
ဘယ္ေတာ့မွ လက္မထပ္ျဖစ္မယ့္ မိန္းကေလးေတြမွာရွိတဲ့ လကၡဏာရပ္ (၈) ခ်က္
လူအေတာ္မ်ားမ်ား လက္ခံယူဆထားတဲ့ အရာကေတာ့ လူေတြက အရြယ္ေရာက္လာတဲ့အခါ သင့္ေလ်ာ္တဲ့ အိမ္ေထာင္ဖက္နဲ႔ ဆံုၿပီး မိသားစု တစ္ခု တည္ေဆာက္ရတယ္ ဆိုတာပါပဲ။ တကယ္တန္းက လက္မထပ္လည္း အသက္ရွင္သန္လို႔ အဆင္ေျပတယ္ ဆိုတာကို သိပ္ၿပီး လက္သင့္ခံ မေပးၾက တတ္ပါဘူး။
လက္ထပ္ျခင္း လက္မထပ္ျခင္းက သက္ဆိုင္ရာ သူေတြရဲ႕ အဆင္ေျပေနမႈေတြနဲ႔ပဲ သက္ဆိုင္ ပါတယ္။ လက္ထပ္ျခင္းနဲ႔ ပတ္သတ္ၿပီး အခက္အခဲ မ်ိဳးစံု ႀကံဳလာၾကတာကို ျမင္ၿပီး တဲ့ေနာက္မွာေတာ့
အခုေခတ္မွာ လူေတြကေတာ့ တစ္ကိုယ္တည္း သမားေတြကို အားက် တတ္ၾက ပါတယ္။ ဘယ္လို လူမ်ိဳးေတြက တစ္ကိုယ္တည္း အပ်ိဳႀကီး ျဖစ္ေလ့ ရွိလဲဆိုရင္ ဒီလို အခ်က္ေလးေတြေၾကာင့္ပဲ ျဖစ္ပါတယ္ေနာ္။
(၁) သင္က တစ္ကုိယ္တည္းေနတတ္သူ ျဖစ္တယ္
လူအမ်ားစုကေတာ့ ဘဝကို တစ္ကိုယ္တည္း မျဖတ္သန္းခ်င္ တာေၾကာင့္ အိမ္ေထာင္ျပဳတတ္ၾကပါတယ္။ အထီးက်န္မွာကို ေၾကာက္ရြံ႕တာေၾကာင့္ အခ်စ္မရွိရင္ေတာင္ လက္ထပ္ဖို႔ ရည္ရြယ္ ၾကပါတယ္။
ဒီလို အေျခအေနေတြနဲ႔ ဆန္႔က်င္ဘက္ ျဖစ္ေနတဲ့ သူေတြလည္း ရွိေနပါတယ္။ လက္ထပ္ရင္ အထီးမက်န္ေတာ့ဘူးဆိုတာမ်ိဳးကို လက္မခံတဲ့သူေတြလည္း ျဖစ္ပါတယ္။ သူတို႔မွာ သူငယ္ခ်င္းေတြလည္း ရွိတယ္။
ခ်စ္ေနေပးတဲ့ မိသားစုလည္း ရွိတယ္။ အခ်ိန္ေတြ အတူ ကုန္ဆံုးလို႔ ရတဲ့ သူေတြ ရွိတဲ့အျပင္ ကိုယ္ပိုင္အခ်ိန္ေတြလည္း ယူလို႔လည္း ရေနတယ္။
ခ်စ္သူလည္း မရွိေနဘူး ဆိုရင္ေတာ့ သူတို႔က တစ္ကိုယ္ရည္ အခ်ိန္ဇယားနဲ႔ ျဖတ္သန္းေနထိုင္သူေတြ ျဖစ္ပါတယ္။ သူတို႔ဘဝက သူတို႔ေပၚမွာပဲ မူတည္ေနတယ္္လို႔ ယူဆ သူေတြေပါ့။
(၂) လြတ္လပ္မႈကို ႏွစ္သက္တယ္
တစ္စံုတစ္ေယာက္က ကိုယ့္ကို လာထိန္းေၾကာင္းတာမ်ိဳးကို မႀကိဳက္တဲ့သူေတြ ရွိပါတယ္။ သူတို႔က သူတို႔ကို အစည္းအတားေတြနဲ႔ ထိန္းကြပ္ေနတာမ်ိဳးကို မႏွစ္သက္တာေၾကာင့္ ခ်စ္သူရည္းစားထားတာကိုပါ မႏွစ္ၿမိဳ႕တတ္ပါဘူး။
