ကောင်လေးတွေက ချစ်သူကောင်မလေးတွေကို ဒါတွေကြောင့် သဝန်တိုတတ်ပါတယ် - Amawpyay


အချစ်ရေး







သူငယ်ချင်းယောက်ျားလေးတွေနဲ့အပြင်သွားတာ













Kham

Unicode

ကောင်လေးတွေက ချစ်သူကောင်မလေးတွေကို ဒါတွေကြောင့် သဝန်တိုတတ်ပါတယ်

တစ်ယောက်နဲ့တစ်ယောက် အကြောင်းပါပြီး ချစ်သူတွေ ဖြစ်ကြတဲ့အခါ အပြန်အလှန် နားလည်ဖို့ကြိုးစားရင်း ယုံကြည်မှုတွေ တည်ဆောက်ကြပေမယ့် မကောင်းတာတွေ မဖြစ်စေချင်တဲ့ အတွက် စိတ်ပူတာ၊ သဝန်တိုတာ၊ စိုးရိမ်တာ စတဲ့ စိတ်ခံစားချက်တွေက သူ့အလိုလို ဖြစ်လာ တတ်ပါ တယ်။

အထူးသဖြင့် ယောကျာ်လေးတွေက သူတို့ရဲ့ကောင်မလေးတွေကို ချစ်မိတာအခါမှာ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက် အလိုလိုက် ကြသလို သဝန်တိုတာ စိတ်ပူလို့ချုပ်ချယ်တာတွေရှိ ကြပါ တယ်။ ဒါက မယုံကြည်တာမျိုး မဟုတ်ပေမယ့် အနည်းနဲ့အများတွေ ဖြစ်တတ်ကြ တာပါ။

ကိုယ့်ထက်တခြားသူကိုပိုဂရုစိုက်တာ

ဒါကမနာလို အူတိုတာ ဆိုရင်လဲ ဟုတ်တယ်လို့ ဆိုရမှာ ပါ။ ကိုယ့်ကောင်မလေးက ကိုယ့်ထက် တခြားတစ်ယောက်ကို ပိုပြီးအလေးပေး ဂရုစိုက်နေမယ် ဆိုရင် ဘယ်ကောင်လေး မဆို စိတ်ဆိုးကြ ပါလိမ့်မယ်။

ထုတ်ပြောပြီး စိတ်ဆိုးတာ ရှိသလို ထုတ်မပြောပဲ မျက်နှာအနေအထားပြောင်းပြီး ဆန္ဒပြတာမျိုးလဲ ရှိကြမှာပါ။ ဒါကိုကြည့်ပြီး ကိုယ့်ကောင်လေး သဝန်တိုနေလား ဆိုတာကို သိရမှာပါ။ ကိုယ်လည်း ဒီလိုဆိုရင် သဝန်တိုတတ်ကြ တာပဲ ဆိုတော့ သတိထားသင့်တဲ့ အချက်တစ်ခု ပါပဲနော့်။

သူငယ်ချင်းယောကျ်ားလေးတွေနဲ့အပြင်သွားတာ

ကောင်မလေးက ကိုယ်မပါဘဲ သူငယ်ချင်းယောကျာ်းလေးတွေနဲ့ အပြင်သွားတဲ့ အခါ ဖုန်းဆက်ပြီး ရစ်တာမျိုးတွေ ကြုံဖူးကြ တယ်မလား။ နေ့ဘက် အပြင်ထွက်တာ ထက်ကို ညဘက်တွေမှ ာဆို ပိုပြီးတော့ကို သဝန်တို တတ်ကြ ပါသေးတယ်။

အိမ်ကမိဘတွေ စိတ်ပူသလိုမျိုး သူငယ်ချင်းယောက်ျားလေးတွေနဲ့အတူ ညဘက်အပြင် ထွက်ပြီးလည်တဲ့အခါ ဖုန်းတဂွမ်ဂွမ်ဆက်ပြီး ဘယ်ရောက်ပြီး ဘာတွေလုပ်နေသလဲ ဘယ်ခအချိန်ပြန်မှာလဲ စသည်အားဖြင့် မေးခွန်းပေါင်းသောင်းခြောက်ထောင်နဲ့ သဝန်တိုပြီး ရစ်ကြ ပါလိမ့်မယ်။ ဒါက ကြောင့် နားလည်မှုတွေ ယူထားတာက အကောင်းဆုံးဖြစ်ပါတယ်။

