
ဘဝမွာ ဘယ္လုိမွ ေ႐ွာင္လႊဲမရႏိုင္တဲ့ ကံဆိုးမႈေတြနဲ႕ ႀကံဳလာတဲ့အခါ ျပဳလုပ္သင့္တဲ့ အရာေတြ
လူ႔ဘဝဆိုတာက အေကာင္းခ်ည္းပဲ ျဖစ္မေန ပါဘူး ။အဆိုးေတြဟာလည္္း ထင္မွတ္မထားတဲ့ အခ်ိန္ေတြမွာ ထင္မွတ္မထားတဲ့ ပံုစံမ်ိဳးနဲ႔ ဝင္္ေရာက္ လာတတ္ ၾကပါတယ္။
ဒါဟာ လူတုိင္းႀကံဳေတြ႕ ရတတ္တဲ့ အရာေတြျဖစ္ၿပီးေတာ့ ဒီေ႐ွာင္လႊဲလုိ ႔မရတဲ့ အဆိုးေတြနဲ႔ ႀကံဳလာတဲ့အခါမွာ ကိုယ့္ကိုယ္ကို လဲက် မသြားေစဖုိ႔ ဒီအရာေတြကို ျပဳလုပ္ သင့္ပါ တယ္။
နာက်င္မႈကို ဖံုးကြယ္္မထားပါနဲ႔
အဆိုးေတြ ႀကံဳလာရတဲ့ အခါမ်ိဳးမွာ ကိုယ္အဆင္မေျပ ရင္ မေျပတဲ့ ပံုစံ အတိုင္းပဲေနပါ၊ ငိုစရာ ႐ွိရင္ ငိုပစ္လုိက္ပါ၊ ေပါက္ကြဲလိုက္မွ ေနသာသြားမယ္ ဆိုရင္ စိတ္ႀကိဳက္ေပါက္ကြဲ ပစ္လုိက္ပါ။
ဒီလိုမ်ိဳး ကိုယ့္ခံစားခ်က္ ေတြကို ဟန္ေဆာင္မ်ိဳသိပ္ မထားပဲ ကိုယ္ခံစားေန ရတဲ့ အတိုင္း ဖြင့္ထုတ္ပစ္တာက အေကာင္းဆံုး နည္းလမ္း ျဖစ္ပါတယ္။ တစ္ျခားသူေတြကုိ လိမ္ညာ ဟန္္ေဆာင္ေန ရင္ေတာင္ ကိုယ့္ကိုယ္ကိုေတာ့ မလိမ္ညာမိ ပါေစနဲ႔ ။
က်င္ျခင္းကို ခံစားပစ္ လုိက္မွ ႐ွင္သန္ျခင္း အတြက္ လမ္းစကို သင္႐ွာေတြ႔မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ နာက်င္ဝမ္းနည္းစရာေတြ ႀကံဳလာရတဲ့ အခ်ိန္ အခန္းတံခါးပိတ္ စိတ္ႀကိဳက္ေအာ္ငို ပစ္လိုက္ ပါ။
လက္ခံတတ္ပါေစ
ျဖစ္လာတဲ့ အေျခအေန၊ ႀကံဳေတြ႔ေနရတဲ့ အေျခအေနကို လက္္ခံတတ္ေအာင္ ႀကိဳးစားပါ။ ယူႀကံဳးမရျဖစ္ၿပီး လက္သင့္မခံတာမ်ိဳး၊ အတင္းျငင္းပယ္ ေနတာမ်ိဳးက ကိုယ့္ကုိယ္ကို ပိုစိတ္ဒုကၡေရာက္ ပင္ပန္းေစ ပါတယ္။
ဒါေၾကာင့္ လက္႐ွိ ျဖစ္ပ်က္ေနတဲဲ့ အရာကို လက္ခံႏုိင္ေအာင္ လုပ္ပါ။ ဒီအရာေတြကို လက္ခံႏုိင္လာမွ ဘယ္္လိုေျဖ႐ွင္းရမယ္၊ ဘယ္္လုိ ကိုင္တြယ္ ရမယ္ ဆုိတာကို သိလာမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ႀကံဳေတြ႔ေနရတဲ့ အခက္အခဲေတြကို လက္သင့္ခံ တတ္ဖို႔ ႀကိဳးစားသင့္ ပါတယ္။
ကိုယ့္ကိုယ္ကို ျပန္ထဖို႔ ႀကိဳးစားပါ
နာက်င္စရာေတြကို စိတ္ႀကိဳက္ ခံစားၿပီးသြားၿပီ၊ ျဖစ္ပ်က္ေနတဲ့ အရာေတြကို လက္္ခံႏိုင္တဲ့ အေျခအေနတစ္ခုလည္း ေရာက္ၿပီ ဆိုရင္ေတာ့ ကိုယ့္ကိုယ္ကို ျပန္ထဖုိ႔ ႀကိဳးစားသင့္ ပါၿပီ။ အရင္ဆံုး ဘာမွမလုပ္ေသးခင္မွာ ကိုယ့္ရဲ႕စိတ္ကို္ အရင္ဆံုး ျပန္တည္ေဆာက္ပါ။
