
အဲဒီလို ဖြစ်ပြီဆိုရင် စိတ်တွေဟာ ငယ်မူပြန် ပြီး အဲဒါကို သူငယ်ပြန်တယ် လို့ ခေါ်တယ် ။
မလုပ်ကြစေချင်ပါဘူး။
အသက်ကြီးလို့ အရာရာ မျှော်လင့်ချက်မဲ့နေတဲ့ မိဘတွေ အတွက် အတက်နိုင်ဆုံး သူတို့ ဆန္ဒတွေကို ဖြည့်ဆည်းပြီး မိဘတွေ စိတ်ချမ်းသာ အောင်ဖြည့်ဆည်းပေးတဲ့ သားသမီး ကောင်း တွေ ဖြစ်နိင်ကြ ပါစေ။
ဦးမြင့်ခိုင်
Unicode
သက်ကြီးရွယ်အို မိဘတို့ သူငယ်ပြန်တဲ့အခါ အရင်ကထက်ပို ဂရုစိုက်ပေးလိုက်ပါ
မိဘများသူငယ်ပြန်သောအခါ။
အသက်ကြီး လာတဲ့ အခါ ခန္ဓာကိုယ် ထဲက သွေးဟာ နည်းပါးလာ တက်တယ်၊ အဲဒီအခါ မှာ ရိုးတွင်းချဉ်ဆီထဲ က သွေးနဲ့ အစားထိုးပြီး လည်ပတ် ကြရ တယ်၊
အဲဒီလို ဖြစ်ပြီဆိုရင် စိတ်တွေဟာ ငယ်မူူပြန် ပြီး အဲဒါကို သူငယ်ပြန်တယ် လို့ ခေါ်တယ် ။
အဲဒါ အသက်ကြီးတဲ့ သူတိုင်း ဖြစ်တက်တဲ့ သဘာဝပါ ။
ကိုယ့်မိဘတွေလည်း အဲဒီလို ဖြစ်လာပြီ ဆိုရင် စိတ်ဆိုး လွယ်တာ စိတ်ကောက်တာ မျိုးတွေ ဖြစ်တတ်တယ်၊ နေရာတကာ ဝင်ပါတာ မျိုးတွေ ဖြစ် တတ် ပါတယ်၊
အဲဒီလို အခါမှာ တစ်ချို့သော အိမ်ထောင်ရှိ တဲ့ ယောင်္ကျားတွေ ဆိုရင် မိန်းမတွေရဲ့ သာသာထိုးထိုး ပြောဆိုမှုကြောင့် မိဘတွေ အပေါ်မှာ အမြင်စောင်း တတ် ပါတယ် ။
သားသမီး ကလည်း မိဘကမိဘပဲ မှားရင်တော့ ပြောရမှာပဲ ဆိုတာ မျိုးတွေကို လုပ်တတ် ကြတယ်၊
တကယ်တော့ သဘာဝ တရားကြောင့် ဖြစ်တတ်တဲ့ အ တွက် လင်မယား နှစ်ယောက်လုံးဟာ နှစ်ဘက်မိဘတွေ အပေါ်မှာ အပြည့်အဝ နားလည်ပေး သင့် ပါတယ် ။
မိဘတွေ အဲလို ဖြစ်လာရင် နားလည် မပေးနိုင်တဲ့ သားသမီးမျိုးက များပါ တယ်။ လူကြီး လူကြီးလိုမနေဘူး … နေရာတကာ ပါတယ်… အစရှိသဖြင့် ပြန်ပြီး တုန့်ပြန် တက်ကြ ပါတယ်။
မလုပ်ကြစေချင်ပါဘူး။
ကိုယ်ငယ်ငယ်က မှားလို့ပြင်ပေးခဲ့ တာတွေကို သတိရပြီး ကိုယ်ပြင်ပေးရမဲ့ အလှည့်ကျမှ တာဝန်မပျက်သင့်ပါဘူး။
အသက်ကြီးလို့ိ အရာရာ မျှော်လင့်ချက်မဲ့နေတဲ့ မိဘတွေ အတွက် အတက်နိုင်ဆုံး သူတို့ ဆန္ဒတွေကို ဖြည့်ဆည်းပြီး မိဘတွေ စိတ်ချမ်းသာ အောင်ဖြည့်ဆည်းပေးတဲ့ သားသမီး ကောင်း တွေ ဖြစ်နိင်ကြ ပါစေ။
ဦးမြင့်ခိုင်
No Comments