ဒါေၾကာင့္ အိမ္ေထာင္ျပဳတာက လြတ္လပ္မႈကို ထိခိုက္ေစတယ္လို႔ ေတြးတာေၾကာင့္လည္း အပ်ိဳႀကီးအျဖစ္ ရပ္တည္တတ္ၾကပါတယ္။
(၃) အခ်စ္စစ္ဆိုတာကို မယံုဘူး
လူတိုင္းက ခံစားခ်က္ေတြက ေျပာင္းလဲေနတတ္ တယ္လို႔ လက္ခံတတ္ၾကၿပီး ဘယ္အခ်ိန္မွာ ဘယ္လို ေျပာင္းလဲမယ္ဆိုတာကို မခန္႔မွန္းႏိုင္ဘူးလို႔ ေတြးထား တတ္ၾက ပါတယ္။
တစ္ေယာက္ကို တစ္ေယာက္ ဂရုစိုက္တာမ်ိဳးကို လက္သင့္ ခံေပမယ့္ ခ်စ္တယ္ဆိုတာမ်ိဳးကေတာ့ တစ္သက္လံုး ဒီခံစားခ်က္ ျမဲဖို႔ဆိုတာ မလြယ္ကူ ဘူးေတြးၾကတဲ့ သူေတြမို႔ အခ်စ္ကို မရွာသလို ယံုလည္း မယံုၾကည္ တတ္ၾက ပါဘူး။
(၄) အဆိုးျမင္တဲ့အေတြးေတြ မ်ားတယ္
အဆင္မေျပတဲဲ့ ခက္ခဲၾကတဲ့ အိမ္ေထာင္ေရးေတြကို ေတြ႔ျမင္ၿပီးတဲ့ေနာက္မွာေတာ့ သူတို႔က အိမ္ေထာင္ျပဳရမွာကို စိတ္ကုန္ လာတတ္ၾက ပါတယ္။ အမ်ိဳးမ်ိဳးေသာ အေၾကာင္းအရာေတြနဲ႔ အိမ္ေထာင္ျပဳျခင္းက အဆိုးေတြ ျဖစ္ေစရင္ စိတ္မခ်မ္းသာရဘူးလို႔ပဲ တသတ္မွတ္တည္း ေတြးထင္ထားၾကပါတယ္။
သူစိမ္းႏွစ္ေယာက္က တစ္ေယာက္ကို တစ္ေယာက္ စိတ္ကုန္လာရင္ ထိခိုက္တာေတြ ရွိလာမယ္လို႔လည္း မွတ္္ယူၾက ပါတယ္။ ေလာကဓံေတြ အဆင္မေျပမႈေတြက အိမ္ေထာင္ျပဳမွ ျဖစ္တာလို႔လည္း ယံုၾကည္ေနတတ္ၾကပါေသးတယ္။
(၅) တစ္ကိုယ္တည္းေနရတာ အသားက်ေနၿပီ
သင္က တစ္ေယာက္တည္းေနတာမ်ားၿပီး ေကာင္းေကာင္း ရပ္တည္ေနတတ္တာေၾကာင့္ တစ္ျခားတစ္ေယာက္ကို သေဘာက်မိရင္ေတာင္ အတူရွိလာဖို႔ မေတြးပါဘူး။ သင့္ရဲ႕ ရွိၿပီးသား အေျခအေနေတြ ပ်က္သြားမွာ စိုးရိမ္တဲ့အတြက္ မေျပာင္းလဲခ်င္ ျဖစ္ၾကပါတယ္။
(၆) မဂၤလာေဆာင္ေတြကို စိတ္ကုန္တယ္
လူေတြက မဂၤလာေဆာင္ျခင္းကို ကေလးဘဝတြင္မက လူႀကီးဘဝမွာပါ စိတ္ကူးယဥ္ေလ့ ရွိပါတယ္။ ဒါေပမဲ့ မဂၤလာေဆာင္ရတာက စိတ္က်ဥ္းၾကပ္ဖို႔ေကာင္း သလို မလိုအပ္ တာေတြကို လုပ္ေနတယ္လို႔ ခံစားရတဲ့ သူေတြလည္း ရွိေနပါတယ္။
