
မ်က္လုံးနဲ႔ပတ္သက္ၿပီး လုပ္မိေနတဲ့ အမွားမ်ား
ဘဝမွာ ေအာင္ျမင္ဖို့ အတြက္ မ်က္လုံးႏွစ္လုံးဟာ မရွိမျဖစ္ အေရးပါပါတယ္လို့ တစ္ထစ္ခ် မဆိုနိုင္ေပမဲ့ မ်က္လုံးႏွစ္လုံး မေကာင္းတဲ့ အခါမွာ အခက္အခဲ အမ်ားႀကီး ရွိလာနိုင္မယ္ဆိုတာကေတာ့ ဘယ္သူမွ ျငင္းက်မယ္ မထင္ပါဘူး။
သင့္ ခႏၶာကိုယ္ မွာ ရွိတဲ့ တစ္ျခားေသာ ကိုယ္အဂၤါအစိတ္အပိုင္းေတြလိုပဲ မ်က္လုံးဟာလည္း ပ်က္စီးယိုယြင္းမွုေတြ ရွိနိုင္တဲ့ အတြက္ ဒီ အဖိုးတန္ မ်က္လုံးႏွစ္လုံးကို
မပ်က္စီးေအာင္ ထိန္းသိမ္းရမွာ ကေတာ့ ကိုယ့္တာဝန္ျဖစ္ပါတယ္။ ဒါေၾကာင့္ မ်က္လုံးနဲ႔ ပတ္သက္ၿပီး လုပ္မိေနတဲ့ အမွားေလးေတြကို ေဖာ္ျပေပး လိုက္ပါ တယ္ေနာ္
(၁) မ်က္စိက်န္းမာေရး စစ္ေဆးမွု ပုံမွန္မလုပ္ဘူး
မ်က္စိဆရာဝန္နဲ႔ ပုံမွန္ စစ္ေဆးျပသမွု ရွိတာေကာင္ းပါတယ္။ ဒါမွ ျဖည့္သင့္တာျဖည့္၊ ကုသင့္တာကုဖို့ မ်က္စိအျမင္ အာ႐ုံ အေျခအေနကို ေစာေစာသိနိုင္မွာပါ။
မ်က္စိပါဝါ တက္လာသလား၊ ထိခိုက္မွုရွိသလား၊ တိမ္စြဲေနသလား၊ ကုသဖို့လိုသလား ဆိုတာ စစ္ေဆးမွ သိနိုင္ မွာပါ။ တခုခုျဖစ္မွ သြားျပတာထက္ ပုံမွန္ျပရင္းေစာေစာေျဖရွင္းနိုင္တာ ပိုေကာင္း ပါတယ္။
(၂) မ်က္စိျပႆနာကို ေပါ့ဆတာ
မ်က္စိနီၿပီး မ်က္ရည္ေတြ ထြက္တာ၊ယားတာ၊ ပူတာေတြက ဓါတ္မတည့္မွု လကၡဏာေတြျဖစ္ေနနိုင္ပါတယ္။
ဒါေပမယ့္ တကယ္လို့ ဒီလကၡဏာေတြပါျဖစ္ေနတယ္ဆိုရင္ ေရာဂါပိုးဝင္တာျဖစ္ေနနိုင္တယ္ –
(၁) နာက်င္တာ
(၂) မ်က္လုံးထဲမွာ ခို့လို့ခုလုနဲ႔ စပ္ေနတာ
(၃)အလင္းေရာင္မခံနိုင္တာ
(၄)ခၽြဲသလိပ္လို မ်က္ဝတ္ပ်စ္ပ်စ္ေတြထြက္တာေတြပါဝင္ပါတယ္။
ဒီလကၡဏာေတြျဖစ္လာတာနဲ႔ ဆရာဝန္ျပဖို့ အေရးႀကီးပါတယ္။ ေရာဂါပိုးဝင္တာကို မကုသဘဲထားလိုက္ရင္ မ်က္စိထိခိုက္ေစနိုင္ၿပီး တျခားသူေတြဆီကိုပါ ကူးစက္ သြားနိုင္ ပါတယ္။
(၃)ေနကာ မ်က္မွန္မတပ္တာ
