"ေပ်ာ္ရႊင္ေသာဘ၀တစ္ခုမွာ ေနထိုင္ႏိုင္ဖို႔ ေလ့လာသင္ယူစရာမ်ား" - Amawpyay

“ေပ်ာ္ရႊင္ေသာဘ၀တစ္ခုမွာ ေနထိုင္ႏိုင္ဖို႔ ေလ့လာသင္ယူစရာမ်ား”

"ေပ်ာ္ရႊင္ေသာဘ၀တစ္ခုမွာ ေနထိုင္ႏိုင္ဖို႔ ေလ့လာသင္ယူစရာမ်ား"
Knowledge

“ေပ်ာ္ရႊင္ေသာဘ၀တစ္ခုမွာ ေနထိုင္ႏိုင္ဖို႔ ေလ့လာသင္ယူစရာမ်ား”

အသက္အရြယ္ရလာတာနဲ႔အမွ် ဘ၀ရဲ႕အေတြ႕အၾကံဳေတြကို ပိုမိုနားလည္လာၿပီး ကၽြန္ေတာ္တို႔ကို ဘာေတြက ေပ်ာ္ရႊင္ေစတာလဲဆိုတာကို သိလာပါတယ္။ ေပ်ာ္ရႊင္မႈဆိုတာကလည္း စိတ္၀င္စားစရာေကာင္းပါတယ္။

ေပ်ာ္ရႊင္မႈဆိုတာ ဘ၀က ေဆာင္ယူလာေပးတဲ့ ေအာင္ျမင္မႈေတြလို႔ ဆိုႏိုင္ပါတယ္။ သင့္အတြက္ အရာရာအားလံုး အဆင္ေျပေခ်ာေမြ႕ေနရင္ သင္ ေပ်ာ္ရႊင္ေနရတယ္ မဟုတ္ပါလား။

ေပ်ာ္ရႊင္မႈက ပံုစံမ်ိဳးစံုနဲ႔ ရွိႏိုင္ ပါတယ္။ လူတစ္ေယာက္နဲ႔ တစ္ေယာက္ ေပ်ာ္ရႊင္မႈကို ခံစားရပံုခ်င္း မတူၾကပါဘူး။ သင့္ရဲ႕ ေပ်ာ္ရႊင္မႈကို ေဖာ္ထုတ္ႏိုင္ဖို႔ သင့္ဘ၀မွာ လုပ္စရာေတြ ရွိပါတယ္။ ဘ၀တစ္ခုလံုး ေပ်ာ္ရႊင္ေနရဖို ႔အတြက္ ေလ့လာ သင္ယူ သင့္တဲ့ အရာ (၁၀)ခု ရွိပါတယ္။

၁။ ခ်စ္တယ္လို႔ ေျပာတတ္ေအာင္ ေလ့လာသင္ယူပါ။

လူတစ္ခ်ိဳ႕အတြက္ ဒီစကားကို ေျပာႏိုင္ဖို႔ ေတာ္ေတာ္ ခက္ခဲေန တတ္ ပါတယ္။ အထူးသျဖင့္ မိသားစု၀င္ အခ်င္းခ်င္း ထဲမွာပါ။ တကယ္တမ္းေတာ့ အသက္အရြယ္ ရလာတာနဲ႔ အမွ် သင့္ဘ၀တစ္ေလွ်ာက္လံုးမွာ သင့္မိသားစုက သင့္အတြက္ဘာေတြ လုပ္ခဲ့ေပးလဲ ဆိုတာကို သိျမင္သေဘာေပါက္ လာၿပီး ေက်းဇူးတင္ တတ္လာ မွာပါ။

ခ်စ္တဲ့အေၾကာင္းကို ေျပာတတ္မယ္ ဆိုရင္ မိသားစု ၀င္ေတြၾကား ထဲက ဆက္ဆံေရး တိုးတက္လွပလာမယ့္အျပင္ ပြင့္လင္းျမင္သာမႈ၊ ရိုးသားမႈ၊ ယုံၾကည္မႈတို႔ကို တည္ေဆာင္ၿပီးသား ျဖစ္သြားမွာပါ။ ဒီအခ်က္ေတြ ကလည္း သင့္ကို ေပ်ာ္ရႊင္ေစႏိုင္ မွာပါ။

၂။ ေမ့ေဖ်ာက္တတ္ေအာင္ ေလ့လာသင္ယူပါ။

သင့္ဘ၀မွာ သစၥာေဖာက္ ခံရတာ ဒါမွမဟုတ္ ဆြဲခ်ခံရဖူးတာ ဘယ္ႏွစ္ႀကီး ၾကံဳခဲ့ရဖူး ပါသလဲ။ သင့္အေနနဲ႔ေရာ အျခားသူေတြကို က်ဆံုးေအာင္ လုပ္ခဲ့ဖူးတာ ဘယ္ႏွစ္ႀကိမ္ ရွိခဲ့ဖူး ပါသလဲ။

ခက္ခဲတယ္ဆိုေပမယ့္ အျခားသူေတြကို ခြင့္လႊတ္ဖို႔နဲ႔ ကိုယ့္ကိုယ္ကိုယ္ ခြင့္လႊတ္တတ္ ဖို႔က ေပ်ာ္ရႊင္မႈကို ခံစားႏိုင္ဖို႔အတြက္ လိုအပ္ ပါတယ္။

၃။ ျငင္းပယ္တတ္ဖို႔ ေလ့လာသင္ယူပါ။

လူေတြ၊ ပြဲလမ္းေတြ၊ အေျခအေနေတြကို ျငင္းဆိုဖို႔ အတြက္ အားနာေနတတ္ ပါသလား။ ဘူးတစ္လံုးေဆာင္ အိုေတာင္ မဆင္းရဲဆိုတဲ့ စကားရွိ ပါတယ္။ ျငင္းစရာေတြကို မျငင္းႏိုင္ရင္ သင့္ဘ၀ကို ဟန္ခ်က္ပ်က္ေစႏိုင္ပါတယ္။

