
ေႏြရာသီမွာ အသားအေရေတြမပ်က္စီးေစဖုိ႔ လိုက္နာသင့္တဲ့ အခ်က္ေလးေတြ
တျဖည္းျဖည္းနဲ႔ ေႏြရာသီလည္း ေရာက္လာၿပီ မၾကာခင္မွာပဲ သႀကၤန္က်ဖုိ ႔ကလည္း နီးကပ္ လာပါၿပီေနာ္။ ဒီေတာ့ ပူျပင္းလွတဲ့ ေႏြရာသီမွာ ကိုယ့္ရဲ႕အသားအေရေလးေတြ မပ်က္စီးေအာင္ ဘယ္လိုကာကြယ္မႈေတြ ျပဳလုပ္ထားသင့္ သလဲ ဆိုတာကို ေဝမွ်ေပးခ်င္ ပါတယ္။
ေႏြရာသီရဲ႕ ရာသီဥတုပူပူေအာက္မွာ ကိုယ့္ရဲ႕အသားအေရေလးေတြ စိုေျပ လွပေနဖို႔ နည္းလမ္းေကာင္းေလးေတြကို ေဖာ္ျပေပးလုိက္ပါတယ္ေနာ္။
ေရမ်ားမ်ားေသာက္ပါ
ဘယ္ရာသီဥတုမွာမဆို ေရမ်ားမ်ားေသာက္ေပးဖုိ႔ လုိအပ္ ပါတယ္။ ေႏြရာသီမွာဆို ရာသီဥတုပူျပင္းတဲ့အတြက္ ေရဓာတ္ပိုခမ္းေျခာက္ႏုိင္လုိ႔ ေရကို ပိုေသာက္ေပးဖုိ႔ လိုအပ္ ပါတယ္။
ေရဓာတ္ ခမ္းေျခာက္တဲ့အခါ အသားအေရေျခာက္ေသြ႔ ႐ံုမက ႏွလံုးခုန္ျမန္ၿပီး မူးေမာရင္တုန္တာကေန သတိလစ္တာေတြအထိေတာင္ ျဖစ္ႏုိင္ပါတယ္။ ခႏၶာကိုယ္မွာ ေရဓာတ္ျပည့္ဝေနတဲ့အခါမွာ လူကို လန္းဆန္းေစ႐ံုမက အသားအေရကိုပါ ၾကည္လင္ စိုေျပေစ ပါတယ္။ ဒါေၾကာင္ ့ေရမ်ားမ်ားေသာက္ေပးပါ။
Sun cream လိမ္းပါ
ေႏြရာသီရဲ႕ ေနာင္ေရာင္ျခည္ကို ကာကြယ္ဖုိ႔ အတြက္ sun cream ကလုိကို လုိအပ္ပါတယ္။ Sun Cream ေ႐ြးခ်ယ္တဲ့အခါမွာ SPF 50 ေလာက္ပါၿပီး PA ++ ပါဝင္တဲ့ sun cream မ်ိဳးကမွ တကယ့္ကို ထိေရာက္မႈ႐ွိေစပါတယ္။
ဒါေၾကာင္ ့အနည္းဆံုး SPF 30 ကေန 50 ေလာက္ထိပါဝင္တဲ့ cream မ်ိဳးကို သံုးသင့္ပါတယ္။ Sun cream သံုးျခင္းက ေနေလာင္တာေတြကို အထိေရာက္ဆံုး ကာကြယ္ေပးႏုိင္္လို႔ ေႏြရာသီရဲ႕ အဓိကလိုအပ္တဲ့ အရာျဖစ္ပါတယ္။
ေနေရာင္ထဲသြားရင္ အကာအကြယ္ယူသြားပါ
အျပင္ေတြ ဘာေတြ သြားတဲ့ အခါ ေနေရာင္ျခည္ဒဏ္ကို ကာကြယ္ဖုိ ႔အတြက္ ထီး၊ ဦးထုပ္စတာေတြ ယူသြားဖို႔လိုအပ္ပါတယ္။ ဘယ္ေလာက္ပဲ sun cream ေတြလိမ္းထားပါေစ ေနေရာင္ျခည္ဒဏ္က အနည္းနဲ႔အမ်ားေတာ့ အသားအေရကို ထိခုိ္က္ေစပါတယ္။
