
အလုပ္ခြင္က သူငယ္ခ်င္းေတြက အေကာင္းဆုံး သူငယ္ခ်င္းေတြျဖစ္ေၾကာင္း သက္ေသျပေနတဲ့ အခ်က္ (၆)ခ်က္
သင့္ဘဝမွာ သူငယ္ခ်င္း၊ အေပါင္းအသင္းေတြ အမ်ားႀကီးရွိခဲ့ဖူးေပမယ့္ ဘယ္အသက္အ႐ြယ္မွာေပါင္းခဲ့တဲ့သူငယ္ခ်င္းေတြက အေကာင္းဆုံးလဲဆိုတာေတာ့ ေျပာရခက္ပါတယ္။
စိတ္ပညာရွင္ေတြရဲ႕ေျပာၾကားခ်က္ေတြအရ အလုပ္ခြင္မွာ ဆုံေတြ႕ရတဲ့ သူငယ္ခ်င္းေတြက အေကာင္းဆုံး သူငယ္ခ်င္းေတြျဖစ္တယ္လို႔ သိခဲ့ရ ပါတယ္။ အေၾကာင္းျပခ်က္ ေတြကေတာ့ ဒီမွာပါ။
(၁) တစ္ေန႔တာမွာအခ်ိန္အမ်ားဆုံးေတြ႕ရတဲ့သူေတြ
သင့္အေနနဲ႔ တစ္ေန႔တာရဲ႕အခ်ိန္ေတာ္ေတာ္ မ်ားမ်ားကို အလုပ္ခြင္မွာ ကုန္ဆုံး ရတာပါ။ ဒီလို တစ္ေန႔တာမွာ အခ်ိန္အမ်ားဆုံး အတူတူရွိတဲ့ သူေတြက သင့္ရဲ႕ second family လို႔ေျပာရင္လည္ းမမွားပါဘူး။
(၂) သင့္အႀကိဳက္ေတြကို သိတယ္
သင္ဘယ္ အစားအစာကို ႀကိဳက္တယ္၊ ဘာကိုေတာ့ မႀကိဳက္ဘူး၊ ဘယ္ေကာ္ဖီ အမ်ိဳးအစားကိုႀကိဳက္တယ္၊ ဘယ္ေနရာေတြ သြားတတ္တယ္ဆိုတာေတြ ကအစ သိတဲ့ သူေတြပါ။
(၃) သူတို႔ဆီကသင္ယူရတာေတြရွိတယ္
အလုပ္ခြင္မွာ ခင္မင္ရတဲ့ သူငယ္ခ်င္းေတြက အတန္အသင့္ ရင့္က်က္ေနၾကတဲ့ သူေတြျဖစ္ၿပီး မတူညီတဲ့ အရည္အခ်င္း ကိုယ္စီရွိတဲ့ သူေတြပါ။ ဒီေတာ့ ကိုယ္ေလးစား အားက် ရတာေလးေတြ လည္းရွိၿပီး သူတို႔ဆီကေန သင္ယူရ တာေလးေတြ ရွိပါတယ္။
(၄) သင့္ရဲ႕အက်င့္ဆိုးေလးေတြကို သိၿပီး လက္ခံေပးတယ္
စစခ်င္း သိပ္မခင္ၾကေသးတဲ့ အခ်ိန္မွာေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ စိမ္းေနၾကၿပီး တခ်ိဳ႕အမူအက်င့္္ေလးေတြကို လက္မခံ ႏိုင္တာမ်ိဳး ရွိတတ္ေပမယ့္္ ေနာက္ပိုင္းခင္မင္ သြားတဲ့
အခ်ိန္မွာ ကိုယ္မႀကိဳက္ခဲ့တဲ့ အခ်က္ေတြကို အျပစ္လို႔မျမင္ေတာ့ဘဲ လက္ခံေပး ႏိုင္လာ ပါတယ္။ အျပန္အလွန္နားလည္ေပးၿပီး အက်င့္ဆိုးေလးေတြကို နားလည္ ခြင့္လႊတ္ေပးၾက ပါတယ္။
(၅) တိုင္ပင္ေဖာ္ေလးေတြ
လတ္တေလာေဟာ့ေနတဲ့ အေၾကာင္းအရာေတြကို ေျပာမလား၊ ကိုယ္ၾကည့္မရတဲ့ သူေတြ အေၾကာင္းအတင္းတုပ္မလား၊ ကိုယ့္ရဲ႕အခ်စ္ေရးနဲ ႔ပတ္သက္လို႔ တိုင္ပင္မလား ၊ ဘာလာလာ အဆင္ေျပတဲ့ ေဘာ္ေဘာ္ေတြပါေနာ္။
(၆) သေဘာထားကြဲလြဲမႈကိုလက္ခံႏိုင္သူေတြ
လူတစ္ကိုယ္ ခံယူခ်က္ တစ္မ်ိဳးမို႔ သေဘာထားကြဲလြဲ မႈေတြ ရွိတာကိုလည္း နားလည္ လက္ခံေပးႏိုင္တယ္။ ကိုယ့္ကို အတင္းျပဳျပင္ဖို႔၊ လႊမ္းမိုးဖို႔ မႀကိဳးစားတဲ့၊ တစ္ေယာက္ရဲ႕အျမင္ကို တစ္ေယာက္က ေလးစားမႈရွိတဲ့ ဆက္ဆံေရး မ်ိဳးရွိၾက ပါတယ္။