ေနကာ မ်က္မွန္ဆိုတာက စတိုင္ထုတ္ဖို့ သက္သက္ မဟုတ္ပါ ဘူးေနာ္။ ေနေရာင္ျခည္မွာ ပါတဲ့ ခရမ္းလြန္ေရာင္ျခည္ေတြ ဒဏ္ကေန မ်က္စိကို ကာကြယ္ေပးတဲ့ မ်က္မွန္ေတြပါ။ ဒီေရာင္ျခည္နဲ႔ထိေတြ႕တာက အတြင္းတိမ္၊ မ်က္စိမွုန္ျခင္းတို့လို ဆိုးက်ိဳးရလဒ္ေတြျဖစ္ေစ နိုင္တယ္။
(၄) မ်က္လုံးပြတ္တာ
မ်က္လုံးပြတ္တဲ့အက်င့္က မ်က္စိေသြးေၾကာေတြကို ပြန္းပဲ့၊ ထိခိုက္ေစနိုင္ပါတယ္။ ဒါ့အျပင္ လက္မွာက ကိုယ္ထိေတြ႕ထားသမၽွေနရာေတြဆီကေရာဂါပိုးမႊားေတြ ကပ္ပါလာ နိုင္ပါေသးတယ္။
(၅) ဒစ္ဂ်စ္တယ္ မ်က္ႏွာျပင္ေတြကို အၾကည့္မ်ားေနတာ
ကြန္ပ်ဴတာ၊ တက္ဘလက္၊ စမတ္ဖုန္းတို့ကို သိပ္ၾကည့္လြန္းရင္ မ်က္လုံးႂကြက္သားေတြပိုအလုပ္လုပ္ရပါတယ္။ ဒစ္ဂ်စ္တယ္မ်က္ႏွာျပင္ေတြကို ၾကည့္ရွုခ်ိန္ၾကာရွည္တဲ့ အခါ မ်က္စိေညာင္းလာၿပီးေခါင္းကိုက္လာေစနိုင္တယ္။
ဒါေတြကို မျဖစ္မေနသုံးေနရတဲ့ အခုေခတ္မွာေတာ့ ၂၀-၂၀-၂၀ နည္းလို့ေခၚတဲ့ မိနစ္ ၂၀ တစ္ႀကိမ္ေလာက္ ေပ ၂၀ အကြာအေဝးကို စကၠန႔္ ၂၀ ၾကာ ၾကည့္ေပးတာ အေကာင္းဆုံး နည္းပါပဲ။ မ်က္လုံးကို အစိုဓါတ္ထိန္းဖို့ မ်က္ေတာင္လည္း မၾကာခဏ ခတ္ေပးပါ။
(၆) မ်က္ကပ္မွန္ထိန္းသိမ္းမွုကို ဂ႐ုမစိုက္တာ
မ်က္စိက်န္းမာဖို့ဆိုရင္ မ်က္မွန္နဲ႔ မတူဘဲ မ်က္လုံးနဲ႔ အနီးဆုံး ထိေတြ႕ေနရမယ့္ မ်က္ကပ္မွန္ကို ပိုၿပီးဂ႐ုစိုက္သင့္ပါတယ္။ မ်က္ကပ္မွန္ကို ဆရာဝန္ညႊန္ၾကားတဲ့ အတိုင္း
ဒါမွမဟုတ္ ဝယ္ယူတဲ့ ဘူးမွာပါတဲ့အတိုင္းေဆးရည္ နဲ႔ သန႔္စင္ပါ။ သူ႔ကိုထည့္တဲ့ ဘူးကို ၃ လတစ္ႀကိမ္ အသစ္လဲပါ။ ညမအိပ္ခင္မွာ ခၽြတ္ဖို့လည္း အေရးႀကီးပါတယ္။
(၇) မိတ္ကပ္မဖ်က္ဘဲ အိပ္တာ
မ်က္ႏွာမသစ္ဘဲ အိပ္လိုက္တဲ့ အခါ မ်က္ေတာင္ေကာ့ေဆး၊ အိုင္းလိုင္နာ၊ အိုင္းရွဲဒိုးတို့ဆီက အႂကြင္းအက်န္အမွုန္ေတြက မ်က္လုံးထဲဝင္ေရာက္ၿပီး ပိုးဝင္ေစ နိုင္ပါ တယ္။ ဒါ့ေၾကာင့္ ညတိုင္း မိတ္ကပ္ဖ်က္၊ မ်က္ႏွာသန႔္စင္ၿပီးမွ အိပ္ပါ။
(၈) အကာအကြယ္ မ်က္မွန္မတပ္တာ