ဒါေၾကာင့္ လွပတဲ့ အသားအေရေလး ပိုင္ဆိုင္ခ်င္တယ္၊ အသားမည္းမွာကို စိုးရိမ္ရင္ေတာ့ အျပင္သြားတုိင္း ထီး၊ ဦးထုပ္ေဆာင္းဖို႔ကို မေမ့ပါနဲ႔။
ညမအိပ္ခင္ moisturizer လိမ္းပါ
ေနေရာင္ျခည္ဒဏ္ေတြေၾကာင့္ ပ်က္စီးသြားတဲ့ အသားအေရေတြကို ညဖက္မွာ ျပန္ၿပီး ကုသဖုိ႔ လိုအပ္ပါတယ္။ ဒါေၾကာင့္္ ညအိပ္ရာမဝင္ခင္မွာ အသားအေရကို ေရဓာတ္ျဖည့္ေပးတဲ့ moisturizer လိမ္းေပးသင့္ပါတယ္။
ညဘက္မွာ moisturizer လိမ္းအိပ္တဲ့အခါမွာ ပ်က္စီးေနတဲ့ အသားအေရေတြကို ျပန္လည္ျပဳျပင္ေပးၿပီး အသားအေရကို စိုစိုေျပေျပေလး ျဖစ္ေစပါတယ္။
အရည္႐ႊမ္းတဲ့ အသီးအႏွံမ်ားမ်ားစားပါ
အသားအေရ လွပဖုိ ႔အတြက္ သဘာဝ အသီးအႏွံေတြျဖစ္္တဲ့ အရည္႐ႊမ္းတဲ့ အသီးေတြ စားေပး သင့္ပါတယ္။
ဥပမာ- ရာသီေပၚ အသီးျဖစ္တဲ့ ဖရဲသီးလို အရည္႐ႊမ္းတဲ့ အသီးေတြဟာ ေရဓာတ္ကို ျပည့္ဝေစႏုိင္လုိ႔ စားေသာက္ေပးသင့္ ပါတယ္ေနာ္။ အသီးအႏွံ မ်ားမ်ား စားေပးျခင္းက သင့္အသားအေရ ကို ၾကည္လင္ဝင္းပ ေစႏုိင္ပါတယ္။
Khin
Unicode
နွေရာသီမှာ အသားအရေတွေမပျက်စီးစေဖို့ လိုက်နာသင့်တဲ့ အချက်လေးတွေ
တဖြည်းဖြည်းနဲ့ နွေရာသီလည်း ရောက်လာပြီ မကြာခင်မှာပဲ သင်္ကြန်ကျဖို့ကလည်း နီးကပ် လာပါပြီနော်။ ဒီတော့ ပူပြင်းလှတဲ့ နွေရာသီမှာ ကိုယ့်ရဲ့အသားအရေလေးတွေ မပျက်စီးအောင် ဘယ်လိုကာကွယ်မှုတွေ ပြုလုပ်ထားသင့် သလဲ ဆိုတာကို ဝေမျှပေးချင် ပါတယ်။
နွေရာသီရဲ့ ရာသီဥတုပူပူအောက်မှာ ကိုယ့်ရဲ့အသားအရေလေးတွေ စိုပြေ လှပနေဖို့ နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ရေများများသောက်ပါ
ဘယ်ရာသီဥတုမှာမဆို ရေများများသောက်ပေးဖို့ လိုအပ် ပါတယ်။ နွေရာသီမှာဆို ရာသီဥတုပူပြင်းတဲ့အတွက် ရေဓာတ်ပိုခမ်းခြောက်နိုင်လို့ ရေကို ပိုသောက်ပေးဖို့ လိုအပ် ပါတယ်။
ရေဓာတ် ခမ်းခြောက်တဲ့အခါ အသားအရေခြောက်သွေ့ ရုံမက နှလုံးခုန်မြန်ပြီး မူးမောရင်တုန်တာကနေ သတိလစ်တာတွေအထိတောင် ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေတဲ့အခါမှာ လူကို လန်းဆန်းစေရုံမက အသားအရေကိုပါ ကြည်လင် စိုပြေစေ ပါတယ်။ ဒါကြောင့်ရေများများသောက်ပေးပါ။
