
ကူညီတတ္တဲ့ ပင္လယ္လင္းရႉး (Marine Porpoise)
ပင္လယ္လင္းရႉးမ်ားမွာ ပင္လယ္ ႏို႕တိုက္သတၱဝါ (Marine Mammals) မ်ားျဖစ္ၾကၿပီး ရွားပါး ေရေနသတၱဝါလည္း ျဖစ္ပါသည္။ ပင္လယ္လင္းရႉး မ်ားမွာ သေႏၶေဆာင္ရာတြင္ သားေပါက္မ်ားကို အေကာင္လိုက္ အၿမီးပိုင္းမွ စတင္၍ ေမြးဖြား ပါသည္။ တစ္ႀကိမ္လွ်င္ တစ္ေကာင္သာ ေမြးဖြား ၾကသည္။
လင္းရႉးမ်ားကို လင္းပိုင္မ်ားႏွင့္ မွားေလ့ ရွိၾကၿပီး လင္းရႉးမွာ လင္းပိုင္ထက္ အ႐ြယ္အစား ပိုမိုေသးငယ္ၾကၿပီး လင္းရႉးတြင္ ႏွာေယာင္လုံးဝ မရွိၾကေပ။
ထို႔ျပင္ လင္းရႉးတြင္ ႀတိဂံပုံ ေက်ာ႐ိုးဆူးေတာင္ မပါရွိၾကသလို လင္းပိုင္ကဲ့သို႔ လင္းရႉးမ်ားမွာ ငါးဖမ္းေလွ မ်ားေနာက္သို႔ လိုက္ေလ့လည္း မရွိ ၾကေပ။
လင္းရႉး၏ အေရာင္မွာ ခႏၶာကိုယ္ အေပၚပိုင္းတြင္ အနက္ႏွင့္ မီးခိုးေရာင္ရင့္ရင့္ျဖစ္ၿပီး ဝမ္းဗိုက္ပိုင္းတြင္ အျဖဴေရာင္ သမ္းေန ပါသည္ ။ ေရယက္ျဖင့္ ကူးခတ္ သြားလာ တတ္ေသာ သဘာဝရွိၾကသည္။ အမမွာ အထီးထက္ ခႏၶာကိုယ္ ႀကီးမား ပါသည္ ။
ပင္လယ္လင္းရႉးမ်ားမွာ တ႐ုတ္ႏိုင္ငံ အလယ္ပိုင္း၊ ထိုင္ဝမ္ေရ လက္ၾကားမွ အိႏၵိယ သမုဒၵရာတစ္ေလွ်ာက္ ပါရွားပင္လယ္ေကြ႕ထိ က်က္စားေလ့ ရွိၾက သည္။ လင္းရႉးမ်ားမွာ ပင္လယ္ျပင္ ႏို႔တိုက္သတၱဝါႀကီးမ်ား “Cetaceans” အုပ္စုတြင္ပါဝင္ၾကၿပီး မ်ိဳးစိတ္ေပါင္း (၈၀) ခန္႔ ရွိၾကပါသည္။
ခႏၶာကိုယ္ အ႐ြယ္အစားမွာ အငယ္ဆုံး(၃၉)ေပခန္႔မွ အႀကီးဆုံး (၈၅) ေပခန္႔ထိ ႀကီးမားၾကပါသည္။ ေရနက္ပိုင္း၌ အမ်ားဆုံး က်င္လည္ က်က္စားၾကၿပီး အစုံစားေရ သတၱဝါမ်ားျဖစ္ ၾကသျဖင့္ ငါးငယ္၊ ပုစြန္၊ ကင္းမြန္၊ ေရေမွာ္ စသျဖင့္ စားသုံးၾက ပါသည္။
ပင္လယ္လင္းရႉးမ်ားမွာ အရွင္ဖမ္ းမိဖို႔ အခြင့္အေရး နည္းပါးလွေပ သည္။ ၎တို႔မွာ ပိုက္တြင္ ဖမ္းမိသည္ႏွင့္တၿပိဳင္နက္ ေသဆုံး ကုန္သည္သာ မ်ားပါ သည္။
လင္းရႉးအသားမွာ အမဲသား၊ ဆတ္သားအရသာႏွင့္ ဆင္သည္ဟု ဆိုၾကၿပီး လင္းရႉးအသားမွာ ပိုမို ႏူးညံ့ ပါသည္။
လင္းရႉးအသည္း၊ အေသြး၊ ကလီစာမ်ားမွာလည္း အရသာထူးလွသလို လင္းရႉးေျခာက္မ်ားမွာလည္း ေဈးေကာင္းရွားပါး လွပါသည္။
လင္းရႉးအသားမွာ လူသားတို႔အတြက္ ခႏၶာကိုယ္သန္မာ အင္အားျဖစ္ေစၿပီး ေသြးအားအျမန္ဆုံ းျပည့္သျဖင့္ ေသြးအားနည္းသူမ်ား စားသုံးေလ့ ရွိၾက သည္။ လင္းရႉးအထီးမ်ားမွာ အမမ်ားထက္ ပိုမိုေဆး ဘက္ဝင္ေၾကာင္း သိရ ပါသည္။
