ကိုယ္က ေပးမွ ျပန္ရတဲ့ အခ်စ္ေတြထက္ ကိုယ့္ကို မို႔လို႔ ေပးတဲ့ အခ်စ္ေတြကို တန္ဖိုးထားပါ - Amawpyay

ကိုယ္က ေပးမွ ျပန္ရတဲ့ အခ်စ္ေတြထက္ ကိုယ့္ကို မို႔လို႔ ေပးတဲ့ အခ်စ္ေတြကို တန္ဖိုးထားပါ

ကိုယ္က ေပးမွ ျပန္ရတဲ့ အခ်စ္ေတြထက္ ကိုယ့္ကို မို႔လို႔ ေပးတဲ့ အခ်စ္ေတြကို တန္ဖိုးထားပါ
အခ်စ္ေရး

ကိုယ္က ေပးမွ ျပန္ရတဲ့ အခ်စ္ေတြထက္ ကိုယ့္ကို မို႔လို႔ ေပးတဲ့ အခ်စ္ေတြကို တန္ဖိုးထားပါ

ကိုယ္က ေပးမွ ျပန္ရတဲ့ အခ်စ္ေတြ ထက္ ကိုယ့္ကို မို႔လို႔ ေပးတဲ့ အခ်စ္ေတြကို တန္ဖိုးထား တတ္လာတဲ့အခါ ကိုယ္က ၿပဳံးျပမွ ျပန္ရတဲ့ အၿပဳံးေတြ ထက္ ကိုယ့္ကို မို႔လို႔ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ၿပဳံး႐ႊင္ရီေမာျပ တတ္တဲ့ လူတေယာက္ကို ေတြ႕ရတဲ့ အခါ

ကိုယ့္ဘက္က အၿမဲေပးေန ရတဲ့ ခြင့္လႊတ္ျခင္းေတြ ထက္ ကိုယ့္ကို မို႔လို႔ ၾကင္နာသနားတတ္စြာ ခြင့္လႊတ္သည္းခံတာေတြ ႀကဳံရတဲ့ အခါ .

ကြၽန္မ ကမာၻဟာ ေနလို႔ ပိုေကာင္းလာ ပါတယ္

လူေတြရဲ႕ သေဘာက မရတဲ့ အရာကို ပိုလို ခ်င္ၾက တယ္

ကိုယ္မစီးႏိုင္တဲ့ သိပ္ေဈးႀကီးတဲ့ ကားကို စီးခ်င္သလိုမ်ိဳး , ကိုယ္မဝယ္ ႏိုင္တဲ့ အိမ္တလုံးကို လိုခ်င္ေနသလိုမ်ိဳး သက္မဲ့ေတြ အေပၚေတာင္ ရွိရင္ ကိုယ့္ကို မခ်စ္တဲ့ လူတေယာက္ရဲ႕ အခ်စ္ကို လိုခ်င္မိတာ အဆန္းေတာ့ မဟုတ္ပါဘူး

မရတဲ့ အရာတခုေၾကာင့္ ေန႔ေပါင္းမ်ားစြာ စိတ္ဆင္းရဲေနရတယ္ မ်က္ရည္ေတြ က်ခဲ့ရတယ္ …. မလုပ္သင့္တာေတြ လုပ္တယ္ ေတာင္းပန္တယ္ ခယတယ္ ဒီလူတေယာက္ အတြက္ အရွက္သိကၡာ ဆိုတာ ခ်နင္းခဲ့တဲ့ အခ်ိန္ေတြေတာင္ ရွိၾကတယ္

ဒါေပမဲ့ ဘာျပန္ရခဲ့လဲ

တခါတေလ သူ အဖက္ လုပ္ခ်င္ လုပ္တယ္ စကားျပန္ေျပာရင္ ေျပာတယ္ တခါတေလ ရက္ေပါင္းမ်ားစြာ ပစ္ထားျခင္း ခံရတယ္ seen ျဖစ္ၿပီး အဖက္လုပ္မခံရတဲ့ အခ်ိန္ေတြ , ကိုယ့္ဖုန္းကို ignore လုပ္ထားတဲ့ အခ်ိန္ေတြက ပိုပါတယ္ ကိုယ္ဆိုတာ သူ႔ဘဝရဲ႕ အမႈန္အမႊားေလာက္ပဲ

