
ဘာေၾကာင့္ လူတစ္ေယာက္ကိုပိုခ်စ္လာေလ ေရွာင္ဖယ္ဖို႔ႀကိဳးစားေလ ျဖစ္ၾကရတာလဲ
သင္ဟာ လူတစ္ေယာက္ကို ခ်စ္မိတာနဲ ႔တစ္ျပိဳင္နက္ ရယူဖို႔ထက္ စြန္႔လႊတ္ဖို႔ ဒါမွမဟုတ္ ေရွ႕ဆက္မတိုးဖုိ႔ကိုသာ စဥ္းစား မိတတ္တဲ့ သူလား။ သင္တစ္ေယာက္တည္း ဒီလို ခံစားေနရတာေတာ့ မဟုတ္ပါဘူး။
လူေတာ္ေတာ္ မ်ားမ်ားဟာလည္း အလားတူပဲ ခံစားရတတ္ ၾကပါတယ္။ ဘာေၾကာင့္ ဒီလိုမ်ိဳးခံစားမိေနရတာလဲ ဆိုတဲ့ အေၾကာင္းရင္းေလးေတြ ကိုေတာ့ ဖတ္ၾကည့္ လုိက္ပါအံုး …။
(၁) အတိတ္ဆိုးေတြ
သင့္မွာအခ်စ္ေရးနဲ ႔ပတ္သက္ျပီး မေကာင္းတဲ့ အတိတ္ေတြ ရွိေနခဲ့ လို႔ပါ။ ဥပမာ ဘယ္ေလာက္ပဲၾကိဳးစားၾကိဳးစား သင္ခ်စ္ေနတဲ့သူက သင့္ကိုျပန္ခ်စ္ မလာတာမ်ိဳး၊ မေကာင္းတဲ့သူနဲ႔ ဆံုခဲ့ရတာမ်ိဳး၊ စိတ္ပ်က္စရာေကာင္းတဲ့ အခ်စ္ေရးကို ၾကံဳဖူးခဲ့ တာမ်ိဳး ေၾကာင့္ပါ ။
(၂) အေႏွာက္အယွက္ မျဖစ္ခ်င္လုိ႔
သင့္ေၾကာင့္ တစ္ဖက္လူ စိတ္အေႏွာက္အယွက္ ျဖစ္သြားမွာ၊ ေနရထိုင္ရ သက္ေတာင့္သက္တာ မရွိေတာ့မွာ၊ သင္က သူတို ႔အတြက္ ဝန္ထုပ္တစ္ခုလို ျဖစ္သြားမွာမ်ိဳးကို လံုးဝ မလိုလား ပါဘူး။ ဒါေၾကာင့္သင္ဟာ ေရွ႕တိုးဖုိ႔ထက္ ေနာက္ဆုတ္ဖို႔ ကိုသာ ပိုျပီး အားသန္ေနတာပါ …။
(၃) မခံစားခ်င္လို႔
သင္ဟာ အခ်စ္ေရးရဲ႕ေနာက္ဆက္တြဲ ျပသာနာေတြကို ေၾကာက္တဲ့ သူပါ။ လူတစ္ေယာက္ေၾကာင့္ အျမဲလိုလို စိတ္ပူပန္ေန ရတာမ်ိဳး၊ ေဒါသထြက္ေန ရမွာမ်ိဳး၊ ခ်ဳပ္ျခယ္ခံရမွာမ်ိဳး စသျဖင့္ မေကာင္းတဲ့ အက်ိဳးဆက္ေတြကို ေတြးေတြးျပီးေၾကာက္ေနမိ လို႔ပဲျဖစ္ ပါတယ္။ အခ်စ္ဟာ သင္ေမွ်ာ္လင့္ထားသလုိ ျဖစ္မလာပဲ အရံႈးေတြ၊ အမုန္းေတြနဲ႔ အဆံုးသတ္ သြားရမွာ မ်ိဳးကို သင္ေၾကာက္ေနလုိ႔ပါပဲ …။
(၄) စိတ္ဖိစီးလို႔
သင့္ရဲ႕ ဘဝအေျခအေနေၾကာင့္ျဖစ္ေစ၊ မိသားစုျပႆနာ၊ ေက်ာင္းကိစၥ၊ အလုပ္ကိစၥ စသျဖင့္ သင့္ရဲ႕ ဘဝမွာ အဆင္မေျပတာေတြ မ်ားေနတာေၾကာင့္ လူတစ္ေယာက္ကို ခ်စ္ရမွာ မဝံ့မရဲဲ ျဖစ္ေနတာပါ။ သင့္ဘဝထဲကို သူေရာက္လာတဲ့ အခါမွာ သင့္ကိုစိတ္ပ်က္သြားမွာ၊ အထင္ေသး သြားမွာ မ်ိဳး သင္ လံုးဝမလိုလားပါဘူး ။
(၅) စိတ္က်ေရာဂါ
သင့္ဟာ စိတ္က်ေရာဂါ ခံစားေနရ လို႔ပါ။ လူတစ္ေယာက္ကို ခ်စ္ေနသည့္ တိုင္ေအာင္ သူနဲ႔ေတြ႕ရင္ ေပ်ာ္ရႊင္တာမ်ိဳး၊ တက္ၾကြေနတ ာမ်ိဳး မျဖစ္ပဲ အလိုလိုေနရင္း သိမ္ငယ္ေနတာ၊ စိတ္ဓာတ္က်ေနတာမ်ိဳးေတြ ခံစားေနရ တာပါ။ ဒါဆိုရင္ေတာ့ ဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးျပီး ကုသမႈကို ခံယူဖို ႔လိုအပ္ ပါတယ္ …။
Credit Aunty May
