
ဇနီး စိတ္ေပ်ာ္ရႊင္ဖို႔ ခင္ပြန္းေတြလုပ္သင့္တဲ့ နည္းလမ္း ၁၀ သြယ္
(၁) အိမ္ျပန္ေနာက္က်မယ္ဆို ၾကိဳေျပာပါ
အေၾကာင္းကိစၥ တစ္ခုခုေၾကာင့္ အိမ္ျပန္ေနာက္က် ဖို႕ျဖစ္လာတဲ့ အခါ ဇနီးထံ ဖုန္းေလး တစ္ခ်က္ေလာက္ ဆက္ေပးလိုက္ ျခင္းအားျဖင့္ အေလးထား မခံရ ဘူးလို႕ ဇနီးမယားက ေတြးထင္ သြားႏိုင္တဲ့ အေျခအေနကို မၾကံဳေတြ႕ ရေအာင္ ေရွာင္ရွားႏိုင္ ပါတယ္
ေယာက်္ားေတာ္ေတာ္ မ်ားမ်ားဟာ အလုပ္ မွာျဖစ္ေစ မိတ္ေဆြေတြ႕ဆံု ပြဲမွာျဖစ္ေစ ေပ်ာ္၀င္ လြယ္ျပီး
အိမ္ကုိ ဖုန္းဆက္ဖို႕ လံုး၀ေမ့သြား တတ္တာ သဘာ၀ပ ဒါဟာ သဘာ၀ ဆိုေပမဲ့ အိမ္မွာေစာင့္ေန ရတဲ့
ဇနီးမယား အေနနဲ႕က လာႏိုး လာ ႏိုးေစာင့္ေနရ တာထက္ ၾကိဳသိထားတာ က ပိုေကာင္းတယ္ဆိုတာ
အားလံုးနားလည္ ၾကမွာပါ။ ဒါေၾကာင့္ တစ္မိနစ္စာ ဖုန္းေလးတခ်က္နဲ႕
ဇနီးမယားရဲ႕ အခ်ိန္နာရီေတြကို တန္ဖိုးထား ေလးစားေပး လိုက္ပါ
(၂) ခ်က္ျပဳတ္တတ္ဖို႕ သင္ယူပါ
လံုး၀ကို မခ်က္တတ္ ရင္ေတာင္ ဆင္ေျခေပးဖို႕ထက္ သင္ယူဖို႕ကို အားသန္ သင့္ပါတယ္ ဘာပဲျဖစ္ျဖစ္ အသစ္အဆန္း တစ္ခုခုကို သင္ယူရတာဟာ ေပ်ာ္စရာေကာင္း တာပဲ မဟုတ္လား ႐ိုးရွင္းတဲ့ ဟင္းခ်က္နည္း၃၊၄ခုကို ေသခ်ာေလ့က်င့္ ထားျပီး ရံဖန္ရံခါခ်က္ေကၽြးရင္ေတာ့ ဇနီးရဲ႕ ေႏြးေထြးႏွစ္လိုဖြယ္အျပံဳးကို အျမဲရရွိႏိုင္မွာပါ။
ဒီေတာ့ အားလပ္ရက္ေတြမွာ မီးဖိုထဲမွာ ဇနီးကို ကူညီခ်က္ျပဳတ္ေပးရင္း သင္ယူလိုက္ပါ ျဖစ္ႏိုင္ရင္ေတာ့ တိတ္တိတ္ကေလး သင္ယူေပါ့ ဒါဆို ခ်စ္ဇနီးရဲ႕ ေမြးေန႕လိုမ်ိဳး ထူးျခားတဲ့ေန႕ေတြမွာ Surprise အေနနဲ႕ခ်က္ေကၽြးလို႕ရတယ္ေလ အျမဲ ေစာေစာထျပီး မနက္စာလုပ္ေနက် ဇနီးက
သူမအိပ္ရာအႏိုးမွာ မနက္စာအဆင္သင့္ျဖစ္ေနတာမ်ိဳး ေတြ႕ရရင္ ဘယ္ေလာက္၀မ္းသာေပ်ာ္ရႊင္မလဲေတြးၾကည့္လိုက္ပါ။ ဒီေတာ့ ခ်က္လိုက္ၾကပါစို႕ အမ်ိဳးသားတို႕ေရ
(၃) မၾကာခဏ ဖုန္းဆက္ေပးပါ