သင္ အမွန္တကယ္ ယုံၾကည္တဲ့ အရာ၊ တန္ဖိုးထားတဲ့ အရာ နဲ႔ သင့္ဘ၀အတြက္ အေရးႀကီးတဲ့အရာကို အာရုံစိုက္ႏိုင္ဖို႔ ျငင္းသင့္ တာေတြကို ျငင္းပယ္တတ္ဖို႔ မျဖစ္မေနလိုအပ္ပါတယ္။

၄။ ေန႔တိုင္း စိတ္အားထက္သန္မႈရွိေနဖို႔ ေလ့လာသင္ယူပါ။

သင့္ရဲ႕ လက္ရွိ အေျခအေနက သင္စိတ္ကူးထားတဲ့အတိုင္း၊ သင္ျဖစ္ခ်င္တဲ့ အတိုင္း ျဖစ္ေနပါသလား။ သင္ျဖစ္ခ်င္တာ၊ စိတ္အားထက္သန္တာကို လုပ္ေဆာင္ဖို႔အတြက္ ေန႔တိုင္း အခ်ိန္ေလးနည္းနည္းေလာက္ ေပးႏိုင္မယ္ ဆိုရင္ေတာင္မွ ဘ၀မွာ ျဖစ္ခ်င္တာေတြကို ျဖစ္ေအာင္လုပ္ႏိုင္ ဖို႔အတြက္ စိတ္ခြန္အား ရွိေနေစမွာျဖစ္ပါတယ္။

၅။ က်န္းမာေအာင္ စားေသာက္ၿပီး ပံုမွန္ေလ့က်င့္ခန္း လုပ္ဖို႔ ေလ့လာသင္ယူပါ။

သင္စားတဲ့အတိုင္း သင္ျဖစ္တယ္ဆိုတဲ့ ေရွးစကားက အခုေခတ္မွာ ပိုၿပီးမွန္ကန္ လာပါတယ္။ က်န္းမာေရးနဲ႔႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြ၊ အေၾကာင္းအရာေတြ ဒီေခတ္မွာ အမ်ားႀကီးရွိပါတယ္။

သိပၸံနည္းက် ေလ့လာမႈေတြ အရလည္း က်န္းမာေရးနဲ႔ ညီညြတ္တာေတြ စားေသာက္ၿပီး ကိုယ္လက္ေလ့က်င့္ခန္း ပံုမွန္ လုပ္ေဆာင္တာက သင့္ဘ၀ကို ပိုမိုက်န္းမာ ေပ်ာ္ရႊင္ေစ ႏိုင္တယ္လို႔ အတိအလင္း ထုတ္ျပန္ထားၿပီး ျဖစ္ပါတယ္။

၆။ စိတ္ရင္းအတိုင္း ေလးေလးနက္နက္ ဆက္ဆံႏိုင္ဖို ႔ေလ့လာသင္ယူပါ။

အျခားသူေတြနဲ႔ ေလးနက္တဲ့ သံေယာဇဥ္ေတြ၊ ခင္မင္ ရင္းႏွီးမႈေတြ တည္ေဆာက္ ဆက္ဆံတာက မခက္ခဲပါဘူး။ လူေတြကို စိတ္ရင္းအတိုင္း ခင္ခင္မင္မင္ ဆက္ဆံမယ္ ဆိုရင္ သက္ေတာင့္သက္သာျဖစ္ရုံသာမက ရိုးသားပြင့္လင္ ေစပါတယ္။

ဒါက ကိုယ့္ကိုယ္ကိုယ္ ကူညီရာေရာက္ၿပီး ေပ်ာ္ရႊင္တဲ့ပုဂၢိဳဟ္တစ္ေယာ္ျဖစ္ေစမွာပါ။

၇။ ဘ၀ကို ကြဲျပားစြာ႐ႈျမင္ႏိုင္ဖို႔ ေလ့လာသင္ယူပါ။

ဘ၀ဆိုတာက အရမ္းအျပင္းအထန္ႀကီး သေဘာထား ယူဆဖို႔ မဟုတ္ပါဘူး။ ဘ၀ဆိုတာက ကၽြန္ေတာ္တို႔မွာ ရွိတဲ့ အခ်ိန္ေလးကို ေပ်ာ္ရႊင္ခံစားဖို႔ပဲ ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔အားလံုး ဒီဘ၀မွာ ဒီတစ္ခါပဲ ရွင္သန္ၾကတာျဖစ္ပါတယ္။

အသက္အရြယ္ပိုႀကီး လာတာနဲ႔ အမွ် အခ်ိန္ေတြ ပိုၿပီးျမန္ျမန္ ကုန္ဆံုး သြားတာကို သတိထားမိလာမွာပါ။ ဒါ့ေၾကာင့္ ဘ၀ရဲ႕လက္ရွိ အခ်ိန္ေတြကို အသိအမွတ္ျပဳ တန္ဖိုး ထားျဖတ္သန္းပါ။

၈။ ကိုယ္ပိုင္ ရည္မွန္းခ်က္ေတြ ထားရွိ ႏိုင္ဖို႔ ေလ့လာ သင္ယူပါ။

သင့္မွာ ကိုယ္ပိုင္ ရည္မွန္းခ်က္ရွိၿပီး ဒီရည္မွန္းခ်က္ ျဖစ္ေျမာက္ေအာင္ လုပ္ေဆာင္ေန ပါသလား။ ဒါမွမဟုတ္ သင့္ပတ္၀န္းက်င္က သင့္အတြက္ လုပ္ေဆာင္ေပးေန ပါသလား။ ကၽြန္ေတာ္တို႔ အားလံုးဟာ ဘာလုပ္ပါ၊ ဘာျဖစ္ရမယ္လို႔ ေျပာေနတဲ့ လူမႈအသိုင္းအ၀ိုင္းထဲမွာ ရွင္သန္ေနရတာျဖစ္ပါတယ္။

ငယ္စဥ္တုန္းက အတန္းထဲမွာ အဆင့္ဘယ္ေလာက္ရရမယ္ဆိုၿပီး မိဘေတြက ေျပာပါတယ္။ အရြယ္ေရာက္လာေတာ့ ဘ၀မွာ ဘယ္လိုေနသင့္တယ္လို႔ မီဒီယာေတြက ေျပာၾကပါတယ္။