သို႔ေသာ္ လင္းရႉးမ်ားမွာ တစ္ႏွစ္ထက္ တစ္ႏွစ္ ပိုမို ရွားပါးလာၾကၿပီး မ်ိဳးသုဥ္းလုနီးပါး အႏၲရာယ္က်ေရာက္လာပါသည္။
ငါးလုပ္ငန္း ဦးစီးဌာနမွလည္း (CITES) ဆိုက္တီး စာရင္းဝင္ ရွားပါးေရေန သတၱဝါမ်ားျဖစ္သည့္ ပင္လယ္လိပ္၊ ေရနဂါး၊ ငါးမန္း၊ ေရဝက္၊ ေရပုတ္သင္၊ လင္းပိုင္၊ လင္းရႉး စသည္တို႔ကိုဖမ္းဆီးျခင္း၊ သတ္ျဖတ္ျခင္း၊ ေရာင္းဝယ္ေဖာက္ကားျခင္း မျပဳၾကရန္ တားျမစ္ထားေသာ ေရေနသတၱဝါလည္း ျဖစ္ပါသည္။
လင္းရႉးေရေန သတၱဝါမ်ားမွာ ေရလုပ္သားမ်ား ပင္လယ္ျပင္တြင္ ေရနစ္ျခင္းမ်ာ းျဖစ္ေပၚပါက ကူညီ ကယ္ဆယ္ေပးေလ့ ရွိတတ္သျဖင့္ ၎တို႔ကို သတ္ျဖတ္ စားေသာက္ျခင္း မျပဳၾကရန္ အသိပညာေပးထား ပါသည္။
ႏို႔တိုက္ သတၱဝါျဖစ္ေသာ ပင္လယ္လင္းရႉး မ်ားမွာ ရွားပါးေရေန သတၱဝါ စာရင္းဝင္ျဖစ္ေသာေၾကာင့္ ၎မ်ိဳးစိတ္အား ေရရွည္ တည္တံ့ေအာင္ ကာကြယ္ေစာင့္ေရွာက္ထိန္းသိမ္းသင့္ပါေၾကာင္း ေလ့လာေရးသားတင္ျပလိုက္ရပါသည္။
ပင္လယ္ျပာ ( ငါးဦးစီးဌာန)
ယူနီကုတ္
ကူညီတတ်တဲ့ ပင်လယ်လင်းရှူး (Marine Porpoise)
ပင်လယ်လင်းရှူးများမှာ ပင်လယ် နို့တိုက်သတ္တဝါ (Marine Mammals) များဖြစ်ကြပြီး ရှားပါး ရေနေသတ္တဝါလည်း ဖြစ်ပါသည်။ ပင်လယ်လင်းရှူး များမှာ သန္ဓေဆောင်ရာတွင် သားပေါက်များကို အကောင်လိုက် အမြီးပိုင်းမှ စတင်၍ မွေးဖွား ပါသည်။ တစ်ကြိမ်လျှင် တစ်ကောင်သာ မွေးဖွား ကြသည်။
လင်းရှူးများကို လင်းပိုင်များနှင့် မှားလေ့ ရှိကြပြီး လင်းရှူးမှာ လင်းပိုင်ထက် အရွယ်အစား ပိုမိုသေးငယ်ကြပြီး လင်းရှူးတွင် နှာယောင်လုံးဝ မရှိကြပေ။
ထို့ပြင် လင်းရှူးတွင် တြိဂံပုံ ကျောရိုးဆူးတောင် မပါရှိကြသလို လင်းပိုင်ကဲ့သို့ လင်းရှူးများမှာ ငါးဖမ်းလှေ များနောက်သို့ လိုက်လေ့လည်း မရှိ ကြပေ။
လင်းရှူး၏ အရောင်မှာ ခန္ဓာကိုယ် အပေါ်ပိုင်းတွင် အနက်နှင့် မီးခိုးရောင်ရင့်ရင့်ဖြစ်ပြီး ဝမ်းဗိုက်ပိုင်းတွင် အဖြူရောင် သမ်းနေ ပါသည် ။ ရေယက်ဖြင့် ကူးခတ် သွားလာ တတ်သော သဘာဝရှိကြသည်။ အမမှာ အထီးထက် ခန္ဓာကိုယ် ကြီးမား ပါသည် ။