ဒါနဲ႔ပဲ ကြၽန္မတို႔က အခ်စ္ ဆိုတာကို စိတ္နာၾကေသးတယ္ . တကယ္ေတာ့ အခ်စ္က အခ်စ္ပါပဲသူ႔ဘာသာသူ တည္ရွိေနတာ ကြၽန္မတို႔ စိတ္နာရမွာ အဲဒီ လူ ကိုပါ

တခါေလာက္

ကိုယ့္ကို တန္ဖိုးထားတဲ့သူ ကိုယ္ေျပာတာေတြ နားေထာင္ေပးတတ္ တဲ့သူ ကိုယ့္အတြက္ ပခုံးတဖက္ အၿမဲ အဆင္သင့္ ရွိတဲ့သူ ကိုယ္ေနမေကာင္းရင္ သူ႔ကမာၻ ပ်က္တတ္တဲ့သူ ကိုယ့္နာမည္ဟာ သူ႔ priority list မွာ အၿမဲရွိ တဲ့သူ

ကိုယ့္ကို အခ်စ္မ်ိဳးစုံနဲ႔ ၾကင္နာႏိုင္ တဲ့သူ တေယာက္နဲ႔ ပတ္သတ္ၾကည့္ဖူး ပါသလား ?

ဘဝမွာ အခ်စ္ခံရျခင္းဟာ ကုသိုလ္ေကာင္းျခင္းတမ်ိဳးပါ . တခ်ိဴ႕ေတြက ကိုယ္သတ္မွတ္ထားတဲ့ စံႏႈန္း ႐ုပ္ရည္ ပိုင္ဆိုင္မႈေတြနဲ႔ လက္တြဲေဖာ္ကို ေ႐ြးၾကတယ္ Fb မွာ ေပ်ာ္႐ႊင္တဲ့ပုံေတြ anniversary ေတြ suprise လက္ေဆာင္ေတြ တင္တိုင္း အခ်စ္ခံရတယ္လို႔ မထင္ပါနဲ႔

ဘဝလက္တြဲေဖာ္ဆိုတာ ကိုယ္နဲ႔အတူ လႈိင္းဒဏ္ ေလဒဏ္ကို ႀကံ့ႀကံ့ခံရင္ဆိုင္လို႔ ကိုယ့္ကိုပါ ကာကြယ္ေပးႏိုင္တဲ့သူကို ေခၚတာပါ

ခ်မ္းသာျခင္းကိုလဲ အတူ စံစားၿပီး ဆင္းရဲျခင္းႀကဳံလာရင္လဲ အတူ႐ုန္းကန္ႏိုင္သူပါ

ကိုယ္ေ႐ြးခ်ယ္မဲ့ ဘဝလက္တြဲေဖာ္ ေယာက်ာ္းဟာ ႐ုပ္ေခ်ာဖို႔ မလိုပါဘူး ကိုယ့္ကို ခ်စ္ခင္ျမတ္ႏိုးၿပီး တန္ဖိုးထားေနဖို႔ပဲ လိုတာပါ

ေယာက်ာ္းတေယာက္ရဲ႕ တန္ဖိုးတထား အခ်စ္ခံရဖို႔ ဘာလိုအပ္လဲဆိုရင္ တခုပဲ လိုပါတယ္

ကိုယ့္ကိုယ္ကို တန္ဖိုးထား ဖို႔ပါပဲ ကိုယ့္တန္ဖိုးကိုယ္သိမွ ကိုယ့္တန္ဖိုးကို သိတဲ့သူနဲ႔ ဆုံဆည္းရမွာပါ ကိုယ့္တန္ဖိုးကိုယ္သိပါ