ဒါ့ေၾကာင့္ ကိုယ္ပိုင္ရည္မွန္းခ်က္ ထားရွိၿပီး ဒီရည္မွန္းခ်က္ေတြ ျဖစ္ေျမာက္ေအာင္ျမင္သည္အထိ အာရုံစိုက္ လုပ္ေဆာင္ႏိုင္ ဖို႔လို ပါတယ္။ အျခားသူေတြ ေျပာတဲ့စကားထက္ ကိုယ္တိုင္တန္ဖိုးထားတဲ့အရာေတြအတြက္ အသက္ရွင္ရတာက ပိုၿပီးေပ်ာ္စရာေကာင္းပါတယ္။

၉။ ေကာင္းမြန္သည့္အရာေတြကို သိရွိလာဖို႔ ေလ့လာသင္ယူပါ။

အသက္အရြယ္ရလာတာနဲ႔အမွ် သင့္ပတ္၀န္းက်င္က ေလာကႀကီးကို ပိုၿပီးသတိျပဳမိ လာမွာၿပီး ဘယ္ေလာက္ ေကာင္းမြန္တဲ့ ျဖစ္တည္မႈေတြ လဲဆိုတာ သေဘာေပါက္ လာပါ လိမ့္မယ္။

က်န္းမာေရးေကာင္းမယ္၊ လူမႈ၀န္းက်င္ေကာင္း တစ္ခု ရွိမယ္ ဒါမွမဟုတ္ သင္ေရြးခ်ယ္တဲ့ ဘ၀မိ်ဳးမွာ ေနထိုင္ခြင့္ရမယ္ စတာေတြဟာ သင့္အတြက္ ေကာင္းမြန္တဲ့အရာေတြ ျဖစ္ပါတယ္။

အားလပ္ခ်ိန္မွာ၊ စာဖတ္ဖို႔၊ တစ္ခုခုကို ေလ့လာႏိုင္ဖို႔အတြက္ အင္တာနက္သံုးႏိုင္တာကိုကလည္း ေကာင္းမြန္တဲ့အရာျဖစ္ေနပါၿပီ။

ကမာၻေပၚမွာ သင့္လို အင္တာနက္မသံုးႏိုင္ေသးတဲ့လူေတြ အမ်ားႀကီးရွိပါေသးတယ္။ ေကာင္းမြန္တဲ့အရာတြကို သိရွိလာၿပီဆိုရင္ သင့္အတြက္ ကမာၻေလာကႀကီးက ပိုမိုလွပၿပီး ေပ်ာ္ရႊင္စရာျဖစ္လာမွာပါ။

၁၀။ ေပးကမ္းစြန္႔က်ဲတတ္ေအာင္ ေလ့လာသင္ယူပါ။

ေပးကမ္းစြန္႔က်ဲျခင္းဟာ ေပ်ာ္ရႊင္မႈရဲ႕ အေျခခံ ျဖစ္ပါတယ္။ မ်ားမ်ားေပးေလ မ်ားမ်ားျပန္ရေလပါပဲ။ ေပးကမ္ းစြန္႔က်ဲတယ္ ဆိုရာမွ ေငြေၾကးနဲ႔ ဥစၥာပစၥည္းေတြမွ မဟုတ္ပါဘူး။ ေမတၱာ၊ ေစတနာေတြလည္း ပါ၀င္ပါတယ္။ အျခားသူေတြကို သင္ေပးကမ္းႏိုင္ေလေလ သင္ပိုၿပီးေပ်ာ္ရႊင္ရေလေလ ပဲျဖစ္ပါတယ္။

ဘဝထဲမွာ သင္ယူခဲ့ရသမ်ွ

၁။ အျမဲတမ္းေပ်ာ္ေအာင္ေနဖို႔ ဘယ္သူ႔အကူအညီမွ မလိုပါဘူး။

၂။ ကိုယ့္ရဲ႕ တန္ဖိုးကို သတ္မွတ္သူဟာ ကိုယ္ပဲဆိုတာသိဖို႔ စိတ္ကိုေလ့က်င့္ရပါမယ္။

၃။ မိမိကိုယ္မိမိ မခ်စ္ဘဲ အျခားလူသားေတြကို ေမတၱာထားဖို႔ မျဖစ္ႏိုင္ပါဘူး။

၄။ ကိုယ့္ကိုစိတ္ခ်မ္းသာေအာင္လုပ္ဖို႔ ဘယ္သူမွာမွ တာဝန္မ႐ွိပါဘူး။

၅။ ရည္မွန္းခ်က္ေတြနဲ႔ ေနပါမွ ဘဝဟာ အသက္ဝင္တယ္ ။

၆။ မိသားစုကသာ ကိုယ့္အတြက္ လံုျခံဳတဲ့ အရပ္ပါ။

၇။ ကိုယ့္ကိုယ္ကို အားကိုးတဲ့သူ၊ လဲက်တိုင္းျပန္ထတဲ့သူကိုသာ ဘုရားက ကူညီပါတယ္။

၈။ ကိုယ့္ရဲ႕ အေျပာနဲ႔ အလုပ္ညီမွ ကိုယ့္ကိုယ္ကိုေလးစားမယ္။
ကိုယ့္ကိုယ္ကို မေလးစားတဲ့သူကို ဘယ္သူကမွ မေလးစားၾကပါဘူး။

၉။ ေက်ာင္းသင္ပညာေရးက စားဝတ္ေနေရး အတြက္ပဲ ကာမိတယ္။ အျမဲ မျပတ္ေလ့လာသင္ယူမွသာ ကိုယ့္အနာဂတ္ကို ကိုယ္ပိုင္ဆိုင္ မွာပါ။

၁၀။ ဘယ္လိုအတားအဆီး အခက္အခဲ ျဖစ္ျဖစ္ ကိုယ့္အသက္ကို ႏႈတ္ယူတာမဟုတ္ရင္ ရင္ဆိုင္ေက်ာ္လႊားၿပီး ေနာက္မွာ ပိုၿပီး သန္မာလာေစပါတယ္။