လုပ္ငန္းခြင္မွာ ဒါမွမဟုတ္ အားကစားလုပ္တဲ့အခါ မ်က္စိထိခိုက္မွုကို ကာကြယ္ဖို့ အတြက္ ဒါေတြတပ္သင့္ပါတယ္။ ကိုယ္လုပ္ရမယ့္ အလုပ္အမ်ိဳးအစားကိုမူတည္ၿပီး အကာအကြယ္မ်က္မွန္ေလးေတြ တပ္ထားသင့္ပါတယ္။
(၉) လိုအပ္ေနလ်က္နဲ႔ မ်က္မွန္မတပ္တာ
အျမင္အာ႐ုံဆိုတာ အသက္ႀကီးလာတာနဲ ႔အမၽွေျပာင္းလဲေန မွာပါပဲ။ အဓိကအေရးႀကီးတာက အဲဒီအေျပာင္းအလဲေတြၾကားမွာ မ်က္စိက်န္းမာေရးကို ဂ႐ုစိုက္အားျဖည့္ေပးဖို့ပါပဲ။
မ်က္စိ စစ္ေဆးမွုေတြ ပုံမွန္လုပ္ၿပီး မ်က္မွန္တပ္ဖို့ လိုတယ္ဆို တပ္ျဖစ္ေအာင္ တပ္ပါ။ မတပ္ဘဲ ပိုဆိုးလာရင္ ကိုယ့္မ်က္လုံးပဲ ထိခိုက္နစ္နာမွာပါ။
(၁၀) ေဆးလိပ္ေသာက္တာ
ေဆးလိပ္ေသာက္တာက ခႏၶါကိုယ္ အတြက္ မေကာင္းသလို မ်က္စိကိုလည္း ထိခိုက္ေစနိုင္ ပါတယ္။
ေဆးလိပ္ေၾကာင့္ –
(၁) အတြင္းတိမ္ျဖစ္ေစနိုင္တယ္၊
(၂) မ်က္စိအာ႐ုံေၾကာကို ထိခိုက္ေစနိုင္တယ္၊
(၃) မ်က္စိမွုန္ေစနိုင္တယ္ ဆိုတဲ့ဆိုးက်ိဳးေတြရွိနိုင္ပါတယ္။
Credit
Unicode
မျက်လုံးနဲ့ပတ်သက်ပြီး လုပ်မိနေတဲ့ အမှားများ
ဘဝမှာ အောင်မြင်ဖို့ အတွက် မျက်လုံးနှစ်လုံးဟာ မရှိမဖြစ် အရေးပါပါတယ်လို့ တစ်ထစ်ချ မဆိုနိုင်ပေမဲ့ မျက်လုံးနှစ်လုံး မကောင်းတဲ့ အခါမှာ အခက်အခဲ အများကြီး ရှိလာနိုင်မယ်ဆိုတာကတော့ ဘယ်သူမှ ငြင်းကျမယ် မထင်ပါဘူး။
သင့် ခန္ဓာကိုယ် မှာ ရှိတဲ့ တစ်ခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်းတွေလိုပဲ မျက်လုံးဟာလည်း ပျက်စီးယိုယွင်းမှုတွေ ရှိနိုင်တဲ့ အတွက် ဒီ အဖိုးတန် မျက်လုံးနှစ်လုံးကို
မပျက်စီးအောင် ထိန်းသိမ်းရမှာ ကတော့ ကိုယ့်တာဝန်ဖြစ်ပါတယ်။ ဒါကြောင့် မျက်လုံးနဲ့ ပတ်သက်ပြီး လုပ်မိနေတဲ့ အမှားလေးတွေကို ဖော်ပြပေး လိုက်ပါ တယ်နော်
(၁) မျက်စိကျန်းမာရေး စစ်ဆေးမှု ပုံမှန်မလုပ်ဘူး
မျက်စိဆရာဝန်နဲ့ ပုံမှန် စစ်ဆေးပြသမှု ရှိတာကောင် းပါတယ်။ ဒါမှ ဖြည့်သင့်တာဖြည့်၊ ကုသင့်တာကုဖို့ မျက်စိအမြင် အာရုံ အခြေအနေကို စောစောသိနိုင်မှာပါ။