သူတို႔ေတြကေတာ့ အိမ္ေထာင္ျပဳျခင္းကို စိတ္မပါသူေတြ ျဖစ္ၿပီး အိမ္ေထာင္မျပဳျဖစ္မယ့္သူေတြ ျဖစ္ပါတယ္။
(၇) ကေလးမလိုခ်င္ဘူး
မိန္းကေလးတိုင္း ကေလးေမြး ရတာမ်ိဳးကို မႏွစ္သက္ သူေတြပါ။ အိမ္ေထာင္ျပဳၿပီး ကေလးေမြးရမွာ မႏွစ္သက္သလို ကေလးထိန္းျခင္း ကိစၥ အဝဝကိုလည္း မလိုခ်င္ၾက သူေတြ ျဖစ္ပါတယ္။ ဒါေၾကာင့္ တစ္ကိုယ္တည္းေနမ ယ့္ အေၾကာင္း အရင္းလည္း ရေန တတ္တာပါ။
(၈) ၿပီးျပည့္စံုတဲ့ သူကို လိုခ်င္တယ္
ဘဝကို အပူအပင္ကင္းကင္း သင့္ကို ခ်စ္ေပးၿပီး သင့္ကို နားလည္ေပးတဲ့ သူမ်ိဳးကို ရွာေနတာမ်ိဳးပါ။ သင္ေတြးထားတဲ့ စိတ္ကူးထဲက သူမ်ိဳးမွ မဟုတ္ရင္ သင္နဲ႔ အဆင္မေျပ ႏိုင္ဘူး ေတြးၿပီး ဘဝလက္တြဲေဖာ္ မရွိတတ္္ၾကပါဘူး။ ဒါေၾကာင့္ တစ္ကိုယ္တည္း အပ်ိဳႀကီး ဘဝနဲ႔ပဲ ျဖတ္သန္း ရတတ္ ပါတယ္။
Ref: herway.net
Kham
ဘယ်တော့မှ လက်မထပ်ဖြစ်မယ့် မိန်းကလေးတွေမှာရှိတဲ့ လက္ခဏာရပ် (၈) ချက်
လူအတော်များများ လက်ခံယူဆထားတဲ့ အရာကတော့ လူတွေက အရွယ်ရောက်လာတဲ့အခါ သင့်လျော်တဲ့ အိမ်ထောင်ဖက်နဲ့ ဆုံပြီး မိသားစု တစ်ခု တည်ဆောက်ရတယ် ဆိုတာပါပဲ။ တကယ်တန်းက လက်မထပ်လည်း အသက်ရှင်သန်လို့ အဆင်ပြေတယ် ဆိုတာကို သိပ်ပြီး လက်သင့်ခံ မပေးကြ တတ်ပါဘူး။
လက်ထပ်ခြင်း လက်မထပ်ခြင်းက သက်ဆိုင်ရာ သူတွေရဲ့ အဆင်ပြေနေမှုတွေနဲ့ပဲ သက်ဆိုင် ပါတယ်။ လက်ထပ်ခြင်းနဲ့ ပတ်သတ်ပြီး အခက်အခဲ မျိုးစုံ ကြုံလာကြတာကို မြင်ပြီး တဲ့နောက်မှာတော့
အခုခေတ်မှာ လူတွေကတော့ တစ်ကိုယ်တည်း သမားတွေကို အားကျ တတ်ကြ ပါတယ်။ ဘယ်လို လူမျိုးတွေက တစ်ကိုယ်တည်း အပျိုကြီး ဖြစ်လေ့ ရှိလဲဆိုရင် ဒီလို အချက်လေးတွေကြောင့်ပဲ ဖြစ်ပါတယ်နော်။
(၁) သင်က တစ်ကိုယ်တည်းနေတတ်သူ ဖြစ်တယ်