၁၁။ ေလာကဓံေတြၾကံဳရတိုင္း ခသံုးလံုးေဆာင္ပါ။
ခံႏိုင္ရည္႐ွိပါ။ ခံစားခ်က္ေတြေနာက္မလိုက္ပါနဲ႔။ ခြင့္လႊတ္ပါ။

၁၂။ အျခားသူေတြကို ေျပာင္းဖို႔ကိုယ့္အလုပ္မဟုတ္ပါဘူး။ မိမိကိုယ္မိမိ ပိုေကာင္းတဲ့သူအျဖစ္ စံျပေနထိုင္ျခင္းျဖင့္သာ အျခားလူေတြကို ေျပာင္းလဲႏိုင္ပါတယ္။

၁၃။ အတိတ္ကို သင္ခန္းစာယူဖို႔အတြက္သြားပါ။
အနာဂတ္ကို ၾကံစည္စိတ္ကူး ဗ်ဴဟာခ်ဖို႔သြားပါ။
က်န္တဲ့အခ်ိန္တိုင္း.ပစၥဳပၸန္မွာပဲ ေနထိုင္ပါ။

၁၄။ ကိုယ္စိတ္ႏွလံုး သံုးပါးလံုး ဟန္ခ်က္ညီမႈျဖင့္ေနထိုင္ပါ။
သို႔မဟုတ္ရင္ က်န္းမာေရးထိခိုက္တတ္ပါတယ္။

၁၅။ ျဖစ္ခ်င္တာ နဲ႔ ႐ွိေနသာကိုသာ အာရံုစိုက္ပါ။
မျဖစ္ခ်င္တာနဲ႔ မ႐ွိေနတာ အာရံုစိုက္မိရင္ ဖန္တီးမႈ အားေလ်ာ့သြားၿပီး လုပ္ခ်င္ကိုင္ခ်င္စိတ္ ကုန္ခမ္းတတ္ပါတယ္။

၁၆။ ဘဝဆိုတာ အျမဲတမ္း အသာစံေနရတာ မဟုတ္ပါဘူး။ အျမဲတမ္း အနာခံေနရတာလည္း မဟုတ္ပါဘူး။ အတက္အက် အျမဲ ျဖစ္ေနမွာပါ။ ႐ိုလာကိုစတာစီးသလို ခရီးစဥ္တေလ်ွာက္ ေပ်ာ္ရႊင္စြာ ျဖတ္သန္းဖို႔ပဲ လိုပါမယ္။

၁၇ .ဒီအလုပ္က ပင္ပန္းလိုက္တာ၊ ဟို အလုပ္ေလးဆို ေကာင္းသားဆိုျပီး စိတ္အလိုလည္း လိုက္မေနပါနဲ ့။

၁၈. ဘယ္အလုပ္ျဖစ္ျဖစ္ ထိထိေရာက္ေရာက္ တကယ္လုပ္ရင္ သက္ေတာင့္သက္သာ ရွိလွတာ တစ္ခုမွ မရွိပါဘူး။

၁၉. ဘ၀တစ္ေလွ်ာက္လုံးဟာ အလုပ္ေတြ လုပ္ေနရမွာ ျဖစ္ပါတယ္။ အလုပ္ရဲ႕ ဂုဏ္ဟာ လူတစ္ေယာက္ရဲ႕ တန္ဖိုးပါ။

၂၀. ငယ္တုန္းအရြယ္မွာ အရွိန္အဟုန္ေကာင္းေကာင္းနဲ ့ အလုပ္ေတြ ၾကိဳးစား လုပ္ေနရသလို၊ အသက္ၾကီးရင့္လာတဲ့ အခါမွာလည္း ရရွိထားတဲ့ တန္ဖိုးေလး မေပ်ာက္သြားေအာင္ ၾကိဳးစားလုပ္ၾကရျပန္ပါတယ္။

၂၁ . အသက္ေတြက တျဖည္းျဖည္းေျပာင္းလဲလာေပမယ့္ အလုပ္ေတြကေတာ့ အခ်ိန္တိုင္းကို နုပ်ိဳေနတာပါ။

၂၂. ဘယ္ခ်ိန္၊ ဘယ္ေနရာမွာပဲ ျဖစ္ျဖစ္၊ အရြယ္ သုံးပါး လုပ္လို ့ရတဲ့ အလုပ္ဆိုတာ အျမဲတမ္းရွိေနတာပဲ။

၂၃ . ပင္ပန္းလို ့ နားလိုက္ခ်င္တာဆိုတဲ့ စကားဟာ တစ္ဘ၀လုံး ေျပာလို ့ကို ကုန္မွာ မဟုတ္ေတာ့ပါဘူး။ ျငီးမေနပါနဲ ့ေတာ့။ ေမြးကတည္းက ေသသည္ထိ အလုပ္ေတြ လုပ္ေနရဦးမွာပဲ။

၂၄. တစ္သက္လုံး ျငီးလို႔ကို ဆုံးမွာ မဟုတ္ေတာ့ဘူး။ အားမတင္းနိုင္ေသးခ်ိန္၊ အားေလွ်ာ့ေစမယ့္ အေတြးေတြ ၀င္မလာမိပါေစနဲ ့။

၂၅. အလုပ္တစ္ခုခုကို လုပ္ေနျခင္းျဖင့္ ဘ၀ကို တန္ဖိုးထားလိုက္ပါ။ ခရက္ဒစ္

ယူနီကုတ္

“ပျော်ရွှင်သောဘဝတစ်ခုမှာ နေထိုင်နိုင်ဖို့ လေ့လာသင်ယူစရာများ”

အသက်အရွယ်ရလာတာနဲ့အမျှ ဘဝရဲ့အတွေ့အကြုံတွေကို ပိုမိုနားလည်လာပြီး ကျွန်တော်တို့ကို ဘာတွေက ပျော်ရွှင်စေတာလဲဆိုတာကို သိလာပါတယ်။ ပျော်ရွှင်မှုဆိုတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။