မျက်စိပါဝါ တက်လာသလား၊ ထိခိုက်မှုရှိသလား၊ တိမ်စွဲနေသလား၊ ကုသဖို့လိုသလား ဆိုတာ စစ်ဆေးမှ သိနိုင် မှာပါ။ တခုခုဖြစ်မှ သွားပြတာထက် ပုံမှန်ပြရင်းစောစောဖြေရှင်းနိုင်တာ ပိုကောင်း ပါတယ်။
(၂) မျက်စိပြဿနာကို ပေါ့ဆတာ
မျက်စိနီပြီး မျက်ရည်တွေ ထွက်တာ၊ယားတာ၊ ပူတာတွေက ဓါတ်မတည့်မှု လက္ခဏာတွေဖြစ်နေနိုင်ပါတယ်။
ဒါပေမယ့် တကယ်လို့ ဒီလက္ခဏာတွေပါဖြစ်နေတယ်ဆိုရင် ရောဂါပိုးဝင်တာဖြစ်နေနိုင်တယ် –
(၁) နာကျင်တာ
(၂) မျက်လုံးထဲမှာ ခို့လို့ခုလုနဲ့ စပ်နေတာ
(၃)အလင်းရောင်မခံနိုင်တာ
(၄)ချွဲသလိပ်လို မျက်ဝတ်ပျစ်ပျစ်တွေထွက်တာတွေပါဝင်ပါတယ်။
ဒီလက္ခဏာတွေဖြစ်လာတာနဲ့ ဆရာဝန်ပြဖို့ အရေးကြီးပါတယ်။ ရောဂါပိုးဝင်တာကို မကုသဘဲထားလိုက်ရင် မျက်စိထိခိုက်စေနိုင်ပြီး တခြားသူတွေဆီကိုပါ ကူးစက် သွားနိုင် ပါတယ်။
(၃)နေကာ မျက်မှန်မတပ်တာ
နေကာ မျက်မှန်ဆိုတာက စတိုင်ထုတ်ဖို့ သက်သက် မဟုတ်ပါ ဘူးနော်။ နေရောင်ခြည်မှာ ပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေ ဒဏ်ကနေ မျက်စိကို ကာကွယ်ပေးတဲ့ မျက်မှန်တွေပါ။ ဒီရောင်ခြည်နဲ့ထိတွေ့တာက အတွင်းတိမ်၊ မျက်စိမှုန်ခြင်းတို့လို ဆိုးကျိုးရလဒ်တွေဖြစ်စေ နိုင်တယ်။
(၄) မျက်လုံးပွတ်တာ
မျက်လုံးပွတ်တဲ့အကျင့်က မျက်စိသွေးကြောတွေကို ပွန်းပဲ့၊ ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် လက်မှာက ကိုယ်ထိတွေ့ထားသမျှနေရာတွေဆီကရောဂါပိုးမွှားတွေ ကပ်ပါလာ နိုင်ပါသေးတယ်။
(၅) ဒစ်ဂျစ်တယ် မျက်နှာပြင်တွေကို အကြည့်များနေတာ
ကွန်ပျူတာ၊ တက်ဘလက်၊ စမတ်ဖုန်းတို့ကို သိပ်ကြည့်လွန်းရင် မျက်လုံးကြွက်သားတွေပိုအလုပ်လုပ်ရပါတယ်။ ဒစ်ဂျစ်တယ်မျက်နှာပြင်တွေကို ကြည့်ရှုချိန်ကြာရှည်တဲ့ အခါ မျက်စိညောင်းလာပြီးခေါင်းကိုက်လာစေနိုင်တယ်။
ဒါတွေကို မဖြစ်မနေသုံးနေရတဲ့ အခုခေတ်မှာတော့ ၂၀-၂၀-၂၀ နည်းလို့ခေါ်တဲ့ မိနစ် ၂၀ တစ်ကြိမ်လောက် ပေ ၂၀ အကွာအဝေးကို စက္ကန့် ၂၀ ကြာ ကြည့်ပေးတာ အကောင်းဆုံး နည်းပါပဲ။ မျက်လုံးကို အစိုဓါတ်ထိန်းဖို့ မျက်တောင်လည်း မကြာခဏ ခတ်ပေးပါ။