လူအများစုကတော့ ဘဝကို တစ်ကိုယ်တည်း မဖြတ်သန်းချင် တာကြောင့် အိမ်ထောင်ပြုတတ်ကြပါတယ်။ အထီးကျန်မှာကို ကြောက်ရွံ့တာကြောင့် အချစ်မရှိရင်တောင် လက်ထပ်ဖို့ ရည်ရွယ် ကြပါတယ်။
ဒီလို အခြေအနေတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတဲ့ သူတွေလည်း ရှိနေပါတယ်။ လက်ထပ်ရင် အထီးမကျန်တော့ဘူးဆိုတာမျိုးကို လက်မခံတဲ့သူတွေလည်း ဖြစ်ပါတယ်။ သူတို့မှာ သူငယ်ချင်းတွေလည်း ရှိတယ်။
ချစ်နေပေးတဲ့ မိသားစုလည်း ရှိတယ်။ အချိန်တွေ အတူ ကုန်ဆုံးလို့ ရတဲ့ သူတွေ ရှိတဲ့အပြင် ကိုယ်ပိုင်အချိန်တွေလည်း ယူလို့လည်း ရနေတယ်။
ချစ်သူလည်း မရှိနေဘူး ဆိုရင်တော့ သူတို့က တစ်ကိုယ်ရည် အချိန်ဇယားနဲ့ ဖြတ်သန်းနေထိုင်သူတွေ ဖြစ်ပါတယ်။ သူတို့ဘဝက သူတို့ပေါ်မှာပဲ မူတည်နေတယ်လို့ ယူဆ သူတွေပေါ့။
(၂) လွတ်လပ်မှုကို နှစ်သက်တယ်
တစ်စုံတစ်ယောက်က ကိုယ့်ကို လာထိန်းကြောင်းတာမျိုးကို မကြိုက်တဲ့သူတွေ ရှိပါတယ်။ သူတို့က သူတို့ကို အစည်းအတားတွေနဲ့ ထိန်းကွပ်နေတာမျိုးကို မနှစ်သက်တာကြောင့် ချစ်သူရည်းစားထားတာကိုပါ မနှစ်မြို့တတ်ပါဘူး။
ဒါကြောင့် အိမ်ထောင်ပြုတာက လွတ်လပ်မှုကို ထိခိုက်စေတယ်လို့ တွေးတာကြောင့်လည်း အပျိုကြီးအဖြစ် ရပ်တည်တတ်ကြပါတယ်။
(၃) အချစ်စစ်ဆိုတာကို မယုံဘူး
လူတိုင်းက ခံစားချက်တွေက ပြောင်းလဲနေတတ် တယ်လို့ လက်ခံတတ်ကြပြီး ဘယ်အချိန်မှာ ဘယ်လို ပြောင်းလဲမယ်ဆိုတာကို မခန့်မှန်းနိုင်ဘူးလို့ တွေးထား တတ်ကြ ပါတယ်။
တစ်ယောက်ကို တစ်ယောက် ဂရုစိုက်တာမျိုးကို လက်သင့် ခံပေမယ့် ချစ်တယ်ဆိုတာမျိုးကတော့ တစ်သက်လုံး ဒီခံစားချက် မြဲဖို့ဆိုတာ မလွယ်ကူ ဘူးတွေးကြတဲ့ သူတွေမို့ အချစ်ကို မရှာသလို ယုံလည်း မယုံကြည် တတ်ကြ ပါဘူး။
(၄) အဆိုးမြင်တဲ့အတွေးတွေ များတယ်
အဆင်မပြေတဲ့ ခက်ခဲကြတဲ့ အိမ်ထောင်ရေးတွေကို တွေ့မြင်ပြီးတဲ့နောက်မှာတော့ သူတို့က အိမ်ထောင်ပြုရမှာကို စိတ်ကုန် လာတတ်ကြ ပါတယ်။ အမျိုးမျိုးသော အကြောင်းအရာတွေနဲ့ အိမ်ထောင်ပြုခြင်းက အဆိုးတွေ ဖြစ်စေရင် စိတ်မချမ်းသာရဘူးလို့ပဲ တသတ်မှတ်တည်း တွေးထင်ထားကြပါတယ်။