ပျော်ရွှင်မှုဆိုတာ ဘဝက ဆောင်ယူလာပေးတဲ့ အောင်မြင်မှုတွေလို့ ဆိုနိုင်ပါတယ်။ သင့်အတွက် အရာရာအားလုံး အဆင်ပြေချောမွေ့နေရင် သင် ပျော်ရွှင်နေရတယ် မဟုတ်ပါလား။

ပျော်ရွှင်မှုက ပုံစံမျိုးစုံနဲ့ ရှိနိုင် ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ပျော်ရွှင်မှုကို ခံစားရပုံချင်း မတူကြပါဘူး။ သင့်ရဲ့ ပျော်ရွှင်မှုကို ဖော်ထုတ်နိုင်ဖို့ သင့်ဘဝမှာ လုပ်စရာတွေ ရှိပါတယ်။ ဘဝတစ်ခုလုံး ပျော်ရွှင်နေရဖို့အတွက် လေ့လာ သင်ယူ သင့်တဲ့ အရာ (၁၀)ခု ရှိပါတယ်။

၁။ ချစ်တယ်လို့ ပြောတတ်အောင် လေ့လာသင်ယူပါ။

လူတစ်ချို့အတွက် ဒီစကားကို ပြောနိုင်ဖို့ တော်တော် ခက်ခဲနေ တတ် ပါတယ်။ အထူးသဖြင့် မိသားစုဝင် အချင်းချင်း ထဲမှာပါ။ တကယ်တမ်းတော့ အသက်အရွယ် ရလာတာနဲ့ အမျှ သင့်ဘဝတစ်လျှောက်လုံးမှာ သင့်မိသားစုက သင့်အတွက်ဘာတွေ လုပ်ခဲ့ပေးလဲ ဆိုတာကို သိမြင်သဘောပေါက် လာပြီး ကျေးဇူးတင် တတ်လာ မှာပါ။

ချစ်တဲ့အကြောင်းကို ပြောတတ်မယ် ဆိုရင် မိသားစု ဝင်တွေကြား ထဲက ဆက်ဆံရေး တိုးတက်လှပလာမယ့်အပြင် ပွင့်လင်းမြင်သာမှု၊ ရိုးသားမှု၊ ယုံကြည်မှုတို့ကို တည်ဆောင်ပြီးသား ဖြစ်သွားမှာပါ။ ဒီအချက်တွေ ကလည်း သင့်ကို ပျော်ရွှင်စေနိုင် မှာပါ။

၂။ မေ့ဖျောက်တတ်အောင် လေ့လာသင်ယူပါ။

သင့်ဘဝမှာ သစ္စာဖောက် ခံရတာ ဒါမှမဟုတ် ဆွဲချခံရဖူးတာ ဘယ်နှစ်ကြီး ကြုံခဲ့ရဖူး ပါသလဲ။ သင့်အနေနဲ့ရော အခြားသူတွေကို ကျဆုံးအောင် လုပ်ခဲ့ဖူးတာ ဘယ်နှစ်ကြိမ် ရှိခဲ့ဖူး ပါသလဲ။

ခက်ခဲတယ်ဆိုပေမယ့် အခြားသူတွေကို ခွင့်လွှတ်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်တတ် ဖို့က ပျော်ရွှင်မှုကို ခံစားနိုင်ဖို့အတွက် လိုအပ် ပါတယ်။

၃။ ငြင်းပယ်တတ်ဖို့ လေ့လာသင်ယူပါ။

လူတွေ၊ ပွဲလမ်းတွေ၊ အခြေအနေတွေကို ငြင်းဆိုဖို့ အတွက် အားနာနေတတ် ပါသလား။ ဘူးတစ်လုံးဆောင် အိုတောင် မဆင်းရဲဆိုတဲ့ စကားရှိ ပါတယ်။ ငြင်းစရာတွေကို မငြင်းနိုင်ရင် သင့်ဘဝကို ဟန်ချက်ပျက်စေနိုင်ပါတယ်။

သင် အမှန်တကယ် ယုံကြည်တဲ့ အရာ၊ တန်ဖိုးထားတဲ့ အရာ နဲ့ သင့်ဘဝအတွက် အရေးကြီးတဲ့အရာကို အာရုံစိုက်နိုင်ဖို့ ငြင်းသင့် တာတွေကို ငြင်းပယ်တတ်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။

၄။ နေ့တိုင်း စိတ်အားထက်သန်မှုရှိနေဖို့ လေ့လာသင်ယူပါ။

သင့်ရဲ့ လက်ရှိ အခြေအနေက သင်စိတ်ကူးထားတဲ့အတိုင်း၊ သင်ဖြစ်ချင်တဲ့ အတိုင်း ဖြစ်နေပါသလား။ သင်ဖြစ်ချင်တာ၊ စိတ်အားထက်သန်တာကို လုပ်ဆောင်ဖို့အတွက် နေ့တိုင်း အချိန်လေးနည်းနည်းလောက် ပေးနိုင်မယ် ဆိုရင်တောင်မှ ဘဝမှာ ဖြစ်ချင်တာတွေကို ဖြစ်အောင်လုပ်နိုင် ဖို့အတွက် စိတ်ခွန်အား ရှိနေစေမှာဖြစ်ပါတယ်။

၅။ ကျန်းမာအောင် စားသောက်ပြီး ပုံမှန်လေ့ကျင့်ခန်း လုပ်ဖို့ လေ့လာသင်ယူပါ။

သင်စားတဲ့အတိုင်း သင်ဖြစ်တယ်ဆိုတဲ့ ရှေးစကားက အခုခေတ်မှာ ပိုပြီးမှန်ကန် လာပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ၊ အကြောင်းအရာတွေ ဒီခေတ်မှာ အများကြီးရှိပါတယ်။

သိပ္ပံနည်းကျ လေ့လာမှုတွေ အရလည်း ကျန်းမာရေးနဲ့ ညီညွတ်တာတွေ စားသောက်ပြီး ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန် လုပ်ဆောင်တာက သင့်ဘဝကို ပိုမိုကျန်းမာ ပျော်ရွှင်စေ နိုင်တယ်လို့ အတိအလင်း ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