(၆) မျက်ကပ်မှန်ထိန်းသိမ်းမှုကို ဂရုမစိုက်တာ
မျက်စိကျန်းမာဖို့ဆိုရင် မျက်မှန်နဲ့ မတူဘဲ မျက်လုံးနဲ့ အနီးဆုံး ထိတွေ့နေရမယ့် မျက်ကပ်မှန်ကို ပိုပြီးဂရုစိုက်သင့်ပါတယ်။ မျက်ကပ်မှန်ကို ဆရာဝန်ညွှန်ကြားတဲ့ အတိုင်း
ဒါမှမဟုတ် ဝယ်ယူတဲ့ ဘူးမှာပါတဲ့အတိုင်းဆေးရည် နဲ့ သန့်စင်ပါ။ သူ့ကိုထည့်တဲ့ ဘူးကို ၃ လတစ်ကြိမ် အသစ်လဲပါ။ ညမအိပ်ခင်မှာ ချွတ်ဖို့လည်း အရေးကြီးပါတယ်။
(၇) မိတ်ကပ်မဖျက်ဘဲ အိပ်တာ
မျက်နှာမသစ်ဘဲ အိပ်လိုက်တဲ့ အခါ မျက်တောင်ကော့ဆေး၊ အိုင်းလိုင်နာ၊ အိုင်းရှဲဒိုးတို့ဆီက အကြွင်းအကျန်အမှုန်တွေက မျက်လုံးထဲဝင်ရောက်ပြီး ပိုးဝင်စေ နိုင်ပါ တယ်။ ဒါ့ကြောင့် ညတိုင်း မိတ်ကပ်ဖျက်၊ မျက်နှာသန့်စင်ပြီးမှ အိပ်ပါ။
(၈) အကာအကွယ် မျက်မှန်မတပ်တာ
လုပ်ငန်းခွင်မှာ ဒါမှမဟုတ် အားကစားလုပ်တဲ့အခါ မျက်စိထိခိုက်မှုကို ကာကွယ်ဖို့ အတွက် ဒါတွေတပ်သင့်ပါတယ်။ ကိုယ်လုပ်ရမယ့် အလုပ်အမျိုးအစားကိုမူတည်ပြီး အကာအကွယ်မျက်မှန်လေးတွေ တပ်ထားသင့်ပါတယ်။
(၉) လိုအပ်နေလျက်နဲ့ မျက်မှန်မတပ်တာ
အမြင်အာရုံဆိုတာ အသက်ကြီးလာတာနဲ့အမျှပြောင်းလဲနေ မှာပါပဲ။ အဓိကအရေးကြီးတာက အဲဒီအပြောင်းအလဲတွေကြားမှာ မျက်စိကျန်းမာရေးကို ဂရုစိုက်အားဖြည့်ပေးဖို့ပါပဲ။
မျက်စိ စစ်ဆေးမှုတွေ ပုံမှန်လုပ်ပြီး မျက်မှန်တပ်ဖို့ လိုတယ်ဆို တပ်ဖြစ်အောင် တပ်ပါ။ မတပ်ဘဲ ပိုဆိုးလာရင် ကိုယ့်မျက်လုံးပဲ ထိခိုက်နစ်နာမှာပါ။
(၁၀) ဆေးလိပ်သောက်တာ
ဆေးလိပ်သောက်တာက ခန္ဓါကိုယ် အတွက် မကောင်းသလို မျက်စိကိုလည်း ထိခိုက်စေနိုင် ပါတယ်။
ဆေးလိပ်ကြောင့် –
(၁) အတွင်းတိမ်ဖြစ်စေနိုင်တယ်၊
(၂) မျက်စိအာရုံကြောကို ထိခိုက်စေနိုင်တယ်၊
(၃) မျက်စိမှုန်စေနိုင်တယ် ဆိုတဲ့ဆိုးကျိုးတွေရှိနိုင်ပါတယ်။
Credit
No Comments