Sun cream လိမ်းပါ
နွေရာသီရဲ့ နောင်ရောင်ခြည်ကို ကာကွယ်ဖို့ အတွက် sun cream ကလိုကို လိုအပ်ပါတယ်။ Sun Cream ရွေးချယ်တဲ့အခါမှာ SPF 50 လောက်ပါပြီး PA ++ ပါဝင်တဲ့ sun cream မျိုးကမှ တကယ့်ကို ထိရောက်မှုရှိစေပါတယ်။
ဒါကြောင့်အနည်းဆုံး SPF 30 ကနေ 50 လောက်ထိပါဝင်တဲ့ cream မျိုးကို သုံးသင့်ပါတယ်။ Sun cream သုံးခြင်းက နေလောင်တာတွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်လို့ နွေရာသီရဲ့ အဓိကလိုအပ်တဲ့ အရာဖြစ်ပါတယ်။
နေရောင်ထဲသွားရင် အကာအကွယ်ယူသွားပါ
အပြင်တွေ ဘာတွေ သွားတဲ့ အခါ နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့အတွက် ထီး၊ ဦးထုပ်စတာတွေ ယူသွားဖို့လိုအပ်ပါတယ်။ ဘယ်လောက်ပဲ sun cream တွေလိမ်းထားပါစေ နေရောင်ခြည်ဒဏ်က အနည်းနဲ့အများတော့ အသားအရေကို ထိခိုက်စေပါတယ်။
ဒါကြောင့် လှပတဲ့ အသားအရေလေး ပိုင်ဆိုင်ချင်တယ်၊ အသားမည်းမှာကို စိုးရိမ်ရင်တော့ အပြင်သွားတိုင်း ထီး၊ ဦးထုပ်ဆောင်းဖို့ကို မမေ့ပါနဲ့။
ညမအိပ်ခင် moisturizer လိမ်းပါ
နေရောင်ခြည်ဒဏ်တွေကြောင့် ပျက်စီးသွားတဲ့ အသားအရေတွေကို ညဖက်မှာ ပြန်ပြီး ကုသဖို့ လိုအပ်ပါတယ်။ ဒါကြောင့်် ညအိပ်ရာမဝင်ခင်မှာ အသားအရေကို ရေဓာတ်ဖြည့်ပေးတဲ့ moisturizer လိမ်းပေးသင့်ပါတယ်။
ညဘက်မှာ moisturizer လိမ်းအိပ်တဲ့အခါမှာ ပျက်စီးနေတဲ့ အသားအရေတွေကို ပြန်လည်ပြုပြင်ပေးပြီး အသားအရေကို စိုစိုပြေပြေလေး ဖြစ်စေပါတယ်။
အရည်ရွှမ်းတဲ့ အသီးအနှံများများစားပါ
အသားအရေ လှပဖို့အတွက် သဘာဝ အသီးအနှံတွေဖြစ်တဲ့ အရည်ရွှမ်းတဲ့ အသီးတွေ စားပေး သင့်ပါတယ်။
ဥပမာ- ရာသီပေါ် အသီးဖြစ်တဲ့ ဖရဲသီးလို အရည်ရွှမ်းတဲ့ အသီးတွေဟာ ရေဓာတ်ကို ပြည့်ဝစေနိုင်လို့ စားသောက်ပေးသင့် ပါတယ်နော်။ အသီးအနှံ များများ စားပေးခြင်းက သင့်အသားအရေ ကို ကြည်လင်ဝင်းပ စေနိုင်ပါတယ်။
Khin
No Comments