ပင်လယ်လင်းရှူးများမှာ တရုတ်နိုင်ငံ အလယ်ပိုင်း၊ ထိုင်ဝမ်ရေ လက်ကြားမှ အိန္ဒိယ သမုဒ္ဒရာတစ်လျှောက် ပါရှားပင်လယ်ကွေ့ထိ ကျက်စားလေ့ ရှိကြ သည်။ လင်းရှူးများမှာ ပင်လယ်ပြင် နို့တိုက်သတ္တဝါကြီးများ “Cetaceans” အုပ်စုတွင်ပါဝင်ကြပြီး မျိုးစိတ်ပေါင်း (၈၀) ခန့် ရှိကြပါသည်။
ခန္ဓာကိုယ် အရွယ်အစားမှာ အငယ်ဆုံး(၃၉)ပေခန့်မှ အကြီးဆုံး (၈၅) ပေခန့်ထိ ကြီးမားကြပါသည်။ ရေနက်ပိုင်း၌ အများဆုံး ကျင်လည် ကျက်စားကြပြီး အစုံစားရေ သတ္တဝါများဖြစ် ကြသဖြင့် ငါးငယ်၊ ပုစွန်၊ ကင်းမွန်၊ ရေမှော် စသဖြင့် စားသုံးကြ ပါသည်။
ပင်လယ်လင်းရှူးများမှာ အရှင်ဖမ် းမိဖို့ အခွင့်အရေး နည်းပါးလှပေ သည်။ ၎င်းတို့မှာ ပိုက်တွင် ဖမ်းမိသည်နှင့်တပြိုင်နက် သေဆုံး ကုန်သည်သာ များပါ သည်။
လင်းရှူးအသားမှာ အမဲသား၊ ဆတ်သားအရသာနှင့် ဆင်သည်ဟု ဆိုကြပြီး လင်းရှူးအသားမှာ ပိုမို နူးညံ့ ပါသည်။
လင်းရှူးအသည်း၊ အသွေး၊ ကလီစာများမှာလည်း အရသာထူးလှသလို လင်းရှူးခြောက်များမှာလည်း ဈေးကောင်းရှားပါး လှပါသည်။
လင်းရှူးအသားမှာ လူသားတို့အတွက် ခန္ဓာကိုယ်သန်မာ အင်အားဖြစ်စေပြီး သွေးအားအမြန်ဆုံ းပြည့်သဖြင့် သွေးအားနည်းသူများ စားသုံးလေ့ ရှိကြ သည်။ လင်းရှူးအထီးများမှာ အမများထက် ပိုမိုဆေး ဘက်ဝင်ကြောင်း သိရ ပါသည်။
သို့သော် လင်းရှူးများမှာ တစ်နှစ်ထက် တစ်နှစ် ပိုမို ရှားပါးလာကြပြီး မျိုးသုဉ်းလုနီးပါး အန္တရာယ်ကျရောက်လာပါသည်။
ငါးလုပ်ငန်း ဦးစီးဌာနမှလည်း (CITES) ဆိုက်တီး စာရင်းဝင် ရှားပါးရေနေ သတ္တဝါများဖြစ်သည့် ပင်လယ်လိပ်၊ ရေနဂါး၊ ငါးမန်း၊ ရေဝက်၊ ရေပုတ်သင်၊ လင်းပိုင်၊ လင်းရှူး စသည်တို့ကိုဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း မပြုကြရန် တားမြစ်ထားသော ရေနေသတ္တဝါလည်း ဖြစ်ပါသည်။
လင်းရှူးရေနေ သတ္တဝါများမှာ ရေလုပ်သားများ ပင်လယ်ပြင်တွင် ရေနစ်ခြင်းမျာ းဖြစ်ပေါ်ပါက ကူညီ ကယ်ဆယ်ပေးလေ့ ရှိတတ်သဖြင့် ၎င်းတို့ကို သတ်ဖြတ် စားသောက်ခြင်း မပြုကြရန် အသိပညာပေးထား ပါသည်။
နို့တိုက် သတ္တဝါဖြစ်သော ပင်လယ်လင်းရှူး များမှာ ရှားပါးရေနေ သတ္တဝါ စာရင်းဝင်ဖြစ်သောကြောင့် ၎င်းမျိုးစိတ်အား ရေရှည် တည်တံ့အောင် ကာကွယ်စောင့်ရှောက်ထိန်းသိမ်းသင့်ပါကြောင်း လေ့လာရေးသားတင်ပြလိုက်ရပါသည်။
ပင်လယ်ပြာ ( ငါးဦးစီးဌာန)
No Comments