အိမ္မွာ ေတြ႕လို႕ရတာပဲဆိုတဲ့ အေတြးနဲ႕ အလုပ္မွာ တေနကုန္ေနရတဲ့ အခ်ိန္အတြင္း ဖုန္းဆက္စကားေျပာဖို႕ မပ်က္ကြက္သင့္ ပါဘူး။ ဇနီးတိုင္းက ခင္ပြန္းရဲ႕ဖုန္းေခၚသံကို ေမွ်ာ္လင့္ေနၾကတာဟာ အမွန္ပါ။
အလုပ္မွာ ထမင္းစား ခ်ိန္ေလးဖုန္း တစ္ခ်က္ေလာက္ ဆက္ေပး တာဟာ သူမကို ခ်စ္ေၾကာင္းျပ ရာေရာက္တဲ့အျပင္ သင္ကိုယ္တိုင္လည္း အလုပ္မွ စိတ္ဖိစီးမႈကို ေလ်ာ့ေစပါ တယ္။ သင့္ဇနီးကို သင္လည္းခ်စ္တာပဲမဟုတ္လား ခ်စ္တဲ့သူနဲ႕ ခဏေလာက္စကားေျပာဖို႕ ဖုန္းတခ်က္ဆက္ကာအခ်ိန္ေပးလိုက္ပါ။
ဇနီးကိုတေန႔ႏွ စ္ၾကိမ္ ဖုန္းဆက္ျခင္းဟာ အိမ္ေထာင္ေရးမွာ သိသိသာသာေပ်ာ္ရႊင္မႈတိုးေစတယ္လို႕ ဆိုပါတယ္
(၄) ေစ်း၀ယ္ထြက္ဖို႕ ေခၚပါ
ဇနီးလိုခ်င္တာ၀ယ္ဖို႕ ပိုက္ဆံေပးလိုက္တာထက္ တူတူေစ်း၀ယ္ထြက္ဖို႕ မိမိက စတင္ျပီး ေခၚတဲ့အခါ
ဇနီးဟာ အရမ္းကို ေပ်ာ္ရႊင္သြား ပါလိမ့္ မယ္။
စူပါမားကက္ ထဲေရာက္ရင္လည္း ပိုက္ဆံအိတ္ကို ေပးထားခဲ့ျပီး မိမိၾကိဳက္ရာ ဆိုင္တစ္ခုခု မွာထိုင္ေနတာ ၊ တျခားပစၥည္းေတြ လိုက္ၾကည့္ေနတာေတြ မလုပ္ပဲ ဇနီးနဲ႕အတူ အ၀တ္အစားေလးေတြ ေရြးပါ
မီးဖိုေခ်ာင္သံုးပစၥည္းေတြ၊ ကေလးအသံုး အေဆာင္ေတြ တူတူေရြးခ်ယ္ပါ။
ဇနီးကို မိမိ၀တ္ေစခ်င္တာေတြေရြးေပးရတာ သေဘာက်စရာပဲ မဟုတ္ပါလား။ သင္ေတာင္ မသိလိုက္ပဲ သင္ကိုယ္တိုင္ လည္းေပ်ာ္ရႊင္သြားျပီး အမ်ားၾကီး သင္ယူမိ သြားပါလိမ့္မယ္
(၅) TV ကိုခ်ည္းပဲ ၾကည့္ေနျခင္းကိုေရွာင္ပါ
အျပင္က ျပန္ေရာက္ေရာက္ခ်င္းမွာပဲ ဧည့္ခန္းTV ေရွ႕ထိုင္ကာ တစ္ခ်ိန္လံုး TV ၾကည့္ျခင္းဟာ က်န္းမာေရးအတြက္ မေကာင္းသလို အိမ္ေထာင္ေရး အတြက္ လည္း မေကာင္းပါဘူး။ သင္ဘယ္ ေလာက္ပဲပင္ပန္းလာပါေစ ဇနီးမယားရဲ႕ တစ္ေန႕တာအေၾကာင္းကို ေမးျမန္းျပီး မိမိရဲ႕ တစ္ေန႕တာအေၾကာင္းကို လည္း ေျပာျပသင့္ ပါတယ္။
ဒီလို စကားစျမည္သာ မေျပာျဖစ္ၾကရင္ ေျပာဆို ဆက္သြယ္မႈဆိုတာ ဘယ္မွာရွိလာေတာ့မွာလဲ။ ဒီေတာ့ စကားစျမည္ေျပာရင္း ညေနစာစားျပီးမွ TV ၾကည့္သင့္ပါတယ္
(၆) လူေရွ႕သူေရွ႕ ခ်ီးက်ဴးစကားဆိုပါ