တခြားတစ်ယောက်နဲ့နှိုင်းယှဉ်တာ

ဒါက မခံချင်တဲ့ စိတ်ကြောင့် ဖြစ်တာဆိုပေမယ့် တစ်ဖက်မှာလဲ သဝန်တိုတဲ့ စိတ်က ကပ်ပါလာတတ်တာပါ။ တစ်စုံတစ်ယောက်နဲ့ နှိုင်းယှဉ်ပြီးပြော လာတဲ့အခါ ကောင်မလေးက ကိုယ့်ထက်တခြားသူကို ပိုပြီး အထင်ကြီးနေသလားဆိုတဲ့ သံသယစိတ်နဲ့ တွေးတတ်ကြ ပါတယ်။

ထင်မှတ်ပဲပြောတဲ့ စကားဖြစ်ရင်တောင် စိတ်ထဲမှာ မှတ်ထား တတ်ကြ ပါတယ်။ ဒါက သူဆိုတဲ့ ဖြစ်တည်မှုကို လက်မခံချင်တဲ့ သဘောမျိုး သက်ရောက်နေတယ် လို့လည်း ခံစားသွားရတာကြောင့် လည်း သင့်ကို သဝန်တိုမှု ကလည်း ကပ်ပါလာသလို စိတ်မကောင်းလည်း ဖြစ်သွား တတ်ကြ ပါတယ်။

အရင်ကအဆက်ဟောင်းတွေနဲ့ပက်သတ်ရင်

မဆိုင်တော့ဘူး ဆိုပေမယ့် အရင်က အဆက်ဟောင်းတွေနဲ့ပက်သတ်တာ တစ်ခုခု လုပ်မိတာ ဖြစ်ဖြစ်၊ အရင်ကအကြောင်းတွေ ပြောမိရင် ဖြစ်ဖြစ် သဝန်တို တတ်ကြ ပါတယ်။

တကယ်လို့ အရင်ကအဆက်ဟောင်းနဲ့ စကားပြောဖြစ် ဆိုဖြစ် ရင်တော့ ပိုပြီးဆိုး တာပေါ့နော့်။ ဒီလို အခြေအနေမှာဆိုရင်လဲ ကောင်လေးတွေက သဝန်တို ကြမယ် ဆိုတာ ပြောဖို့မလိုလောက် ပါဘူး။

အနုပညာရှင်တွေနဲ့ပက်သတ်ပြီး

ကောင်မလေးတွေ အများစုက K pop idolတွေ၊ ကိုရီးယားမင်းသားတွေ ၊ထိုင်း တရုတ် စတဲ့အနုပညာရှင်တွေကို နှစ်သက်စွဲ လမ်းကြ တာမျိုး ရှိကြပါတယ်။ ကြံကြံဖန်ဖန် ဒီလိုအနုပညာရှင်တွေနဲ့ ပက်သတ်ပြီး သဝန်တိုတာ မျိုးလဲ ရှိကြပါသေးတယ်။

“အဲ့မင်းသားနဲ့ ကိုယ် ဘယ်သူ့ကိုပိုချစ်လည်း” စသည်အားဖြင့် ကလေးဆန်ဆန် ရစ်တတ်သဝန်တိုတတ်ကြတဲ့ ကောင်လေးတွေလဲ မရှိဘူးမထင်ပါနဲ့နော်။ သဲသဲလှုပ် ချစ်ကြတဲ့ အခါ သေးသေးဖွဲဖွဲကအစ သဝန်တို တတ်ကြ တာမျိုးပေါ့။

သဝန်တိုတာက ချစ်တာကြောင့် ဆိုပေမယ့်လည်း အဆင်မပြေ တာမျိုး မဖြစ်ရလေအောင် တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ ပိုရှိလာအောင် ဆင်ခြင်သင့်တာ ဆင်ခြင်ပြီး နားလည်သင့်တာ နားလည်ပေးဖို့ လိုပါတယ်နော်။

Kham

No Comments

Leave a Reply

Your email address will not be published.

အခ်စ္ေရး
ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ..