ျဖစ္ပ်က္သြားတဲ့ အရာေတြက တစ္ဆင့္ အရင္ကထက္ သန္မာႀကံ႕ခုိင္တဲ့ စိတ္ဓာတ္ကို ေမြးျမဴပါ။ ေနာက္ဆုတ္ အ႐ႈံးေပးခ်င္တဲ့ စိတ္ကို ကိုယ့္ဆီကေန အၿပီးတိုင္ေမာင္း ထုတ္ပစ္ပါ။ အရာရာကို ရင္ဆိုင္ႏိုင္ဖို႔ လဲက်တိုင္း ျပန္ထ တတ္ေအာင္ ကိုယ့္ကိုယ္ကို ခိုင္မာတဲ့ စိတ္ေမြးျမဴ ထားပါ။
အစီအစဥ္စဆြဲပါ
အေျခအေနဆိုးေတြ ႀကံဳေတြ႕ရလုိ႔ ဆိုၿပီး ဖ႐ိုဖရဲ ပစ္စလက္ခတ္ ေနပစ္ဖို႔ေတာ့ မေတြးလိုက္ ပါနဲ႔။ ဒီလုိအေျခအေနဆိုးနဲ႔ႀကံဳတုိင္းမွာ ဘယ္လုိ အခ်ိန္မွာ ဘာလုပ္သင့္တယ္ဆိုတာကို ပိုသိ လာတတ္ ပါတယ္။ ဒါေၾကာင့္ ေ႐ွ႕ကအဆင့္ေတြကို ျဖတ္ေက်ာ္ၿပီးသြား ရင္ေတာ့ အစီအစဥ္ စဆြဲပါ။
ကိုယ္္လုပ္ခ်င္တာ၊ ျဖစ္ခ်င္တာ၊ ကိုယ္္ျဖစ္ေအာင္ လုပ္သင့္တာ စသျဖင့္ စာ႐ြက္ေပၚမွာ ခ်ေရးၿပီး plan ဆြဲသင့္ပါတယ္။ ၿပီးသြားရင္ေတာ့ စိတ္သစ္္လူသစ္နဲ႔ ကိုယ့္ကိုယ္ကို စတင္ဖုိ႔ပဲ လုိပါတယ္။
ဒါဟာ ႀကံဳေတြ႔ေနရတဲ့ အခက္အခဲ ဆိုးေတြကို ေက်ာ္လႊားႏုိင္ၿပီး သင့္ကို အရင္ကထက္ ပိုေကာင္းမြန္တဲ့ ေနရာတစ္ခုကို ေရာက္႐ွိေစမွာ ျဖစ္ပါတယ္။
Khin
Unicode
ဘဝမှာ ဘယ်လိုမှ ရှောင်လွှဲမရနိုင်တဲ့ ကံဆိုးမှုတွေနဲ့ ကြုံလာတဲ့အခါ ပြုလုပ်သင့်တဲ့ အရာတွေ
လူ့ဘဝဆိုတာက အကောင်းချည်းပဲ ဖြစ်မနေ ပါဘူး ။အဆိုးတွေဟာလည်း ထင်မှတ်မထားတဲ့ အချိန်တွေမှာ ထင်မှတ်မထားတဲ့ ပုံစံမျိုးနဲ့ ဝင်ရောက် လာတတ် ကြပါတယ်။
ဒါဟာ လူတိုင်းကြုံတွေ့ ရတတ်တဲ့ အရာတွေဖြစ်ပြီးတော့ ဒီရှောင်လွှဲလို့မရတဲ့ အဆိုးတွေနဲ့ ကြုံလာတဲ့အခါမှာ ကိုယ့်ကိုယ်ကို လဲကျ မသွားစေဖို့ ဒီအရာတွေကို ပြုလုပ် သင့်ပါ တယ်။
နာကျင်မှုကို ဖုံးကွယ်မထားပါနဲ့
အဆိုးတွေ ကြုံလာရတဲ့ အခါမျိုးမှာ ကိုယ်အဆင်မပြေ ရင် မပြေတဲ့ ပုံစံ အတိုင်းပဲနေပါ၊ ငိုစရာ ရှိရင် ငိုပစ်လိုက်ပါ၊ ပေါက်ကွဲလိုက်မှ နေသာသွားမယ် ဆိုရင် စိတ်ကြိုက်ပေါက်ကွဲ ပစ်လိုက်ပါ။
ဒီလိုမျိုး ကိုယ့်ခံစားချက် တွေကို ဟန်ဆောင်မျိုသိပ် မထားပဲ ကိုယ်ခံစားနေ ရတဲ့ အတိုင်း ဖွင့်ထုတ်ပစ်တာက အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။ တစ်ခြားသူတွေကို လိမ်ညာ ဟန်ဆောင်နေ ရင်တောင် ကိုယ့်ကိုယ်ကိုတော့ မလိမ်ညာမိ ပါစေနဲ့ ။