သူစိမ်းနှစ်ယောက်က တစ်ယောက်ကို တစ်ယောက် စိတ်ကုန်လာရင် ထိခိုက်တာတွေ ရှိလာမယ်လို့လည်း မှတ်ယူကြ ပါတယ်။ လောကဓံတွေ အဆင်မပြေမှုတွေက အိမ်ထောင်ပြုမှ ဖြစ်တာလို့လည်း ယုံကြည်နေတတ်ကြပါသေးတယ်။
(၅) တစ်ကိုယ်တည်းနေရတာ အသားကျနေပြီ
သင်က တစ်ယောက်တည်းနေတာများပြီး ကောင်းကောင်း ရပ်တည်နေတတ်တာကြောင့် တစ်ခြားတစ်ယောက်ကို သဘောကျမိရင်တောင် အတူရှိလာဖို့ မတွေးပါဘူး။ သင့်ရဲ့ ရှိပြီးသား အခြေအနေတွေ ပျက်သွားမှာ စိုးရိမ်တဲ့အတွက် မပြောင်းလဲချင် ဖြစ်ကြပါတယ်။
(၆) မင်္ဂလာဆောင်တွေကို စိတ်ကုန်တယ်
လူတွေက မင်္ဂလာဆောင်ခြင်းကို ကလေးဘဝတွင်မက လူကြီးဘဝမှာပါ စိတ်ကူးယဉ်လေ့ ရှိပါတယ်။ ဒါပေမဲ့ မင်္ဂလာဆောင်ရတာက စိတ်ကျဉ်းကြပ်ဖို့ကောင်း သလို မလိုအပ် တာတွေကို လုပ်နေတယ်လို့ ခံစားရတဲ့ သူတွေလည်း ရှိနေပါတယ်။
သူတို့တွေကတော့ အိမ်ထောင်ပြုခြင်းကို စိတ်မပါသူတွေ ဖြစ်ပြီး အိမ်ထောင်မပြုဖြစ်မယ့်သူတွေ ဖြစ်ပါတယ်။
(၇) ကလေးမလိုချင်ဘူး
မိန်းကလေးတိုင်း ကလေးမွေး ရတာမျိုးကို မနှစ်သက် သူတွေပါ။ အိမ်ထောင်ပြုပြီး ကလေးမွေးရမှာ မနှစ်သက်သလို ကလေးထိန်းခြင်း ကိစ္စ အဝဝကိုလည်း မလိုချင်ကြ သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ကိုယ်တည်းနေမ ယ့် အကြောင်း အရင်းလည်း ရနေ တတ်တာပါ။
(၈) ပြီးပြည့်စုံတဲ့ သူကို လိုချင်တယ်
ဘဝကို အပူအပင်ကင်းကင်း သင့်ကို ချစ်ပေးပြီး သင့်ကို နားလည်ပေးတဲ့ သူမျိုးကို ရှာနေတာမျိုးပါ။ သင်တွေးထားတဲ့ စိတ်ကူးထဲက သူမျိုးမှ မဟုတ်ရင် သင်နဲ့ အဆင်မပြေ နိုင်ဘူး တွေးပြီး ဘဝလက်တွဲဖော် မရှိတတ်ကြပါဘူး။ ဒါကြောင့် တစ်ကိုယ်တည်း အပျိုကြီး ဘဝနဲ့ပဲ ဖြတ်သန်း ရတတ် ပါတယ်။
Ref: herway.net
No Comments