံစားရတတ်ပါတယ်။
ရေတိမ်ဖြစ်စဉ်မှာတော့ မျက်စိအာရုံကြောကို ဖိအားတွေ သက်ရောက်မှုဖြစ်ပြီး ထိခိုက်မိတဲ့အတွက် အမြင်အာရုံ ေ၀ဝါးခြင်းပါ။ အချိန်မှီ ထိရောက်တဲ့ ကုသမှုမခံယူရင်တော့ မျက်လုံးအမြင် ဆုံးရှုံးတတ်ပါတယ်။
မျက်လုံးနှစ်ဖက်လုံး ဖြစ်တတ်ပေမဲ့ တစ်ဖက်တည်းမှာ ပိုဆိုးတတ်ပါတယ်။ ခွဲစိတ်မှု လုပ်ရင်လည်း အတွင်းတိမ်လောက်တော့ ရလဒ်ကောင်း မထွက်တတ်ပါဘူး။
ဒါ့ကြောင့် ကြိုတင်ကာကွယ်ပြီး ကုသမှု စောစောစီးစီး ခံယူဖို့ ပိုအရေးကြီးပါတယ်။ဒါတွေကတော့ မျက်စိတိမ်နဲ့ ပတ်သက် တာတွေပါ ။ အားလုံးပဲ မျက်စိအမြင် ရှင်းလင်းကြပါစေ။ အခြားသူများကိုလည်း စေတနာ နဲ့ ပြန်လည်မျှဝေပေးစေ ချင်ပါ တယ်။
Credit – ဒေါက်တာအောင်ကျော်မြင့်
No Comments