၆။ စိတ်ရင်းအတိုင်း လေးလေးနက်နက် ဆက်ဆံနိုင်ဖို့လေ့လာသင်ယူပါ။

အခြားသူတွေနဲ့ လေးနက်တဲ့ သံယောဇဉ်တွေ၊ ခင်မင် ရင်းနှီးမှုတွေ တည်ဆောက် ဆက်ဆံတာက မခက်ခဲပါဘူး။ လူတွေကို စိတ်ရင်းအတိုင်း ခင်ခင်မင်မင် ဆက်ဆံမယ် ဆိုရင် သက်တောင့်သက်သာဖြစ်ရုံသာမက ရိုးသားပွင့်လင် စေပါတယ်။

ဒါက ကိုယ့်ကိုယ်ကိုယ် ကူညီရာရောက်ပြီး ပျော်ရွှင်တဲ့ပုဂ္ဂိုဟ်တစ်ယော်ဖြစ်စေမှာပါ။

၇။ ဘဝကို ကွဲပြားစွာရှုမြင်နိုင်ဖို့ လေ့လာသင်ယူပါ။

ဘဝဆိုတာက အရမ်းအပြင်းအထန်ကြီး သဘောထား ယူဆဖို့ မဟုတ်ပါဘူး။ ဘဝဆိုတာက ကျွန်တော်တို့မှာ ရှိတဲ့ အချိန်လေးကို ပျော်ရွှင်ခံစားဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး ဒီဘဝမှာ ဒီတစ်ခါပဲ ရှင်သန်ကြတာဖြစ်ပါတယ်။

အသက်အရွယ်ပိုကြီး လာတာနဲ့ အမျှ အချိန်တွေ ပိုပြီးမြန်မြန် ကုန်ဆုံး သွားတာကို သတိထားမိလာမှာပါ။ ဒါ့ကြောင့် ဘဝရဲ့လက်ရှိ အချိန်တွေကို အသိအမှတ်ပြု တန်ဖိုး ထားဖြတ်သန်းပါ။

၈။ ကိုယ်ပိုင် ရည်မှန်းချက်တွေ ထားရှိ နိုင်ဖို့ လေ့လာ သင်ယူပါ။

သင့်မှာ ကိုယ်ပိုင် ရည်မှန်းချက်ရှိပြီး ဒီရည်မှန်းချက် ဖြစ်မြောက်အောင် လုပ်ဆောင်နေ ပါသလား။ ဒါမှမဟုတ် သင့်ပတ်ဝန်းကျင်က သင့်အတွက် လုပ်ဆောင်ပေးနေ ပါသလား။ ကျွန်တော်တို့ အားလုံးဟာ ဘာလုပ်ပါ၊ ဘာဖြစ်ရမယ်လို့ ပြောနေတဲ့ လူမှုအသိုင်းအဝိုင်းထဲမှာ ရှင်သန်နေရတာဖြစ်ပါတယ်။

ငယ်စဉ်တုန်းက အတန်းထဲမှာ အဆင့်ဘယ်လောက်ရရမယ်ဆိုပြီး မိဘတွေက ပြောပါတယ်။ အရွယ်ရောက်လာတော့ ဘဝမှာ ဘယ်လိုနေသင့်တယ်လို့ မီဒီယာတွေက ပြောကြပါတယ်။

ဒါ့ကြောင့် ကိုယ်ပိုင်ရည်မှန်းချက် ထားရှိပြီး ဒီရည်မှန်းချက်တွေ ဖြစ်မြောက်အောင်မြင်သည်အထိ အာရုံစိုက် လုပ်ဆောင်နိုင် ဖို့လို ပါတယ်။ အခြားသူတွေ ပြောတဲ့စကားထက် ကိုယ်တိုင်တန်ဖိုးထားတဲ့အရာတွေအတွက် အသက်ရှင်ရတာက ပိုပြီးပျော်စရာကောင်းပါတယ်။

၉။ ကောင်းမွန်သည့်အရာတွေကို သိရှိလာဖို့ လေ့လာသင်ယူပါ။

အသက်အရွယ်ရလာတာနဲ့အမျှ သင့်ပတ်ဝန်းကျင်က လောကကြီးကို ပိုပြီးသတိပြုမိ လာမှာပြီး ဘယ်လောက် ကောင်းမွန်တဲ့ ဖြစ်တည်မှုတွေ လဲဆိုတာ သဘောပေါက် လာပါ လိမ့်မယ်။

ကျန်းမာရေးကောင်းမယ်၊ လူမှုဝန်းကျင်ကောင်း တစ်ခု ရှိမယ် ဒါမှမဟုတ် သင်ရွေးချယ်တဲ့ ဘဝမျိုးမှာ နေထိုင်ခွင့်ရမယ် စတာတွေဟာ သင့်အတွက် ကောင်းမွန်တဲ့အရာတွေ ဖြစ်ပါတယ်။

အားလပ်ချိန်မှာ၊ စာဖတ်ဖို့၊ တစ်ခုခုကို လေ့လာနိုင်ဖို့အတွက် အင်တာနက်သုံးနိုင်တာကိုကလည်း ကောင်းမွန်တဲ့အရာဖြစ်နေပါပြီ။

ကမ္ဘာပေါ်မှာ သင့်လို အင်တာနက်မသုံးနိုင်သေးတဲ့လူတွေ အများကြီးရှိပါသေးတယ်။ ကောင်းမွန်တဲ့အရာတွကို သိရှိလာပြီဆိုရင် သင့်အတွက် ကမ္ဘာလောကကြီးက ပိုမိုလှပပြီး ပျော်ရွှင်စရာဖြစ်လာမှာပါ။