ဘယ်တော့မှမဆုံစည်းနိုင်တော့တဲ့ တစ်ယောက်သောသူကို သတိရလာတဲ့အခါ.. သင့်ရဲ့ဘဝမှာ လုံးဝ မဆုံနိုင်တော့တဲ့ သူတစ်ယောက်၊ အမြဲ သတိရနေသူ တစ်ယောက် ကတော့ ရှိခဲ့ဖူးမှာပါ။ အခုရှိနေ ရင်လည်း ရှိနေမှာပေါ့။ သူက ကိုယ့်အနားလုံးဝမရှိတော့တာဖြစ်စေ၊ ဒီကမ္ဘာကြီးမှာ မရှိတော့ တာပဲဖြစ်ဖြစ် သူ့ကို သတိရတဲ့ အချိန် ရှိမှာပါပဲ။ အဲ့လိုအချိန်မှာ တမ်းတစိတ်ကြောင့် ရူးရူးမိုက်မိုက် မဖြစ်သွား ပါနဲ့။ သင်ခံစား နိုင်ပါတယ်။ နာကျင်နိုင်ပါတယ်။ သတိရ နိုင်ပါတယ်။ ဒါပေမဲ့ သတိရတဲ့ အချိန်တိုင်း အရင်ကထက် ပိုသက်သာစေ မယ့် နည်းလမ်းတွေကို ဖော်ပြပေးပါရစေ။ ၁။ ဒီလိုခံစားရတာ သင့်အမှား မဟုတ်ပါဘူး အချိန်က အရာရာကို ကုစား သွားမယ်လို့ …

အခ်စ္ေရး
မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ

မိန်းကလေးတွေက အရမ်းချစ်သွားမိရင် ကိုယ့်သွေးသားရင်းလိုပဲခံစားရတာ မိန်းကလေးတွေဟာ မွေးရာပါ မိခင်စိတ် ရှိသူတွေ ဖြစ်ကြ ပါတယ်။ စိတ်နှလုံးနူးညံ့တယ်၊ သနားလွယ်တယ်၊ အနစ်နာခံ တတ်တယ်။ ဒီလို မိန်းကလေးတွေဟာ ချစ်မိပြီ ဆိုရင် သူမတူအောင်ကို ချစ်နိုင်ကြပါတယ် …. ။ ချစ်သူအတွက် ချစ်သူ အဖြစ်သာမက မိခင်တစ်ယောက် နီးပါးကို ဂရုစိုက် နိုင်တဲ့၊ ချစ်နိုင်တဲ့ မိန်းကလေးတွေဆိုတာ ဒီအချက်တွေနဲ့ ကိုက်ညီနေ သူပါ။ ဒါကြောင့် သင့်ချစ်သူသာ ဒီလို မိန်းကလေးဖြစ်နေခဲ့ရင် သင်ဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူတစ်ယောက် ဖြစ်တယ် ဆိုတာ သိထား လိုက်ပါနော် ။ (1) အချိန်ပြည့်စိတ်ပူပေးတယ် မိခင်တစ်ယောက် နီးပါး …

အခ်စ္ေရး
အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက်

အချိန်ကြာ လမ်းခွဲပြီးသွားမှ ပြန်လက်တွဲသွားကြတဲ့စုံတွဲတွေရဲ့ ထူးခြားချက်(၅) ချက် ချစ်သူချင်း အဆင်မပြေလို့ ကွဲကြ၊ ကွာကြတာဟာ ဓမ္မတာပါပဲ။ ဒါပေမဲ့ လမ်းခွဲပြတ်စဲခဲ့တဲ့ ချစ်သူတွေ အချိန်အတော်ကြာ အဆက်အသွယ်လည်း မလုပ်ကြဘဲ နောက်မှ ပြန်တွဲကြတဲ့အခါ နှစ်ယောက်ကြားက အချစ်ရေးမျာ ကောင်းကျိုးလေးတွေ ရှိလာတတ်ပါတယ်။ အဲဒါလေးတွေကတော့.. (၁) သံယောဇဉ်ပိုတိုးလာတယ် ဒါကတော့ ဒီလို ပြန်တွဲခဲ့ကြတဲ့ ချစ်သူတွေမှာ အဖြစ်အများဆုံးကိစ္စပါပဲ။ ဝေးပြီးတဲ့နောက် တစ်ယောက်အပေါ်တစ်ယောက် ထားရှိတဲ့ စိတ်ခံစားချက်တွေ ပိုသေချာသွားတာကြောင့် သူနဲ့လည်းအတူပြန်ရှိရော သံယောဇဉ်တွေ အရင်ကထက်ပိုတိုးလာတာပါ။ (၂) ပိုရင့်ကျက်လာကြတယ် ပြဿနာဖြစ်တိုင်း အရင်လို ဒေါနဲ့မောနဲ့ ြဖေရှင်းမယ်၊ ဘာမဟုတ်တာလေးနဲ့ ပြတ်မယ်ပြောတယ်ဆိုတဲ့ အကျင့်တွေကြောင့် ဝေးသွားခဲ့ကြတဲ့အတွက် နောက်ပိုင်း ပြဿနာအကြီးကြီးကြုံလာရင်တောင် …