မိတ္ေဆြေတြၾကားမွာ ဇနီးကို ခ်ီးက်ဴးစကားေျပာလိုက္တာဟာ သူမကို ရွက္ျပံဳးေလးျပံဳးမိေစကာ တစ္ေန႕တာလံုး အားအင္ျပည့္၀ေစတဲ့ အျပင္ ခ်ီးက်ဴးဖြယ္ဇနီးကို ပိုင္ဆိုင္ရ တဲ့သင့္ ကိုလည္းအမ်ားက ေလးစား အားက်ေစမွာပါ
ဒါေပမဲ့ လြန္လြန္ကၽြံကၽြံေျမွာက္ပင့္တာမ်ိဳးမဟုတ္ပဲ သူမရဲ႕လုပ္ေဆာင္ခ်က္ တစ္ခုခုကို အမွန္တကယ္
သေဘာက်ႏွစ္သက္ ေၾကာင္းေျပာ တာမ်ိဳးပဲျဖစ္ဖို႕ အထူးဂ႐ုစိုက္ သင့္ပါတယ္
(၇) သားသမီးေတြအတြက္ အခ်ိန္ေပးပါ
“ သားသမီးေတြ ဘယ္သူ ဘယ္ႏွတန္းဆိုတာေတာင္ မမွတ္မိေတာ့ပါဘူး နာမည္ေတြေတာင္မွားေခၚမိလုိ႕ မိန္းမက စိတ္ဆိုးတယ္”လို႔ရယ္ေမာျပီးေျပာဆိုေနတဲ့ ဖခင္ေတြ (တနည္းအားျဖင့္ခင္ပြန္းေတြ)ကို
ေတြ႕ဖူးပါ တယ္။
အဲလိုဖခင္မ်ိဳးမျဖစ္ေစခ်င္ပါဘူး။ ဘယ္ေလာက္ပဲ အခ်ိန္မရွိျဖစ္ေနပါေစ မိမိရဲ႕ အနာဂတ္မ်ိဳးဆက္ ရင္ႏွစ္သည္းခ်ာေတြ ကို ဂ႐ုစိုက္ဖို႕ ပ်ိဳးေထာင္ေပးဖို႕၊ သင္ၾကားေပးဖို႕ မပ်က္ကြက္သင့္ပါဘူး ကေလးေတြကို ေက်ာင္းအၾကိဳအပို႕လုပ္ေပး၊
ေန႕လည္စာ ထမင္းဘူးထည့္ ေပးတာေတြကို လုပ္ေပးသင့္ ပါတယ္။ ဒီလို လုပ္ေပးျခင္းအားျဖင့္ ဇနီးကိုလည္း ကူညီ ရာေရာက္ျပီး သားသမီးေတြ ကိုလည္း ခ်စ္ေၾကာင္းျပရာေရာက္ပါတယ္။
(၈) ဇနီးနဲ႕ တူတူရွိေနခ်ိန္ေတြ မ်ားမ်ားဖန္တီးပါ
၀ါသနာပါရာ သင္တန္းတစ္ခုခု အတူ တက္တာမ်ိဳး (ဥပမာ- ေရကူးသင္တန္း၊ ေယာဂသင္တန္း) ၊ မနက္ပိုင္းအတူတူ လမ္းေလ်ွာက္ ထြက္တာမ်ိဳးဟာ စိတ္ေပါ့ပါးေစသလို ေပ်ာ္ရႊင္မႈတိုးေစပါတယ္။
ဇနီးမယားနဲ႕ ႏွစ္ေယာက္တည္း သီးသန္႕ ရွိေနဖို႕ တစ္ေန႕မွာ အခ်ိန္ တစ္နာရီေလာက္ ရေအာင္ ဖန္တီးႏိုင္ရင္ အိမ္ေထာင္ေရး ပိုမို သာယာ လာႏိုင္ ပါတယ္။
(၉) ဇနီးကို အေမတစ္ေယာက္လို ထင္ျမင္ျပဳမူျခင္းကို ေရွာင္ပါ…
အိမ္ေထာင္က်ခါစ သားသမီးမရွိတဲ့အခ်ိန္မွာ ခင္ပြန္းသည္ဟာ ဇနီးမယားကို အလိုလိုက္ ဂ႐ုစိုက္တတ္ေပမဲ့ သားသမီးေတြရဲ႕မိခင္ျဖစ္လာတဲ့ အခါ ဇနီး အေပၚမွာ အျမင္ေျပာင္းသြားေလ့ ရွိပါတယ္။