၁၀။ ပေးကမ်းစွန့်ကျဲတတ်အောင် လေ့လာသင်ယူပါ။

ပေးကမ်းစွန့်ကျဲခြင်းဟာ ပျော်ရွှင်မှုရဲ့ အခြေခံ ဖြစ်ပါတယ်။ များများပေးလေ များများပြန်ရလေပါပဲ။ ပေးကမ် းစွန့်ကျဲတယ် ဆိုရာမှ ငွေကြေးနဲ့ ဥစ္စာပစ္စည်းတွေမှ မဟုတ်ပါဘူး။ မေတ္တာ၊ စေတနာတွေလည်း ပါဝင်ပါတယ်။ အခြားသူတွေကို သင်ပေးကမ်းနိုင်လေလေ သင်ပိုပြီးပျော်ရွှင်ရလေလေ ပဲဖြစ်ပါတယ်။

ဘဝထဲမှာ သင်ယူခဲ့ရသမျှ

၁။ အမြဲတမ်းပျော်အောင်နေဖို့ ဘယ်သူ့အကူအညီမှ မလိုပါဘူး။

၂။ ကိုယ့်ရဲ့ တန်ဖိုးကို သတ်မှတ်သူဟာ ကိုယ်ပဲဆိုတာသိဖို့ စိတ်ကိုလေ့ကျင့်ရပါမယ်။

၃။ မိမိကိုယ်မိမိ မချစ်ဘဲ အခြားလူသားတွေကို မေတ္တာထားဖို့ မဖြစ်နိုင်ပါဘူး။

၄။ ကိုယ့်ကိုစိတ်ချမ်းသာအောင်လုပ်ဖို့ ဘယ်သူမှာမှ တာဝန်မရှိပါဘူး။

၅။ ရည်မှန်းချက်တွေနဲ့ နေပါမှ ဘဝဟာ အသက်ဝင်တယ် ။

၆။ မိသားစုကသာ ကိုယ့်အတွက် လုံခြုံတဲ့ အရပ်ပါ။

၇။ ကိုယ့်ကိုယ်ကို အားကိုးတဲ့သူ၊ လဲကျတိုင်းပြန်ထတဲ့သူကိုသာ ဘုရားက ကူညီပါတယ်။

၈။ ကိုယ့်ရဲ့ အပြောနဲ့ အလုပ်ညီမှ ကိုယ့်ကိုယ်ကိုလေးစားမယ်။
ကိုယ့်ကိုယ်ကို မလေးစားတဲ့သူကို ဘယ်သူကမှ မလေးစားကြပါဘူး။

၉။ ကျောင်းသင်ပညာရေးက စားဝတ်နေရေး အတွက်ပဲ ကာမိတယ်။ အမြဲ မပြတ်လေ့လာသင်ယူမှသာ ကိုယ့်အနာဂတ်ကို ကိုယ်ပိုင်ဆိုင် မှာပါ။

၁၀။ ဘယ်လိုအတားအဆီး အခက်အခဲ ဖြစ်ဖြစ် ကိုယ့်အသက်ကို နှုတ်ယူတာမဟုတ်ရင် ရင်ဆိုင်ကျော်လွှားပြီး နောက်မှာ ပိုပြီး သန်မာလာစေပါတယ်။

၁၁။ လောကဓံတွေကြုံရတိုင်း ခသုံးလုံးဆောင်ပါ။
ခံနိုင်ရည်ရှိပါ။ ခံစားချက်တွေနောက်မလိုက်ပါနဲ့။ ခွင့်လွှတ်ပါ။

၁၂။ အခြားသူတွေကို ပြောင်းဖို့ကိုယ့်အလုပ်မဟုတ်ပါဘူး။ မိမိကိုယ်မိမိ ပိုကောင်းတဲ့သူအဖြစ် စံပြနေထိုင်ခြင်းဖြင့်သာ အခြားလူတွေကို ပြောင်းလဲနိုင်ပါတယ်။

၁၃။ အတိတ်ကို သင်ခန်းစာယူဖို့အတွက်သွားပါ။
အနာဂတ်ကို ကြံစည်စိတ်ကူး ဗျူဟာချဖို့သွားပါ။
ကျန်တဲ့အချိန်တိုင်း.ပစ္စုပ္ပန်မှာပဲ နေထိုင်ပါ။

၁၄။ ကိုယ်စိတ်နှလုံး သုံးပါးလုံး ဟန်ချက်ညီမှုဖြင့်နေထိုင်ပါ။
သို့မဟုတ်ရင် ကျန်းမာရေးထိခိုက်တတ်ပါတယ်။

၁၅။ ဖြစ်ချင်တာ နဲ့ ရှိနေသာကိုသာ အာရုံစိုက်ပါ။
မဖြစ်ချင်တာနဲ့ မရှိနေတာ အာရုံစိုက်မိရင် ဖန်တီးမှု အားလျော့သွားပြီး လုပ်ချင်ကိုင်ချင်စိတ် ကုန်ခမ်းတတ်ပါတယ်။

၁၆။ ဘဝဆိုတာ အမြဲတမ်း အသာစံနေရတာ မဟုတ်ပါဘူး။ အမြဲတမ်း အနာခံနေရတာလည်း မဟုတ်ပါဘူး။ အတက်အကျ အမြဲ ဖြစ်နေမှာပါ။ ရိုလာကိုစတာစီးသလို ခရီးစဉ်တလျှောက် ပျော်ရွှင်စွာ ဖြတ်သန်းဖို့ပဲ လိုပါမယ်။

၁၇ .ဒီအလုပ်က ပင်ပန်းလိုက်တာ၊ ဟို အလုပ်လေးဆို ကောင်းသားဆိုပြီး စိတ်အလိုလည်း လိုက်မနေပါနဲ့။

၁၈. ဘယ်အလုပ်ဖြစ်ဖြစ် ထိထိရောက်ရောက် တကယ်လုပ်ရင် သက်တောင့်သက်သာ ရှိလှတာ တစ်ခုမှ မရှိပါဘူး။

၁၉. ဘဝတစ်လျှောက်လုံးဟာ အလုပ်တွေ လုပ်နေရမှာ ဖြစ်ပါတယ်။ အလုပ်ရဲ့ ဂုဏ်ဟာ လူတစ်ယောက်ရဲ့ တန်ဖိုးပါ။