ခရက္ဒစ္
ယူနီကုတ္
အလုပ်ခွင်က သူငယ်ချင်းတွေက အကောင်းဆုံး သူငယ်ချင်းတွေဖြစ်ကြောင်း သက်သေပြနေတဲ့ အချက် (၆)ချက်
သင့်ဘဝမှာ သူငယ်ချင်း၊ အပေါင်းအသင်းတွေ အများကြီးရှိခဲ့ဖူးပေမယ့် ဘယ်အသက်အရွယ်မှာပေါင်းခဲ့တဲ့သူငယ်ချင်းတွေက အကောင်းဆုံးလဲဆိုတာတော့ ပြောရခက်ပါတယ်။
စိတ်ပညာရှင်တွေရဲ့ပြောကြားချက်တွေအရ အလုပ်ခွင်မှာ ဆုံတွေ့ရတဲ့ သူငယ်ချင်းတွေက အကောင်းဆုံး သူငယ်ချင်းတွေဖြစ်တယ်လို့ သိခဲ့ရ ပါတယ်။ အကြောင်းပြချက် တွေကတော့ ဒီမှာပါ။
(၁) တစ်နေ့တာမှာအချိန်အများဆုံးတွေ့ရတဲ့သူတွေ
သင့်အနေနဲ့ တစ်နေ့တာရဲ့အချိန်တော်တော် များများကို အလုပ်ခွင်မှာ ကုန်ဆုံး ရတာပါ။ ဒီလို တစ်နေ့တာမှာ အချိန်အများဆုံး အတူတူရှိတဲ့ သူတွေက သင့်ရဲ့ second family လို့ပြောရင်လည် းမမှားပါဘူး။
(၂) သင့်အကြိုက်တွေကို သိတယ်
သင်ဘယ် အစားအစာကို ကြိုက်တယ်၊ ဘာကိုတော့ မကြိုက်ဘူး၊ ဘယ်ကော်ဖီ အမျိုးအစားကိုကြိုက်တယ်၊ ဘယ်နေရာတွေ သွားတတ်တယ်ဆိုတာတွေ ကအစ သိတဲ့ သူတွေပါ။
(၃) သူတို့ဆီကသင်ယူရတာတွေရှိတယ်
အလုပ်ခွင်မှာ ခင်မင်ရတဲ့ သူငယ်ချင်းတွေက အတန်အသင့် ရင့်ကျက်နေကြတဲ့ သူတွေဖြစ်ပြီး မတူညီတဲ့ အရည်အချင်း ကိုယ်စီရှိတဲ့ သူတွေပါ။ ဒီတော့ ကိုယ်လေးစား အားကျ ရတာလေးတွေ လည်းရှိပြီး သူတို့ဆီကနေ သင်ယူရ တာလေးတွေ ရှိပါတယ်။
(၄) သင့်ရဲ့အကျင့်ဆိုးလေးတွေကို သိပြီး လက်ခံပေးတယ်
စစချင်း သိပ်မခင်ကြသေးတဲ့ အချိန်မှာတော့ တစ်ယောက်နဲ့ တစ်ယောက် စိမ်းနေကြပြီး တချို့အမူအကျင့်လေးတွေကို လက်မခံ နိုင်တာမျိုး ရှိတတ်ပေမယ့် နောက်ပိုင်းခင်မင် သွားတဲ့
အချိန်မှာ ကိုယ်မကြိုက်ခဲ့တဲ့ အချက်တွေကို အပြစ်လို့မမြင်တော့ဘဲ လက်ခံပေး နိုင်လာ ပါတယ်။ အပြန်အလှန်နားလည်ပေးပြီး အကျင့်ဆိုးလေးတွေကို နားလည် ခွင့်လွှတ်ပေးကြ ပါတယ်။
(၅) တိုင်ပင်ဖော်လေးတွေ
လတ်တလောဟော့နေတဲ့ အကြောင်းအရာတွေကို ပြောမလား၊ ကိုယ်ကြည့်မရတဲ့ သူတွေ အကြောင်းအတင်းတုပ်မလား၊ ကိုယ့်ရဲ့အချစ်ရေးနဲ့ပတ်သက်လို့ တိုင်ပင်မလား ၊ ဘာလာလာ အဆင်ပြေတဲ့ ဘော်ဘော်တွေပါနော်။
(၆) သဘောထားကွဲလွဲမှုကိုလက်ခံနိုင်သူတွေ
လူတစ်ကိုယ် ခံယူချက် တစ်မျိုးမို့ သဘောထားကွဲလွဲ မှုတွေ ရှိတာကိုလည်း နားလည် လက်ခံပေးနိုင်တယ်။ ကိုယ့်ကို အတင်းပြုပြင်ဖို့၊ လွှမ်းမိုးဖို့ မကြိုးစားတဲ့၊ တစ်ယောက်ရဲ့အမြင်ကို တစ်ယောက်က လေးစားမှုရှိတဲ့ ဆက်ဆံရေး မျိုးရှိကြ ပါတယ်။
No Comments