ဒါဟာ အခ်စ္ေပါ့ သြားျခင္းလည္း မဟုတ္သလို ႐ိုးအီသြားျခင္း လည္း မဟုတ္ပါဘူး။ ခင္ပြန္းအေပၚမွာ ကေလးဆန္စြာ ဆိုးႏြဲ႕တတ္တဲ့ ဇနီးက သားသမီးေတြ အေပၚမွာ မိခင္ပီသစြာ အႏြံတာခံျဖည့္ဆည္းေပးတဲ့အခါ
ခင္ပြန္းသည္က ဆိုးႏြဲ႕ တတ္တဲ့ ခ်စ္စရာဇနီးအျဖစ္ မျမင္ေတာ့ပဲ အႏြံတာ ခံတတ္တဲ့ မိခင္အျဖစ္ပဲ ျမင္သြားျပီး မိမိကုိ လည္းသားသမီးေတြနဲ႕အတူတူ အလုိလုိက္ဖို႕ မသိစိတ္က ေတာင္းဆိုေန မိပါေတာ့ တယ္။
ဒါဟာ ဇနီးအတြက္ တရားမ်ွတပါရဲ႕လား။ မိဘဆိုတာ သားသမီးေတြရဲ႕ မွီခိုရာျဖစ္ျပီး ခင္ပြန္းဆိုတာ ဇနီးရဲ႕မွီခိုရာပဲဆိုတာ အျမဲ သတိ ထားသင့္ပါတယ္။
အိမ္တာ၀န္ေတြ၊သားသမီးတာ၀န္ေတြနဲ႕ ပင္ပန္းေနရွာတဲ့ ဇနီးအတြက္နားခိုရာ ခင္ပြန္းအျဖစ္ ၾကင္နာသနားတတ္တဲ့ႏွလံုးသားရွိသင့္ ပါတယ္။
(၁၀) လက္ေဆာင္ေလးေတြ မၾကာခဏ၀ယ္ေပးျခင္း
ေမြးေန႕၊ မဂၤလာႏွစ္ပတ္လည္ေန႕ေတြေရာက္မွ လက္ေဆာင္ေပးတာဟာ မျပည့္စံုပါဘူး။ တစ္ပတ္ တစ္ခါေလာက္ျဖစ္ ျဖစ္ ပန္းကေလး တစ္ပြင့္ ၀ယ္ေပးဖို႔ ဟာ မခက္ခဲတာ အမွန္ပါပဲ။
ကိုယ့္ဘာသာ ဘယ္အခ်ိန္ျဖစ္ျဖစ္ ၀ယ္လို႕ရႏိုင္တဲ့ ပစၥည္းေလးေတြျဖစ္ေပမဲ့ ခင္ပြန္းသည္က အမွတ္တရေပးတဲ့ အခါ အရမ္းကို ေပ်ာ္ရႊင္ေက်နပ္ၾကျပီးခင္ပြန္းအေပၚ ပိုမိုခ်စ္ျမတ္ႏိုးလာေစပါတယ္။
ဒီေတာ့သြားရင္းလာရင္း ခ်စ္ဇနီးနဲ႕ လိုက္ဖက္တာေလးေတြ႕ရင္ပန္း၊ လက္ကိုင္အိတ္၊ ကလစ္၊ ႏႈတ္ခမ္းနီ၊ ဖိနပ္၊ အက်ီၤ စတာေတြကို အမွတ္တရ၀ယ္ေပးသင့္ပါတယ္။
အထက္ပါ အခ်က္ေတြကို ရံဖန္ရံခါ လိုက္နာလုပ္ေဆာင္ျခင္းအားျဖင့္ ဇနီးသည္ဟာ မိမိရဲ႕ဘ၀မွာ ဘယ္ေလာက္ အေရးပါေၾကာင္းေဖာ္ျပ ျပီးသားျဖစ္ေစသလို မိမိကုိယ္တိုင္လည္း သာယာတဲ့အိမ္ေထာင္ေရး၊
ၾကင္နာတတ္တဲ့ ဇနီးနဲ႕ ခ်စ္စဖြယ္သားသမီးေလးေတြ ပါ၀င္တဲ့ စံျပမိသားစုကို ဦးေဆာင္ႏိုင္တဲ့ ခင္ပြန္းေကာင္းျဖစ္လာႏိုင္ေၾကာင္း ေရးသားေဖာ္ျပလိုက္ ရပါတယ္။
#Credit :
Unicode
* ဇနီး စိတ်ပျော်ရွှင်ဖို့ ခင်ပွန်းတွေလုပ်သင့်တဲ့ နည်းလမ်း ၁၀ သွယ်
(၁) အိမ်ပြန်နောက်ကျမယ်ဆို ကြိုပြောပါ
အကြောင်းကိစ္စ တစ်ခုခုကြောင့် အိမ်ပြန်နောက်ကျ ဖို့ဖြစ်လာတဲ့ အခါ ဇနီးထံ ဖုန်းလေး တစ်ချက်လောက် ဆက်ပေးလိုက် ခြင်းအားဖြင့် အလေးထား မခံရ ဘူးလို့ ဇနီးမယားက တွေးထင် သွားနိုင်တဲ့ အခြေအနေကို မကြုံတွေ့ ရအောင် ရှောင်ရှားနိုင် ပါတယ်
ယောကျ်ားတော်တော် များများဟာ အလုပ် မှာဖြစ်စေ မိတ်ဆွေတွေ့ဆုံ ပွဲမှာဖြစ်စေ ပျော်ဝင် လွယ်ပြီး
အိမ်ကို ဖုန်းဆက်ဖို့ လုံးဝမေ့သွား တတ်တာ သဘာဝပ ဒါဟာ သဘာ၀ ဆိုပေမဲ့ အိမ်မှာစောင့်နေ ရတဲ့
ဇနီးမယား အနေနဲ့က လာနိုး လာ နိုးစောင့်နေရ တာထက် ကြိုသိထားတာ က ပိုကောင်းတယ်ဆိုတာ
အားလုံးနားလည် ကြမှာပါ။ ဒါကြောင့် တစ်မိနစ်စာ ဖုန်းလေးတချက်နဲ့
ဇနီးမယားရဲ့ အချိန်နာရီတွေကို တန်ဖိုးထား လေးစားပေး လိုက်ပါ
(၂) ချက်ပြုတ်တတ်ဖို့ သင်ယူပါ
လုံးဝကို မချက်တတ် ရင်တောင် ဆင်ခြေပေးဖို့ထက် သင်ယူဖို့ကို အားသန် သင့်ပါတယ် ဘာပဲဖြစ်ဖြစ် အသစ်အဆန်း တစ်ခုခုကို သင်ယူရတာဟာ ပျော်စရာကောင်း တာပဲ မဟုတ်လား ရိုးရှင်းတဲ့ ဟင်းချက်နည်း၃၊၄ခုကို သေချာလေ့ကျင့် ထားပြီး ရံဖန်ရံခါချက်ကျွေးရင်တော့ ဇနီးရဲ့ နွေးထွေးနှစ်လိုဖွယ်အပြုံးကို အမြဲရရှိနိုင်မှာပါ။
ဒီတော့ အားလပ်ရက်တွေမှာ မီးဖိုထဲမှာ ဇနီးကို ကူညီချက်ပြုတ်ပေးရင်း သင်ယူလိုက်ပါ ဖြစ်နိုင်ရင်တော့ တိတ်တိတ်ကလေး သင်ယူပေါ့ ဒါဆို ချစ်ဇနီးရဲ့ မွေးနေ့လိုမျိုး ထူးခြားတဲ့နေ့တွေမှာ Surprise အနေနဲ့ချက်ကျွေးလို့ရတယ်လေ အမြဲ စောစောထပြီး မနက်စာလုပ်နေကျ ဇနီးက
သူမအိပ်ရာအနိုးမှာ မနက်စာအဆင်သင့်ဖြစ်နေတာမျိုး တွေ့ရရင် ဘယ်လောက်ဝမ်းသာပျော်ရွှင်မလဲတွေးကြည့်လိုက်ပါ။ ဒီတော့ ချက်လိုက်ကြပါစို့ အမျိုးသားတို့ရေ
(၃) မကြာခဏ ဖုန်းဆက်ပေးပါ