ကိုယ့္အလွ ကိူယ္ျမတ္ႏိုးပါ ကိုယ့္ဘဝ ကိုယ္ခ်စ္ပါ ကိုယ့္ကမာၻ ကိုယ္တည္ေဆာက္ပါ

ၿပီးေတာ့ ကိုယ့္ value သိတဲ့သူကိုသာ ေ႐ြးခ်ယ္ပါ

Credit

Unicode

ကိုယ်က ပေးမှ ပြန်ရတဲ့ အချစ်တွေထက် ကိုယ့်ကို မို့လို့ ပေးတဲ့ အချစ်တွေကို တန်ဖိုးထားပါ

ကိုယ်က ပေးမှ ပြန်ရတဲ့ အချစ်တွေ ထက် ကိုယ့်ကို မို့လို့ ပေးတဲ့ အချစ်တွေကို တန်ဖိုးထား တတ်လာတဲ့အခါ ကိုယ်က ပြုံးပြမှ ပြန်ရတဲ့ အပြုံးတွေ ထက် ကိုယ့်ကို မို့လို့ နှစ်နှစ်ခြိုက်ခြိုက် ပြုံးရွှင်ရီမောပြ တတ်တဲ့ လူတယောက်ကို တွေ့ရတဲ့ အခါ

ကိုယ့်ဘက်က အမြဲပေးနေ ရတဲ့ ခွင့်လွှတ်ခြင်းတွေ ထက် ကိုယ့်ကို မို့လို့ ကြင်နာသနားတတ်စွာ ခွင့်လွှတ်သည်းခံတာတွေ ကြုံရတဲ့ အခါ .

ကျွန်မ ကမ္ဘာဟာ နေလို့ ပိုကောင်းလာ ပါတယ်

လူတွေရဲ့ သဘောက မရတဲ့ အရာကို ပိုလို ချင်ကြ တယ်

ကိုယ်မစီးနိုင်တဲ့ သိပ်ဈေးကြီးတဲ့ ကားကို စီးချင်သလိုမျိုး , ကိုယ်မဝယ် နိုင်တဲ့ အိမ်တလုံးကို လိုချင်နေသလိုမျိုး သက်မဲ့တွေ အပေါ်တောင် ရှိရင် ကိုယ့်ကို မချစ်တဲ့ လူတယောက်ရဲ့ အချစ်ကို လိုချင်မိတာ အဆန်းတော့ မဟုတ်ပါဘူး

မရတဲ့ အရာတခုကြောင့် နေ့ပေါင်းများစွာ စိတ်ဆင်းရဲနေရတယ် မျက်ရည်တွေ ကျခဲ့ရတယ် …. မလုပ်သင့်တာတွေ လုပ်တယ် တောင်းပန်တယ် ခယတယ် ဒီလူတယောက် အတွက် အရှက်သိက္ခာ ဆိုတာ ချနင်းခဲ့တဲ့ အချိန်တွေတောင် ရှိကြတယ်

ဒါပေမဲ့ ဘာပြန်ရခဲ့လဲ

တခါတလေ သူ အဖက် လုပ်ချင် လုပ်တယ် စကားပြန်ပြောရင် ပြောတယ် တခါတလေ ရက်ပေါင်းများစွာ ပစ်ထားခြင်း ခံရတယ် seen ဖြစ်ပြီး အဖက်လုပ်မခံရတဲ့ အချိန်တွေ , ကိုယ့်ဖုန်းကို ignore လုပ်ထားတဲ့ အချိန်တွေက ပိုပါတယ် ကိုယ်ဆိုတာ သူ့ဘဝရဲ့ အမှုန်အမွှားလောက်ပဲ

ဒါနဲ့ပဲ ကျွန်မတို့က အချစ် ဆိုတာကို စိတ်နာကြသေးတယ် . တကယ်တော့ အချစ်က အချစ်ပါပဲသူ့ဘာသာသူ တည်ရှိနေတာ ကျွန်မတို့ စိတ်နာရမှာ အဲဒီ လူ ကိုပါ