UNICODE
ဘာကြောင့် လူတစ်ယောက်ကိုပိုချစ်လာလေ ရှောင်ဖယ်ဖို့ကြိုးစားလေ ဖြစ်ကြရတာလဲ
သင်ဟာ လူတစ်ယောက်ကို ချစ်မိတာနဲ့တစ်ပြိုင်နက် ရယူဖို့ထက် စွန့်လွှတ်ဖို့ ဒါမှမဟုတ် ရှေ့ဆက်မတိုးဖို့ကိုသာ စဉ်းစား မိတတ်တဲ့ သူလား။ သင်တစ်ယောက်တည်း ဒီလို ခံစားနေရတာတော့ မဟုတ်ပါဘူး။
လူတော်တော် များများဟာလည်း အလားတူပဲ ခံစားရတတ် ကြပါတယ်။ ဘာကြောင့် ဒီလိုမျိုးခံစားမိနေရတာလဲ ဆိုတဲ့ အကြောင်းရင်းလေးတွေ ကိုတော့ ဖတ်ကြည့် လိုက်ပါအုံး …။
(၁) အတိတ်ဆိုးတွေ
သင့်မှာအချစ်ရေးနဲ့ပတ်သက်ပြီး မကောင်းတဲ့ အတိတ်တွေ ရှိနေခဲ့ လို့ပါ။ ဥပမာ ဘယ်လောက်ပဲကြိုးစားကြိုးစား သင်ချစ်နေတဲ့သူက သင့်ကိုပြန်ချစ် မလာတာမျိုး၊ မကောင်းတဲ့သူနဲ့ ဆုံခဲ့ရတာမျိုး၊ စိတ်ပျက်စရာကောင်းတဲ့ အချစ်ရေးကို ကြုံဖူးခဲ့ တာမျိုး ကြောင့်ပါ ။
(၂) အနှောက်အယှက် မဖြစ်ချင်လို့
သင့်ကြောင့် တစ်ဖက်လူ စိတ်အနှောက်အယှက် ဖြစ်သွားမှာ၊ နေရထိုင်ရ သက်တောင့်သက်တာ မရှိတော့မှာ၊ သင်က သူတို့အတွက် ဝန်ထုပ်တစ်ခုလို ဖြစ်သွားမှာမျိုးကို လုံးဝ မလိုလား ပါဘူး။ ဒါကြောင့်သင်ဟာ ရှေ့တိုးဖို့ထက် နောက်ဆုတ်ဖို့ ကိုသာ ပိုပြီး အားသန်နေတာပါ …။
(၃) မခံစားချင်လို့
သင်ဟာ အချစ်ရေးရဲ့နောက်ဆက်တွဲ ပြသာနာတွေကို ကြောက်တဲ့ သူပါ။ လူတစ်ယောက်ကြောင့် အမြဲလိုလို စိတ်ပူပန်နေ ရတာမျိုး၊ ဒေါသထွက်နေ ရမှာမျိုး၊ ချုပ်ခြယ်ခံရမှာမျိုး စသဖြင့် မကောင်းတဲ့ အကျိုးဆက်တွေကို တွေးတွေးပြီးကြောက်နေမိ လို့ပဲဖြစ် ပါတယ်။ အချစ်ဟာ သင်မျှော်လင့်ထားသလို ဖြစ်မလာပဲ အရှုံးတွေ၊ အမုန်းတွေနဲ့ အဆုံးသတ် သွားရမှာ မျိုးကို သင်ကြောက်နေလို့ပါပဲ …။
(၄) စိတ်ဖိစီးလို့
သင့်ရဲ့ ဘဝအခြေအနေကြောင့်ဖြစ်စေ၊ မိသားစုပြဿနာ၊ ကျောင်းကိစ္စ၊ အလုပ်ကိစ္စ စသဖြင့် သင့်ရဲ့ ဘဝမှာ အဆင်မပြေတာတွေ များနေတာကြောင့် လူတစ်ယောက်ကို ချစ်ရမှာ မဝံ့မရဲ ဖြစ်နေတာပါ။ သင့်ဘဝထဲကို သူရောက်လာတဲ့ အခါမှာ သင့်ကိုစိတ်ပျက်သွားမှာ၊ အထင်သေး သွားမှာ မျိုး သင် လုံးဝမလိုလားပါဘူး ။
(၅) စိတ်ကျရောဂါ
သင့်ဟာ စိတ်ကျရောဂါ ခံစားနေရ လို့ပါ။ လူတစ်ယောက်ကို ချစ်နေသည့် တိုင်အောင် သူနဲ့တွေ့ရင် ပျော်ရွှင်တာမျိုး၊ တက်ကြွနေတ ာမျိုး မဖြစ်ပဲ အလိုလိုနေရင်း သိမ်ငယ်နေတာ၊ စိတ်ဓာတ်ကျနေတာမျိုးတွေ ခံစားနေရ တာပါ။ ဒါဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသမှုကို ခံယူဖို့လိုအပ် ပါတယ် …။
Credit Aunty May
No Comments