အိမ်မှာ တွေ့လို့ရတာပဲဆိုတဲ့ အတွေးနဲ့ အလုပ်မှာ တနေကုန်နေရတဲ့ အချိန်အတွင်း ဖုန်းဆက်စကားပြောဖို့ မပျက်ကွက်သင့် ပါဘူး။ ဇနီးတိုင်းက ခင်ပွန်းရဲ့ဖုန်းခေါ်သံကို မျှော်လင့်နေကြတာဟာ အမှန်ပါ။
အလုပ်မှာ ထမင်းစား ချိန်လေးဖုန်း တစ်ချက်လောက် ဆက်ပေး တာဟာ သူမကို ချစ်ကြောင်းပြ ရာရောက်တဲ့အပြင် သင်ကိုယ်တိုင်လည်း အလုပ်မှ စိတ်ဖိစီးမှုကို လျော့စေပါ တယ်။ သင့်ဇနီးကို သင်လည်းချစ်တာပဲမဟုတ်လား ချစ်တဲ့သူနဲ့ ခဏလောက်စကားပြောဖို့ ဖုန်းတချက်ဆက်ကာအချိန်ပေးလိုက်ပါ။
ဇနီးကိုတနေ့နှ စ်ကြိမ် ဖုန်းဆက်ခြင်းဟာ အိမ်ထောင်ရေးမှာ သိသိသာသာပျော်ရွှင်မှုတိုးစေတယ်လို့ ဆိုပါတယ်
(၄) ဈေးဝယ်ထွက်ဖို့ ခေါ်ပါ
ဇနီးလိုချင်တာဝယ်ဖို့ ပိုက်ဆံပေးလိုက်တာထက် တူတူဈေးဝယ်ထွက်ဖို့ မိမိက စတင်ပြီး ခေါ်တဲ့အခါ
ဇနီးဟာ အရမ်းကို ပျော်ရွှင်သွား ပါလိမ့် မယ်။
စူပါမားကက် ထဲရောက်ရင်လည်း ပိုက်ဆံအိတ်ကို ပေးထားခဲ့ပြီး မိမိကြိုက်ရာ ဆိုင်တစ်ခုခု မှာထိုင်နေတာ ၊ တခြားပစ္စည်းတွေ လိုက်ကြည့်နေတာတွေ မလုပ်ပဲ ဇနီးနဲ့အတူ အဝတ်အစားလေးတွေ ရွေးပါ
မီးဖိုချောင်သုံးပစ္စည်းတွေ၊ ကလေးအသုံး အဆောင်တွေ တူတူရွေးချယ်ပါ။
ဇနီးကို မိမိဝတ်စေချင်တာတွေရွေးပေးရတာ သဘောကျစရာပဲ မဟုတ်ပါလား။ သင်တောင် မသိလိုက်ပဲ သင်ကိုယ်တိုင် လည်းပျော်ရွှင်သွားပြီး အများကြီး သင်ယူမိ သွားပါလိမ့်မယ်
(၅) TV ကိုချည်းပဲ ကြည့်နေခြင်းကိုရှောင်ပါ
အပြင်က ပြန်ရောက်ရောက်ချင်းမှာပဲ ဧည့်ခန်းTV ရှေ့ထိုင်ကာ တစ်ချိန်လုံး TV ကြည့်ခြင်းဟာ ကျန်းမာရေးအတွက် မကောင်းသလို အိမ်ထောင်ရေး အတွက် လည်း မကောင်းပါဘူး။ သင်ဘယ် လောက်ပဲပင်ပန်းလာပါစေ ဇနီးမယားရဲ့ တစ်နေ့တာအကြောင်းကို မေးမြန်းပြီး မိမိရဲ့ တစ်နေ့တာအကြောင်းကို လည်း ပြောပြသင့် ပါတယ်။
ဒီလို စကားစမြည်သာ မပြောဖြစ်ကြရင် ပြောဆို ဆက်သွယ်မှုဆိုတာ ဘယ်မှာရှိလာတော့မှာလဲ။ ဒီတော့ စကားစမြည်ပြောရင်း ညနေစာစားပြီးမှ TV ကြည့်သင့်ပါတယ်
(၆) လူရှေ့သူရှေ့ ချီးကျူးစကားဆိုပါ