ကျင်ခြင်းကို ခံစားပစ် လိုက်မှ ရှင်သန်ခြင်း အတွက် လမ်းစကို သင်ရှာတွေ့မှာ ဖြစ်ပါတယ်။ ဒါကြောင့် နာကျင်ဝမ်းနည်းစရာတွေ ကြုံလာရတဲ့ အချိန် အခန်းတံခါးပိတ် စိတ်ကြိုက်အော်ငို ပစ်လိုက် ပါ။
လက်ခံတတ်ပါစေ
ဖြစ်လာတဲ့ အခြေအနေ၊ ကြုံတွေ့နေရတဲ့ အခြေအနေကို လက်ခံတတ်အောင် ကြိုးစားပါ။ ယူကြုံးမရဖြစ်ပြီး လက်သင့်မခံတာမျိုး၊ အတင်းငြင်းပယ် နေတာမျိုးက ကိုယ့်ကိုယ်ကို ပိုစိတ်ဒုက္ခရောက် ပင်ပန်းစေ ပါတယ်။
ဒါကြောင့် လက်ရှိ ဖြစ်ပျက်နေတဲ့ အရာကို လက်ခံနိုင်အောင် လုပ်ပါ။ ဒီအရာတွေကို လက်ခံနိုင်လာမှ ဘယ်လိုဖြေရှင်းရမယ်၊ ဘယ်လို ကိုင်တွယ် ရမယ် ဆိုတာကို သိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို လက်သင့်ခံ တတ်ဖို့ ကြိုးစားသင့် ပါတယ်။
ကိုယ့်ကိုယ်ကို ပြန်ထဖို့ ကြိုးစားပါ
နာကျင်စရာတွေကို စိတ်ကြိုက် ခံစားပြီးသွားပြီ၊ ဖြစ်ပျက်နေတဲ့ အရာတွေကို လက်ခံနိုင်တဲ့ အခြေအနေတစ်ခုလည်း ရောက်ပြီ ဆိုရင်တော့ ကိုယ့်ကိုယ်ကို ပြန်ထဖို့ ကြိုးစားသင့် ပါပြီ။ အရင်ဆုံး ဘာမှမလုပ်သေးခင်မှာ ကိုယ့်ရဲ့စိတ်ကို အရင်ဆုံး ပြန်တည်ဆောက်ပါ။
ဖြစ်ပျက်သွားတဲ့ အရာတွေက တစ်ဆင့် အရင်ကထက် သန်မာကြံ့ခိုင်တဲ့ စိတ်ဓာတ်ကို မွေးမြူပါ။ နောက်ဆုတ် အရှုံးပေးချင်တဲ့ စိတ်ကို ကိုယ့်ဆီကနေ အပြီးတိုင်မောင်း ထုတ်ပစ်ပါ။ အရာရာကို ရင်ဆိုင်နိုင်ဖို့ လဲကျတိုင်း ပြန်ထ တတ်အောင် ကိုယ့်ကိုယ်ကို ခိုင်မာတဲ့ စိတ်မွေးမြူ ထားပါ။
အစီအစဉ်စဆွဲပါ
အခြေအနေဆိုးတွေ ကြုံတွေ့ရလို့ ဆိုပြီး ဖရိုဖရဲ ပစ်စလက်ခတ် နေပစ်ဖို့တော့ မတွေးလိုက် ပါနဲ့။ ဒီလိုအခြေအနေဆိုးနဲ့ကြုံတိုင်းမှာ ဘယ်လို အချိန်မှာ ဘာလုပ်သင့်တယ်ဆိုတာကို ပိုသိ လာတတ် ပါတယ်။ ဒါကြောင့် ရှေ့ကအဆင့်တွေကို ဖြတ်ကျော်ပြီးသွား ရင်တော့ အစီအစဉ် စဆွဲပါ။
ကိုယ်လုပ်ချင်တာ၊ ဖြစ်ချင်တာ၊ ကိုယ်ဖြစ်အောင် လုပ်သင့်တာ စသဖြင့် စာရွက်ပေါ်မှာ ချရေးပြီး plan ဆွဲသင့်ပါတယ်။ ပြီးသွားရင်တော့ စိတ်သစ်လူသစ်နဲ့ ကိုယ့်ကိုယ်ကို စတင်ဖို့ပဲ လိုပါတယ်။
ဒါဟာ ကြုံတွေ့နေရတဲ့ အခက်အခဲ ဆိုးတွေကို ကျော်လွှားနိုင်ပြီး သင့်ကို အရင်ကထက် ပိုကောင်းမွန်တဲ့ နေရာတစ်ခုကို ရောက်ရှိစေမှာ ဖြစ်ပါတယ်။
Khin
No Comments