တခါလောက်

ကိုယ့်ကို တန်ဖိုးထားတဲ့သူ ကိုယ်ပြောတာတွေ နားထောင်ပေးတတ် တဲ့သူ ကိုယ့်အတွက် ပခုံးတဖက် အမြဲ အဆင်သင့် ရှိတဲ့သူ ကိုယ်နေမကောင်းရင် သူ့ကမ္ဘာ ပျက်တတ်တဲ့သူ ကိုယ့်နာမည်ဟာ သူ့ priority list မှာ အမြဲရှိ တဲ့သူ

ကိုယ့်ကို အချစ်မျိုးစုံနဲ့ ကြင်နာနိုင် တဲ့သူ တယောက်နဲ့ ပတ်သတ်ကြည့်ဖူး ပါသလား ?

ဘဝမှာ အချစ်ခံရခြင်းဟာ ကုသိုလ်ကောင်းခြင်းတမျိုးပါ . တချိူ့တွေက ကိုယ်သတ်မှတ်ထားတဲ့ စံနှုန်း ရုပ်ရည် ပိုင်ဆိုင်မှုတွေနဲ့ လက်တွဲဖော်ကို ရွေးကြတယ် Fb မှာ ပျော်ရွှင်တဲ့ပုံတွေ anniversary တွေ suprise လက်ဆောင်တွေ တင်တိုင်း အချစ်ခံရတယ်လို့ မထင်ပါနဲ့

ဘဝလက်တွဲဖော်ဆိုတာ ကိုယ်နဲ့အတူ လှိုင်းဒဏ် လေဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်လို့ ကိုယ့်ကိုပါ ကာကွယ်ပေးနိုင်တဲ့သူကို ခေါ်တာပါ

ချမ်းသာခြင်းကိုလဲ အတူ စံစားပြီး ဆင်းရဲခြင်းကြုံလာရင်လဲ အတူရုန်းကန်နိုင်သူပါ

ကိုယ်ရွေးချယ်မဲ့ ဘဝလက်တွဲဖော် ယောကျာ်းဟာ ရုပ်ချောဖို့ မလိုပါဘူး ကိုယ့်ကို ချစ်ခင်မြတ်နိုးပြီး တန်ဖိုးထားနေဖို့ပဲ လိုတာပါ

ယောကျာ်းတယောက်ရဲ့ တန်ဖိုးတထား အချစ်ခံရဖို့ ဘာလိုအပ်လဲဆိုရင် တခုပဲ လိုပါတယ်

ကိုယ့်ကိုယ်ကို တန်ဖိုးထား ဖို့ပါပဲ ကိုယ့်တန်ဖိုးကိုယ်သိမှ ကိုယ့်တန်ဖိုးကို သိတဲ့သူနဲ့ ဆုံဆည်းရမှာပါ ကိုယ့်တန်ဖိုးကိုယ်သိပါ

ကိုယ့်အလှ ကိူယ်မြတ်နိုးပါ ကိုယ့်ဘဝ ကိုယ်ချစ်ပါ ကိုယ့်ကမ္ဘာ ကိုယ်တည်ဆောက်ပါ

ပြီးတော့ ကိုယ့် value သိတဲ့သူကိုသာ ရွေးချယ်ပါ

Credit:Eirachel

No Comments

Leave a Reply

Your email address will not be published.

အခ်စ္ေရး
ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ..

ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ.. သင့်ရဲ့ဘဝမှာ လုံးဝ မဆုံနိုင်တော့တဲ့ သူတစ်ယောက်၊ အမြဲ သတိရနေသူ တစ်ယောက် ကတော့ ရှိခဲ့ဖူးမှာပါ။ အခုရှိနေ ရင်လည်း ရှိနေမှာပေါ့။ သူက ကိုယ့်အနားလုံးဝမရှိတော့တာဖြစ်စေ၊ ဒီကမ္ဘာကြီးမှာ မရှိတော့ တာပဲဖြစ်ဖြစ် သူ့ကို သတိရတဲ့ အချိန် ရှိမှာပါပဲ။ အဲ့လိုအချိန်မှာ တမ်းတစိတ်ကြောင့် ရူးရူးမိုက်မိုက် မဖြစ်သွား ပါနဲ့။ သင်ခံစား နိုင်ပါတယ်။ နာကျင်နိုင်ပါတယ်။ သတိရ နိုင်ပါတယ်။ ဒါပေမဲ့ သတိရတဲ့ အချိန်တိုင်း အရင်ကထက် ပိုသက်သာစေ မယ့် နည်းလမ်းတွေကို ဖော်ပြပေးပါရစေ။ ၁။ ဒီလိုခံစားရတာ သင့်အမှား မဟုတ်ပါဘူး အချိန်က အရာရာကို ကုစား သွားမယ်လို့ …

အခ်စ္ေရး
မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ

မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ မိန်းကလေးတွေဟာ မွေးရာပါ မိခင်စိတ် ရှိသူတွေ ဖြစ်ကြ ပါတယ်။ စိတ်နှလုံးနူးညံ့တယ်၊ သနားလွယ်တယ်၊ အနစ်နာခံ တတ်တယ်။ ဒီလို မိန်းကလေးတွေဟာ ချစ်မိပြီ ဆိုရင် သူမတူအောင်ကို ချစ်နိုင်ကြပါတယ် …. ။ ချစ်သူအတွက် ချစ်သူ အဖြစ်သာမက မိခင်တစ်ယောက် နီးပါးကို ဂရုစိုက် နိုင်တဲ့၊ ချစ်နိုင်တဲ့ မိန်းကလေးတွေဆိုတာ ဒီအချက်တွေနဲ့ ကိုက်ညီနေ သူပါ။ ဒါကြောင့် သင့်ချစ်သူသာ ဒီလို မိန်းကလေးဖြစ်နေခဲ့ရင် သင်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူတစ်ယောက် ဖြစ်တယ် ဆိုတာ သိထား လိုက်ပါနော် ။ (1) အချိန်ပြည့်စိတ်ပူပေးတယ် မိခင်တစ်ယောက် နီးပါး …

အခ်စ္ေရး
အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက်

အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက် ချစ်သူချင်း အဆင်မပြေလို့ ကွဲကြ၊ ကွာကြတာဟာ ဓမ္မတာပါပဲ။ ဒါပေမဲ့ လမ်းခွဲပြတ်စဲခဲ့တဲ့ ချစ်သူတွေ အချိန်အတော်ကြာ အဆက်အသွယ်လည်း မလုပ်ကြဘဲ နောက်မှ ပြန်တွဲကြတဲ့အခါ နှစ်ယောက်ကြားက အချစ်ရေးမျာ ကောင်းကျိုးလေးတွေ ရှိလာတတ်ပါတယ်။ အဲဒါလေးတွေကတော့.. (၁) သံယောဇဉ်ပိုတိုးလာတယ် ဒါကတော့ ဒီလို ပြန်တွဲခဲ့ကြတဲ့ ချစ်သူတွေမှာ အဖြစ်အများဆုံးကိစ္စပါပဲ။ ဝေးပြီးတဲ့နောက် တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ စိတ်ခံစားချက်တွေ ပိုသေချာသွားတာကြောင့် သူနဲ့လည်းအတူပြန်ရှိရော သံယောဇဉ်တွေ အရင်ကထက်ပိုတိုးလာတာပါ။ (၂) ပိုရင့်ကျက်လာကြတယ် ပြဿနာဖြစ်တိုင်း အရင်လို ဒေါနဲ့မောနဲ့ ြဖေရှင်းမယ်၊ ဘာမဟုတ်တာလေးနဲ့ ပြတ်မယ်ပြောတယ်ဆိုတဲ့ အကျင့်တွေကြောင့် ဝေးသွားခဲ့ကြတဲ့အတွက် နောက်ပိုင်း ပြဿနာအကြီးကြီးကြုံလာရင်တောင် …