မိတ်ဆွေတွေကြားမှာ ဇနီးကို ချီးကျူးစကားပြောလိုက်တာဟာ သူမကို ရှက်ပြုံးလေးပြုံးမိစေကာ တစ်နေ့တာလုံး အားအင်ပြည့်ဝစေတဲ့ အပြင် ချီးကျူးဖွယ်ဇနီးကို ပိုင်ဆိုင်ရ တဲ့သင့် ကိုလည်းအများက လေးစား အားကျစေမှာပါ
ဒါပေမဲ့ လွန်လွန်ကျွံကျွံမြှောက်ပင့်တာမျိုးမဟုတ်ပဲ သူမရဲ့လုပ်ဆောင်ချက် တစ်ခုခုကို အမှန်တကယ်
သဘောကျနှစ်သက် ကြောင်းပြော တာမျိုးပဲဖြစ်ဖို့ အထူးဂရုစိုက် သင့်ပါတယ်
(၇) သားသမီးတွေအတွက် အချိန်ပေးပါ
“ သားသမီးတွေ ဘယ်သူ ဘယ်နှတန်းဆိုတာတောင် မမှတ်မိတော့ပါဘူး နာမည်တွေတောင်မှားခေါ်မိလို့ မိန်းမက စိတ်ဆိုးတယ်”လို့ရယ်မောပြီးပြောဆိုနေတဲ့ ဖခင်တွေ (တနည်းအားဖြင့်ခင်ပွန်းတွေ)ကို
တွေ့ဖူးပါ တယ်။
အဲလိုဖခင်မျိုးမဖြစ်စေချင်ပါဘူး။ ဘယ်လောက်ပဲ အချိန်မရှိဖြစ်နေပါစေ မိမိရဲ့ အနာဂတ်မျိုးဆက် ရင်နှစ်သည်းချာတွေ ကို ဂရုစိုက်ဖို့ ပျိုးထောင်ပေးဖို့၊ သင်ကြားပေးဖို့ မပျက်ကွက်သင့်ပါဘူး ကလေးတွေကို ကျောင်းအကြိုအပို့လုပ်ပေး၊
နေ့လည်စာ ထမင်းဘူးထည့် ပေးတာတွေကို လုပ်ပေးသင့် ပါတယ်။ ဒီလို လုပ်ပေးခြင်းအားဖြင့် ဇနီးကိုလည်း ကူညီ ရာရောက်ပြီး သားသမီးတွေ ကိုလည်း ချစ်ကြောင်းပြရာရောက်ပါတယ်။
(၈) ဇနီးနဲ့ တူတူရှိနေချိန်တွေ များများဖန်တီးပါ
ဝါသနာပါရာ သင်တန်းတစ်ခုခု အတူ တက်တာမျိုး (ဥပမာ- ရေကူးသင်တန်း၊ ယောဂသင်တန်း) ၊ မနက်ပိုင်းအတူတူ လမ်းလျှောက် ထွက်တာမျိုးဟာ စိတ်ပေါ့ပါးစေသလို ပျော်ရွှင်မှုတိုးစေပါတယ်။
ဇနီးမယားနဲ့ နှစ်ယောက်တည်း သီးသန့် ရှိနေဖို့ တစ်နေ့မှာ အချိန် တစ်နာရီလောက် ရအောင် ဖန်တီးနိုင်ရင် အိမ်ထောင်ရေး ပိုမို သာယာ လာနိုင် ပါတယ်။
(၉) ဇနီးကို အမေတစ်ယောက်လို ထင်မြင်ပြုမူခြင်းကို ရှောင်ပါ…
အိမ်ထောင်ကျခါစ သားသမီးမရှိတဲ့အချိန်မှာ ခင်ပွန်းသည်ဟာ ဇနီးမယားကို အလိုလိုက် ဂရုစိုက်တတ်ပေမဲ့ သားသမီးတွေရဲ့မိခင်ဖြစ်လာတဲ့ အခါ ဇနီး အပေါ်မှာ အမြင်ပြောင်းသွားလေ့ ရှိပါတယ်။
ဒါဟာ အချစ်ပေါ့ သွားခြင်းလည်း မဟုတ်သလို ရိုးအီသွားခြင်း လည်း မဟုတ်ပါဘူး။ ခင်ပွန်းအပေါ်မှာ ကလေးဆန်စွာ ဆိုးနွဲ့တတ်တဲ့ ဇနီးက သားသမီးတွေ အပေါ်မှာ မိခင်ပီသစွာ အနွံတာခံဖြည့်ဆည်းပေးတဲ့အခါ
ခင်ပွန်းသည်က ဆိုးနွဲ့ တတ်တဲ့ ချစ်စရာဇနီးအဖြစ် မမြင်တော့ပဲ အနွံတာ ခံတတ်တဲ့ မိခင်အဖြစ်ပဲ မြင်သွားပြီး မိမိကို လည်းသားသမီးတွေနဲ့အတူတူ အလိုလိုက်ဖို့ မသိစိတ်က တောင်းဆိုနေ မိပါတော့ တယ်။
ဒါဟာ ဇနီးအတွက် တရားမျှတပါရဲ့လား။ မိဘဆိုတာ သားသမီးတွေရဲ့ မှီခိုရာဖြစ်ပြီး ခင်ပွန်းဆိုတာ ဇနီးရဲ့မှီခိုရာပဲဆိုတာ အမြဲ သတိ ထားသင့်ပါတယ်။
အိမ်တာဝန်တွေ၊သားသမီးတာဝန်တွေနဲ့ ပင်ပန်းနေရှာတဲ့ ဇနီးအတွက်နားခိုရာ ခင်ပွန်းအဖြစ် ကြင်နာသနားတတ်တဲ့နှလုံးသားရှိသင့် ပါတယ်။
(၁၀) လက်ဆောင်လေးတွေ မကြာခဏဝယ်ပေးခြင်း
မွေးနေ့၊ မင်္ဂလာနှစ်ပတ်လည်နေ့တွေရောက်မှ လက်ဆောင်ပေးတာဟာ မပြည့်စုံပါဘူး။ တစ်ပတ် တစ်ခါလောက်ဖြစ် ဖြစ် ပန်းကလေး တစ်ပွင့် ဝယ်ပေးဖို့ ဟာ မခက်ခဲတာ အမှန်ပါပဲ။
ကိုယ့်ဘာသာ ဘယ်အချိန်ဖြစ်ဖြစ် ဝယ်လို့ရနိုင်တဲ့ ပစ္စည်းလေးတွေဖြစ်ပေမဲ့ ခင်ပွန်းသည်က အမှတ်တရပေးတဲ့ အခါ အရမ်းကို ပျော်ရွှင်ကျေနပ်ကြပြီးခင်ပွန်းအပေါ် ပိုမိုချစ်မြတ်နိုးလာစေပါတယ်။
ဒီတော့သွားရင်းလာရင်း ချစ်ဇနီးနဲ့ လိုက်ဖက်တာလေးတွေ့ရင်ပန်း၊ လက်ကိုင်အိတ်၊ ကလစ်၊ နှုတ်ခမ်းနီ၊ ဖိနပ်၊ အကျီၤ စတာတွေကို အမှတ်တရဝယ်ပေးသင့်ပါတယ်။
အထက်ပါ အချက်တွေကို ရံဖန်ရံခါ လိုက်နာလုပ်ဆောင်ခြင်းအားဖြင့် ဇနီးသည်ဟာ မိမိရဲ့ဘဝမှာ ဘယ်လောက် အရေးပါကြောင်းဖော်ပြ ပြီးသားဖြစ်စေသလို မိမိကိုယ်တိုင်လည်း သာယာတဲ့အိမ်ထောင်ရေး၊
ကြင်နာတတ်တဲ့ ဇနီးနဲ့ ချစ်စဖွယ်သားသမီးလေးတွေ ပါဝင်တဲ့ စံပြမိသားစုကို ဦးဆောင်နိုင်တဲ့ ခင်ပွန်းကောင်းဖြစ်လာနိုင်ကြောင်း ရေးသားဖော်ပြလိုက် ရပါတယ်။
No Comments