၂၀. ငယ်တုန်းအရွယ်မှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ အလုပ်တွေ ကြိုးစား လုပ်နေရသလို၊ အသက်ကြီးရင့်လာတဲ့ အခါမှာလည်း ရရှိထားတဲ့ တန်ဖိုးလေး မပျောက်သွားအောင် ကြိုးစားလုပ်ကြရပြန်ပါတယ်။

၂၁ . အသက်တွေက တဖြည်းဖြည်းပြောင်းလဲလာပေမယ့် အလုပ်တွေကတော့ အချိန်တိုင်းကို နုပျိုနေတာပါ။

၂၂. ဘယ်ချိန်၊ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်၊ အရွယ် သုံးပါး လုပ်လို့ရတဲ့ အလုပ်ဆိုတာ အမြဲတမ်းရှိနေတာပဲ။

၂၃ . ပင်ပန်းလို့ နားလိုက်ချင်တာဆိုတဲ့ စကားဟာ တစ်ဘဝလုံး ပြောလို့ကို ကုန်မှာ မဟုတ်တော့ပါဘူး။ ငြီးမနေပါနဲ့တော့။ မွေးကတည်းက သေသည်ထိ အလုပ်တွေ လုပ်နေရဦးမှာပဲ။

၂၄. တစ်သက်လုံး ငြီးလို့ကို ဆုံးမှာ မဟုတ်တော့ဘူး။ အားမတင်းနိုင်သေးချိန်၊ အားလျှော့စေမယ့် အတွေးတွေ ဝင်မလာမိပါစေနဲ့။

၂၅. အလုပ်တစ်ခုခုကို လုပ်နေခြင်းဖြင့် ဘဝကို တန်ဖိုးထားလိုက်ပါ။

No Comments

Leave a Reply

Your email address will not be published.

ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး
Knowledge
” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “

” ရိုးဂုဏ်ဆိုတာ တန်ဖိုးဖြတ်လို့ မရဘူး “ ငါ့လောက်ခြေထောက် များတဲ့သူကမ္ဘာမှာရှိရဲ့လားလို့ ကျောက်တုံးပေါ်က ကင်းခြေများက ကြွေးကြော်တော့ သူနေတဲ့နေရာနဲ့အနီးနားက ကျောက်ကုန်းပေါ်က ပို့နတ်သံကောင်က မင်းကငါ့ကို ပြိုင်ဝံ့လို့လားပြောလိုက်တော့ ခင်ဗျားကိုတော့ကျွန်နော် မပြိုင်ဝံ့ပါလို့ကင်းခြေများက ပြောရှာပါသတဲ့…. တစ်နေ့တွင် အမိတာဘချမ်းသည် လေယာဉ်ဖြင့်ခရီးထွက်ရန် ကိစ္စတစ်ခုပေါ်လာသည်။ လေယာဉ်ပေါ်ရှိ သူနှင့်ဘေးချင်းကပ်လျက်ကျသော လူတစ်ယောက်မှာ သူ့ထက်အသက်ကြီးပြီး ရိုးရိုးရှပ်အင်္ကျီနှင့် ဘောင်းဘီကိုသာ ဝတ်ထားသော သာမန် လူလတ်တန်းစားပုံစံပေါက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ထိုလူကြီးမှာ ပညာတော့ တတ်ပုံရသည်။ သတင်းစာတစ်စောင်ကို ဖတ်နေတာတွေ့ရသည်။ ထိုစဉ် လေယာဉ်မယ်လေးက လက်ဖက်ရည်ဖြင့် လိုက်ဧည့်ခံလေသည်။ ထိုလူကြီးက လက်ဖက်ရည်ခွက်ကိုယူလိုက်ပြီး သူနှင့်ဘေးချင်းကပ် အမိတာဘချမ်းကို အသာအယာပြုံးပြလာလေသည်။bအမိတာဘချမ်းကလည်း ထိုလူ့ကို အခွင့်သာခိုက် ပြုံးပြလိုက်ပြီး “ဟဲလို” …

" ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် "
Knowledge
” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “

” ပိုက်ဆံ ရှာပါ စုပါ သုံးပါ မဖြုန်းပါနှင့် “ ပိုက်ဆံရှိမှ ဖြစ်တော့မယ်လို့ တွေးမိတဲ့အချိန်ဟာ ခရီးတစ်ခုကို စတင်ဖို့ လက်မှတ်စဝယ်တာနဲ့ တူပါတယ်။ လောကမှာ ပိုက်ဆံရှိမှ ပိုအဆင်ပြေနိုင်ပါတယ်။ မိသားစုထဲမှာ ကြည့်ပါ။ ပိုက်ဆံရှာနိုင်တဲ့သူက ပိုအရေးပါ အရာရောက်ပါတယ်။ အပေါင်းအသင်းတွေ ကြားထဲ ကြည့်ပါ။ ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။ လူမှုအဖွဲ့အစည်း တစ်ခုခုကို ကြည့်ပါ။ ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။ ဒါဟာ လောကကြီးထဲမှာ ရာခိုင်နှုန်း တော်တော်များများ ဖြစ်နေတာပါ။ ဘယ်နည်းနဲ့ကြည့်ကြည့် သင် ပိုက်ဆံရှာရပါမယ်။ ငွေစုရပါမယ်။ သင်ပိုက်ဆံရှိမှ သင်ချစ်တဲ့သူတွေအတွက် သင်လုပ်ချင်တဲ့အရာတွေအတွက် သင်ပြောချင်တဲ့စကားတွေအတွက် သင်လိုချင်တဲ့အရာတွေအတွက် အားလုံးမဟုတ်ရင်တောင် တော်တော်များများလုပ်လို့ရမှာပါ။ “ခင်မင်မှုက ပိုအရေးကြီးတယ်” …

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ
Knowledge
ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ

ခံတွင်း အနံ့ဆိုးကို ဘယ်လို ဖျောက်ကြမလဲ ခံတွင်း ပုတ် အနံ့ သည် လူတယောက် အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံံတွင်းအနံ့ မကောင်း သူများသည် လူအများ ကြားတွင် စကားပြော ဆိုရာ တွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။ ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရ ကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ …