အဆင့်အတန်း ရှိရှိ အထာကျကျ ဖွန်ကြောင် နည်းများ - Amawpyay
အချစ်ရေး
၁။ ရင်ဘတ်ကိုဖွင့်ထား
၂။ နောက်တခုက အကြည့်
၃။ အရမ်းမပြုံးပါနဲ့။
၅။ ဖြန့်ကျက်ထား
ကဲ ရဲဘော်တို့။ အောင်မြင်ပါစေ။
Credit
Unicode
အဆင့်အတန်း ရှိရှိ အထာကျကျ ဖွန်ကြောင် နည်းများ
မိန်းကလေး တစ်ယောက်ကို ချဉ်းကပ်ပြီး စကားစမပြောခင်မှာ ကတည်းက သူမကို ဆွဲဆောင်နိုင်ပါတယ်။
ကတော့ ကိုယ်နေဟန် ခန္ဓာဗေဒဘာသာ စကားဆိုင်ရာ လှည့်ကွက်လေးတွေ သုံးတတ်ဖို့ပဲ လိုပါတယ်။ ဒါ့ကြောင့် စကားတစ်လုံးမှမပြောသေးပဲ မိန်းကလေး တစ်ယောက်ကို အထာကျကျ ကျူနိုင်ဖို့ နည်းလမ်းတစ်ချို့ရှိတယ် ဆော်ရှိပြီး သားဆိုရင်တော့ စာဖတ်နေတာ ဒီမှာတင် ရပ်လိုက် ပါ။
၁။ ရင်ဘတ်ကိုဖွင့်ထား
ပြောချင်တာက လက်ပိုက်ပြီး မနေတတ်တဲ့ ဘဲတွေက ပိုပြီးဆွဲဆောင်မှုရှိ သလိုလို တက်ကြွမှုရှိသလိုလို လို့ ပြောကြတယ်။ ဒါကြောင့် သင့်ရဲ့ ခန္ဓာကိုယ်ကို ကွယ်နေစေမဲ့အနေအထား ပိတ်နေစေမဲ့အနေအထားတွေကို ရှောင်ကြဉ်ရမယ်။
(ဗိုက်ပူနေရင်ဗိုက်ကို ကျုံ့ နိုင်သလောက် ကျုံ့ထားရမယ် ဗိုက်ကိုကျုံ့လိုက်တဲ့အတွက် ရင်ဘတ်က ပိုပြီး ကြီးထားသရောင်ဖြစ်လာမယ်။ ဟဟ နောက်တာပါ) ဆက်ပြောမယ်
ဒါကြောင့် ထိုင်နေ တဲ့အခါ ခြေထောက်တွေကို ချိတ်ထားတာမျိုးမဟုတ်ပဲ အနေတော်လောက် ချဲထားပြီး တံထောင်ဆစ်တွေကို ခန္ဓာကိုယ် နဲ့ အဆင်ပြေသလောက် အနည်းငယ်ခွာထားရမယ်။
၂။ နောက်တခုက အကြည့်
အကြည့်က ဘယ်လောက်အရေးကြီးလဲ ဆိုရင် အကြည့်တချက်နဲ့ တင်စကားတွေအများကြီးပြောနိုင်တယ်။အချိန်အတိုင်းတာတခုထိ ကောင်မလေးနဲ့ အကြည့်ချင်း ဖလှယ်ပြီး မှ ချဉ်းကျပ်ရတာပိုလွယ်လိမ့်မယ်။
(ကိုယ်ဒွေ ခေတ်တုန်းကဆို အကြည့် သက်သက် တင် ၂ လ လောက် အချိန်ပေးရပါတယ်။) ဆက်ပြောမယ် ဒါကြောင့် မိနစ်အနည်းငယ်ကြာတိုင်းမှာ ပတ်ဝန်းကျင်ကို လှည့်ကြည့်ပြီး သူမနဲ့ ခနလောက် မျက်လုံးချင်းဆုံးအောင် ကြိုးစားကြည့်ပါ။
မျက်မှန်အောက်ကနေ ခိုးရှိုးတာမျိုးညမလုပ်ပါနဲ့ ပြီးတော့ညအရမ်းစူးစိုက်ကြည့်ညတာမျိုးလဲ မလုပ်ပါနဲ့။
၃။ အရမ်းမပြုံးပါနဲ့။
အရမ်းမျက်နှာချိုပြီး ဖြဲပြ ပြုံးပြလွန်းတာဟာ မိန်းမဆန်တယ်လို့ အမျိုးသမီးတွေက သတ်မှတ်တတ်ကြတယ်။ ဒါပေမယ့် ကျောက်ရုပ်လို စက်ရုပ်လို ခပ်တည်တည်နေစရာလည်း မလိုပါဘူး။
ပြုံးတယ်ဆိုတာ သိသာရုံလေးက ပိုပြီးတော့ ဆွဲဆောင်မှုရှိစေတယ်။(မပြုံးတတ်ရင် Youtube မှာရှာ။) ကိုယ့်ကိုကိုယ် ယုံကြည့်မှု ရှိတဲ့ မျက်နှာထား မျိုးပေါ့။
၄။ မလှတဲ့ မျက်နှာကို ထိတွေ့ပါ
မိနစ်အနည်းငယ်တိုင်းမှာ တစ်ကြိမ်လောက် သင့်ရဲ့မေးရိုးနဲ့မေးစေ့ကို ပွတ်သပ်ပေးပါ။ ဒီအချက်က သင့်ရဲ့ ယောင်္ကျားပီသတဲ့ အသွင်အပြင်တွေကို သူမရဲ့သတိ ထားမိအောင် ဆွဲဆောင် နိုင်ပါတယ်။
သင့်မျက်နှာအောက်ပိုင်းဟာ သင့်ရဲ့အမျိုးသား ပီသမှုနဲ့ ဆက်စပ်နေ ပါတယ်။ ဒါ့ကြောင့် ထင်ရှားတဲ့မေးရိုးမရှိဘူးဆိုရင်တောင်မှ ဖော်ပြ ခဲ့သလို ပွတ်သပ်ပေးမှုကြောင့် သင့်ကို ပိုပြီ းဆွဲဆောင်မှု ရှိစေမှာ ပါ။
၅။ ဖြန့်ကျက်ထား
စားပွဲတစ်ခုမှာ ထိုင်တဲ့အခါမှာ လက်တစ်ဖက်ကို အနီးနားက ထိုင်ခုံနောက် မှီပေါ်မှာ တင်ထားတာ ဒါမှမဟုတ် တံတောင်ဆစ် တွေကို နောက်ဖက်မှာ တင်ပြီး ဘားကို မှီထားတာ မျိုးတွေ ခေါ်တာပါ။
လို ဖြန့်ကျက်ထားတဲ့ ပုံစံတွေက ကိုယ်ပိုင်နေရာကို အပြည့်အဝ ပိုင်စိုးထား နိုင်တဲ့ လက္ခဏာဖြစ်ပါတယ်။ အမျိုးသမီးတွေက ဒီပုံစံမျိုးကို ဆွဲဆောင်မှုရှိတဲ့ လွှမ်းမိုးချုပ်ကိုင် နိုင်စွမ် းရှိသူအဖြစ် သတ်မှတ်တတ်တယ်။
၆။ သူမရဲ့လှုပ်ရှားမှုကို မသိမသာလိုက်လုပ်ပါ
သူမရဲ့ လက်ဟန် အနေအထား ဒါမှမဟုတ် လှုပ်ရှားပုံကို လိုက်တုတာမျို းဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ လှုပ်ရှားမှုကို ထပ်တူလိုက်လုပ်တာက သူမအမြင်မှာ သင့်ကိုနှစ်လို ဖွယ်ရာဖြစ်စေ ပါတယ်။
ဒါပေမယ့် အရမ်းများလို့တော့ အဆင်မပြေပါဘူး။ အလွန်အကျွံလိုက်တုတာ၊ အရမ်းနီးနီးကပ်ကပ်ကြီးမှာ လိုက်လုပ်နေတာက မျက်နှာပြောင်ရာရောက်ပါတယ်။
၇။ သူမဖက်က အထာလေးတွေကို စောင့်ကြည့်
ခင်ဗျားဘက် ကမီးကုန်ယမ်းကုန် ပညာကုန် သိသမျှ တတ်သမျှ အကုန်လုံးထုတ်သုံးပြီးပြီဆိုရင် သူမဖက်ကလည်း စိတ်ဝင်စားကြောင်း အထာလေးတွေ ပြလာ ပါလိမ့် မယ်။
သင့်ကို ကြည့်နေချိန်မှာ ဆံပင်ကိုအနောက်ဖက်သပ်တင်တာ၊ နားနောက်ကို သိမ်းတာတွေ လုပ်မလုပ် သတိထားကြည့်ပါ။ ပိုပြီးအခွင့်သာ နိုင်တာက သင်နဲ့ မျက်လုံးချင်း ဆုံချိန်မှာ မျက်ခုံးပင့်သယောင်လေးဖြစ်သွားတာပါပဲ။
ကဲ ရဲဘော်တို့။ အောင်မြင်ပါစေ။
No Comments
Leave a Reply
Your email address will not be published.
အခ်စ္ေရး
ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ..
ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ.. သင့်ရဲ့ဘဝမှာ လုံးဝ မဆုံနိုင်တော့တဲ့ သူတစ်ယောက်၊ အမြဲ သတိရနေသူ တစ်ယောက် ကတော့ ရှိခဲ့ဖူးမှာပါ။ အခုရှိနေ ရင်လည်း ရှိနေမှာပေါ့။ သူက ကိုယ့်အနားလုံးဝမရှိတော့တာဖြစ်စေ၊ ဒီကမ္ဘာကြီးမှာ မရှိတော့ တာပဲဖြစ်ဖြစ် သူ့ကို သတိရတဲ့ အချိန် ရှိမှာပါပဲ။ အဲ့လိုအချိန်မှာ တမ်းတစိတ်ကြောင့် ရူးရူးမိုက်မိုက် မဖြစ်သွား ပါနဲ့။ သင်ခံစား နိုင်ပါတယ်။ နာကျင်နိုင်ပါတယ်။ သတိရ နိုင်ပါတယ်။ ဒါပေမဲ့ သတိရတဲ့ အချိန်တိုင်း အရင်ကထက် ပိုသက်သာစေ မယ့် နည်းလမ်းတွေကို ဖော်ပြပေးပါရစေ။ ၁။ ဒီလိုခံစားရတာ သင့်အမှား မဟုတ်ပါဘူး အချိန်က အရာရာကို ကုစား သွားမယ်လို့ …
အခ်စ္ေရး
မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ
မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ မိန်းကလေးတွေဟာ မွေးရာပါ မိခင်စိတ် ရှိသူတွေ ဖြစ်ကြ ပါတယ်။ စိတ်နှလုံးနူးညံ့တယ်၊ သနားလွယ်တယ်၊ အနစ်နာခံ တတ်တယ်။ ဒီလို မိန်းကလေးတွေဟာ ချစ်မိပြီ ဆိုရင် သူမတူအောင်ကို ချစ်နိုင်ကြပါတယ် …. ။ ချစ်သူအတွက် ချစ်သူ အဖြစ်သာမက မိခင်တစ်ယောက် နီးပါးကို ဂရုစိုက် နိုင်တဲ့၊ ချစ်နိုင်တဲ့ မိန်းကလေးတွေဆိုတာ ဒီအချက်တွေနဲ့ ကိုက်ညီနေ သူပါ။ ဒါကြောင့် သင့်ချစ်သူသာ ဒီလို မိန်းကလေးဖြစ်နေခဲ့ရင် သင်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူတစ်ယောက် ဖြစ်တယ် ဆိုတာ သိထား လိုက်ပါနော် ။ (1) အချိန်ပြည့်စိတ်ပူပေးတယ် မိခင်တစ်ယောက် နီးပါး …
အခ်စ္ေရး
အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက်
အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက် ချစ်သူချင်း အဆင်မပြေလို့ ကွဲကြ၊ ကွာကြတာဟာ ဓမ္မတာပါပဲ။ ဒါပေမဲ့ လမ်းခွဲပြတ်စဲခဲ့တဲ့ ချစ်သူတွေ အချိန်အတော်ကြာ အဆက်အသွယ်လည်း မလုပ်ကြဘဲ နောက်မှ ပြန်တွဲကြတဲ့အခါ နှစ်ယောက်ကြားက အချစ်ရေးမျာ ကောင်းကျိုးလေးတွေ ရှိလာတတ်ပါတယ်။ အဲဒါလေးတွေကတော့.. (၁) သံယောဇဉ်ပိုတိုးလာတယ် ဒါကတော့ ဒီလို ပြန်တွဲခဲ့ကြတဲ့ ချစ်သူတွေမှာ အဖြစ်အများဆုံးကိစ္စပါပဲ။ ဝေးပြီးတဲ့နောက် တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ စိတ်ခံစားချက်တွေ ပိုသေချာသွားတာကြောင့် သူနဲ့လည်းအတူပြန်ရှိရော သံယောဇဉ်တွေ အရင်ကထက်ပိုတိုးလာတာပါ။ (၂) ပိုရင့်ကျက်လာကြတယ် ပြဿနာဖြစ်တိုင်း အရင်လို ဒေါနဲ့မောနဲ့ ြဖေရှင်းမယ်၊ ဘာမဟုတ်တာလေးနဲ့ ပြတ်မယ်ပြောတယ်ဆိုတဲ့ အကျင့်တွေကြောင့် ဝေးသွားခဲ့ကြတဲ့အတွက် နောက်ပိုင်း ပြဿနာအကြီးကြီးကြုံလာရင်တောင် …